“Building Social Capital"
- ပတ်ပတ်လည်လည်အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ပါတီစုံ ဒီမိုကရေစီစံနစ်ကို လည်းလိုချင်တယ်ဆိုရင်...အခြေခံဥပဒေပြင်ရမယ့်အပြင် သတ္တိရှိရှိ ပြုပြင်ပြောင်းလဲရမယ့် အခြားသော အရာတွေလည်းရှိတယ်လို့မြင်မိတယ်.။
- ပထမ တစ်ခုက အချိုးကျကိုယ်စားပြုတဲ့စံနစ် PR ပဲ..။အခု နိုင်သူအကုန်ယူဆိုတဲ့ စံနစ်က မြန်မာပြည်ရဲ့ အခင်းအကျင်းတွေနဲ့ ဆိုရင်…အမေရိကန်လို ဖက်ဒရယ်ဖြစ်ဖို့ ထက် အင်္ဂလန်လို တစ်ပြည်ထောင်စံနစ် ကို ပဲရောက်ဖို့ များတယ်။ မဟန်ရင်အဆုံးမှာ…တကျောု့ပြန်အာဏရှင်စံနစ်နဲ့ ကြုံနိုင်တယ်...။ မဟုတ်တောင် ထိုင်းလို လူများစုဗိုလ်ကျစံနစ် (tyranny of majority) ဘ၀မျိုးရောက်မလားပဲ။
ပြည်ထောင်စုလွှတ်တော် တရပ်ရပ်မှာ ပဲဖြစ်ဖြစ် ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာဖြစ်ဖြစ် ဒီ PR စံနစ်ကို စတင်ကျင့်သုံးသင့်နေပြီ...။
- တိုင်းရင်းသားတွေအပြင် တရုပ်ကုလားတွေလို ရွေ့ ပြောင်းနိုင်ငံသားတွေရောရှိတဲ့ တိုင်းပြည်မှာ ဒီလို လူနဲစုတွေအတွက်လည်း ဒီ PR နဲ့ လမ်းဖွင့်ပေးရမယ်။ ဟစ်တလာထွက်လာတာ တစ်ခုတည်းတင်မကြည့်ပဲနဲ့ အခြားသော အောင်မြင်မှုတွေ (success stories) တွေကိုပါကြည့်ရမယ်..။ တရားမ၀င် ဘင်္ဂလီတွေနဲ့ ရခိုင်ပြည်နယ်အတွက်ကတော့ လေလောဆယ် အထူးသီးသန့် စဉ်းစားပြီး အကောင်အထည်ဖေါ်ရမယ်....။ ဒါနဲ့ အတူ ၈၂ ဥပဒေကို အမှန်တကယ် အသက်ဝင်အောင် တပြိုင်နက်တည်း လုပ်ရမယ်...ဒါမှ ပြည်တွင်းနေတွေနဲ့  ဘာသာရေးအဓိကရုဏ်းတွေကို ကြပ်မတ်နိုင်မယ်...။
- ခက်တာက ဒီ PR ကိုလက်ခံဖို့ အဆင်သင့်မဖြစ်သေးတာ...။ NLD တောင်လေ့လာနေတယ်ဆိုတဲ့အဆင့်..။ သာမန်ပြည်သူဆိုဝေးရော...။ ဒါပေမယ့် ဒီလိုကိစ္စက ကနေ့ လို IT ခေတ်ကြီးမှာ (Voter Education) မဲပေးသူ ပညာပေးရေး အစီအစဉ်တွေနဲ့ ကျော်လွှားလို့ ရတာပဲလေ...။ ဒီတော့...သတ္ထုချကြည့်ရင်...အဆင့်သင့်မဖြစ်သေးဘူးဆိုရာမှာ နိုင်ငံရေးစိတ်ဆန္ဒထက်သန်မှုမရှိတာပဲ...။
- နောက်တစ်ခုက အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဆိုရာမှာလည်း ဗဟိုချုပ်ကိုင်မှုလျော့ချရေးဆိုတာနဲ့ တင်မလုံလောက်ပဲ သယံဇာတခွဲဝေရေးကို ပိုထိရောက်စေဖို့ နဲ့ မျှမျှတတဖြစ်ဖို့ ဆိုရင် လက်ရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို လူမျိုးနာမည်တွေအစား ပထ၀ီဝင်ဆိုင်ရာ အပိုင်းအခြားနယ်မြေတွေအဖြစ်ပြောင်းသင့်တယ်...။ ပြည်နယ်တွေကိုလူမျိုးနာမည်တွေပေးထားတဲ့ စံနစ်ဟာ ဗမာမှုပြုခြင်း (Burmanization) ပြဿနာလိုပဲ အမျိုးကွဲတွေစုံလှတဲ့ တိုင်းပြည်အတွက် လူမျိုးစွဲ ကို အားပေးရုံသာမက ဒီအစွဲနဲ့ ပဲ သယံဇာတခွဲဝေရေးမှာ အဖုအထစ်တွေရှိလာနိုင်ပြီ့းလူမျိုးစု ပဋ္ဋိပက္ခတွေထပ်လောင်းဖြစ်လာနိုင်စရာရှိတယ်....။
- ကန့် ကွက်သူတွေပြောကြတဲ့ ယဉ်ကျေးမှုအစဉ်အလာတွေ ပျက်သုဥ်းမယ်ဆိုတာ အမှန်တကယ်က အခြေအမြစ်မရှိတဲ့ ဆင်ခြေလို့ ပဲ မြင်တယ်..။ ရိုးရာယဉ်ကျေးမှုတွေထိန်းသိမ်းရေးဆိုတာ ဒီလို နာမည်ပြောင်းလိုက်မှ ပိုလို့ တောင် လုပ်ဆောင်နိုင်ဦးမယ်။ ဒီပြောင်းလဲမှုကို ကန့် ကွက်တယ်ဆိုတဲ့ တိုင်းရင်းသားပါတီတွေဆိုတာ သက်ဆိုင်ရာပြည်နယ်တွေမှာ အများစုတိုင်းရင်းသားတွေဖြစ်နေတာက ဗမာလူမျိုးကြီးလွှမ်းမိုးမှုရဲ့ နောက်ပုံစံတစ်မျိုးပဲ…။ အချင်းချင်း ကိုလိုနီပြုခြင်း (internal colonization) ဆိုတာ ဗမာ တွေလိုပဲ အခြားတိုင်းရင်းသားတွေမှာ စွဲနေတဲ့ ဝဋ္ဋ်နာကံနာတစ်ခု..။ ဥပမာအားဖြင့် ကိုယ်ပိုင်ပြည်နယ်တောင်းကြတဲ့ ၀ ကိစ္စ နဲ့ အခုတလော ကြားလာရတဲ့ ရှမ်းနီကိစ္စတွေဟာ ဒီရှုထောင့်ကနေပဲ ကြည့်သင့်တယ်ထင်တယ်...။ ဒီမှာလည်း ပြဿနာက နိုင်ငံရေးစိတ်ဆန္ဒအားနည်းမှုပဲ..။
- နောက်တစ်ခုက စစ်တပ်နဲ့ အရပ်သားကြားယုံကြည်မှုတည်ဆောက်နိုင်ဖို့ နဲ့ နိုင်ငံရေးကနေ စစ်တပ်ဆုတ်ခွာသွားဖို့ ဆိုရင်… အောက်က နေ အထက်သို့ ဆိုတဲ့နည်းလမ်း (bottom-up approach) အဖြစ် သုံးနိုင်တာကတော့ လူကြိုက်နည်းတဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေပဲ..။ နိုင်ငံသားအားလုံးဟာ စစ်သားဖြစ်ဖူးရင်တော့ ဘယ်စစ်တပ်မှ အာဏာသိမ်းနိုင်မယ်မထင်။ ဘယ်စစ်သားမှလည်း မိုးကျရွှေကိုယ်အဖြစ် ခေါင်းတစ်လုံးမြင့်စရာမရှိ။ ချုံးချုံးကျ ဗျူရိုကရေစီယန္တရားကို ပြည်လည်ထူထောင်ဖို့ လုပ်တာနဲ့ အပြိုင် ဒီဥပဒေကို ပြဋ္ဋာန်းသင့်တယ် မြင်တယ်..။
- စစ်သက်ပြည့်ပြီး တပ်က ထွက်လိုတဲ့သူတွေလည်း ထွက်နိုင်တဲ့အပြင် အလုပ်လက်မဲ့ နှုန်းမြင့်မားနေတဲ့ တိုင်းပြည်မှာ ဒီလို ပြဋ္ဋာန်းလိုက်ခြင်းဟာ စစ်တပ်ကို လုပ်သားဈေးကွက်ကြီးတစ်ခု (job market) အဖြစ် ပြောင်းလဲနိုင်တာပဲ..။ ဒီမှာလည်း ပြဿနာက စိတ်ဆန္ဒ နည်းပါးမှုပဲ…။ နောက်တစ်ခု အတားအဆီးက ဒီလို တိုးတက်များပြားလာတဲ့ စစ်သားဦးရေကို ဆင်းရဲတဲ့ တိုင်းပြည်ကဘယ်လို ထောက်ပံ့နိုင်မလဲဆိုတာပဲ..။ဖြစ်နိုင်မယ့် နည်းလမ်းကတော့ အခွန်ကောက်တဲ့စံနစ်ကို ထိရောက်အောင်လုပ်နိုင်ရင် ဖြစ်နိုင်မလားပဲ..။
- တကယ်က ဒီအချက်တွေအားလုံးဟာ ဒီမိုကရေစီနိုင်ငံအများစုတွေမှာ တွေ့ ရလေ့ရှိတဲ့ အင်္ဂါရပ်တွေပါ။ ဒါပေမယ့် ထူးထူးဆန်းဆန်းပဲ ဒီမိုကရေစီလိုချင်တယ်ဆိုတဲ့ မြန်မာပြည်မှာတော့ ဒါတွေအကောင်အထည်ဖေါ်ဖို့ လက်တွန့် နေကြတာကို မြင်နေရတာပဲ…။ တော်လှန်ရေးဆိုတာ အစိုးရကို တွန်းလှန်တယ်ဆိုတဲ့ အမြင်ထက် ကျော်ကြည့်ဖို့ တော့လိုနေပြီထင်တယ်…။
0 comments:
Post a Comment