Wednesday, December 25, 2013

အဝတ်သန့်ရသည့် အကြောင်းအရင်း

အဝတ်သန့်ရသည့် အကြောင်းအရင်း

ညားခါစ လင်မယား နှစ်ဦး အိမ်သစ်ကို ပြောင်းနေပါတယ်။ မနက် စာ စားတိုင်း ဘေးအိမ် (အိမ်နီးချင်း) က အဝတ်ထွက်လှမ်းတာ ကို ပြတင်းပေါက် ကနေ အမြဲလှမ်းမြင်ရပါတယ်။ သူတို့ အဝတ် လှမ်းတာကို မြင်တိုင်း မယားဖြစ်သူက သူ့အမျိုးသား ကို အောက်ပါ အတိုင်း ရေရွတ်ပြောဆိုလေ့ ရှိပါတယ်။ 

"သူတို့ အဝတ်လျှော်တာ တစ်ထည်မှ မသန့်ရှင်းဘူး။ ဆပ်ပြာ ကောင်းကောင်း၊ ရေကောင်းကောင်း သုံးဖို့လိုတယ်"

ယောင်္ကျားဖြစ်သူကတော့ ဘာမှ ပြန်မပြောပဲ သူစားစရာရှိတာကိုသာ စားပါတယ်။ ဒီလိုနဲ့ တစ်လလုံး ဘေးအိမ်က လှမ်းတဲ့ အဝတ်ကို မနက် တိုင်း မြင်ပြီး အဝတ်စင်အောင် မလျှော်တတ်တာကိုပဲ ကြုံရင် ကြုံ သလို စကားထဲ ထည့်ပြောနေခဲ့မိပါတယ်။ 

တစ်ရက်ကျတော့ ထမင်းစားရင်း ပြတင်းပေါက် ကနေ လှမ်းကြည့်တော့ အိမ်နီးချင်းက အဝတ်တွေ သန့်ရှင်း အောင်လျှော် ဖွတ်ထားတာကို မယားဖြစ်သူက မြင်တွေ့ လိုက်ရပါတယ်။ ဒီတော့ အံ့သြစွာနဲ့ပဲ သူ့အမျိုးသားကို ယခုလို ပြောပါတယ်။ 

"ဟိုမှာတွေ့လား၊ အဝတ်တွေ သန့်သွားပြီ။ အဝတ်သန့်အောင် လျှော် နည်းကို ဘယ်သူသင်ပေးလိုက်လဲမသိဘူး။ အရင်ကလို မညစ်ပတ်တော့ဘူးပဲ" 

ဒီတော့ အမျိုးသားက အောက်ပါအတိုင်းပြန်ပြောပါတယ်။ 

"အေး သန့်နေမှာမှာပေါ။ တစ်လလုံး ညစ်ပတ်နေတဲ့ ပြတန်းပေါက် မှန်ကို ငါမနေ့ညနေကပဲ သန့်ရှင်းရေး လုပ်ထားတာ"

--
--
သင်ခန်းစာ - လူတွေဟာ တစ်ခါတစ်ရံမှာ ကိုယ့်အမှားထက် သူများ အမှားကို ပိုမြင်ပြီး ထောက်ပြချင်ကြပါတယ်။ အကြောင်းကိစ္စ တစ်ခုကို ဝေဖန်ထောက်ပြဖို့ ဆုံးဖြတ်လိုက်တိုင်း မိမိဘက်က အမှားမရှိ အောင် အရင်ဆုံးဆင်ခြင် သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။ 
-
Ref: knowledge-facts

အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/book/article/39409-why-the-clothes-are-clean

.

ညားခါစ လင်မယား နှစ်ဦး အိမ်သစ်ကို ပြောင်းနေပါတယ်။ မနက် စာ စားတိုင်း ဘေးအိမ် (အိမ်နီးချင်း) က အဝတ်ထွက်လှမ်းတာ ကို ပြတင်းပေါက် ကနေ အမြဲလှမ်းမြင်ရပါတယ်။ သူတို့ အဝတ် လှမ်းတာကို မြင် တိုင်း မယားဖြစ်သူက သူ့အမျိုးသား ကို အောက်ပါ အတိုင်း ရေရွတ်ပြောဆိုလေ့ ရှိပါတယ်။


"သူတို့ အဝတ်လျှော်တာ တစ်ထည်မှ မသန့်ရှင်းဘူး။ ဆပ်ပြာ ကောင်းကောင်း၊ ရေကောင်းကောင်း သုံးဖို့လိုတယ်"

ယောင်္ကျားဖြစ်သူကတော့ ဘာမှ ပြန်မပြောပဲ သူစားစရာရှိတာကိုသာ စားပါတယ်။ ဒီလိုနဲ့ တစ်လလုံး ဘေးအိမ်က လှမ်းတဲ့ အဝတ်ကို မနက် တိုင်း မြင်ပြီး အဝတ်စင်အောင် မလျှော်တတ်တာကိုပဲ ကြုံရင် ကြုံ သလို စကားထဲ ထည့်ပြောနေခဲ့မိပါတယ်။

တစ်ရက်ကျတော့ ထမင်းစားရင်း ပြတင်းပေါက် ကနေ လှမ်းကြည့်တော့ အိမ်နီးချင်းက အဝတ်တွေ သန့်ရှင်း အောင်လျှော် ဖွတ်ထားတာကို မယားဖြစ်သူက မြင်တွေ့ လိုက်ရပါတယ်။ ဒီတော့ အံ့သြစွာနဲ့ပဲ သူ့အမျိုးသားကို ယခုလို ပြောပါတယ်။

"ဟိုမှာတွေ့လား၊ အဝတ်တွေ သန့်သွားပြီ။ အဝတ်သန့်အောင် လျှော် နည်းကို ဘယ်သူသင်ပေးလိုက်လဲမသိဘူး။ အရင်ကလို မညစ်ပတ်တော့ဘူးပဲ"

ဒီတော့ အမျိုးသားက အောက်ပါအတိုင်းပြန်ပြောပါတယ်။

"အေး သန့်နေမှာမှာပေါ။ တစ်လလုံး ညစ်ပတ်နေတဲ့ ပြတန်းပေါက် မှန်ကို ငါမနေ့ညနေကပဲ သန့်ရှင်းရေး လုပ်ထားတာ"

--
--
သင်ခန်းစာ - လူတွေဟာ တစ်ခါတစ်ရံမှာ ကိုယ့်အမှားထက် သူများ အမှားကို ပိုမြင်ပြီး ထောက်ပြချင်ကြပါတယ်။ အကြောင်းကိစ္စ တစ်ခုကို ဝေဖန်ထောက်ပြဖို့ ဆုံးဖြတ်လိုက်တိုင်း မိမိဘက်က အမှားမရှိ အောင် အရင်ဆုံးဆင်ခြင် သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။
-
Ref: knowledge-facts

အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/book/article/39409-why-the-clothes-are-clean

.

No comments:

Post a Comment