Wednesday, December 25, 2013

ကမ္ဘာကျော် ဂီတဆရာ မိုးဇက်

ကမ္ဘာကျော် ဂီတဆရာ မိုးဇက်။ သူတို့ အနောက်တိုင်း ဂီတပညာမှာ မိုးမွှန်အောင် တော်တဲ့ ပါရမီရှင်ပေါ့။ ဒါပေမယ့် သူတို့ခေတ် ယဉ်ကျေးမှုမှာတော့ ဘောင်မဝင်တဲ့ လူငယ် တစ်ယောက်။ သူ့ဂီတတေးသွားတွေ အသွင်သစ်နဲ့ နာမည်ကျော်ကြား ခဲ့တယ်။ ဂီတတစ်ပုဒ်စီ အတွက် ဝင်ငွေကောင်းကောင်း ရခဲ့တယ်။ အသုံးအဖြုန်းကြီးတယ်။ အပျော်အပါး များတယ်။ ဒါ့ကြောင့် တကယ့် သမိုင်းမှာ လူမသိသူမသိ ဆင်းဆင်းရဲရဲ သေဆုံးခဲ့ရတယ်လို့ ဆိုတယ်။ သူ့ ဂီတကို ပရိသတ်ကြီး သောင်းသောင်းဖြဖြ စင်တင် ဖြေဖျော်နေစဉ်မှာ သူကတော့ဇာတ်ရုံနံဘေးမှာ တင် သေခဲ့ရတယ် လို့ ဇာတ်နာအောင် ဆိုကြသူတွေလည်း ရှိတယ်။
ဒီကားမှာတော့ -ပြိုင်ဘက်တစ်ဦးရဲ့ မသမာမှုကြောင့် သေဆုံးခဲ့တယ်လို့ ဇာတ်လမ်းစဉ် ရိုက်ထား ပါတယ်။

ဒီကားမှာ ကြိုက်တာက ၁၉၈၄ ခုနှစ် ရိုက်တဲ့ကား ဖြစ်ပေမယ့် ရိုက်ကူးပုံနဲ့ အသံစနစ် ခမ်းနားတယ် ဆိုတာပဲ။ အဲ့သည် ခေတ်အခါ၊ သူတို့ဆီက ယဉ်ကျေးမှုကိုလည်း ပေါ်လွင်အောင် ဆက်တင်ကောင်းကောင်းနဲ့ ထည်ထည်ဝါဝါ ရိုက်သွားနိုင်တယ်။

သူနဲ့ အလားသဏ္ဍာန် တူပြီး၊ ထည်ဝါမှုပိုင်း၊ ဆွဲဆောင်မှုပိုင်းမှာတော့ အားနည်းလွန်း တဲ့ နောက်တစ်ကားက ဂီတဆရာ ဘေသိုဗင်အကြောင်း ရိုက်ကူးတဲ့ Immortal Beloved။ တည်းဖြတ် ညံ့တယ် မှတ်တယ်။ ပေးချင်တဲ့ ရသ မပေါ်လိုက်ဘူး။ ဘေသိုဗင် ရဲ့ ဂီတတစ်ချို့ကြောင့်သာ ကျနော် ဟိုရစ်သည်ရစ် ကြည့်လိုက်မိတယ်။ မိုးဇက်ရဲ့ Amadeus လိုသာ ရိုက်နိုင်ရင်၊ Immortal Beloved ဟာ ပိုသာအောင် ရိုက်နိုင်မယ် လို့ ထင်တယ်။

http://www.imdb.com/title/tt0086879/

No comments:

Post a Comment