amoral နှင့် immoral
amoral ကိုယ်ကျင့်တရားကင်းမဲ့သော။
immoral အကျင့်ပျက်သော။ ယုတ်မာသော။
amoral သည်ကိုယ်ကျင့်တရားဆိုင်ရာ စည်းဘောင်များမှကင်းလွတ်နေသည့်အခြေအနေမျိုးတွင် သုံးသည်။ ကိုယ်ကျင့်တရားနှင့်မဆိုင်သည့်အရာ၊ လူ့ကျင့်ဝတ်စံနှုန်းများမရှိသောဟူသည့်အဓိပ္ပါယ် သက်ရောက်သည်။
immoral ကတော့ ကိုယ်ကျင့်တရားပျက်ယွင်းသော၊ လူ့ဘောင်လောကမှ လက်ခံထားသည့် လူ့ကျင့်ဝတ်နှင့်မကိုက်ညီ၊ ချိုးဖျက်ခြင်း အဓိပ္ပါယ်နှင့်သုံးသည်။ (m နှစ်လုံးပါသည်ကိုသတိပြုပါ။)
amount နှင့် number ပမာဏ၊ ကိန်းဂဏန်း၊ အရည်အတွက်
amount ကို ရေတွက်၍မရသောနာမ်များနှင့်တွဲသုံးသည်။
any amount of သည် a very large amount of ပင်ဖြစ်သည်။
number ကို ရေတွက်၍ရသောနာမ်များနှင့်တွဲသုံးသည်။
the number of + plural noun ၏နောက်တွင် singular verb လိုက်သည်။
a number of + plural noun ၏နောက်တွင် plural verb လိုက်သည်။
any number of things သည် a lot of a particular thing ဖြစ်သည်။
and နှင့် but -နှင့်။ သို့သော်။
အင်္ဂလိပ်စာလေ့လာသူအများစုသည် and နှင့် but တို့ကို ၀ါကျ၏အစတွင်ဘယ်တော့မှမသုံးရန် သင်ကြားပေးခြင်းခံခဲ့ရသည်။ ယေဘုယျအားဖြင့် ၄င်းသည်ကောင်းမွန်သည့်သွန်သင်ချက် တစ်ခုဖြစ်ပါသည်။ and နှင့် but တို့သည် စကားစု၊ ၀ါကျ တို့အားဆက်စပ်ပေးသည် သန္ဗန္ဓ conjunction ဖြစ်သဖြင့် အများအားဖြင့် ၀ါကျအလယ်တွင်သာရှိနေပါလိမ့်မည်။
annex နှင့် annexe
annex သည် တိုင်းပြည်တစ်ပြည်အားသိမ်းပိုက်သည်ဟုအဓိပ္ပါယ်ရသည်။
annexe ကတော့ appendix နှင့်အဓိပ္ပါယ်ဆင်တူကာ နောက်ဆက်တွဲ(စာရွက်စာတမ်း)၊ တိုးချဲ့ဆောင် ဟုအဓိပ္ပါယ်ရသည်။
ကျွန်တော်ရေးထားသမျှကိုဖတ်ချင်လျှင်ဒီမှာလေ့လာနိုင်ပါသည်။
ဇာနည်(MyWay)
Broken English to Spoken English
09 448 033 674

- Humans, he argues, are amoral and what guides them is not any sense of morality but an instinct for survival. သူက လူတွေသည် ကိုယ်ကျင့်တရားနှင့်မဆိုင်ဘဲ ၄င်းတို့အားထိန်းကျောင်းထားသည်မှာ ကိုယ်ကျင့်တရားသဘောမဟုတ်ဘဲ မိမိရှင်သန်ရေးဗီဇစိတ် ဖြစ်သည်ဟုစောဒကတက်သည်။
immoral ကတော့ ကိုယ်ကျင့်တရားပျက်ယွင်းသော၊ လူ့ဘောင်လောကမှ လက်ခံထားသည့် လူ့ကျင့်ဝတ်နှင့်မကိုက်ညီ၊ ချိုးဖျက်ခြင်း အဓိပ္ပါယ်နှင့်သုံးသည်။ (m နှစ်လုံးပါသည်ကိုသတိပြုပါ။)
- It's an immoral tax, because the poor will pay relatively more. ဒါက လူမဆန်တဲ့အခွန်ပဲ ဆင်းရဲတဲ့သူတွေကပိုပေးနေရတာ။
- an immoral act / immoral behavior သိက္ခာမဲ့အပြုအမူ
- immoral earnings ပြည့်တန်ဆာလုပ်ငန်းမှရသည့်ဝင်ငွေ
amount နှင့် number ပမာဏ၊ ကိန်းဂဏန်း၊ အရည်အတွက်
amount ကို ရေတွက်၍မရသောနာမ်များနှင့်တွဲသုံးသည်။
- a small amount of sugar သကြားအနည်းငယ်
- a surprising amount of gossip အံ့သြလောက်စရာအတင်းအဖျင်းပမာဏ
- I should reduce the amount of coffee I drink. ငါသောက်တဲ့ကော်ဖီပမာဏကိုလျှော့သင့်တယ်။
- Did you use the right amount of flour? ဂျုံမှုန့်အချိန်အဆ မှန်မှန်သုံးရဲ့လား။
any amount of သည် a very large amount of ပင်ဖြစ်သည်။
- We had any amount of people applying for the job. အလုပ်လာလျှောက်တဲ့လူတွေအများကြီးရှိတယ်။
number ကို ရေတွက်၍ရသောနာမ်များနှင့်တွဲသုံးသည်။
- a number of mistakes အမှားအများအပြား
- a number of reasons ဆင်ခြေအများအပြား
- We don't know the number of people involved yet. ပါဝင်ပတ်သက်တဲ့လူအရေအတွက်ကိုမသိရသေးဘူး။
- They received a large number of complaints. သူတို့တိုင်တန်းချက်တွေအများကြီးရထားတယ်။
the number of + plural noun ၏နောက်တွင် singular verb လိုက်သည်။
- The number of people affected remains small. (ကူးစက်ခံရ)ထိခိုက်ခံရတဲ့လူအရေအတွက်ကနည်းပါသေးတယ်။
a number of + plural noun ၏နောက်တွင် plural verb လိုက်သည်။
- A number of people remain to be contacted. လူအများကြီးဆက်သွယ်ရန်ကျန်သေးသည်။
any number of things သည် a lot of a particular thing ဖြစ်သည်။
- His
shop stocks any number of different kinds of pasta. သူ့ဆိုင်သည် ပါစတာခေါက်ဆွဲအမျိုးအမည်ပေါင်းများစွာသိုလှောင်ထားသည်။
and နှင့် but -နှင့်။ သို့သော်။
အင်္ဂလိပ်စာလေ့လာသူအများစုသည် and နှင့် but တို့ကို ၀ါကျ၏အစတွင်ဘယ်တော့မှမသုံးရန် သင်ကြားပေးခြင်းခံခဲ့ရသည်။ ယေဘုယျအားဖြင့် ၄င်းသည်ကောင်းမွန်သည့်သွန်သင်ချက် တစ်ခုဖြစ်ပါသည်။ and နှင့် but တို့သည် စကားစု၊ ၀ါကျ တို့အားဆက်စပ်ပေးသည် သန္ဗန္ဓ conjunction ဖြစ်သဖြင့် အများအားဖြင့် ၀ါကျအလယ်တွင်သာရှိနေပါလိမ့်မည်။
- I should love to come AND I look forward to the party very much. ပါတီပွဲကိုတက်ရောက်ရန်ဆန္ဒရှိပါသည်။ ထို့အပြင် ပါတီပွဲအားစိတ်အားထက်သန်စွာစောင့်မျှော်လျက်ရှိပါသည်။
- They wanted to come BUT sadly they had to visit a friend in hospital some miles away. သူတို့လာချင်ခဲ့ပါသည်။ သို့ရာတွင် မိတ်ဆွေတစ်ယောက်ကိုအတန်လှမ်းသည့် ဆေးရုံတွင် လူနာသွားမေးခဲ့ရသည်။
- It’s a pretty smart and progressive budget. But do you think those changes go far enough? ဒါကတော့ တိုးတက်ဆန်းသစ်တဲ့ ရသုံးစာရင်းပါပဲ။ ဒါပေမယ့် ဒီအပြောင်းအလဲတွေက လုံလောက်တယ်လို့ထင်လား။
- Some people are calling this film the worst movie ever. And who are we to argue? တစ်ချို့ကတော့ဒီရုပ်ရှင်ကိုအချာဆုံးလို့သတ်မှတ်ကြတယ်။ ပြီးတော့ ငါတို့ကလည်းဘာလို့ငြင်းရမှာလဲ။ (ဘယ်သူ့ကိုသွားငြင်းရမှာလဲ)
- Jonh’s answer is no. But why not? ဂျွန့်အဖြေမဟုတ်ဘူး။ ဒါပေမယ့် ဘာလို့မဟုတ်တာလဲ။
- Who would have thought it? And is it really true? ဒါဘယ်သူကတွေးမိမှာလဲ။ ပြီးတော့ မှန်ကောတကယ်မှန်လို့လား။
annex နှင့် annexe
annex သည် တိုင်းပြည်တစ်ပြည်အားသိမ်းပိုက်သည်ဟုအဓိပ္ပါယ်ရသည်။
- Britain annexed this small island west of Scotland in 1955. ဗြိတိန်သည် စကော့တလန်အနောက်ဖက်ကထိုကျွန်းငယ်ကလေးအား ၁၉၅၅ ခုနှစ်တွင်သိမ်းပိုက်ခဲ့သည်။
annexe ကတော့ appendix နှင့်အဓိပ္ပါယ်ဆင်တူကာ နောက်ဆက်တွဲ(စာရွက်စာတမ်း)၊ တိုးချဲ့ဆောင် ဟုအဓိပ္ပါယ်ရသည်။
- Delicate and valuable books are kept in an air-conditioned annexe to the main library. ပျက်စီးလွယ်သော၊ အဖိုးတန် စာအုပ်များအား ပင်မစာကြည့်တိုက်၏ လေအေးပေးစက် တပ်ဆင်ထားသော တိုးချဲ့ဆောင်ထဲတွင် ထိန်းသိမ်းထားသည်။
ကျွန်တော်ရေးထားသမျှကိုဖတ်ချင်လျှင်ဒီမှာလေ့လာနိုင်ပါသည်။
ဇာနည်(MyWay)
Broken English to Spoken English
09 448 033 674
Tags: ဇာနည်(MyWay)
Read more: ဆင်တူရိုးမှား သတိထား အင်္ဂလိပ်စကားလုံးများ (၅) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A1004953&xgs=1&xg_source=msg_share_topic#ixzz2oyVI0XMX
No comments:
Post a Comment