22-11-2013
ပြင်ဦးလွင်မြို့ နန္ဒဝန်ကွက်သစ် ဗိုလ်မှုးမောင်တွမ် + ဒေါ်ခင်စမ်းဝေတို့မှ ပရဟိတအဖြစ် သနားစရာခွေးအကောင် ၂၆၀ ကျော်ကို ပေ ၁၀၀ ပတ်လည်ခန့် ရှိ သူတို့ ၏နေအိမ်၌ ဘေးမဲ့ မွေးမြူထားပုံ ဖြစ်ပါတယ် ..
လမ်းဘေးလေလွင့် ခွေးငယ်ကလေးများကို ခွေးရူးကာကွယ်ဆေး အခမဲ့ လိုက်လံထိုးပေးနေတဲ့ မန္တလေးမြို့ခံ တိရစ္ဆာန်ဆေးကု ဆရာဝန်များ အသင်းမှ ဒေါက်တာသန်းထွန်းဦးနဲ့  အတူ ကျွန်တော် သွားရောက်တွေ့ ဆုံခဲ့ပြီး ဓါတ်ပုံရိုက်ယူ မှတ်တမ်းတင်လာခဲ့ပါတယ် ..
တစ်နေ့ တာ ကျွေးမွေးစားရိတ်ဟာ ဆန်တစ်အိတ် နှင့်အထက်ရှိပေမယ့် လေငန်းရောဂါ ဝေဒနာသည် ဗိုလ်မှူးမောင်တွမ်ရဲ့ ဝေယာဝစ္စအပြင် ဒေါ်ခင်စမ်းဝေဟာ လေလွင့်ဒုက္ခသည် ခွေးငယ် ပေါက်စလေးတွေမှ သက်ကြီးရွယ်အို နာနေရှာတဲ့ ခွေးအိုကြီးများအထိ ကျွေးမွေးပြုစု ထိန်းသိမ်းတဲ့ အကူလူငယ် ၂ ယောက်ခန့် နဲ့  ကုသိုလ်ယူ လုပ်ဆောင်နေတာကို လေးစားဖွယ် တွေ့ မြင်ခဲ့ရပါတယ် ...
ဒီခွေးလေးတွေရဲ့ နာမကျန်းမှု ဆေးကုသမှု စားရိတ် အတွက်ကိုတော့ မြို့ခံ ဆရာဝန် ဒေါက်တာ စိန်မောင်မောင် + ဒေါက်တာအေးစမ်းမေတို့  မှ တာဝန်ယူ ကုသပေးနေတယ်လို့  သိရပါတယ် .. အခြားကာကွယ်ဆေးနဲ့  ကြီးမားတဲ့ ရောဂါများ ကုသရန်အတွက်ကိုတော့ မန္တလေးမြို့ခံ ဆရာဝန်များဖြစ်ကြသော ဒေါက်တာဝင်းနိုင်ကိုကို ဒေါက်တာသန်းထွန်းဦး ( ThanTun Oo ) အစရှိသည့် ဆရာဝန်များ အဖွဲ့ မှ ထိုက်သင့်အားလျှော်စွာ တာဝန်ယူ ကုသမှုပေးနေတယ်လို့  သိခဲ့ရပါတယ် ..
ယနေ့ ထိတိုင် ဒေါ်ခင်စန်းဝေဟာ မိမိကိုယ်ပိုင် ငွေနဲ့ ပဲ မမောနိုင်မပမ်းနိုင် ကုသိုလ်ပြုနေတာကို အံ့သြလေးစားဖွယ် ဖော်ပြလိုက်ပါတယ် ..
မှတ်ချက် .. အလှူခံရန် မဟုတ်ပါ .. ပရဟိတလုပ်ငန်းကို ဂုဏ်ပြုဖော်ပြခြင်းသာ ဖြစ်ပါသည် ..
ဗိုလ်မှုးမောင်တွမ် + ဒေါ်ခင်စမ်းဝေ
၀၈၅ ၂၁၅၄၂ .. ၀၉၄၀၂၅၅၈၀၀၁
ပြင်ဦးလွင်မြို့ .. မန္တလေးတိုင်း ..

No comments:
Post a Comment