Thursday, November 21, 2013

ကဉ္စနား (သို့) ၀ိဇယရဲ့ ကုဝေနီ


ကုဝေနီဟာ ...

သမီးနဲ့သားကို
ချန်ကာထားလို့
မင်းထွက်သွားပါဆိုတဲ့
ချစ်သူရဲ့စကားခါးခါးကို
သူ့နားဖျားမှာငလျင်ထန်
ရင်ဝကိုလှံတံစူးသလို
သေအံ့မူးမူးချိန်ထိတောင်
စွဲမြဲနေခဲ့သတဲ့။

ဒါပေမဲ့ 
မျိုးမတူ
အနွယ်ခြား
ရန်သူအားချစ်မိလို့
ကျင့်ဝတ်တို့ပစ်ပယ်
ချစ်သူကို ရင်ဝယ်နှင့်အောင်ချစ်မိတာက
သေလောက်တဲ့အပြစ်တဲ့လား 
(ချစ်သူစဉ်းစားစမ်း)ကွယ်။

အနွယ်တူရဲ့ဒါးချက်က
နှလုံးသားကိုပိုင်းကာဖြတ်
ဒါပေမဲ့ ..
သူအသက်ထွက်ခဲ့တာက
လူသားနဲ့မပေါင်းအပ်
မင်းထွက်သွားပါဆိုတဲ့
ချစ်သူရဲ့ရက်စက်တဲ့
နုတ်ထွက်စကားဆုံးစဉ်ကတည်းကလို့
ကိုယ်တော့ယုံတယ် ချစ်သူ။

ဒါတောင်လေ
အသုံးချဝမှ စွန့်ပစ်ရက်သူ
ချစ်ဦးသူ ဝိဇယအတွက်အမုန်း
့သူ့နှလုံးသားမှာလုံးလုံးမရှိခဲ့
ရှိခဲ့သည်ကား အချစ်
အချစ်သည်ကား သစ္စာ
သစ္စာက တရား
တရားသည်ကား ခွဲခြားမှုတွင်မရှိ
ရန်သူတွင်မရှိ မုန်းသူတွင်မရှိ
အကျိုးတွင်မရှိ အမြတ်တွင်မရှိ
အရှုံးအနိုင်ပင်မရှိ
ပေးဆပ်သူတွင်သာရှိသတဲ့။
.....

ဒီလိုနဲ့
ကုဝေနီတယောက် နှလုံးသားနဲ့ရင်းလို့ သူ့ချစ်ခြင်းပြ
ဝိဇယကို တ၀ကြီးချစ်သွားခဲ့ဖူးတယ်ချစ်သူ။

Aung Zin Latt

No comments:

Post a Comment