ဟေ့ကောင် အက်ဇေးရှင်း ....
မင်းက တိုက်အိမ်ထဲမှာ စားကောင်းသောက်ကောင်းတွေနဲ့
ဇိမ်ကျကျနေနေရတဲ့ ခွေးဆိုတော့ 2008 ဖွဲ့စည်းပုံကို စိတ်မ၀င်စားတာ
အဆန်းတော့မဟုတ်ဘူး။
မင်းအနေနဲ့ ငါတို့လို တိရိစ္ဆာန်တွေနဲ့
နိုင်ငံရေး ဘာမှမဆိုင်ဘူးလို့ စောတက တက်ချင်သေးလား။
မင်းပြောရင်လည်း ငါ့ဘက်ကရှင်းဖို့အသင့်ပဲ။
မင်းတို့လို သူဌေးသားခွေးတွေအတွက်
ထမင်းတစ်နပ်ဆိုတာ မခက်ခဲပေမယ့်
ငါတို့လို အခြေမဲ့အနေမဲ့ လမ်းဘေးကခွေးတွေအတွက်ကတော့
ထမင်းတစ်နပ် စားရဖို့အရေး
လူတစ်ကာရဲ့ အဆူအဟောက်ခံ၊
ခြေထောက်နဲ့အကန်ခံပြီးမှ ရလာတဲ့ထမင်းကျန်ဟင်းကျန်လေး တွေကို
မင်း ဘယ်တန်ဖိုးထားတက်ပါ့မလည်း။
တန်ဖိုးထားဖို့ဆိုတာက ဝေးပါသေးတယ်
မင်း မြင်တောင်မြင်ဖူးရဲ့လားမသိပါဘူး။
အဲ့ဒါတွေထားပါတော့ ...
အခု မင်းကို ငါအဓိကပြောချင်တာက၊
အခု လူတွေကြားမှာ အရမ်း ဟော့ နေတယ့်
2008 ခြေ / ဥ ပြင်ဖို့ကိစ္စကို
ငါတို့ လမ်းဘေးက အောက်ခြေ ခွေးလေခွေးလွင့်
ခိုးကိုးရာမဲ့တွေ အားလုံးထောက်ခံတယ်ဆိုတဲ့ကြောင်း
မင်းကို ငါတို့က အဆင့်အတန်းခြင်းမတူတာသိပေမယ့်
ခွေးသတ္တ၀ါအခြင်းခြင်းတူနေတဲ့ အတွက်
အသိပေးသင့်တယ်ထင်လို့ လာပြောရတာပါ။
ငါတို့တိရိစ္ဆာန်လောကမှာလည်း
ကိုယ်ထင်ရာကိုယ်မလုပ်ပဲ အားလုံးကိုအသိပေး
ညှိနှိုင်းပြီးတော့မှသာ ဘုံအယူအဆကို
သဘောထားထုပ်ပြန်တယ်ဆိုတာ မင်းသိရအောင်လေ။
လက်ရှိအနေအထားအရဆိုရင်တော့
2008 ဖွဲစည်းပုံက တို့တွေရဲ့ လမ်းဘေးက ခွေးတွေရဲ့ဘ၀တွေနဲ့လည်း
တိုက်ရိုက်ပက်သက်နေပြီလေ။
တိုင်းပြည် တည်ငြိမ်အေးချမ်းမှ စီးပွားရေးတွေဖွင့်ဖြိုးမယ် ၊
လူတွေတစ်ဦးချင်းစီရဲ့ ၀င်ငွေတွေမြင့်မားလာမှ
စားနိုင်သောက်နိုင်မယ်၊ ပေးကမ်းစွန့်ကျဲု နိုင်မယ်၊
တိုင်းပြည်ကလူတွေရဲ့ ဆန်အိုးထဲ ဆန်ပြည့်နေမှ
ငါ တို့ လမ်းဘေးကခွေးတွေရဲ့ဘ၀လည်း သာယာလှပလာမယ်။
မင်းတို့လို အိမ်ထဲမှာနေပြီး ဘာမှမသိတဲ့
ခွေးချမ်းသာတွေနားလည်အောင်ေ ပြာရရင်
ထမင်းတစ်နပ်အတွက် ခိုးကြောင်ခိုးဝှက်နဲ့
အဆူခံ အကန်ခံပြီး စားစရာမလိုတော့ဘူးပေါ့ကွာ။
အရေးကြီးဆုံးက ပြည်သူပြည်သားတွေ စိတ်ချမ်းသာ
ကိုယ်ချမ်းသာနဲ့စားနိုင်သော က်နိုင်ဘ၀တွေဖြစ်နေဘို့ပဲ။
သူတို့ကိုယ်တိုင်မှာတောင် ဆန်အိုးထဲ ဆန်မရှိပဲ
ငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြစ်နေရင်တော့
အသားငါး မ၀ယ်နိုင်လို့ဆိုပြီး ပထမဦးဆုံး သတ်စားခံရမှာ
ငါတို့ လမ်းဘေးက ခွေးတွေရဲ့ဘ၀တွေပဲ။
အဲ့ဒီ့လိုအသတ်ခံရလို့ တရားစွဲမယ်ဆိုပြီးတော့
မစဉ်းစားလိုက်နဲ့။
သူတို့တွေရဲ့ လူ့ဘောင်လူ့လောကမှာတောင်
ခိုင်မာတဲ့ဖွဲ့စည်းပုံ မရှိသေးလို့ တရားဥပဒေစိုးမိုးမှု မရှိသေးဘူးဆိုရင်
မင်းတို့ငါတို့လို ခွေးတိရိစ္ဆာန်တွေအတွက် ကာကွယ်ပေးမယ့် ဥပဒေဆိုတာ
တစ်ထောင့်တစ်ည ပုံပြင်ပြီးမှ ကိုက်ခွင့်ရမယ့်
အမဲ ရိုးလိုဖြစ်နေမှာပေါ့ကွာ။
ကဲ ... သူငယ်ချင်း အက်ဇေးရှင်းရေ ....
ငါတို့အုပ်စုလဲ ရန်ကုန်မြို့ရဲ့ မီးပျက်ည တွေကို
အခွင့်ကောင်းယူပြီး အစားအသာက်တွက်
ခရီးထွက်ကြရဦးမယ်ကွာ။
ဟော.... ဟိုမှာပြောရင်းဆိုရင်း မင်းသခင်တောင်ခေါ်နေပြီ။
ငါတို့ကို သေနတ်နဲ့ချိန်ပြီး အချုပ်ထဲမထည့်ခင်
လက်ဦးမှုရယူပြီး ထွက်ပြေးမှရတော့မယ်။
တကယ်လို့ မင်းရဲ့ စားကြွင်းစားကျန်လေးတွေကို
တို့လမ်းဘေးက အစာမရှာတက်သေးတဲ့ခွေးငယ်လေး တွေအတွက်
စာနာသနားမိတယ်ဆိုရင် မြောင်းထဲမှာဖြစ်ဖြစ် ချထားပေးလိုက်ပါကွာ။
အခု ငါတို့ကတော့ 2014 ကျော်လို့မှ
ဖွဲ့စည်းပုံကို ပြင်ရင်ပြင်၊
မပြင်လို့ကတော့ ပြောက်ကျားနည်းသုံးပြီး
အဲ့ဒီ့စာအုပ်ကြီးကို နန်းတွင်းထဲကနေမရရတဲ့နည်းနဲ့ ခိုးထုတ်ပြီး
တစ်စစီကိုက်ဖြဲပြစ်မလားလို့ စီစဉ်ထားကြတယ်။
ကိုဇော် (မလေးရှား)
27.11.2013
ဒီ ပို့စ် ကလေးကိုဖတ်ပြီး မိတ်ဆွေသူငယ်ချင်းများအားလုံး ရယ်မော ပျော်ရွှင်နိုင်ကြပါစေနော်။
—
မင်းက တိုက်အိမ်ထဲမှာ စားကောင်းသောက်ကောင်းတွေနဲ့
ဇိမ်ကျကျနေနေရတဲ့ ခွေးဆိုတော့ 2008 ဖွဲ့စည်းပုံကို စိတ်မ၀င်စားတာ
အဆန်းတော့မဟုတ်ဘူး။
မင်းအနေနဲ့ ငါတို့လို တိရိစ္ဆာန်တွေနဲ့
နိုင်ငံရေး ဘာမှမဆိုင်ဘူးလို့ စောတက တက်ချင်သေးလား။
မင်းပြောရင်လည်း ငါ့ဘက်ကရှင်းဖို့အသင့်ပဲ။
မင်းတို့လို သူဌေးသားခွေးတွေအတွက်
ထမင်းတစ်နပ်ဆိုတာ မခက်ခဲပေမယ့်
ငါတို့လို အခြေမဲ့အနေမဲ့ လမ်းဘေးကခွေးတွေအတွက်ကတော့
ထမင်းတစ်နပ် စားရဖို့အရေး
လူတစ်ကာရဲ့ အဆူအဟောက်ခံ၊
ခြေထောက်နဲ့အကန်ခံပြီးမှ ရလာတဲ့ထမင်းကျန်ဟင်းကျန်လေး
မင်း ဘယ်တန်ဖိုးထားတက်ပါ့မလည်း။
တန်ဖိုးထားဖို့ဆိုတာက ဝေးပါသေးတယ်
မင်း မြင်တောင်မြင်ဖူးရဲ့လားမသိပ
အဲ့ဒါတွေထားပါတော့ ...
အခု မင်းကို ငါအဓိကပြောချင်တာက၊
အခု လူတွေကြားမှာ အရမ်း ဟော့ နေတယ့်
2008 ခြေ / ဥ ပြင်ဖို့ကိစ္စကို
ငါတို့ လမ်းဘေးက အောက်ခြေ ခွေးလေခွေးလွင့်
ခိုးကိုးရာမဲ့တွေ အားလုံးထောက်ခံတယ်ဆိုတဲ့ကြေ
မင်းကို ငါတို့က အဆင့်အတန်းခြင်းမတူတာသိပေမယ
ခွေးသတ္တ၀ါအခြင်းခြင်းတူနေတဲ
အသိပေးသင့်တယ်ထင်လို့ လာပြောရတာပါ။
ငါတို့တိရိစ္ဆာန်လောကမှာလည်း
ကိုယ်ထင်ရာကိုယ်မလုပ်ပဲ အားလုံးကိုအသိပေး
ညှိနှိုင်းပြီးတော့မှသာ ဘုံအယူအဆကို
သဘောထားထုပ်ပြန်တယ်ဆိုတာ မင်းသိရအောင်လေ။
လက်ရှိအနေအထားအရဆိုရင်တော့
2008 ဖွဲစည်းပုံက တို့တွေရဲ့ လမ်းဘေးက ခွေးတွေရဲ့ဘ၀တွေနဲ့လည်း
တိုက်ရိုက်ပက်သက်နေပြီလေ။
တိုင်းပြည် တည်ငြိမ်အေးချမ်းမှ စီးပွားရေးတွေဖွင့်ဖြိုးမယ်
လူတွေတစ်ဦးချင်းစီရဲ့ ၀င်ငွေတွေမြင့်မားလာမှ
စားနိုင်သောက်နိုင်မယ်၊ ပေးကမ်းစွန့်ကျဲု နိုင်မယ်၊
တိုင်းပြည်ကလူတွေရဲ့ ဆန်အိုးထဲ ဆန်ပြည့်နေမှ
ငါ တို့ လမ်းဘေးကခွေးတွေရဲ့ဘ၀လည်း သာယာလှပလာမယ်။
မင်းတို့လို အိမ်ထဲမှာနေပြီး ဘာမှမသိတဲ့
ခွေးချမ်းသာတွေနားလည်အောင်ေ
ထမင်းတစ်နပ်အတွက် ခိုးကြောင်ခိုးဝှက်နဲ့
အဆူခံ အကန်ခံပြီး စားစရာမလိုတော့ဘူးပေါ့ကွာ။
အရေးကြီးဆုံးက ပြည်သူပြည်သားတွေ စိတ်ချမ်းသာ
ကိုယ်ချမ်းသာနဲ့စားနိုင်သော
သူတို့ကိုယ်တိုင်မှာတောင် ဆန်အိုးထဲ ဆန်မရှိပဲ
ငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြစ်နေရင်တော့
အသားငါး မ၀ယ်နိုင်လို့ဆိုပြီး ပထမဦးဆုံး သတ်စားခံရမှာ
ငါတို့ လမ်းဘေးက ခွေးတွေရဲ့ဘ၀တွေပဲ။
အဲ့ဒီ့လိုအသတ်ခံရလို့ တရားစွဲမယ်ဆိုပြီးတော့
မစဉ်းစားလိုက်နဲ့။
သူတို့တွေရဲ့ လူ့ဘောင်လူ့လောကမှာတောင်
ခိုင်မာတဲ့ဖွဲ့စည်းပုံ မရှိသေးလို့ တရားဥပဒေစိုးမိုးမှု မရှိသေးဘူးဆိုရင်
မင်းတို့ငါတို့လို ခွေးတိရိစ္ဆာန်တွေအတွက် ကာကွယ်ပေးမယ့် ဥပဒေဆိုတာ
တစ်ထောင့်တစ်ည ပုံပြင်ပြီးမှ ကိုက်ခွင့်ရမယ့်
အမဲ ရိုးလိုဖြစ်နေမှာပေါ့ကွာ။
ကဲ ... သူငယ်ချင်း အက်ဇေးရှင်းရေ ....
ငါတို့အုပ်စုလဲ ရန်ကုန်မြို့ရဲ့ မီးပျက်ည တွေကို
အခွင့်ကောင်းယူပြီး အစားအသာက်တွက်
ခရီးထွက်ကြရဦးမယ်ကွာ။
ဟော.... ဟိုမှာပြောရင်းဆိုရင်း မင်းသခင်တောင်ခေါ်နေပြီ။
ငါတို့ကို သေနတ်နဲ့ချိန်ပြီး အချုပ်ထဲမထည့်ခင်
လက်ဦးမှုရယူပြီး ထွက်ပြေးမှရတော့မယ်။
တကယ်လို့ မင်းရဲ့ စားကြွင်းစားကျန်လေးတွေကို
တို့လမ်းဘေးက အစာမရှာတက်သေးတဲ့ခွေးငယ်လေး
စာနာသနားမိတယ်ဆိုရင် မြောင်းထဲမှာဖြစ်ဖြစ် ချထားပေးလိုက်ပါကွာ။
အခု ငါတို့ကတော့ 2014 ကျော်လို့မှ
ဖွဲ့စည်းပုံကို ပြင်ရင်ပြင်၊
မပြင်လို့ကတော့ ပြောက်ကျားနည်းသုံးပြီး
အဲ့ဒီ့စာအုပ်ကြီးကို နန်းတွင်းထဲကနေမရရတဲ့နည်းနဲ
တစ်စစီကိုက်ဖြဲပြစ်မလားလို့
ကိုဇော် (မလေးရှား)
27.11.2013
ဒီ ပို့စ် ကလေးကိုဖတ်ပြီး မိတ်ဆွေသူငယ်ချင်းများအားလံ
No comments:
Post a Comment