မိတ်ဆွေတဦးက တရားရှုမှတ်နည်း ရေးပေးပါဆိုလို့ သိသလောက်၊ နာကြား၊ မှတ်သား ဖူးသလောက် ရေးပေးတာပါ။ တရားစာဖတ်ရင်း၊ တရားနာရင်း ရှုမှတ်ပါ မိတ်ဆွေ။
ပရမတ်ဆိုတာကို စာတွေ့၊ ကိုယ်တွေ့ သိဖို့တော့လိုပါတယ်။ ဒါမှ ရှုမှတ်တဲ့အခါ ပရမတ်အထိ ရှုမှတ်နိုင်မှာပါ။ ပညတ်နဲ့  ပရမတ်ကို ခွဲခြားသိဖို့တော့ လိုပါတယ်။
ပညတ်ဆိုတာက တကယ်တမ်း မရှိပါဘူး။ပရမတ်ဆိုတာပဲ တကယ်ရှိတာပါ။ပရမတ်ဆိုတာ စိတ်၊စေတသိတ်၊ရုပ်၊နိဗ္ဗာန်ဆိုပီး ၄မျိုးရှိပေမယ့် ဝိပဿနာ ရှုမှတ်ရင် စိတ်၊စေတသိတ်၊ရုပ်ကိုပဲ ရှုမှတ်ရပါတယ်။စိတ်နဲ့စေ တသိတ်ကို ပေါင်းပီး နာမ်လို့ခေါ်ပါတယ်။ဒီတော့  ရုပ်နဲ့နာမ်ပဲ ရှုမှတ်မှာပါ။ရုပ်ဆိုတာက သိတတ်တဲ့ သဘော မရှိပါဘူး။နာမ်ကပဲ သိတတ်တာပါ။ရုပ်တရား၊နာမ် တရားတွေ ဖောက်ပြန်ပြောင်းလဲနေ တာကို နာမ်က သိနေရပါမယ်။ရုပ်နာမ် အဖြစ်၊အပျက်၊အဖြစ်အပျက် တိုင်းကို အတတ်နိုင်ဆုံး နာမ်က လိုက်ပီး သိပေးနေရုံပါပဲ။အမှန်ကို အမှန်အတိုင်း သိရမှာပါ။စိတ်ရှည်သီးခံပီး ဒီစာကိုဖတ်ရင်း တတ်နိုင်သလောက် ရှုမှတ်စေချင်ပါတယ်။
ပထမဆုံး ကိုယ်နှစ်သက်ရာ အရိယာပုတ်ကို ရွေးပီး အားထုတ်ဖို့ ပြင်ဆင်ပါ။ဝင်လေ၊ထွက် လေကိုပဲ စပီး ရှုမှတ်စေချင်ပါတယ်။နှာ သီးဖျားမှာ ဖြစ်စေ၊ဝမ်းဗိုက်မှာ ဖြစ်စေ စိတ်ကိုထားပါ။နှာသီးဖျားမှာ စိတ်ကိုထားပီး မှတ်တာကိုပဲ ရှင်းပြပါမယ်။နှာသီးဖျားမှာ စိတ်ကိုထားပါလို့ဆိုပေမယ့်  တကယ်တမ်းက နှာသီးဖျားမဟုတ်ပါ။ခြေသည်း၊လက်သည်း၊အသားမာ၊ဆံပင် စတဲ့
နေရာတွေက လွဲပီး အပ်နဲ့ထိုးရင် နာတတ်တဲ့နေရာတွေမှာ ကာယပသာဒ
အကြည်ရုပ်ဆိုတာ ရှိပါတယ်။ဒီတော့ နှာသီးဖျားမှာရှိတဲ့ ကာယ ပသာဒ
အကြည်ရုပ်ကို ဝင်သက်၊ထွက်သက်က တိုက်မိတဲ့ ထိနေစဉ်၊ထိမိနေစဉ်
အချိန်လေးတွေကို သိနေရမှာပါ။ဝင်တယ်၊ထွက် တယ်လို့
စိတ်ထဲက(သို့)နှုတ်က ရွတ်ဆိုနေစရာ မလိုပါဘူး။ထိတာကို သိဖို့သာ
လိုရင်းပါ။ရှုမှတ်တဲ့အခါ နှာသီးဖျားဆိုတဲ့ ပညတ်ကို စိတ်မှာ
ထင်မနေရပါဘူး။ ကာယ ပသာဒ အကြည်ရုပ်(ရုပ်တရား)နဲ့ ပြင်ပက
လေ(ရုပ်တရား)တို့ ထိခိုက်မိတာလေးကိုသာ သိနေရမှာပါ။ထိတိုင်း
သိနေဖို့ လိုပါတယ်။မထိသေးတာ၊ထိပီးတာကို မရှုမှတ်ရပါ။ထိနေစဉ် အခိုက်အတန့်(တစက္ကန့်မျှပ င် မရှိသော)အချိန်လေးကိုသာ ရှုမှတ်ရမှာပါ။
ထိတာကို ထိတိုင်းသိနေပေးပါ။ထိတာကိုပဲသိနေပီး
ထိပီး ထိတာလေးက တစက္ကန့်တောင် မတည်မြဲဘဲ ပျက်သွားတာလေးကို
သိလာမှာပါ။ထိတာကို သိတာဟာ အဖြစ်ကို သိတာပါ၊ထိပီး ပျက် ပျက်သွားတာကို
သိတာက အပျက်ကိုသိတာပါ။ဒီတော့ အဖြစ်နဲ့ အပျက်ကို
သိပီပေါ့။ဝင်သက်၊ထွက်သက်ကြောင့်ဖြစ်တဲ့ အဖြစ်၊အပျက်ကို သိနေစဉ်အတွင်း မိမိခန္ဓာကိုယ်ရဲ့တနေရာရာမှာ ယားတာ၊ထုန်တာ၊ကျဉ်တာ၊ပူတာ ၊အေးတာ၊လှုပ်လှုပ် ရွရွဖြစ်တာ၊ရှိန်းတိန်းဖိန်းတိန်းဖြစ်တာ၊နာတာ၊ကိုက်ခဲတာစတဲ့ ဒုက္ခဝေဒနာတွေ ပေါ်လာရင် ပေါ်လာတိုင်း သိပေးနေပါ။(ဒုက္ခဝေဒနြာေ ကာင့်
ဒေါသ ဖြစ်တတ်တာကို သတိပြုပါ မိတ်ဆွေ။ဒုက္ခဝေဒနာ ဘာမှ မပေါ်လာဘဲ
နေလို့ကောင်းနေတာဟာ သုခဝေဒနာပါ။သုခဝေဒနာကို တပ်မက်တဲ့ လောဘစိတ်
ဖြစ်လာတတ်ပါတယ်။သုခဝေဒနာကိုပဲ လိုချင်နေတတ်ပါတယ်။သတြိ ပုပါ
မိတ်ဆွေ။သုခနဲ့ဒုက္ခကို ဥပေက္ခာဝေဒနာနဲ့ ပယ်ပါ။ဒါမှ ကိလေသာ ၁၀ပါး
မဖြစ်မှာပါ) ပူတယ်၊အေးတယ် ဆိုပီး နှုတ်က၊စိတ်ထဲက
ရွတ်မနေရပါဘူး။သိနေရုံသာ
သိနေပါ။စိတ်ကို ဘာဆိုဘာမှ မတွေးရပါ။တွေးမိရင် တွေးတဲ့စိတ်ကို
သိနေပါ။တွေးတဲ့စိတ်က အရင်ဖြစ်တော့ ရှေ့စိတ်ဆိုပါတော့။တွေး တဲ့ ရှေ့စိတ်ကို နောက်စိတ်က သိပေးပါ။တွေးတဲ့စိတ်တွေ တွေးနေရင်း ပျက် ပျက်သွားတာ သိရပါလိမ့်မယ်။တွေးတဲ့စိ တ်ကလေးဟာ တစက္ကန့်တောင် မတည်မြဲဘဲ အခုဖြစ်၊ချက်ချင်းပျက်သွားတာ သိနေပါလိမ့်မယ်။ ဝိပဿနာဆိုတာ အတွေးမဲ့ ကျင့်စဉ် မဟုတ်ဘူးနော်။တွေးတာတော့ တွေးမိမှာပဲ။မတွေးဘဲနေဖို့၊ပရမတ်၊ရုပ်နာမ်၊ဓါတ် တွေ
ဖြစ်ပီး ပျက်သွားတာကို သိနေရုံပဲ သိနေရမှာပါ။တွေးတာကို
တွေးမှန်းသိရင် တွေးတာကို ရပ်ပီး ရှုမှတ်စရာရှိတာကို
ဆက်ပီးရှုမှတ်ပါ။အာရုံကို စုစည်းလို့မရရင် စိတ်မရှည်ဘဲ
စိတ်တိုလာတတ်ပါတယ်။ဒေါသ ဖြစ်လာတတ်ပါတယ်။ရှုမှတ် နေရင်း စိတ်ပျံ့လွင့်ပီး လျှောက်တွေးနေတတ်ပါတယ် ။တွေးမိလို့ ရှုမှတ်စရာတွေ မရှုမှတ်နိုင်လို့ ဒေါသ မဖြစ်ရပါ။စိတ်ထဲမှာ အေးချမ်းနေဖို့ အထူးလိုအပ်ပါတယ်။စိတ်ကို အေးချမ်းစွာ၊ပူပင်မှု ကင်းစွာ ထားတတ်ပါစေ။ လောဘ၊ဒေါသစတဲ့ ကိလေသာ ၁၀ပါးလုံး ဖြစ်မနေရပါဘူး။ကိလေသာေ တွဖြစ်လာရင် ဖျောက်ဖျက်ပစ်ရပါမယ်။စိတ်အေးလက်အေး ဆက်ပီးရှုမှတ်ပါ။ရှုစရာကို မရှာဖွေရဘူးနော်။ပေါ်လာတာကိုပဲ ရှုမှတ်ပါ။ဝင်သက်၊ထွက်သက်ကြောင့်
ကာယ ပသာဒ အကြည်ရုပ်(ရုပ်တရား)နဲ့ လေ(ရုပ်တရား)၂ခု
ထိမိ၊တိုက်မိတိုင်း သိပေးရမှာ(မူလရှုမှတ်တာ)က
အဓိကပါ။မိမိခန္ဓာကိုယ်တနေရာမှာ ပူတာ၊အေးတာ စတဲ့ ရုပ်တရား ဖောက်ပြန်မှုတွေ ဖြစ်လာတိုင်း သိနေပေးပါ။ခန္ဓာကိုယ်က ရုပ်တရားဖောက်ပြန်မှုတွေ ရှုမှတ်စရာ မရှိတဲ့အခါ (မဖြစ်လာသေးတာ၊မဖောက်ပြ န်သေးတာကို စောင့်မနေရပါဘူး။ ရှာဖွေမနေရပါဘူး။ဖောက်ြ ပန်ပီးတာ၊ဖြစ်ပီးသွားတာကို ပြန်တွေးပီးလည်း မရှုမှတ်ဘဲ)မူလရှုမှတ်တာကို ပဲ
ပြန်ပီး ရှုမှတ်ပါ။ပြငိပက အသံ(အသံရုပ်)တခုက နားအတွင်းက ကာယ ပသာဒ
အကြည်ရုပ်ကို လာတိုက်ပီး ကြားသိစိတ် ဖြစ်သွားရင် ဘာသံဆိုပီး
စဉ်းစားဆုံးဖြတ်မိတတ်ပါတ ယ်။ဘာအသံကြားကြား ဘာအသံဆိုတာ မစဉ်းစားရပါ။အသံတခုဖြစ်ေ ပ်ါလာတာကို ကြားလိုက်ရတယ်။အဲဒိအသံဟာ တစက္ကန့်တောင် မတည်မြဲဘဲ အခုဖြစ်၊အခုပျက်သွားတာကို သိပါ။ကြားလိုက်တာက အဖြစ်ကို သိတာပါ။ကြားနေစဉ်မှာပဲ အသံပျောက်သွားတာကို သိပေးပါ။အသံပျောက်သွားတာ ကို သိတာက အပျက်ကို သိတာပါ။(ကားသံ၊ဆူညံသံ၊မော် တာလည်ပတ်သံ၊စကားသံစတာတွေမှာ အသံဆိုတာမျိုးက အခုဖြစ်၊အခုပျက်နဲ့ ဖြစ်ပျက်နေတာကို သိပေးပါ။ဘယ်အသံမှ မတည်မြဲပါဘူး။တစက္ကန့်လေး တောင် မတည်မြဲတာကို သိနေမှာပါ။)သာယာတဲ့အသံကြားရရင် လောဘဖြစ်တတ်ပီး မသာယာတဲ့ အသံကြားရင် ဒေါသဖြစ်တတ်တာကို သတိပြုစေချင်ပါတယ်။
အနံ့တခုခုရတယ် ဆိုရင်လည်း ဘာအနံ့ဆိုတာ မစဉ်းစားပါနဲ့နော်။အနံ့ရ တာကို
သိတာက အဖြစ်ကို သိတာပါ။ရနေတဲ့ အနံ့လေး တစက္ကန့်တောင် မတည်မြဲဘဲ
ပျက်သွားတာကို သိတာက အပျက်ကို သိတာပါ။ကောင်းတဲ့အနံ့ရရင် လောဘဖြစ်တတ်ပီး မကောင်းတဲ့အနံ့ရရင် ဒေါသဖြစ်တတ်တာကို သတိပြုပါမိတ်ဆွေ။
ကောင်းတာတွေးမိရင် ထပ်တွေးချင်တဲ့၊သာယာမိတဲ့  လောဘဖြစ်တတ်ပီး မကောင်းတာတွေးမိရင် ဒေါသဖြစ်တတ်တာကို သတိပြုပါ။
စားသောက်နေစဉ် ကောင်းတဲ့အရသာဆို လောဘဖြစ်တတ်ပီး မကောင်းတဲ့၊အကြိုက်တဲ့ အရသာဆို ဒေါသဖြစ်တတ်တာကို သတိထားပါ။
ကောင်းတာ၊နှစ်သက်စရာကို မြင်ရင် ထပ်တွေ့ချင်၊ကြည့်နေချ င်တဲ့ လောဘဖြစ်တတ်ပီး မကောင်းတာ၊မနှစ်သက်စရာ မြင်ရရင် ဒေါသ ဖြစ်တတ်တာကို သတိထားပါ။
ကောင်းတဲ့အထိအတွေ့ ဆိုရင် သာယာတပ်မက်တဲ့ လောဘဖြစ်တတ်ပီး ကြမ်းတမ်းတဲ့၊မနှစ်သက်စ ရာ အထိအတွေ့ဆိုရင် ဒေါသ ဖြစ်တတ်ပါတယ်။
အာရုံတိုင်းဟာ၊အဖြစ်အပျက် တိုင်းဟာ တစက္ကန့်တောင် မတည်မြဲဘဲ အခုဖြစ်၊အခုပျက်ကြရတာပါ။
လမ်းလျှောက်ရင်း ရှုမှတ်ရင်လည်း ကြွတယ်၊လှမ်းတယ်၊ချတယ်၊ ထိတယ်
ဆိုတာကို စိတ်ထဲ၊နှုတ်က မရွတ်ဆိုရပါဘူး။သိရုံသာ
သိနေပေးပါ။ကိုယ်အမူအရာ အပြောင်းအလဲတွေကို အသေးစိတ် အတတ်နိုင်ဆုံး
လိုက်ပီး သိနေပေးပါ။ကြွချင်၊လှမ်းချင်၊ချချင်တဲ့ စိတ်တွေရဲ့ ဖြစ်ပီးပျက်သွားတာကို သိနေပေးပါ။လမ်းလျှောက် ရင်း လှည့်ချင်လာမယ်၊လှည့်ေ နတယ်၊လှည့်လိုက်တယ်၊လှမ်းချင်တယ်၊လှမ်းလိုက်တယ်၊ကြွသွားတယ်၊ခြေချချင် တယ်၊ချလိုက်တယ်၊ထိသွားတ ယ်စတဲ့ ကိုယ်၊စိတ် အပြောင်းအလဲ အဖြစ်အပျက်တိုင်းကို အတတ်နိုင်ဆုံး ပရမတ်အထိ ရှုမှတ်ပါ။
ထိုင်မှတ်ရတာ ညောင်းလို့ အရိယာပုတ်ပြောင်းမယ်ဆို ရင်(လှုပ်ချင်လာရင်) အရိယာပုတ် ပြောင်းလိုတဲ့(လှုပ်ချင်တဲ့၊ပြင်ချင်တဲ့)စိတ်ကလေး အရင်ဖြစ်လာတာကို သိပါ။ပီးရင် လှုပ်ရှားတဲ့အခါ လှုပ်ရှားမှုတိုင်းကို အသေးစိတ် လိုက်ပီး သိနေပေးပါ။အကုန်မရှုမှတ် နိုင်လည်း အတတ်နိုင်ဆုံး သိနေဖို့လိုပါတယ်။အဖြစ် တွေပဲ သိနေပါ၊အပျက်တွေပဲ သိနေပါ၊အဖြစ်ရော၊အပျက် ရော သိနေပါ။
တစုံတခု၊တစုံတယောက်ကြောင့် ရှုမှတ်နေတာ ပျက်စီးသွားလို့ ဒေါသမဖြစ်မိဖို့ သတိထားပါ။ကိလေသာ ၁၀ပါး မဖြစ်ဖို့သာ လိုရင်းပါ။ဝိပဿနာရှုမှတ်တာ က ကိလေသာနည်းဖို့၊လျော့ဖို့ ၊ကုန်ဖို့ပါ။ ကိလေသာ၁၀ပါး တိုးပွားဖို့ မဟုတ်ပါဘူး။
ဒါတွေက မျက်စိမှိတ်ပီး ရှုမှတ်တာကို အဓိကထားပီး ရေးပေးသွားတာပါ။မျက်စိဖွ င့်ပီး ရှုမှတ်တယ် ဆိုရင် ကိလေသာ ဖြစ်စရာ အာရုံတွေကို ရှောင်ဖို့လိုပါတယ်။ကိ လေသာ
မဖြစ်အောင် ကောင်းစွာ နှလုံးသွင်းတတ်ဖို့ လိုပါတယ်။မြင်သမျှ
အာရုံတိုင်းကို ပရမတ်ကျကျ မြင်တတ်ပါစေ။ဒါဆို တပ်မက်စရာအာရုံဆိုတာ
မရှိတော့ပါဘူး။အကြည်ရုပ် ၆ပါးနဲ့
ထိတွေ့သမျှ အာရုံတိုင်းမှာ ကိလေသာ မဖြစ်ရအောင် ကောင်းစွာ
နှလုံးသွင်းပီး ပရမတ်အထိရောက်အောင် ရှုမြင်ဖို့လိုပါတယ်။
၅မိနစ်၊၁၅မိနစ်၊နာရီဝက်၊ ၁နာရီ
စသည်အားဖြင့် တတ်နိုင်သလောက် အချိန်လေးအတွင်းမှာ ကိလေသာ ၁၀ပါး
မဖြစ်ဘဲ ပရမတ်အထိရောက်အောင် ရှုမှတ်ပါ။ကိုယ် ရှုမှတ်နိုင်သလောက်
နေ့စဉ် ရှုမှတ်ပါ။စားရင်း၊သောက် ရင်း၊သွားရင်း၊လာရင်း၊ေ နရင်း၊ထိုင်ရင်း၊အိပ်ရင်း၊လျောင်းရင်း၊ချက်ပြု တ်ရင်း၊စီးပွားရှာရင်း၊အ လုပ်လုပ်ရင်း အခြေအနေတိုင်းမှာ ၁မိနစ်လောက်လေးပဲဖြစ်ြ ဖစ်၊တရားအသိ၊တရားအမြင်၊ကိ လေသာ ၁၀ပါး ကင်းစွာ၊ပရမတ်အထိရောက် အောင် ရှုမှတ်ပါ မိတ်ဆွေ။ တရားအသိ၊သံဝေဂဥာဏ်၊ပရမတ် အမြင်လေးတွေကို အနည်းငယ်ချင်း၊ဖြည်းဖြ ည်းချင်း စုဆောင်းသွားပါ။အချိန်တ န်လာရင် မဂ်ဖိုလ်ဆိုတာ ရလာမှာပါ။အဓိကက ပရမတ်ဆိုတာကို ကိုယ်တွေ့ သိဖို့လိုပါတယ်။၁စက္ကန့်ေ လာက်လေးပဲဖြစ်ဖြစ် ပရမတ်ကို သိလိုက်တာဟာ တချိန်ချိန်မှာ၊ဘဝတခုခုမှာ ကိုယ့်အတွက် တမဂ်၊တဖိုလ်ရဖို့ အထောက်အပံ့ဖြစ်လာပါလိမ့် မယ်
မိတ်ဆွေ။ပရမတ်ကို ကိုယ်တွေ့မသိရင် အနှစ် ၆သောင်းလောက်
တရားအားထုတ်လည်း သမာဓိလောက်သာရပီး မဂ်ဖိုလ်ရဖို့
ဝေးနေပါလိမ့်မယ်။သာသနာပ ကာလမှာ လူ့သက်တမ်း အနှစ်၁သိန်းလောက်၊၁သိန်းကျော်အထိ အသက်ရှည်ကြရင် သမထကို အနှစ်သောင်းနဲ့ချီပီး အားထုတ်ဖူးတတ်ကြပါတယ်။အနှစ်၆သောင်း အသက်ရှည်တဲ့ခေတ်မှာ အနှစ်၃သောင်းမက သမထရှုမှတ်ဖူးတတ်ကြပါတယ်။ ဒါပေမယ့်
ပရမတ်ကို ကိုယ်တွေ့မသိမြင်တော့ မဂ်ဖိုလ်မရကြပါဘူး။အခု ကိုယ်က
ပရမတ်ကိုပဲ သိအောင် ရှုမှတ်နေတာဆိုတော့ မဂ်ဖိုလ်ဆိုတာ
ရလာမှာပါ။အချိန်တော့ စောင့်ရပါလိမ့်မယ်။၁စက္က န့်၊၁မိနစ်လောက်လေး ပရမတ်ကို သိမြင်လိုက်တာဟာ တချိန်ချိန်မှာ၊ဘဝတခုခု မှာ မဂ်ဖိုလ်ရဖို့ ကောင်းသော အထောက်အပံ့ဖြစ်မယ်ဆိုတာ သေချာပါတယ် မိတ်ဆွေ
ပရမတ်ဆိုတာကို စာတွေ့၊ ကိုယ်တွေ့ သိဖို့တော့လိုပါတယ်။ ဒါမှ ရှုမှတ်တဲ့အခါ ပရမတ်အထိ ရှုမှတ်နိုင်မှာပါ။ ပညတ်နဲ
ပညတ်ဆိုတာက တကယ်တမ်း မရှိပါဘူး။ပရမတ်ဆိုတာပဲ တကယ်ရှိတာပါ။ပရမတ်ဆိုတာ စိတ်၊စေတသိတ်၊ရုပ်၊နိဗ္ဗ
ပထမဆုံး ကိုယ်နှစ်သက်ရာ အရိယာပုတ်ကို ရွေးပီး အားထုတ်ဖို့ ပြင်ဆင်ပါ။ဝင်လေ၊ထွက်
ထိတာကို ထိတိုင်းသိနေပေးပါ။ထိတာက
အနံ့တခုခုရတယ် ဆိုရင်လည်း ဘာအနံ့ဆိုတာ မစဉ်းစားပါနဲ့နော်။အနံ့ရ
ကောင်းတာတွေးမိရင် ထပ်တွေးချင်တဲ့၊သာယာမိတဲ
စားသောက်နေစဉ် ကောင်းတဲ့အရသာဆို လောဘဖြစ်တတ်ပီး မကောင်းတဲ့၊အကြိုက်တဲ့ အရသာဆို ဒေါသဖြစ်တတ်တာကို သတိထားပါ။
ကောင်းတာ၊နှစ်သက်စရာကို
ကောင်းတဲ့အထိအတွေ့ ဆိုရင် သာယာတပ်မက်တဲ့ လောဘဖြစ်တတ်ပီး ကြမ်းတမ်းတဲ့၊မနှစ်သက်စ
အာရုံတိုင်းဟာ၊အဖြစ်အပျက်
လမ်းလျှောက်ရင်း ရှုမှတ်ရင်လည်း ကြွတယ်၊လှမ်းတယ်၊ချတယ်၊
ထိုင်မှတ်ရတာ ညောင်းလို့ အရိယာပုတ်ပြောင်းမယ်ဆို
တစုံတခု၊တစုံတယောက်ကြောင
ဒါတွေက မျက်စိမှိတ်ပီး ရှုမှတ်တာကို အဓိကထားပီး ရေးပေးသွားတာပါ။မျက်စိဖွ
No comments:
Post a Comment