ဆရာတော် မော်စကို ရောက်တော့ ဆရာတော်ကို ဆွမ်းကပ်စဉ် ဆရာတော် က မိန့်ဘူးပါတယ်။ ရုရှားလို နိုင်ငံကြီးတစ်ခု၊ မော်စကို လို မြို့ကြီးတစ်ခုမှာ မြန်မာ ဘုန်းကြီးကျောင်းလေးတော့ ရှိသင့်တယ်နော် လို့ပါ။ အဲဒီထဲက စမိတဲ့ဆန္ဒ တစ်ခုပါ။
ကျွန်တော် တို့ မြန်မာကျောင်းသားများ မော်စကို မှာ ပညာသင်ကြားနေတာ ယနေ့ထိဆိုရင် နှစ်ပေါင်း ဆယ်နှစ် မကတော့ပါဘူး။
အခုလို အခြေအနေမျိုးမှာ အချိန်အခါမျိုးမှာ မြန်မာ့ ဗုဒ္ဓသာသနာ အကျိုးပြုလုပ်ငန်းများကို ရုရှားနိုင်ငံမှာ စတင်နိုင်သင့်ပေပြီ။
တရားအလှူသည်လည်းကောင်း သာသနာအလှူသည်လည်းကောင်း မြင့်မြတ်သော အလှူဖြစ်ပေရာ ရုရှားနိုင်ငံတွင် မြန်မာ့ဗုဒ္ဓသာသနာ အရောင်လွှမ်းစေခြင်းဖြင့် ပျော်ရွှင်မှု လက်ဆောင်ပေးလိုသော ကျွန်တော်အပါအ၀င် နောင်တော် ညီတော် တို့ရဲ့ မြတ်ဆန္ဒ၊
ပရိယတ္တိကျွမ်းကျင်တော်မူကြသော အကျင့်သီလသမာဓိ တို့ဖြင့်ပြည့်စုံတော်မူကြသော
တစ်နေ့တစ်ခြား ပုံဖော်နေကြတာ ပုံပေါ် လို့လာနေပါပြီ။
ရုရှားနိုင်ငံ မြန်မာ သံအမတ်ကြီး ဗိုလ်ချုပ် (ဦး) တင်ယု ကနောင်မှာ ဗုဒ္ဓဘာသာ ကပဲ ကမ္ဘာ မှာ အားကိုးစရာဖြစ်လာလိမ့်မယ် ဆိုပြီး နိမိတ်ဖတ်ပါတယ်။
ဓမ္မဒူတ အရှင်ဆေကိန္ဒ မော်စကိုမြို့ သာသနာပြုခရီးမှာ မြန်မာ ဗုဒ္ဓဘာသာကို စိတ်ဝင်စားကြသူအများကို ရဲရဲရင့်ရင့် မိန့်ကြားတော်မူခဲ့တာက - ယနေ့ ကမ္ဘာမှာ ဖြစ်နေတဲ့ လောက မှာ ဖြစ်နေတဲ့ ပြဿနာ တိုင်းကိုဖြေရှင်းတဲ့ မှန်ကန်သော နည်းလမ်းတွေ ဗုဒ္ဓဘာသာ မှာရှိတယ်။
မြန်မာ နိုင်ငံမှ သာသနာပြုလိုသူ ကုသိုလ်ပြုရာတွင် ပါဝင်လိုသူများ အရှင်ဆေကိန္ဒ ထံတွင်လည်းကောင်း၊ ဗုဒ္ဓရောင်ဝါ အသင်းနှင့် ဆက်သွယ်ပြီးသော်လည်းကောင်း ပါဝင်ပူးပေါင်း ကုသိုလ်ပြုနိုင်ကြပါပြီ။
ဗုဒ္ဓဘာသာဝင်လိုသူ လေ့လာလိုက်စား ကျင့်ကြံလိုသူ ရုရှားလူမျိုးများ အတွက် ဘုရားဝတ်ပြု တရားကျင့်ကြံနိုင်စေရန်၊ သာသနာပြုလုပ်ငန်းများ စတင်လှုပ်ရှားနိုင်ရန် နှင့် ကြွရောက်လာမည့် မထေရ်မြတ် သံဃာတော်များ သီတင်းသုံးနိုင်ရန်
နေရာ ထိုင်ခင်း တိုက်ခန်း ကျယ် တစ်ခု ကို မော်စကို မြို့တွင် ငှားရမ်း (သို့) ၀ယ်ယူနိုင်ရန် အတွက် ကျွန်တော်တို့ ဗုဒ္ဓရောင်ဝါ အသင်းကြီးက ကြိုးပမ်းနေပါသည်။
ဆရာတော် အရှင်ဆေကိန္ဒ နဲ့ ရုရှားနိုင်ငံ မြန်မာ့သံရုံးမိသားစု တို့ရဲ့ ကူညီထောက်ပံ့မှု ကို အပြည့်အ၀ ရမှာဖြစ်ပြီး၊
ဗုဒ္ဓရောင်ဝါ အသင်းကြီး နဲ့ ဗုဒ္ဓ စင်တာ ဖြစ်ပေါ်လာရေးအတွက် စိတ်ရော ကိုယ်ပါ မြှုပ်နှံ ကြိုးပမ်းနေကြတဲ့ သူငယ်ချင်း ခိုင်မင်း နဲ့ ညီငယ် အာကာစိုးလင်း အပါအ၀င် နောင်တော် ညီငယ် အပေါင်းတို့ အား နိဗ္ဗာန် စော် စာ ရေးရပါတယ်။
ကုသိုလ် ပါဝင်ကြသူ သူတော်ကောင်း အလှူ့ဒါယကာ အပေါင်းတို့ သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး၏ စောင့်ရှောက်မှုအောက်မှာ အဝေရာဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီအတ္ထနံ ပရိဟရန္တု ကြပါစေသတည်း။ ။
မေတ္တာပြည့်သော လေးစားမှုဖြင့်
မိုးဝေယံဦး
No comments:
Post a Comment