Wednesday, October 23, 2013

မြန်မာပြည် အနာဂါတ်အရေး


မြန်မာနိုင်ငံမှာ အကြီးဆုံးနဲ့ လူကြားထဲ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်တဲ့ အဖွဲ့အစည်း (institutions) ဆိုလို ... ထင်ထင်ရှားရှား ၅ ခုပဲ ရှိတယ်။

၁။ အစိုးရ
၂။ စစ်တပ်
၃။ ကြံ့ဖွတ်
၎။ NLD
၅။ သံဃာ့နာယက



ကျန်အဖွဲ့အစည်းတွေက အလတ်စားနဲ့ အသေးစား အဆင့်ပဲရှိတယ်။

အလတ်စားထဲမှာ ဆိုရင် ...

၁။ မီဒီယာ
၂။ နာရေးကူညီမှု
၃။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ
၎။ NLD၊ ကြံ့ဖွတ် မဟုတ်သော အခြား နိုင်ငံရေး ပါတီများ
၅။ လူမှု့အခြေပြု NGO, INGO များ ..
၆။ ပြည်တွင်းစီးပွားရေး လုပ်ငန်းများ

စတာတွေပဲ ရှိတယ်။

အားကောင်းကောင်း ရှိသင့်ပေမယ့် အသေးစားဖြစ်နေတာ (သို့) လုံးဝ မရှိသလောက် ဖြစ်နေတာတွေကတော့ ...

၁။ တရားရေးရာ ကိစ္စရပ်များကို ဆောင်ရွက်သည့် အဖွဲ့အစည်းများ
၂။ တက္ကသိုလ်များ
၃။ သုတေသနနဲ့ အချက်အလက် စုဆောင်း တိုင်းထွာသည့် အဖွဲ့အစည်းများ
၎။ ဆေးပညာနဲ့ ကျန်းမာရေးရာ အဖွဲ့အစည်းများ
၅။ အားကစားရေးရာ အဖွဲ့အစည်းများ
၆။ အနုပညာရေးရာ အဖွဲ့အစည်းများ
၆။ အစိုးရကို စောင့်ကြည့် တိုင်းတာမယ့် (နိုင်ငံရေး မဟုတ်သော) အဖွဲ့အစည်းများ

စတာတွေ ဖြစ်တယ်ဆိုတာကို တွေ့ရတာကြောင့် ... အဲဒီ အဖွဲ့အစည်းတွေ တည်ရှိနေမှု ပုံစံကို ကြည့်လိုက်တာနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ ပြည်သူလူထုရဲ့ ... လူနေမှု့ အဆင့်အတန်းနဲ့ ဖြစ်ပေါ်နေတဲ့ လူမှု့ အခြေအနေတွေကို ဗေဒင်မေးနေစရာ မလိုအောင်ကို ထင်းထင်းကြီး ပေါ်နေတယ် ဆိုတာပါပဲ။

အကုန်ခြုံပြီး စာတစ်ကြောင်းထဲမှာ သုံးသပ်ရရင် ... မြန်မာပြည် အနာဂါတ်အရေးက မသေချာတဲ့ အဆင့်မှာသာ ရှိနေသေးတယ်လို့ ... အဖွဲ့ အစည်းတွေရဲ့ တည်ရှိမှုကနေ အဖြေထွက်နေပါတယ်။

(ကိုထိုက်)

No comments:

Post a Comment