စေ့ထားတဲ့ တံခါးကိုဖွင့် အိမ်ပေါ်လှမ်းတက်လိုက်ကတည်းက ဆက်တိုက် ဒီဂျေပွတ်နေတဲ့ ဒေါ်လေး အပျိုကြီးရဲ့ အသံ။
လွယ်ထားတဲ့ ကျောပိုးအိတ်လေးကို ပုခုံးပြောင်းလွယ်ကာ အခန်းထဲကို တန်းဝင်လိုက်သည်။ အခန်းတံခါးကို တစ်ခါတည်းလော့ချကာ မအိပ်ချင်သေးတဲ့ မျက်လုံးတွေကို ဇွတ်မှိတ်ထားခြင်းဖြစ် အန်တီတင် ဒီဂျေပွတ်သံကို ဥပက္ခာပြုထားလိုက်ရပါတော့သည်။
ခုချိန်မှာ နွယ် ခေါင်းထဲအလုပ်တစ်ခု ရဖို့က အသည်းသန်အရေးကြီးနေသည်။ အန်တီတင်က အပျိုကြီးပီပီ နွယ် ကို ချစ်တဲ့စိတ်တစ်ခုဘဲ သူမှာရှိသည်။ တစ်လစာ အိမ်အသုံးစရိတ် ပိုက်ဆံ လေး ပေးလိုက်ရင် သူဘ၀က အေးဆေးနေပြီလို့ ယူဆသူတစ်ဦး ။အဲဒီတစ်လစာရဖို့အတွက် နွယ် ရုန်းကန်လှုပ်ရှားရတာတွေကိုတော့
******************************
နွယ် အိပ်ရာမှ နိုးနိုးချင်း ပထမဦးဆုံး ခေါင်းထဲ ၀င်လာတဲ့ အသိက ဒီနေ့ထုတ်သတင်းစာကို ဖတ်ရမည်။ အလုပ်ခေါ်ကြေငြာတွေကို ရှာဖွေရပေမည် ။ နွယ် တစ်ကိုယ်ရေ သန့်ရှင်းမှု လုပ်ပြီးချိန်တွင် အပြင်သွားဖို့ အဆင့်သင့်ဖြစ်နေပြီ။ ထမင်းစားခန်းသို့ ၀င်လိုက်တယ်ဆိုရင်ဘဲ မနက်စာ ပြင်ဆင်နေသည့် အန်တီတင်ကို အဆင်သင့်တွေ့ရပါသည်။ နွယ် ကိုမြင်တာနဲ့ မျက်စောင်းခဲကာ စားတော်မူပါ ဆိုတဲ့ ချစ်ဒေါသ စကားသံဖြင့်ဆီးကြိုလေဧ။် ။
ချစ်စနိုးဖြင့် အန်တီတင် ပါးဖောင်းဖောင်းကြီးတွေကို တစ်ချက်နမ်းလိုက်ပါသည် ။ ဒီအနမ်းလေးသည်ညကအိမ်ပြန် နောက်ကျတဲ့အတွက် တောင်းပန် အနမ်း ဆိုတာကိုပြောစရာမလိုဘဲ အန်တီတင် သိနေမှာပါ ။ အန်တီတင်ပြင်ပေးတဲ့ မနက်စာကို စားရင်း မျက်လုံးက ယနေ့ထုတ် သတင်းစာပါ အလုပ်ခေါ်ကြေငြာများကို ရှာဖွေရပါသည် ။ ။ ဟော် တွေ့ပါပြီ..... အလုပ်ကြေငြာတစ်ခု ။ နွယ် စိတ်ဝင်စားသွားသည် ။ ကြေငြာကိုဖတ်ပြီးချိန်မှာတော့ ထိုအလုပ်ကို သွားလျှောက်ကြည့်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က တစ်ပါတည်းချပြီးသား ဖြစ်နေလေသည်။
******************************
သတင်းစာကြေငြာဖြတ်ပိုင်းထဲက လိပ်စာအတိုင်း နွယ် ရောက်လာခဲ့သည်။ ခြံစောင့်ရဲ့ဦးဆောင်ခေါ်ဆိုမြှု
့ပြောဆိုပြီး လူနာနဲ့ တွေ့ရအောင် အိမ်ရှင်အန်တီခေါ်ဆောင်ရာ အပေါ်ထက်သို့ ရောက်လာခဲ့ပါသည် ။ အခန်းလေးထဲကို လှမ်းဝင်လိုက်မိတာနဲ့ မျှော်လင့်ချက်မဲ့တဲ့ မျက်လုံးတွေနဲ့ တစ်နေရာတည်းကို ခပ်ထွေထွေ စိုက်ကြည့်နေတဲ့ လူတစ်ယောက် ။ ပါးသိုင်းမွှေး ၊မုတ်ဆိတ်မွှေးတွေ ကြားကနေ ကြည့်ကောင်လွန်းနေတဲ့သူရုပ်သွင်
******************************
နွယ် ကို သူအသိမှတ်မပြုပေမယ့် စိတ်အရှည်ဆုံးထားပြီး သူကို ဆက်ဆံပြုစုပေးမိပါသည် ။ သူအသိစိတ်တစ်ခုလုံး ချစ်ဇနီးသက်ဆီမှာဘဲ ရှိနေတာကို သိသိနဲ့ ရင်နာစွာ ချစ်နေမိသူက နွယ် ပါ ။ စတွေ့ကတည်းက နွယ် စိတ်ထဲ မှာ နေရာအပြည့် ထည့်ထားမိအောင် ရူးခဲ့သူဆိုရင် မမှားဘူးပေါ့ ။ သူ နဲ့ ပတ်သတ်တဲ့ ခံစားမှုတွေက နွယ် အတွက် မျှော်လင့်မဲ့ နေပြီးသားပါ ။ သူရဲ့ တုံ့ပြန်မှုကိုလည်း ဘယ်တော့မှ မရနိုင်ဘူးဆိုတာ နွယ်တစ်ထစ်ချတွက်ပြီးသားပါပဲ ။ တစ်နေ့နေ့ ဆိုတဲ့ မျှော်လင့်ချက်လေးတောင် မထားရဲခဲ့ပါဘူး။ သူစိတ်မထင်ရင် အော်ငေါက်သံတွေကိုလဲ အကြိမ်ကြိမ် ကြားနေခဲ့ရပေမယ့် ချစ်တဲ့ စိတ်က သည်းခံခြင်းကို ကျားကန် ပေးထားပါသည်။ အချစ်က ပြောင်းပြန်အမြင်တွေကိုလဲ ပေးစွမ်းပေးတတ်တယ် ဆိုတာသိပ်မှန်တာပါပဲ။သူဘာဖြစ်ဖြ
*အကို ဘာမှမတွေးဘဲ အားရှိအောင် တစ်ရေးလောက်အိပ်လိုက်ပါလား*
*အင်း*
တစ်ကယ်တော့ သူဘ၀က သူဘေးက နွေးထွေးကြင်နာမှုတွေကို ပေးနေတဲ့ဇနီးရုတ်တရက်ကြီး ပျောက်သွားတော့ဆောက်တည်ရာ မရဖြစ်နေသူပါ ။ ဘယ်တော့မှ ပြန်မလာနိုင်တော့သည့် ဇနီးသည် မရှိတော့တဲ့နောက်ပိုင်းသူဘ၀ ခြောက်သွေ့ အထီကျန် ကြေကွဲမှုတွေဖြင့်သာ ပြည့်နှက်နေခဲ့သူပေါ့ ။နွယ်ရဲ့ စာနာဖေးမမှုတွေနဲ့ သူကို မျှော်လင့်ရောင်ခြည်တွေ သန်းလာစေချင်မိပါသည်။ အတွေးစများကို တစ်စတစ်စတွေးရင်းဆေးအရှိန်ကြောင
******************************
ကျွန်တော် အိပ်ယာကနိုးလာချိန်တွင် ပထမဦးဆုံးသတိထားမိသူကတော့ ကျွန်တော်ကို စိုက်ကြည့်နေတဲ့ နွယ် ဆိုတဲ့ ကောင်မလေး။
ကျွန်တော်ဘယ်လောက်အော်အော် အပြုံးမပျက်ရှိနေပေးတတ်သူပါ။ ကျွန်တော် အသိတွေ ရှိနေချိန်ဆိုခုလိုအကောင်လေးတွေ
တွေးပေးတတ်ပေမယ့် သတိကင်းလွတ်သွားချိန်များတွင်တေ
* အကို နိုးပြီးလား အဆာပြေတစ်ခုခုစာမလား…..ကြာဆံပြု
သူဘာသူမေးသူဘာသူဖြေကာ ပြာပြာ ပြာပြာနဲ့ ထွက်သွားပါသည်။ပထမဆုံး စိတ်ထဲမှာ မဖွင့်တာကြာနေပြီဖြစ်တဲ့ ပြတင်းတံခါးများကို ဖွင့်ကြည့်ကာ ခြံထဲသို့ ကြည့်လိုက်သည် ။ရာသီဥတုက အေးမြမြလေးရှိရာ ပြတင်းတံခါးကို ဖွင့်လိုက်သည်နှင့်ပင် အအေးဓာတ်က ကျွန်တော် တစ်ကိုယ်လုံးကို လာရောက် ရိုက်ခတ်သွားသည် ။ နွယ်ဆိုတဲ့ မိန်းကလေး ကျွန်တော်ဆီ စတင်ရောက်ရှိလာတဲ့ နေ့လေးတွေကို ပြန်တွေးမိနေဧ။် ။ သက်မဟုတ်တဲ့ တခြားမိန်းမတစ်ယောက်အကြောင်းကို
******************************
ကွယ်လွန်ပြီးသည်မှာ ငါးနှစ်သက်တမ်းမျှ ကြာမြင့်သူတစ်ဦးအား ရူးသွပ်စွာ တမ်းတစွဲလန်းနေသူတစ်ဦး။ သူချစ်ဇန်ီးလေး သက်ထား ဆုံးပါးသွားတာကို သိနေပေမယ့်ခုချိန်ထိကို ကိုထက်တစ်ယောက် ဘယ်လိုမှ ဖြေဖျောက်လို့ မရနိုင်သေးပါဘူး။ သက်နဲ့ တူတူနေခဲ့တဲ့အခန်းလေးထဲမှာ အချိန်တွေကို ကုန်လွန်ဖြတ်သန်းခဲ့တာ ၅နှစ်တိုင်ခဲ့ပါပြီ။
မထင်မှတ်တဲ့ ခွဲခွာမှုမျိုးနဲ့ မောင်ဘ၀ထဲကနေ သက်ထွက်ခွာသွားတယ်နော်။ မောင် အတန်တန် တားနေတဲ့ ကြားက စိတ်မြန်လက်မြန် ရှိတတ်တဲ့ သက်အကျင့်က သက်ကို မောင်ဘေးကနေ ဆွဲထုတ်သွားခဲ့တယ် သက်ရယ်။…မောင်ကိုလူတွေက
အရူးတစ်ယောက်လိုသတ်မှတ်မယ်ဆိုလဲ
အတွေးကမ္ဘာထဲက လှုပ်နှိုးလိုက်သူကတော့
*အကို*
နွယ် အသံကြောင့် အသံလာရာဆီကို ကြည့်လိုက်မိသည်။
*စာလို့ရပါပြီအကို*
နွယ် စိတ်ထဲ ထူးဆန်းအံ့သြသွားမိပါသည်။ ထူးထူးဆန်းဆန်းပါလား။….ပြတင်းတံ
*အကို*
တိုးဖွညင်သာစွာ ခေါ်သံလေးကြောင့် နွယ်လက်ထဲကို ကြာဆံပြုတ်ပုဂံလေး ထည့်ပေးလိုက်ပါသည်။ ပြီးတော့ အမုန်းမပါပေမယ့် ကြည်ဖြူမှုမရှိတဲ့ အသံနဲ့
*ငါ နှလုံးသားကို ဒုတိယအကြိမ် နှိုးဖို့ မင်းမကြိုးစားပါနဲ့ နွယ်......ငါနဲ့ ခပ်ဝေးဝေးတစ်နေရာမှာ ဘဲ မင်းနေပေးပါ။*
နာနာကြည်းကြည်း ပြောပြီး ကျောပေးထိုင်နေလိုက်သည်။ မင်း ငါအပေါ်မှာ စိတ်တွေယိုင်နေပြီဆိုတာ ငါသိတာပေါ့ မိန်းကလေး ။ ငါမင်းကို သနားပါမိပေမယ့် ငါရင်ထဲက သက်ရဲ့ နေရာလေးကို ဘယ်သူ့ကိုမှ အစားမထိုးနိုင်ဘူး ။ အစားထိုးဖို့ မလိုအောင်ကို သက်ကို ချစ်ရတဲ့ အချစ်တွေက ပြည့်နှက်နေခဲ့လေပြီ ။
*ကောင်းပါပြီ အကို ။ အကိုက မုန်းနေတယ်ဆို ရင် အကိုရှေ့မှာ နွယ်ကို မမြင်စေရပါဘူး။ အကို မယုံရင် စောင့်ကြည့်လိုက်ပါ။ အဲဒါ နွယ်ပေးတဲ့ကတိပါ အကို။*
* မင်းမှားနေပြီ။ ငါမင်းကို မမုန်းဘူး ။ အေး ချစ်လည်း မချစ်ဘူးကွ ။ ဘာလို့လည်းဆိုရင် သက်ကိုချစ်ခဲ့တာ တစ်ဘ၀စာအတွက်လေ။ ခုသက်မရှိတော့ပေမယ့် သက်နေရာကိုလည်း ဘယ်သူ့ကိုမှ အစားမထိုးနိုင်ဘူး ။ အစားထိုးဖို့လည်း လိုမှမလိုအပ်တာပဲလေ *
*********************
ဒီလိုနဲ့ ရက်တွေ လတွေ အလီလီ ပြောင်းခဲ့လိုက်တာ ကျွန်တော် ဘ၀လေးလဲ ခုဆို တော်တော်လေး နေသားတကျဖြစ်နေပါပြီ။ စိတ်တွေလဲ တည်တည် ငြိမ်ငြိမ်နဲ့ ရှင်သန်နေနိုင်နေနိုင်ခဲ့လေပြီ ။ ကျွန်တော်နှလုံးသားထဲမှာ သက်ကိုချစ်တဲ့ အချစ်တွေနဲ့ထာဝရ စိတ်ချမ်းသာစွာနေတတ်ခဲ့ပါပြီ ။ တခါတရံမှာတော့ ကျွန်တော်အပေါ် ဂရုတစ်စိုက်ရှိပေးခဲ့ဘူးတဲ့ နွယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ရိုးသားစွာ အမှတ်ရမိ တတ်ပါသေးသည် ။
*********************
*နွယ် တစ်သက်လုံး ဒီတိုင်းနေသွားတော့မှာလား*
နွယ်ခြေလှမ်းတွေ ဧည့်ခန်းထဲ ၀င်လိုက်စဉ်မှာဘဲ အန်တီတင်ရဲ့ အမေးစကားက ဆီးကြိုနေခဲ့သည်။
*နွယ်ပြောလေ အန်တီမေးနေတာကို *
*နွယ်က ဘာကို လုပ်ပေးရမှာလဲ ...နွယ်အလုပ်ကို နွယ်လုပ်နေတာကို*
*ဟုတ်တယ်....လုပ်နေကျ အလုပ်တွေကို လုပ်နေတယ်....ဒါပေမယ့် နွယ် အပြုံး ၊ နွယ်အပျော်တွေကို အန်တီ မမြင်ရတာ ဘယ်လောက်ကြာနေပြီလဲ နွယ် အိမ်ထောင်ပြုရမယ့် အရွယ်ကို ရောက်နေပြီဖြစ်နေရက်နဲ့မရွေးချယ
အန်တီတင် တစ်ယောက်စကားရှည်ကြီးကို ပြောလိုက်လို့ မောသွား
ဟန်ဖြင့် နွယ်မျက်နှာလေးကို ငေးကြည့်နေပါသည်။ နွယ်ပြန်ပြောလာမယ့်
စကားတွေကိုလဲ စောင့်စားနေဟန် တူပါသည် ။ ရင်ထဲက အသံမဲ့သော စကားတွေကို နွယ်ဆိုနေမိတာ အန်တီတင်ကြားနိုင်မည် မဟုတ်ပါ။
နွယ် နှလုံးသားက အကို ဆီမှာပါ အကိုရယ်။ နွယ် အကို မဟုတ်တဲ့ တခြားသူကို ဘယ်လို အင်အားမျိုးမွေးပြီး လက်ခံရမှာလဲရှင်။ နွယ်လေ အကို ကိုမြင်မြင်ချင်း ချစ်ခင်စုံမက်မိခဲ့တယ် ။
အကိုက မလိုအပ်ဘူး မင်းသွားတော့လို့ ဆိုလာပြန်တော့လည်း ကျေကျေနပ်နပ်နဲ့ အကိုဘေးကနေ ထွက်လာပေးခဲ့ပါတယ် အကို ။ အကို မမြင်နိုင်တဲ့နေရာလေးတေါကနေ အကို ကို သွားကြည့်တဲ့အချိန်တိုင်း တည်ကြည်ခန့်ညားနေတဲ့ အကိုရုပ်သွင်ကို မြင်ရတိုင်း ကြည်နူးကျေနပ်စွာ ဖြေသိမ့်နိုင်ရပြန်ပါတယ် ။ အချစ်ဆိုတာကို သိပ်ကိုးကွယ်ကာ တန်ဖိုးထား ချစ်တတ်တဲ့ အကိုလို ခင်ပွန်းသည်ကို ပိုင်ဆိုင်ခွင့်ရတဲ့ သက်အစားလည်း ဂုဏ်ယူဝမ်းမြောက်
ရပြန်တယ် အကို ။ အချစ်ဆိုတဲ့ ခံစားမှုကို ခံစားရတဲ့ သူတိုင်းဟာ
* * * အချစ်ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်ကို ရောက်ပြီ ဆိုတာနဲ့ နိဒါန်းဖြစ်တဲ့ ခံစားတတ်ခြင်း ကို စတင်ပတ်သတ်ရပါတယ် ။ စာကို ဖြစ်တဲ့ အလွမ်းတွေကို ရင်ဝယ်ပိုက်ရပြန်ပါတယ် ။ ၊ နိဂုံး ချုပ်ဖြစ်တဲ့ဆုံစည်းရခြင်းအတွက်
*********************
ခိုင်လေး ( ရွှေတောင် )
No comments:
Post a Comment