သစ်ထူးလွင် |
- မူဆယ်မြို့ မှာ ဓါးနှင့် ခုတ် လိုက်လံ လုယက်သူကို ဖမ်းမိ
- အလုပ်လက်မဲ့ဖြစ်မှုနှုန်း ချိန်ကိုက်ဗုံး တလုံးလိုပဲဟု ဒေါ်အောင်ဆန်းစုကြည် ပြော
- သီလ၀ါစီးပွားရေးဇုန်အတွက် ဖယ်ပေးခဲ့ရသူများကို မြေနေရာ အစားပြန်ပေး
- စစ်တပ်၏ အထူး ကဏ္ဍကို အဆုံး သတ်ရမည်ဟု ဒေါ်အောင်ဆန်း စုကြည် ဥရောပတွင် ပြောကြား
- KNPP နှင့်အစိုးရ ဆွေးနွေးပွဲ တပ်ကိစ္စမပြီးသေး
- မူဆယ်မြို့နယ်တွင် ဗုံးတစ်လုံး သယ်ဆောင်လာသူကို ဖမ်းဆီးအရေးယူ
- ဆွဲကြိုးချ သေဆုံးသွားသော်လည်း ပုဒ်မ ၄၂၀ ဖြင့် တရားစွဲဦးမည်
- ဗုံးပေါက်ကွဲမှု ဖော်ထုတ်ရန် အမေရိကန် ကူညီဟုဆို
- ထိုင်းလှေများကို ငါးဖမ်းခွင့် မပေးတော့ဟုဆို
- ရုပ်ရှင်ရုံများ လုံခြုံရေး တိုးမြှင့်
- အီလက်ထရောနစ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကန့်ကွက်သူမရှိ အတည်ပြု
- ခရီးသည်တင်နေစဉ် နောက်ကားဝင်တိုက်မှု ၁ ဦးသေ ၅ ဦး ဒဏ်ရာရ
- ငါးလောင်းပြိုင် လူသတ်မှု စစ်ဆေးမှုအခြေအနေ တိုးတက်လာဟုဆို
- အရပ်သားလုံခြုံရေး များကို နေအိမ်များက ပိုမိုခေါ်ယူလာ
- မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ ကုလထုတ်ပြန်
- အကျင့်ပျက်သည်ဟု စွပ်စွဲခံထားရသည့် ရခိုင်ပြည်နယ် တရားသူကြီးကို နုတ်ထွက်ခွင့်ပြု
- မလေးရှားရောက် မြန်မာဇနီးမောင်နှံ ဘင်္ဂါလီငါးဦး၏တိုက်ခိုက်မှုခံရ အမျိုးသမီးဒဏ်ရာပြင်းထန်ပြီး ဆေးကုသရန် အကူအညီလိုအပ်နေ
- မြန်မာဖွံ့ဖြိုးရေးကူညီဖို့ ဥရောပကို ဒေါ်စုပန်ကြား
- အောက်တိုဘာလ(၂၅)ရက်နေ့ ထုတ် The Hot News Weekly Journal Vol - 4 , No - 163
- အောက်တိုဘာလ(၂၀)ရက်နေ့ ထုတ် Reporter News Journal Issue - 42
- အိန္ဒိယ ကြက်သွန်ဈေးတက်
- အလိုကြီး၍- အရနည်းသော ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
- လူနာတင်ယာဉ်စောင့်နေရသည့် ယာဉ်တိုက်မှုကြောင့် လူတစ်ယောက် အသက်ဆုံးရှုံး
- အောက်တိုဘာလ(၂၃)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
- အောက်တိုဘာလ(၂၃)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
Posted: 23 Oct 2013 03:17 AM PDT
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြည်သူလူထုအား ဓါးဖြင့်ခုတ် နာကျင်အောင် ရန်ပြုပြီး လိုက်လံ လုယက်ခဲ့သော တရားခံ လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့မှ စုံစမ်း ဖေါ်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်မှာ ၂၃.၉.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် မူဆယ်မြို့၊ ခိုင်သစ္စာ ကားပစ္စည်း အရောင်းဆိုင် လမ်းကြားတွင် ဈေးဝယ် ပြန်လာသော အမျိုးသမီး တစ်ဦးအား အမည်မသိ လူငယ်တစ်ဦးမှ ဓါးဖြင့် ခုတ်သဖြင့် ၀ဲ/ယာပါးနှင့် နှာခေါင်းတို့တွင် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး လူငယ်မှာ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ သဖြင့် မူဆယ်မြို့မ ရဲစခန်း မှာ (ပ)၂၁၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် ထားပါသည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 02:46 AM PDT
မြန်မာနိုင်ငံမှာ
အလုပ်လက်မဲ့တွေ များနေပြီး လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်နေ တာဟာ
ချိန်ကိုက်ဗုံး တလုံးလို ဖြစ်နေ တယ်လို ဒေါ်အောင်ဆန်း စုကြည်က
ပြောဆိုလိုက်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း
စုကြည့်ရဲ့ ဥရောပ နိုင်ငံ ခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံမှာ ကျင်ပတဲ့
ဆက်ခါရော့(Sakharov) ဆုချီးမြင့်ပွဲ အခမ်းအနား အပြီး အောက်တိုဘာလ ၂၂
ရက်နေ့က ဥရောပ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌနဲ့ အတူ သတင်းစာ ရှင်းလင်းပွဲမှာ
ပြောကြား လိုက်ပါတယ်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 02:36 AM PDT
ဂျပန်-မြန်မာ ပူးတွဲအကောင်အထည် ဖော်မယ့် သီလ၀ါအထူး စီးပွားရေး ဇုန်အတွက် ဖယ်ပေးလိုက်ရသူတွေကို အစားထိုးမြေနေရာ ပေးအပ်ပွဲကို ရန်ကုန်မြို့ သံလျင်မြို့နယ်မှာ မနေ့က စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ရန်ကုန်တိုင်း သီလ၀ါ အထူးစီးပွားရေး ဇုန်ကို ဒီနှစ်ကုန် ဒါမှမဟုတ် လာမယ့်နှစ်ဆန်းပိုင်းမှာ စတင်မှာ ဖြစ်ပြီး ၂၀၁၅ မှာ အပြီးသတ် ဆောင်ရွက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 02:48 AM PDT
မြန်မာ့နိုင်ငံရေးတွင်
ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်တပ်၏ အထူးအခန်းကဏ္ဍကို
အဆုံးသတ်သည့် အခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲများ လိုအပ်နေကြောင်း
ပြင်သစ်နိုင်ငံ စထရာဘိုးစ်မြို့၌ ဥရောပပါလီမန် ကော် တီနှစ်ရပ်နှင့်
ပူးတွဲတွေ့ဆုံရာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ““(မြန်မာရဲ့)
ဒီအခြေခံဥပဒေက စစ်တပ်ကိုသာ အထူးအခွင့်အရေးပေးထားရုံမကဘဲ အရင်စစ်အစိုးရနဲ့
ဆက်နွှယ်နေတဲ့သူတွေ အကုန်လုံးကိုပါ အခွင့်အရေးပေးထားပါတယ်။ ကျွန်မတို့မှာ
စစ်မှန်တဲ့ ဒီမိုကရေစီကို ရောက်ရှိဖို့ ခရီးအရှည်ကြီးသွားရဦးမှာဖြစ်
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Oct 2013 02:29 AM PDT
ယမန်နေ့ တတိယအကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲ ကျင်းပရာတွင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် ပြည်ထောင်စု အစိုးရတို့ တပ်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှု မပြီးပြတ်နိုင်သေးပဲ ယနေ့ ထပ်မံဆွေးနွေး သွားကြမည်ဟု KNPP မှ အတွင်းရေှးမှူး ရွှေမျိုးသန့်က ပြောသည်။ KNPP နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီအဖွဲ့တို့သည် ဆွေးနွေးပွဲကို ယမန်နေ့က ကယားပြည်နယ် အစိုးရရုံး၌ ပထမနေ့ရက်အဖြစ် တံခါးပိတ် ဆွေးနွေးခဲ့ကြပြီးနောက် တပ်ကိစ္စ မပြီး သေးကြောင်း သိရသည်။--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 02:25 AM PDT
မူဆယ်-လားရှိုး ကားလမ်းပေါ်ရှိ နမ့်ပေါ်တံတားအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးထံ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Oct 2013 01:45 AM PDT
မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်း ၄ သောင်းကျော် လိမ်လည်သူ ကိုကျော်ခိုင်စိုး (ခေါ်) နားကွင်းကျော်ကြီးအား မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသော်လည်း ပုဒ်မ ၄၂၀ ဖြင့် တရားစွဲဦး မည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှ ဒုရဲအုပ် ဦးသန်းဝင်းက ပြောကြားသည်။ “ကျွန်တော်တို့ကတော့ သူ့ကို တရားစွဲကို စွဲမှာပါ၊ လက်ရှိ သူသေသွားပေမယ့် သူ့ကို ဖွင့်ထားတဲ့ အမှုနဲ့ တရားစွဲဦး မှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 01:38 AM PDT
အမေရိကန်နိင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့်ကုန်သည် သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 01:25 AM PDT
လာမယ့် ဘဏ္ဍာရေးနှစ်ကစပြီး Fishing Rights အစီအစဉ်နဲ့ မြန်မာ့ပင်လယ်ပြင်ထဲမှာ ၀င်ရောက် ငါးဖမ်းဆီးနေတဲ့ ထိုင်းအပါအ၀င် နိုင်ငံခြား ငါးဖမ်းလှေ အားလုံး ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ကြောင်း ငါးလုပ်ငန်း တာဝန်ရှိသူ ဦးနှင်းဦးက ဒီဗွီဘီ ကို ပြောပါတယ်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတွေ၊ ပညာရှင်တွေနဲ့ ၀န်ကြီးအပါအ၀င် ၀န်ကြီးဌာန တာဝန်ရှိသူတွေ တက်ရောက်တဲ့ အစည်းအဝေးကနေ အဲလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 01:19 AM PDT
ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အများပြည်သူ သွားရောက် အပန်းဖြေကြတဲ့ ရုပ်ရှင်ရုံတွေကိုလည်း လုံခြုံရေး တိုးမြှင့်ထားကြောင်း မင်္ဂလာကုမ္ပဏီအုပ်စုဝင် ရှေ့ဆောင်ရုပ်ရှင်ရုံ တာဝန်ရှိသူတဦးက ပြောပါတယ်။ ရုပ်ရှင်လာကြည့်တဲ့ ပရိသတ်တွေဟာ ရုပ်ရှင်ကို ပြီးဆုံးအောင် ကြည့်ရမှာဖြစ်ပြီး ပုံမှန်အားဖြင့် ဇာတ်ကားမပြီးခင် ထွက်ခွာခွင့် မပြုပါဘူးလို့ ဆိုပါတယ်။ ဇာတ်ကားမပြီးခင် အရေးပေါ် အခြေအနေ တခုခုကြောင့် ရုံကနေ ထွက်ခွာမယ်ဆိုရင် မန်နေဂျာဆီမှာ မှတ်ပုံတင်၊ နေရပ်လိပ်စာ အတိအကျပေးရမယ့်အပြင် ဓာတ်ပုံလည်း ရိုက်ယူထားမယ်လို့ သူက ရှင်းပြပါတယ်။ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ခြင်း၊ အခြားသော ပွဲလမ်းသဘင်များ ရှိနေခြင်း စတဲ့ အချက်တွေကြောင့် ရန်ကုန်မြို့လယ် ရုပ်ရှင်ရုံတွေမှာ လူဝင်နည်းသွားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ by ဒီဗွီဘီ |
||
Posted: 23 Oct 2013 01:16 AM PDT
တပ်မတော်အစိုးရ လက်ထက်က နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို လက်နက် တစ်ခုသဖွယ် အသုံးပြုကာ ဖမ်းဆီး ထောင်ချခဲ့သည့် အီလက်ထရောနစ် ဥပဒေကို ပြန်လည်ပြင်ဆင်သည့် ဥပဒေကြမ်းအား ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် အားလုံးက ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ တပ်မတော် အစိုးရက ၂၀၀၄ ခုနှစ်တွင် ရေးဆွဲထားသည့် အီလက်ထရောနစ် ဥပဒေတွင် ထောင်ဒဏ် ခုနစ်နှစ်မှ အများဆုံး ထောင်ဒဏ် ၁၅ နှစ် ချမှတ်နိုင်သည်ဟု ရေးဆွဲ ထားသော်လည်း --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 01:07 AM PDT
ပဲခူးမြို့၊
ရန်ကုန်-မန္တလေး ကားလမ်း၊ မိုင်တိုင်အမှတ်(၄၃/၁)၊ မြန်စတား
အတည်ချုပ်စက်ရုံအ၀င်လမ်း အနီးတွင်(၂၂.၁၀.၂၀၁၃)နေ့ နံနက်(၃း၀၀)အချိန်ခန့်က
ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ (၁)ဦး သေဆုံးခဲ့ပြီး ၊ (၅)ဦး ဒဏ်ရာ
ရရှိခဲ့ကြောင်း သိရပါသည်။ ဖြစ်စဉ်မှာ ပဲခူးမှ ရန်ကုန်ဘက်သို့ဘက်သို့
ယာဉ်မောင်း မျိုးမြင့်(စုံစမ်းဆဲ) မောင်းနှင်လာသည့် န/xxxx အမှတ်(၆)လိုင်း
ကျိုက်ထို-ရန်ကုန်ဟိုင်းလတ်(အြ
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 12:52 AM PDT
ငါး
နှစ်နီးပါးတိုင်အောင် တရားခံဖမ်း ဆီးရမိခြင်း မရှိသေးသည့် ငါး
လောင်းပြိုင်လူသတ်မှု၏ စစ်ဆေး နေသည့် အခြေအနေမှာ တိုးတက် လာပြီဖြစ်ကြောင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ဇော် ဝင်း က ရန်ကုန်တိုင်းမ်
နေ့စဉ်သ တင်းစာ၏ သီးသန့်မေးမြန်းမှု ကို ဖြေကြားခဲ့သည်။အောက်တိုဘာ၁၈ရက်က
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင်ပြုလုပ်ခဲ့သော ရန်ကုန်
နှင့်နယ်မြို့တချို့တွင် ဗုံးဖောက် ခွဲမှု တရားခံများ နှင့်ပတ်သက် သည့်
သတင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားခဲ့ခြင်းဖြစ်သည်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Oct 2013 12:45 AM PDT
ဗုံး ပေါက်ကွဲမှုများနှင့် ဗုံးလန့်မှု များ ဖြစ်ပေါ်ပြီးနောက် အရပ်သားလုံ ခြုံရေး များ ကို နေအိမ်များက ပိုမို ခေါ်ယူလာကြကြောင်း လုံခြုံရေး ဝန်ထမ်းဝန်ဆောင်မှု ကုမ္ပဏီများ ၏ ပြောပြချက်အရ သိရသည်။ ယခုနှစ် တွင် အဆိုပါအရပ် သားလုံခြုံရေး ဝန်ဆောင်မှုကဏ္ဍ လိုအပ်ချက်သည် ယခင်နှစ်များ ထက် ပိုမိုမြင့်မားလျက် ရှိနေပြီး ယခင်က ခေါ်ယူမှုနည်းခဲ့သည့် ကိုယ်ပိုင်အိမ်များကပင် ယင်းကဲ့ သို့ ခေါ်ယူမှုများပြားလာကြောင်း သိရသည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 23 Oct 2013 12:29 AM PDT
ကုလသမဂ္ဂရဲ့
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ
လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ
အထွေထွေညီလာခံကို တင်သွင်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့
အပြောင်းအလဲတွေက လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ တိုးတက်မယ့်
အလားအလာကို ဖန်တီးပေးခဲ့တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea
Quintana ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 23 Oct 2013 12:03 AM PDT
ငွေကြေး လိမ်လည်သူများကို ဥပဒေဖြင့် အကာအကွယ် ပေးထားသည်ဟု စွပ်စွဲခံထားရသည့် ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီကို ၎င်း၏သဘော ဆန္ဒအရ နိုင်ငံတော်သမ္မတက တာဝန်မှ နုတ်ထွက်ခွင့်ပြု လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး က အောက်တိုဘာလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ ကျပ်သိန်းပေါင်း ၄၃၀၀ ကျော် လိမ်လည်မှုတွင် တရားစွဲဆိုခြင်း မပြုလုပ်နိုင်ရန် ဒေါ်စီစီသည် လာဘ်ငွေများယူ၍ တရားဥပဒေကြောင်းအရ အကာအကွယ် ပေးထားသည်ဟု ဆိုကာ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံကျော် (ကိုယ်စားလှယ် ၁၄ဦး)က လက်မှတ် ရေးထိုးပြီး ဒေါ်စီစီကို သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပသည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် စွပ်စွဲ ပြစ်တင်ခဲ့သည်။ ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 22 Oct 2013 11:53 PM PDT
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာဇနီးမောင်နှံနှစ်ဦးကို ဘင်္ဂါလီငါးဦးက အကြမ်းဖက်တိုက်ခိုက်ခြင်းကြောင် သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Oct 2013 07:14 PM PDT
မြန်မာနိုင်ငံတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အဦးတွေ တိုးတက်ကောင်းမွန်လာရေး အကူအညီပေးကြဖို့ ဥရောပနိုင်ငံတွေကို ရောက် နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကို ဖိတ်ခေါ်ခဲ့ပါတယ်။ တချိန်တည်းမှာတော့ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကို ထဲထဲဝင်ဝင် လေ့လာစောင့်ကြည့်ပြီး အကူအညီပေးဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Oct 2013 06:22 PM PDT
အောက်တိုဘာလ(၂၅)ရက်နေ့ ထုတ် The Hot News Weekly Journal Vol - 4 , No - 163 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Oct 2013 06:18 PM PDT
|
||
Posted: 22 Oct 2013 02:24 PM PDT
အိန္ဒိယမှာ မရှိမဖြစ် အိမ်သုံး ဟင်းခတ် ပစ္စည်း ဖြစ်တဲ့ ကြက်သွန်ဈေး မကြုံဖူးအောင် ထိုးတက် သွားပြီး တခိျု့ နေရာ တွေမှာ တပိဿာကို ဗမာငွေ ၂၆ဝဝ ကျော်ထိ ပေးဝယ် နေရ ပါတယ်။ မနှစ်က ဒီအချိန်မှာ ရောင်းတဲ့ ဝယ်တဲ့ဈေး ထက် ၅ ဆ လောက် ကွာကြောင်း လေ့လာသူ တဦးက ပြောပါ တယ်။ ဒီလို ထိုးတက် ရတာက ကြက်သွန်စိုက်တဲ့ ဒေသတွေမှာ အချိန်အခါ မဟုတ် မိုးအကြီးအကျယ် ရွာသွန်းတာနဲ့ ကုန်သည်တွေ သိမ်းကျုံး ဝယ်လို့ ဖြစ်ကုန် ရတာလို့ ပြောဆို နေကြ ပါတယ်။ ကြက်သွန်ဈေး ကျဖို့ ကြက်သွန် ပြည်ပ ပို့တာ တားမြစ်ဖို့ စဉ်းစား နေကြောင်း အိန္ဒိယ အရာရှိ တွေက ပြောဆို နေကြ ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) |
||
Posted: 22 Oct 2013 02:20 PM PDT
မော်လမြိုင်ကျွန်းမြို့မှ ဘိုကလေး-မြင်းကကုန်းရန်ကုန် သို့တစ်နေ့လျှင် ရန်ကုန်သို့အ၀င် ၃စီး ရန်ကုန်မှအထွက်-၃စီး ပုဂ္ဂလိကသင်္ဘောများပြေးဆွဲလျက် ရှိပြီး၊ ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးမှလည်း၂-ထပ်ခွဲ သင်္ဘောတစ်စီးပြေးဆွဲလျက်ရှိ ကြောင်းသိရသည်။ ပုဂ္ဂလိကသင်္ဘောများဖြစ် သော-ပုသိမ်သူနှင့်ရွှေစင်ကြယ် သင်္ဘောများဘိုကလေးဆိပ်ခံ ဘောတွင်ယခင်ကတစ်ကြိမ်ကပ် လျှင်-၈၀၀၀ိ/ပေးရသလို ရွှေ ပြည်တန်သင်္ဘောတစ်ကြိမ်ကပ် လျှင် ၃၀၀၀ိ/ပေးရကြောင်းပြည် တွင်းရေးကြောင်းပို့ဆောင်ရေးရုံ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Oct 2013 02:34 PM PDT
ကြည့်မြင်တိုင်မြို့နယ်၊
ကမ်း နားလမ်း၊ စာတိုက်မှတ်တိုက်အနီး တွင် အောက်တိုဘာလ (၇) ရက် နံနက် ၎
နာရီ ၃၀ မိနစ်အချိန်ခန့် က အရှေ့မှအနောက်သို့ မောင်း နှင်လာသော Super
Custom အိမ်စီးကားတစ်စီးသည် လမ်းဖြတ် ကူးသူကို တိုက်မိသည့်ဖြစ်ရပ်တစ်
ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်ရပ်တွင် Super Custom
ကိုယ်ပိုင်ယာဉ်ကိုမောင်း နှင်လာသူမှာ Duty ထွက်လာ
သည့်ဆရာဝန်တစ်ဦးဖြစ်ကြောင်း၊ လမ်းဖြတ်ကူးသူမှာ အမှတ်မထင် ကူး၍
တိုက်မိခြင်းဖြစ်ကြောင်း၊ သိရသည်။---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 22 Oct 2013 02:03 PM PDT
|
||
Posted: 22 Oct 2013 02:01 PM PDT
|
No comments:
Post a Comment