
ကျွန်တော်ကစိတ်ပညာ အထူးပြုဘွဲ့ရတစ်ယောက်ဖြစ်နေ
တော့
တတ်ထားတဲ့ပညာနဲ့ အကျိုးပြုရမှာ လူမှူတာဝန်တစ်ရပ်ပါ ။ စိတ်ပညာအခေါ်အရတော့
ကောလဟာလကို (Rumor ) လို့ဆိုကြပါတယ် ။ အကြောင်းဆက်ခြင်းသီဝရီ နဲ့
ဆိုင်ပါတယ် ။အကောင်းအဆိုး ဒွန်တွဲနေတဲ့လောကကြီးမှာ ကောလဟာလ မှာလည်း
အကောင်းအဆိုးရှိပါတယ် ။ ကောင်းတဲ့ကောလဟာလ မှာ ပြဿနာမရှိပေမယ့်
ဆိုးတဲ့ကောလဟာလ ကတော့ ပဋိပက္ခအသွင် ကိုဆောင်ပြီးတော
့ အဏုမြူဗုံး
ထက်ကြောက်စရာကောင်းတဲ့ အသက်၊အိုးအိမ်၊စည်းစိမ်၊သဘာဝ ပတ်ဝန်ကျင်တွေကို အလွယ်တကူပျက်စီးသွားနိုင်ပါသည် ။
အကြောင်းဆက်ခြင်း သီဝရီ ကိုရုရှားစိတ်ပညာရှင် ပက်ဗလော့ဖေါ်ထုတ်ခဲ့တာပါ ။ လူတွေမှာလှုံ့ဆော်မှူကို တုံ့ပြန်ခြင်းဆိုတာရှိပါတယ်။လှုံ့ဆော်မှူနဲ့တုံ့ပြန်မှူတို့ဟာ အကြောင်းဆက်နေပါတယ်။စမ်သပ်မှူကတော့
ခွေးတစ်ကောင်ကို အချိန်မှန် ဂလိုင်လှုပ်အစာကျွေးပါတယ် ။
တစ်ပါတ်လောက်ကြာတော့ အချိန်မှန်ဂလိုင် လှုပ်ပါတယ်၊အစာမကျွေးတော့ပါ။ အစာမကျွေးသော်လည်း ဂလိုင်လှုပ်သံကြားရတဲ့ခွေးဟာ သရေတွေကျနေပါတယ် ။ လှုံ့ဆော်မှူကို တုံ့ပြန်တဲ့အပြုအမူဖြစ်ပါတယ် ။ ကောလဟာလကလည်း ဒီသဘောပါပဲ ။ အမှန်တကယ်မဟုတ်တဲ့ကိစ္စကို အမှန်ဖြစ်သယောင် ၊ ဒီလှုပ်ဆော်မှူပေးတော့ တုံ့ပြန်မှူတွေပေါ်ထွက်လာတဲ့သဘောပါ
။ကောလဟာလကို ဘယ်သူတွေလှုပ်ဆော်တာလဲ ??? ဘာရည်ရွယ်ချက်နဲ့ လှုပ်ဆော်တာလဲ
??? ဘယ်အချိန်မှာလှုပ်ဆော်မူက အထိရောက်ဆုံးလဲ ??? ဘယ်အကြောင်းအရာကို
ဦးတည်လှုပ်ဆော်တာလဲ ??? လှုပ်ဆော်မှုကို တုံ့ပြန်သူတွေက ဘယ်လို
လူတန်းစားတွေပိုများလဲ ??? တုံ့ပြန်ချက်က ဘယ်လောက်ကျယ်ဝန်သွားသလဲ ???
ဒါတွေကို ကျွန်တော်တို့ သိထားသင့်ပါတယ် ။
အကြမ်းဖက်လိုစိတ်ထားရှိတဲ့သူတွေ ၊ အတ္တကြီးသူတွေ ၊ တဖက်အစွန်းရောက်စိတ်ရှိသူတွေ ၊နိုင်ငံရေးလှည့်ကွက် ၊ လူမှူရေ၊ဘာသာရေးလှည့်ကွက်တွေနဲ့ အကွက်ကျကျ ဖန်တီး သူတွေကြောင့်ကောလဟာလ လှုံ့ဆော်မှူပေါ်လာတာပါ ။ ကောလဟာလကြောင့်ပဋိပက္ခတွေ အကြမ်း ဖက်မှူတွေပေါ်လာရင် တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသလို ဖောက်ထွင်း ဝင်ရောက်လုယက်ယူကြဖို့ ရည်ရွယ်ချက်တွေ ၊ နိုင်ငံရေးအလှည့်အပြောင်းတွေ ဖြစ်ပေါ်လိုတဲ့ ရည်ရွယ်ချက်တွေ၊လူမျိုးရေး အာဃာတစိတ်ထာတွေစတဲ့ တဖက်စွန်းရောက် ရည်ရွယ်ချက်တွေနဲ့ လှုံ့ဆော်ကြတာဖြစ်ပါတယ် ။
ဘာသာရေ ပဋိပက္ခ၊လူမျိုးရေး ပဋိပက္ခတွေဖြစ်ပေါ်နေချိန် ၊ ဥပမာ -
ရခိုင်အရေးအခင်း ၊ မိထ္ထီလာအရေးအခင်း တွေလို အချိန်မျိုးမှာ
သာမန်ရုန်းရင်းဆန်ခတ်မှူနဲ့ ပြီးရမယ့်ကိစ္စမှာ ကောလဟာလ လှုံ့ဆော်သူတွေကြောင့် ပိုပြီး ပဋိပက္ခကြီးထွာလာပါတယ် ။ပဋိပက္ခတွေဖြစ်ပေါ်နေချိန်မှာဖြစ်ပေါ်လာတဲ့ ပဋိပက္ခအကြောင်းရာပေါ်မူတည်ပြီး လှုံ့ဆော်ကြတာဖြစ်ပါတယ် ။ ဗုဒ္ဓဘာသာတရားတော်နဲ့ ယှဉ်ပြီး ပြောရရင် သီလမလုံခြုံသူတွေ ၊ ဗြဟ္မစိုရ်တရားမဲ့သူတွေဖြစ်ပါတယ် ။ ဗြဟ္မစိုရ်တရားလေးပါကတော့ -
(၁) မေတ္တာ
(၂) ကရုဏာ
(၃) မုဒိတာ
(၄) ဥပေက္ခာ တို့ဖြစ်ပါတယ်။
မကောင်းတဲ့ကောလဟာလလှုံ့ဆော်မူတွေတုံ့ပြန်တဲ့ ယုံကြည်လက်ခံတဲ့သူတွေကတော့စိတ်ပညာ သဘောအရ ပြောရရင် ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းသူတွေဖြစ်ပါတယ်။ ဗုဒ္ဓအဆုံးအမ နဲ့ ပြောရ ရင်ဗြဟ္မစိုရ်တရားကင်းမဲ့သူတွေဖြစ်ပါတယ် ။ ကျွန်တော်တို့စိတ်ပညာမှာလူတွေဟာ လှုံ့ဆော်မှု အမျိုးမျိုးကို တုံ့ပြန်မှုအမျိုးမျိုးနဲ့တုံ့ပြန်ကြပါတယ်
။ လှုံ့ဆော်မှုတွေကို သံသယရှိချိန်၊ ပဋိပက္ခဖြစ်နေချိန်တွေမှာ
လှုံ့ဆော်မှူဖြစ်တဲ့ မကောင်းတဲ့ ကောလဟာလ တွေဟာ ပြင်းထန်ပေါက်ကွဲပြီး ၊
လူမျိုးရေး ၊ ဘာသာရေး ၊ ပဋိပက္ခအသွင်ကို ဆောင်ပြီး အကြမ်းဖက်ရန်လိုမှူတွေနဲ့
မြို့ပြည်ရွာ တစ်ဝန်းပျံ့နှံ့သွာပါတယ် ။ ပျားရည်တစ်စက်ကြောင့်ပြည်ပျက်ဆိုသလိုပေါ့ ။
မကောင်းတဲ့ကောလဟာလကို ဘယ်လိုတားဆီးကြမလဲ ။ ကောလဟာလကို တုံ့ပြန်တဲ့တစ်ဦးချင်းဟာ အသိစိတ်ဓါတ်ရှိရှိနဲ့ဝေဖန်ဆစ်ပိုင်းပြီးတုံ့ပြန်ရပါတယ် ။ကောလဟာလတခုကြားလာပြီဆိုရင်
တကယ်ဟုတ် မဟုတ် သက်ဆိုင်ရာ ရဲစခန်း ၊ နယ်မြေအုပ်ချုပ်ရေးအဖွဲ့ ၊
လူမှူရေးအသင်းအဖွဲ့တွေကို ဖုန်းနဲ့ ဆက်သွယ်မေမြန်းသင့်ပါတယ်။ေ
မိမိကိုယ်တိုင်လည်း ဗဟုသုတအကြားအမြင်များအောင် သတင်းစာ ၊ ဂျာနယ် ၊ တီဗွီ
ရေဒီယိုတွေကတဆင့် သတင်းတွေလိုက်ပြီး ကြည့်ရှု ဖတ်ကြားနားထောင်နေသင့်ပါတယ် ။ တစ်မြေတည်းနေ ၊ တစ်ရေတည်းသောက်ပြီး အရေးကြီးရင် သွေးစီခဲ့ကြတဲ့မြန်မာပြည်သားလူမျိုးအချင်းချင်း သည်းခံခွင့်လွှတ်ပြီး ချစ်ချစ်ခင်ခင်နေထိုင်ကြမယ်ဆိုရင် ဒီလိုကောလဟာလတွေကို ပယ်ဖျက်နိုင်ကြမှာပါ ။ ဒါမှသာ လုံခြုံအေးချမ်းတဲ့ဘဝရကြပြီး ကျွန်တော်တို့မျှော်မှန်းနေတဲ့ဒီမိုကရေစီနိုင်ငံသစ်ကြီဆီအရောက်တက်လှမ်းနိုင်ကြမှာဖြစ်ပါတယ် ။ သီလသိက္ခာ ၊ သမာဓိသိက္ခာ ၊ ပညာသိက္ခာ နဲ့ ပြည့်ဝတဲ့ ရိက္ခာနဲ့သိက္ခာပြည့်စုံတဲ့ မြန်မာပြည်သားများဖြစ်ကြပါစေ ။ ။
ဆီမီးကန် စိန်ခိုင် (စိတ်ပညာ)
0 comments:
Post a Comment