Monday, September 23, 2013

"အလိုချင်ဆုံးအရာ"

Thanlay Ko's photo.



  • စစ်စခန်းတခုမှာ...
    စစ်သားလေးတယောက်ဟာ လမ်းမှာ စက္ကူစလေးတွေ့ရင် ကောက်ဖတ်ကြည့်တယ်
    ပြီးတော့ မျက်နှာလေးမဲ့သွားပြီး တိုးတိုးလေးပြောတယ်...
    "ဒါမဟုတ်ဘူး၊ ဒါမဟုတ်ဘူး"



    ရုံးခန်းထဲဝင်လာရင်လည်း သူ့အနီးအနားမှာ စာရွက်မြင်ရင် ကောက်ဖတ်ကြည့်တယ်
    ပြီးတော့ မျက်နှာလေးမဲ့သွားပြီး တိုးတိုးလေးပြောတယ်...

    "ဒါမဟုတ်ဘူး၊ ဒါမဟုတ်ဘူး"

    အိပ်ဆောင်ပြန်ရောက်ရင်လည်း အဲဒီလိုပဲ
    ဘာစာရွက်တွေ့တွေ့ ကောက်ဖတ်ကြည့်တယ်
    ပြီးတော့ မျက်နှာလေးမဲ့သွားပြီး တိုးတိုးလေးပြောတယ်...

    "ဒါမဟုတ်ဘူး၊ ဒါမဟုတ်ဘူး"

    ဒါနဲ့ တခြားရဲဘော်တွေက သတင်းပို့လိုက်လို့ သူ့ရဲ့ မူမမှန်တဲ့ အခြေအနေကို တပ်ရင်းမှူးဗိုလ်မှူးကြီး သိသွားရော...
    ဗိုလ်မှူးကြီးက ဆရာဝန်ခေါ်ပြီး အဲဒီ စစ်သားလေးကို စစ်ဆေးခိုင်းလိုက်တယ်
    ဆရာဝန်က စစ်ဆေးတွေ့ရှိချက်နဲ့ ထင်မြင်ယူဆချက်ကို ဗိုလ်မှူးကြီးဆီ တင်ပြလိုက်တယ်
    နောက်ဆုံးမှာတော့...
    အဲဒီ စစ်သားလေးကို 'တပ်မတော်မှ အပြီးအပိုင် ထုတ်ပယ်လိုက်တဲ့ အကြောင်း' အမိန့်စာပေါ်မှာ ဗိုလ်မှူးကြီးက လက်မှတ်ရေးထိုးလို့ ထုတ်ပြန်လိုက်ပါတော့တယ်

    စစ်သားလေးက အမိန့်စာရွက်ကို ဖတ်ကြည့်တယ်
    ပြီးတော့ မျက်နာလေး ပြုံးသွားပြီး တိုးတိုးလေးပြောတယ်...

    "ဒါဟုတ်တယ် ဒါဟုတ်တယ်" ... တဲ့


    သန်၎ကို-ဘာသာပြန်သည်
    https://www.facebook.com/thanlayko

No comments:

Post a Comment