(တစ်)
လေယာဉ်ဖြင့်ခရီးသွားတိုင်း လေယာဉ်ပေါ်ကနေ ဖတ်စရာမှတ်စရာ တစ်ခုခုရတတ်ပါသည်။ နံနက်စောစော ထထပြီးပျံတတ်ကြသည့် လေယာဉ်ပေါ်၌ လေယာဉ်မယ်ကလေးများက သတင်းစာ ပူပူနွေးနွေးကို ဗန်းကလေးများပေါ်တွင်တင်လျက်
အချို့အချို့သော လေယာဉ်တွေများကျတော့ ဂျာနယ်များကိုပင်လျှင် လေယာဉ်ပေါ်၌ တင်ပေးထားတတ်ပါသည်။ ကိုယ့်ရှေ့တည့်တည့်ရှိ ထိုင်ခုံနောက်မှီ၏ အိတ်ထဲတွင်ကား မဂ္ဂဇင်းတစ်စောင်တလေ အမြဲတမ်းရှိနေတတ်ပါသည်။ inflight magazine ဆိုတော့ လေယာဉ်ပျံထဲတွင်ဖတ်သည့် မဂ္ဂဇင်းဟုပဲဆိုကြပါစို့။
ကျွန်တော်တို့နိုင်ငံထဲ၌ ပြည်တွင်းလေကြောင်းလိုင်းတေ
တစ်နေ့ ပုဂံ-မန္တလေး-ဟဲဟိုးခရီးစဉ်ြ
မဂ္ဂဇင်းနာမည်ကို ထားလိုက်ပါတော့။ မဂ္ဂဇင်းနာမည်ကိုပြောလျှင် လေကြောင်းလိုင်းကို မှန်းဆနိုင်သောကြောင့်ဖြစ်ပ
(နှစ်)
ဆောင်းပါးရှင်က ခရစ်နှစ်သုံးပြက္ခဒိန်အရ ဇူလိုင်မှသည် အောက်တိုဘာအထိ မြန်မာအလိုအရ ၀ါတွင်းသုံးလသည် ဗုဒ္ဓဘာသာဝင်တို့၏ ဥပုသ်ကာလဖြစ်သဖြင့် ဗုဒ္ဓဘာသာရဟန်းသံဃာတော်တို့ ခရီးသွားလာခြင်းကို တားမြစ်ထားကြောင်း၊ မင်္ဂလာပွဲကျင်းပခြင်း၊ ဘုရားပွဲကျင်းပခြင်းတို့ကို
ထို့နောက် ရဟန်းသံဃာတော်တို့ကို ၀ါတွင်းသုံးလ ခရီးမသွားကြရန် ကန့်သတ်ထားရသည့် ပထမအကြောင်းကိုရေးပြီးနောက်
The second is because to celebrate a marrige with song and music would be too distracting during these months when monks are deep in study or sitting for exams. ၀ါတွင်းသုံးလ၌ ရဟန်းသံဃာတော်တို့ ပရိယတ္တိစာပေများကို ကျားကုတ်ကျားခဲ လေ့လာဆည်းပူးနေကြရခြင်း၊ စာမေးပွဲဖြေဆိုနေကြရခြင်းမျ
လေယာဉ်ပေါ်ရောက် နိုင်ငံခြားသားတို့ ဖတ်ရှုမိသော် အချက်အလက်အမှားကို ရသွားမည်စိုး၍ သည်စာကို ကျွန်တော် ရေးဖြစ်ခြင်းဖြစ်ပါသည်။
(သုံး)
ရဟန်းတို့သည် ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မ
သို့သော် ရဟန်းတစ်ပါးပါးသည် ခရီးလွန်နေသဖြင့် ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့တ
(လေး)
ထိုဝါတွင်းသုံးလ၌ မင်္ဂလာမဆောင်စကောင်းဟူ၍လည်း လောကီနယ်ပယ်က ယူဆပါသည်။ ယင်းသည် ဟိန္ဒူအယူဝါဒကဆင်းသက်လာသည့် ထုံးတမ်းစဉ်လာဖြစ်ပါသည်။
မဇ္ဈိမဒေသခေါ် အိန္ဒိယ၌ “ရာဇမတ္တဏ်”ကျမ်းသည် ဟိန္ဒူယဉ်ကျေးမှုနယ်ပယ်တွင် ထင်ရှားပါသည်။
ထိုကျမ်းအလိုအရ ၀ါဆိုလဆန်း ၁၂ ရက်နေ့တွင် ဗိဿနိုးနတ်မင်းကြီး စတင်၍အိပ်သည်ဟု ဆိုပါသည်။ ထို့နောက် နှစ်လတိတိကြာညောင်းချိန် တော်သလင်းလဆန်း ၁၂ ရက်နေ့တွင် ဗိဿနိုးနတ်မင်းကြီး အနည်းငယ်လွန့်ကာ လက်ယာနံတောင်းမှ လက်ဝဲနံတောင်းသို့ ပြောင်းပြီးအိပ်သည်ဟု ဆိုပါသည်။ တစ်ဖန် နှစ်လတိတိ ဆက်အိပ်ပြီးနောက် တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့တွင် ဗိဿနိုးနတ်မင်းနိုးသည်ဟု ဆိုပါသည်။ လေးလတိတိ။ ထို့ကြောင့် ဟိန္ဒိုယဉ်ကျေးမှုနယ်ပယ်တွင် ဗိဿနိုးနတ်မင်း အိပ်ပျော်နေသည့် လေးလအတွင်း၌ ထိမ်းမြားလက်ထပ်သမှု မပြုစကောင်းပါကြောင်း “ရာဇမတ္တဏ်”ကျမ်းက ဆိုထားခဲ့ပါသည်။
ယင်းကိုအခြေခံထားကာ ၀ါတွင်းသုံးလ၌ မင်္ဂလာမဆောင်သင့်ကြောင်း မြန်မာတို့က ဆင့်ပွားယူဆလျက် ကျင့်ဆောင်လာခဲ့ကြပုံရပါသည်
သုံးဆယ့်ရှစ်ဖြာမင်္ဂလာက ဘုရားဟောဖြစ်ပါသည်။ မင်္ဂလာဆိုတာ ဘာလဲကို သိချင်သူလူသားတို့အား နတ်သားကတစ်ဆင့် ဟောကြားသည့်တရားပဲဖြစ်ပါသည်
အာဝါဟက သမီးဆောင်ယူခြင်းမင်္ဂလာ။ ယောက်ျားကလေးအိမ်သို့ သမီးကိုပို့ပြီး ကျင်းပဆင်နွှဲသည့်မင်္ဂလာ။ ၀ိဝါဟက သမီးပေးခြင်းမင်္ဂလာ။ မိန်းကလေးအိမ်၌ ယောက်ျားကလေးက လာရောက်ပြီး ကျင်းပဆင်နွှဲသည့်မင်္ဂလာ။ ယခုခေတ် ဟိုတယ်များ၌ဆောင်သည့်မင်္ဂလာက
(ငါး)
ပုဂံက ဧည့်လမ်းညွှန်တစ်ယောက်ကို ကမ္ဘာလှည့်ခရီးသည်တစ်ယောက်က မေးပါသည်။ ဂေါတမမြတ်စွာဘုရားမှာ ဘ၀ပေါင်းဘယ်နှဘ၀ရှိသလဲ။ သူက ၅၅၀ (သို့မဟုတ်) ၅၄၇ ဇာတ်ကို သိထားပုံရပါသည်။ ဧည့်လမ်းညွှန်ကမသိ။ ထို့ကြောင့် ဆယ့်လေးငါးဘ၀လောက်ရှိမည်ဟု ဖြေပစ်ခဲ့ကြောင်း ကျွန်တော့်ကို ပြောပြဖူးပါသည်။
အခု လေယာဉ်ပေါ်မှာ။ inflight magazine ။ အင်္ဂလိပ်ဘာသာနဲ့။ ဂီတသံမှာ ရဟန်းတို့ စိတ်မလွင့်ပါးစေရန် ၀ါတွင်းသုံးလ မင်္ဂလာမဆောင်ကြတာပါတဲ့။
သတိ။ မင်္ဂလာမဆောင်ရ။ ဗိဿနိုးနတ်မင်းကြီးအိပ်နေသည
ရေးသားသူ- မောင်သာချို
No comments:
Post a Comment