Sunday, June 30, 2013

နာကျင်နိုင်သော မေတ္တာရှင် .......

ကွန်ဆူး မား posted a photo to အမျိုးကောင်းသား's timeline.
( နာကျင်နိုင်သော မေတ္တာရှင်.......)


သာမန် လူတစ်ယောက်သည် ... နာကျင်မှုပမာဏ ၄၅ ယူနစ်လောက်သာ ခံနိုင်ရည်ရှိတယ်တဲ့.....။

သာမန်ထက်ပိုရင်တော့ ဒဿမလောက် ဂဏန်းလေးတွေ တိုးပြီး ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။

သို့သော်လည်း တစ်ချို့  သော လူသားများကတော့ နာကျင်မှု ၅၇ ယူနစ်လောက်ကို ခံစားနိုင်ကြပါတယ်တဲ့....။

အဲဒီ နာကျင်မှု ပမာဏကလည်း အရိုးအချောင်း ၂၀ လောက် တစ်ပြိုင်တည်း ကျိုးသွားတဲ့ ခံစားမျိုး ဖြစ်ပါတယ်.... တဲ့

တစ်ချို့  ဆိုရင် အဲဒီလို နာကျင်မှုမျိုးကို ဘ၀မှာ တစ်ကြိမ်၊ နှစ်ကြိမ်ကနေ အကြိမ်ပေါင်းများစွာ ခံစားကြရတယ်လို့ ဆိုပါတယ်...။

ဒါပေမဲ့ သူတို့ဟာ နာကျင်ပြီးတဲ့ အချိန်ကျော်လွန်တာနဲ့  ဒီလိုနာကျင်မှုတွေကို သတိမရတဲ့အပြင် ကြောက်လန့်ခြင်းလည်း မဖြစ်ဘူး.... တဲ့။

အဲဒါ ဘယ်လို လူတွေလဲ နောက်ပြီး ဘာကြောင့် နာကျင်မှုကို ကြောက်လန့်ခြင်း မဖြစ်ရတာပါလဲ.... ဖြေကြည့်ပါ...... တဲ့။

ဆရာဝန်လောင်း တူလေး တစ်ယောက်က မေးခဲ့တဲ့ မေးခွန်းလေးပါ။

သူမေးတဲ့ အတိုင်းဆိုရင် သာမာန်အားဖြင့် မဖြစ်နိုင်တဲ့ သိပ်မြင့်လွန်းတဲ့ နာကျင်မှု ဝေဒနာ ခံစားချက်ပဲပေါ့..... သာမာန်လူတစ်ယောက်အနေဲ့ ဒီလောက်တောင် ခံနိုင်ရည်ရှိသလားလို့ အံ့သြမှုတွေလည်း ဖြစ်ခဲ့ရတယ်....။

သာမန်အားဖြင့် နှင်းဆီပန်းလောက်  ဆူးလေး စူးတာ၊ သွားကိုက်တာ.... အကြောညပ်တာ စတဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ နာကျင်မှုလေးတွေကိုတောင် လူသားတွေဟာ ခံစားနိုင်ဖို့ ခက်ခဲကြတာကို တွေ့ရှိနိုင်ပါတယ်...။

ဒီလို အရိုး အချောင်း ၂၀ လောက် နာကျင်မှုတွေကို အမြဲလိုလို ကျေကျေနပ်နပ် လက်ခံနေတတ်တဲ့ လူသားတွေကိုတော့ ``မဟာသတ္တိရှင်ကြီးများ´´အဖြစ် လက်ခံရမှာဖြစ်သလို နာကျင်မှုကို ဘာလို့ လက်ခံသလဲ ဆိုတဲ့ မေးခွန်းကလည်း မေးစရာ ဖြစ်လာပါတယ်....။

ဒီလို နာကျင်မှုနဲ့ ပတ်သက်ပြီး ဘာကြောင့်လဲ ဆိုတဲ့ ဒွိဟစိတ်၊ သံသယစိတ်ကလေးထဲမှာ အဖြေရှာကြည့်တော့.... 

ဒီနာကျင်မှုမှာ ကျေနပ်စရာ အကြောင်းလေး ရှိနေလို့ဆိုတဲ့ အဖြေကို လက်ခံရရှိခဲ့ပါတယ်...။

ဒီလောက်ပြင်းပြင်းထန်ထန် နာကျင်နေတာတောင် ဘာမှမဖြစ်ဘူးလို့ ယူဆရတဲ့အခါမှာ ဒီလိုနာကျင်မှုဟာ အရိုး အချောင်း ၂၀ ကျိုးတာ မဟုတ်ဘူးလို့လည်း တွေ့ရတယ်...။ ဒါဆိုရင်......

အရိုးကျိုးတာ မဟုတ်လို့ အခြား ကိုယ်တွင်း အင်္ဂါနဲ့ ဦးခေါင်းပိုင်းဆိုရင်လည်း အသက်သေဆုံးနိုင်လောက်တဲ့ ရောဂါပါပဲ......။ ဒီတော့ ကိုယ်တွင်းအင်္ဂါနဲ့ ဦးခေါင်းပိုင်း ဝေဒနာလည်း မဟုတ်ဘူးပေါ့......။ ဒါဆိုရင်........

နောက်ပြီး နာကျင်ပြီးတဲ့ အချိန်ကျော်လွန်တာနဲ့  ဒီလိုနာကျင်မှုတွေကို သတိမရတဲ့အပြင် ကြောက်လန့်ခြင်းလည်း မဖြစ်ဘူး ဆိုတော့ မေ့ပစ်နိုင်လောက်တဲ့ အကြောင်းတရား ရှိနေတယ်ဆိုတာကို တွေ့ရတယ်...။ ဒါဆိုရင်.....

နောက်ထပ်တစ်ခါ အဲဒီလို နာကျင်မှုမျိုးကို ဘ၀မှာ တစ်ကြိမ်၊ နှစ်ကြိမ်ကနေ အကြိမ်ပေါင်းများစွာ ခံစားကြရတယ်တဲ့......။ ဒါဆိုရင်.....

သူရဲ့ ဆေးပညာဆိုင်ရာနဲ့ မနုဿဗေဒဆိုင်ရာ တွေးခေါ်မှုအရ လူမှာ ကျားနဲ့ မ ဆိုပြီး နှစ်မျိုး ရှိတဲ့ အနက်က အမျိုးသားတွေဟာ ဒီလိုနာကျင်မှုတွေကို မလွဲမသွေ ရင်ဆိုင်လိုက်ရတဲ့အခါ နောက်တစ်ကြိမ်ထပ်မံခံစားနိုင်ဖို့ထက် တိုက်ခိုက်ဖို့ကို စိတ်အား ထက်သန်ကြမယ် ဖြစ်အောင်လည်း တိုက်ခိုက်ကြမယ်၊ အမျိုးသမီးတွေကတော့ သူတို့အတွက် နာကျင်မှုကို အစားထိုးနိုင်တဲ့ ခံစားချက်မျိုးရှိနေရင် အကြိမ်ဘယ်လောက်ပဲ နာကျင်ရပါစေ သည်းခံနိုင်ကြတယ်ဆိုတော့ ဒီလိုနာကျင်မှုကို ခံစားနိုင်တဲ့သူဟာ အမျိုးသမီးတွေ ဖြစ်သွားတယ်.....။

နောက်တစ်ခါ ( အမျိုးသမီးတွေမှာ)  ဒီလို နာကျင်မှုကို ခံစားကျော်လွန်ပြီးတာနဲ့ ဒီခံစားချက်ကို မေ့ပစ်နိုင်လောက်တဲ့ အစားထိုးကျေနပ်စေခြင်း ဘာဖြစ်မလဲ... လို့ စဉ်းစားလိုက်တော့ နာနာကျင်ကျင် အသက်နဲ့ ရင်းပြီး မွေးလိုက်ရတဲ့ ရင်သွေးလေးရဲ့ မျက်နှာနဲ့ ငိုသံလေးပဲပေါ့.....။ ပြီးတော့ အရိုး အချောင်း ၂၀လောက် တစ်ပြိုင်တည်းကျိုးသွားသလို ခံစားရပေမဲ့.... အရိုးကျိုးတာ မဟုတ်တဲ့ အပြင် သေစေနိုင်လောက်တဲ့ ကိုယ်တွင်း အင်္ဂါနဲ့ ဦးခေါင်းပိုင်း ပျက်စီးစေခြင်း မဟုတ်တဲ့အတွက် ဒါဟာ ကလေး မွေးဖွားခြင်း ဝေဒနာပဲပေါ့......။

လူသားတွေနဲ့ အခြေခံ အချက်အလက်တွေ အားလုံးခြုံပြီး စဉ်းစားကြည့်မိတော့..... ဒါဟာ မီးဖွားလိုက်ရတဲ့ မိခင်တွေရဲ့ အခြေအနေကို ရည်ညွှန်း ထားတာ  ဖြစ်နေတယ်ဗျ.....။

မိခင်တွေ ဆိုတာက နည်းမှန် လမ်းမှန် သားသမီးတစ်ယောက်ကို ကောင်းမွန်စွာ မွေးဖွားဖြစ်ခဲ့လျှင် မွေးဖွားပြီးတိုင်းမှာ  တုနှိုင်းမရတဲ့ ပျော်ရွှင် ကျေနပ်ခြင်းတွေကို ရရှိတတ်ကြလေတော့ သားသမီးတွေ ဘယ်လောက် မွေးမွေး သူဟာ ဒီလို နာကျင်မှုတွေကို ရင်ဆိုင်နိုင်တယ်ဆိုတာ အံ့သြစရာတော့ မရှိပါဘူး...။


တကယ်တော့ မိခင်ဆိုတာ နာကျင်မှု ပမာဏ ၅၇ ယူနစ်လောက်ကို မပြောနဲ့.... ကိုယ်ဝန်ဆောင်ထားစဉ်မှာပင် တစ်နေ့ကို သုံးကြိမ်လောက် သေမင်းကို မျက်စ ပစ်ပြနေတယ်ဆိုတဲ့ စကားလေးအတိုင်း မိခင်ဟူသည် သားသမီးများအတွက် လူမဖြစ်မီကပင် အသက်ကို ရင်း၍ ချစ်မြတ်နိုးခဲ့သူ မဟာလူသားတစ်ဦး ဖြစ်ပါကြောင်း ဂုဏ်ပြုလျှက်.......

(ကွန်ဆူးမား)(၃၀-၆-၂၀၁၃)


သာမန် လူတစ်ယောက်သည် ... နာကျင်မှုပမာဏ ၄၅ ယူနစ်လောက်သာ ခံနိုင်ရည်ရှိတယ်တဲ့.....။
သာမန်ထက်ပိုရင်တော့ ဒဿမလောက် ဂဏန်းလေးတွေ တိုးပြီး ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။
သို့သော်လည်း တစ်ချို့ သော လူသားများကတော့ နာကျင်မှု ၅၇ ယူနစ်လောက်ကို ခံစားနိုင်ကြပါတယ်တဲ့....။

ဝီ-ဂူ-၀ါ အာဏာမရူးပါ

သီတဂူဆရာတော်၊ ရွှေည၀ါဆရာတော်တို့ဆိုတာ အတိတ်တုန်းကရော၊ အခုလက်ရှိရော၊ ဒီမိုကရေစီဘက်တော်သားတွေအဖြစ်နဲ့ မဖောက်မပြန်၊ ရပ်တည်ချက်မှန်ကန်စွာနဲ့ ဒေါ်စုကို ရပ်တည်ပေးခဲ့ကြတဲ့သူတွေပါ။
အာဏာရူး၊ သမ္မတရူး၊ ရူးကြတဲ့သူတွေမဟုတ်ပါ၊ လူသားတစ်ယောက်ရဲ့တန်ဘိုးဖြစ်တဲ့ မိမိလူ့ပတ်ဝန်းကျင်ရှိ လူသားတွေအတွက် လူမှုရေးလုပ်ငန်း၊ ဘာသာရေးလုပ်ငန်းတွေ
ကိုပါတီနိုင်ငံရေးသမားတွေလို မစားရ၀ါးရကမှန်းပြောဆိုနေတဲ့၊ ပါးစပ်ဖျားစာနာစိတ်ရှိတဲ့
သံဃာတွေမဟုတ်ဘူးဆိုတာ၊ သူတို့ရဲ့လက်တွေ့ဆောင်ရွက်ဘူးခဲ့တဲ့၊၊ ဆောင်ရွက်နေ ဆဲဖြစ်တဲ့၊ ဆောင်ရွက်နေဦးမည့်လုပ်ရပ်များနဲ့ တိုင်းတာကြည်နိုင်ပါတယ်။

ကွန်ပျူတာကို ဝယ်ကစလို မြန်စေချင်တယ်ဆိုရင်

Re-post By ACM 30-6-2013


Laptop, Desktop ဘယ်လို ကွန်ပျူတာပဲ ဖြစ်ဖြစ် PC အားလုံးဟာ ဝယ်ပြီး ကြာလာတဲ့အခါ လုပ်ဆောင်ချက် နှေးသထက် နှေးကွေးလာပါတယ်။ တစ်ခါခါဆို ဘာမှ လုပ်လို့မရအောင် စက်ရပ်သွားတာမျိုးတို့တောင် ဖြစ်တတ် ပါတယ်။ ဒီလို အခြေအနေကနေ ရုန်းထွက်နိုင်ပါတယ်။

မြန်မာလူမျိုး Senior Network Engineer တစ်ဦးနှင့် တွေ့ဆုံခြင်း

အောင်မြင်သူတို့ လျှောက်လှမ်းရာ

ကျနော် စင်္ကာပူ ရောက်တုန်းရောက်ခိုက် မြန်မာလူမျိုး အိုင်တီလောက သား အချို့ နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ စင်္ကာပူရောက်တော့မှာ လုပ်ငန်းခွင်မှာ တကယ် ဦးဆောင်နေကြတဲ့ အိုင်တီပရော်ဖက်ရှင်နယ် အမြောက်အများ တွေ့ခဲ့ ရပါတယ်။ အားလည်းအားရတယ်။ ဂုဏ်လည်းဂုဏ်ယူ မိပါတယ်။

အင်္ဂလိပ်စာလေ့လာသူတို့ ရင်ဆိုင်ရမည့် အကြီးမားဆုံးစိန်ခေါ်မှု ၃ ရပ်

antimoon website က Tomasz P. Szynalski ရေးတဲ့  Three biggest challenges facing an English learner ကိုဘာသာပြန်ပေးထားပါတယ်။ ကျွန်တော့်ရဲ့အမြင်မှတ်ချက်တစ်ချို့ကို စာလုံးစောင်းနဲ့ကွင်းခတ်ပြီးထည့်ပေးထားပါတယ်။

၁။ အင်္ဂလိပ်ဘာသာစကားလေ့လာချင်စိတ်ပျိုးထောင်ခြင်း
အင်္ဂလိပ်ဘာသာစကားလေ့လာသူအားလုံးကတော့ အင်္ဂလိပ်စကားကောင်းကောင်းပြောတတ်ချင်ကြ ပါသည်။ သူတို့ဟာ အင်္ဂလိပ်စကားနဲ့သွက်သွက်လက်လက် ဆက်သွယ်ပြောဆိုနိုင်မယ်ဆိုတဲ့ အတွေးနဲ့ တက်ကြွနေတတ်ပါတယ်။ သို့သော်လည်း သူတို့ဟာ အင်္ဂလိပ်စာလေ့လာမှုဖြစ်စဉ် ကိုယ်၌ကိုကျတော့ စိတ်ဝင်တစားမရှိတတ်ကြပါဘူး။ စာသင်သားအများစုအတွက် အင်္ဂလိပ်စာလေ့လာချင်း ဆိုတာဟာ မလုပ်မဖြစ်လုပ်ရမယ့် တာဝန်ကြီးတစ်ရပ်လိုဖြစ်နေပါတယ်။ အင်္ဂလိပ်စာလေ့လာမှု မှာ ပျော်စရာမတွေ့ တတ်ကြပါဘူး။

Facebook နဲ့ပတ်သက်လို့ ...

by Ko Zin (Notes) on Saturday, June 29, 2013 at 10:40am



၁။ Like, Comment, Share တစ်ခုခု သို့မဟုတ် အားလုံးကိုလက်ခံနိုင်မှ Post, Photo, Status တင်ပါ။ အကယ်၍ မကြိုက်တဲ့ Comment ပေးလာရင်လည်း Delete လို့ရပါတယ်။ ဒါ့အပြင် လုပ်နိုင်တာတွေ Friend Setting ထဲက Option မှာ ကြိုက်သလိုရွေးလို့ရပါတယ်။

"အမွေ"


မုတ်သုံပျောက်ဆုံးခြင်း။
၃၀-၆-၂၀၁၃

ဒီကနေ့(၃၀-၆-၂၀၁၃)ရက်နေ့ထုတ် 7 Day Newspaper ပါ ကျွန်တော့်ဆောင်းပါး "အမွေ" ပါလာပါတယ်။ Facebook မှာ တင်ထားတာတေလးတွေကို ပြန်စုစည်းထား တာပါဘဲ။ နည်းနည်းပါးပါးတော့ ဖြည့်စွက်ထားတာလေးတွေလည်းရှိပါတ
ယ်။ ဆရာကြီးဦးအောင်သင်းပြောတဲ့စကား ကိုးကားချက်မှာတော့ နည်းနည်းလျှော့ထား လိုက်မိပါတယ်။ မူလပြောစကားမှာပါတာကတော့ "ဒီလိုသာ အတတ်ပညာမဲ့နေကြ ရင် အခြားနိုင်ငံတစ်ခုနဲ့ စစ်များဖြစ်လိုက်လို့ကတော့ နောင်တစ်ချိန်မှာ သရဏဂုံ တင်မယ့် ဘန်းကြီးတောင်ကျန်မှာမဟုတ်ဘူး" ဆိုတာပါဘဲ။
လူငယ်များနဲ့ မဖတ်ရသေးသူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၆)

သစ်ထူးလွင်



တစ်ခြားတစ်ဖက် ( other sight )


တစ်ခါက လူတစ်ယောက်မှာ အင်မတန်ကောင်းတဲ့ မြင်းရှိတယ်။
သူဟာ ဒီမြင်းကို အင်မတန်မြတ်နိုးတဲ့အတွက် ဘယ်သူ့ကိုမှ မ
ရောင်းဘူး။ ဒီမြင်းကို လိုချင်တဲ့ ဓားမြတွေက လုယက်ပေမယ့်
လည်း သူ့မြင်းက အင်မတန်ကောင်းနေတော့ လူဆိုးတွေက မ
ယှဉ်နိုင်ဘူးပေါ့။ တစ်နေ့မှာ လူဆိုးတစ်ယောက်ဟာ အကြံရတာ
နဲ့ ဒီလူလာတဲ့ တောလမ်းနှာ အစာရေစာ ပြတ်ဟန်ဆောင်ပြီး
လှဲနေလိုက်တယ်။ မြင်းပိုင်ရှင်လာတော့ -

“ ရေပေးပါ၊ ရေပေးပါ ” လို့တောင်းတယ်။

မြင်းပိုင်ရှင်လည်း မြင်းပေါ်က ကမန်းကတန်း ဆင်းသွားပြီး ရေ
ပေးတာပေါ့။ ဒီမှာတင် လူဆိုးက မြင်းပေါ်ခုန်တက်ပြီး မောင်း
ထွက်သွားသတဲ့။ ဒီတော့ မြင်းပိုင်ရှင်က -

“ နေဦး၊ နေဦး ” လို့ မြင်းနောက်က လိုက်အော်တယ်။

လူဆိုးဟာ မြင်းကို ခေတ္တရပ်ပြီး -

“ ခင်ဗျား ဒီမြင်းကို ပြန်မရနိုင်တော့ဘူး ” လို့ အောင်ပြောလိုက်တယ်။

ဒီတော့ မြင်းပိုင်ရှင်က -

“ ကျုပ်သိပါတယ်ဗျာ။ ဒါပေမယ့် ခင်ဗျားကို မေတ္တာရပ်ခံချင်လို့ပါ ”

မြင်းသူခိုးဟာ ခပ်လှမ်းလှမ်းမှာနေပြီး “ ဆို ” လို့သာ အော်ပြောလိုက်
တယ်။

မြင်းပိုင်ရှင်က -

“ ခင်ဗျား ကျုပ်ဆီက မြင်းဘယ်လို ရလာလဲဆိုတာ လူတွေကို
ပြန်မပြောပါနဲ့ဗျာ ”

“ ဘာဖြစ်လို့လဲ”

“ နောက်နောင် အစာရေစာ တကယ်ငတ်ပြတ်ဒုက္ခရောက်နေသူတွေကို
လူတွေက မကယ်ပဲ နေမှာစိုးလို့ပါ ”

ပုံပြင်လေးကတော့ ဒါပါပဲ။ ဒီပုံပြင်လေးက အသိပညာပေးချင်တာက -
ပုံပြင်ထဲက မြင်းပိုင်ရှင်ဟာ သူရဲ့အမြတ်နိုးဆုံးမြင်းကို အခိုးခံခဲ့ရမှု
ဆုံးရှုံးမှု လှည့်ဖျားခံရမှုတွေအတွက် စိတ်ပျက် ၀မ်းနည်းရမယ့်အစား
သူအဖြစ်အပျက်ကို လူတွေသိရင် တကယ်ငတ်ပြတ်ဒုက္ခရောက်သူတွေ
ကို နောင်တစ်ချိန်မှာ လူတွေက မကယ်မှာကို စိုးရိမ်သွားတဲ့ အများအပေါ်
ထားတတ်တဲ့ ကောင်းမြတ်တဲ့ စိတ်ထားလေးကို အသိပညာပေးချင်တာပါပဲ။

တကယ်တော့ ...
လူတွေဟာ ကိုယ့်ကိုကိုယ် အချစ်ဆုံးဖြစ်သလို ကိုယ်ဘက်ကိုပဲကြည့်
တက်ကြပါတယ်။ တစ်ခြားတစ်ဖက် ( other sight ) ကနေ ခံစား
ကြည့်တတ်တဲ့သူ စာနာနားလည်ပေးနိုင်တဲ့သူ အလွန်းနည်းပါးလှပါတယ်။

တစ်ခြားတစ်ဖက် ( other sight ) ကနေ ...
ကြည့်နိုင်/ မြင်နိုင်/တွေးနိုင်တဲ့သူများဖြစ်ကြပါစေ။

မြ၀ဏိုးစံ(စာပေဥယျာဉ်)

တစ်ခါက လူတစ်ယောက်မှာ အင်မတန်ကောင်းတဲ့ မြင်းရှိတယ်။
သူဟာ ဒီမြင်းကို အင်မတန်မြတ်နိုးတဲ့အတွက် ဘယ်သူ့ကိုမှ မ
ရောင်းဘူး။ ဒီမြင်းကို လိုချင်တဲ့ ဓားမြတွေက လုယက်ပေမယ့်
လည်း သူ့မြင်းက အင်မတန်ကောင်းနေတော့ လူဆိုးတွေက မ
ယှဉ်နိုင်ဘူးပေါ့။

လူလေးသို့ပေးစာများ (စာ-၃၁)

by Mya Than Tint (Notes) on Monday, May 28, 2012 at 6:32am
 
လူလေး
မြင့်မြတ်တဲ့ အရည်အချင်းတိုင်း၊ ကောင်းတဲ့ အရည်အချင်းတိုင်းမှာ အတူတွဲပါလာတတ်တဲ့ မမြင့်မြတ်မှုတွေ၊ မကောင်းမှုတွေ ရှိတတ်တယ်။ အဲဒီကောင်းမှုတွေ၊ မြင့်မြတ်မှုတွေဟာ လိုအပ်သည်ထက် ပိုသွားရင်၊ နယ်နိမိတ်ကို ကျော်သွားရင် မကောင်းမှုထဲကို နစ်မြုပ်သွားတော့တာပဲ။ ရက်ရောသဘောထားကြီးမှုဟာ လွန်သွားရင် လက်ဖွာတဲ့အဖြစ်ကို ရောက်သွားတယ်။ ခြိုးခြံချွေတာခြင်းဟာ လွန်သွားရင် ကပ်စေးနဲတဲ့အဖြစ်ကို ရောက်သွားတယ်။  သတ္တိကောင်းခြင်းဟာ လွန်သွားရင် မိုက်ရူးရဲအဖြစ်ကို ရောက်သွားတတ်တယ်။ သတိထားခြင်းဟာ လွန်သွားရင် ကြောက်တဲ့ အဖြစ်ကို ရောက်သွားတတ်တယ်။ ဒါကြောင့်မို့ ကောင်းမှုကို မှန်မှန်ကန်ကန်လုပ်ဖို့ဟာ မကောင်းမှု ကို ရှောင်ဖို့ထက် ခက်တယ်။ မကောင်းမှုဆိုတာ သူ့နဂိုပကတိအားဖြင့် အရုပ်ဆိုးတယ်။ မြင်လိုက်ရရုံနဲ့ကို စက်ဆုတ်စရာကောင်းတယ်။

" အမျိုးစောင့် ဥပဒေနှင့် ဗုဒ္ဓဘာသာဝင် ဗမာမိန်းကလေးတို့၏ဘဝ "

 
တကယ်တော့ ဗမာပြည်မှာ ဗုဒ္ဓဘာသာဝင် မိန်းကလေး ဖြစ်ရတဲ့ ဘဝက တကယ်သနားဘို့ ကောင်းပါတယ်.. ရွေးချယ်စရာ များများစားစား မရှိလို့လေ...
ကျမတို့ ရုံးမှာဆိုရင် ဗမာမိန်းကလေး ၆ ယောက်ရှိတာ ၅ ယောက်က အသက် ၂၅ နှစ်အထက် အပျိုတွေချည်းပဲ..

အွန်လိုင်းရယ်နည်း။

Cloud Cuckoo Land shared ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ's photo.





ကွန်ပျူတာ အင်တာနက်ခေတ်တွင် အွန်လိုင်းခေတ်တွင် အွန်လိုင်းပေါ် ရယ်ပုံရယ်နည်း မတူကြကြောင်း ဟာသပညာရှင် Nury Vittachi ကတင်ပြလာပါတယ်
ထိုင်းလူမျိုးများက ရယ်တာကို 555 လို့သုံးပါတယ်။ နံပါတ် ၅ ကို ထိုင်းဘာသာနဲ့ ha လို့ပြောပါတယ်။ ဒီတော့ ၅၅၅ ဆိုတာ ha ha ha (ဟားဟားဟား) ဆိုတဲ့ meaning ရပါတယ်။

မင်ဒဲလားထံ အိုဘားမားသွားရောက်တွေ့ဆုံ

ကိုသောင်း ပုလဲမြေ and 2 other friends shared Tun Wai's photo.

အမေရိကန်သမ္မတ အိုဘားမားသည် ဆေးရုံတွင်သေခြင်းတရားကို တိုက်ခိုက်နေရသည့် ၎င်း၏ သူရဲကောင်း မင်ဒဲလားအား တွေ့ဆုံအရို အသေ ပေးနိုင်ရန် ရည်ရွယ်လျက် တောင်အာဖရိကသို့ ယနေ့သွားရောက်နေပြီဖြစ်သည်။

ပြောပြချင်တဲ့ စကားတွေ။

မခင်ဦး။
( ၂၄၉)

မနေ့က နံနက်ခင်းမှာ လက်ဖက်ရည်ဝိုင်းတခု ထိုင်မိခဲ့တယ်ဆိုတာကို ပြောဖြစ်ခဲ့တယ်။
ရှေ.နေတယောက်ရယ် ၊ အခြားသူ့ဘော်ဒါ နှစ်ယောက်ရယ်။ အိမ်နဲ့နီးလို့ ဈေးသွားရင်း လှမ်းနှုတ်ဆက်လို့ ထိုင်ဖြစ်တာပါ။. အပြင်လောကမှာ ဖြစ်နေတဲ့ လေသံတချို.ကိုနားစွင့်ချင်တာလဲပါတယ်ပေါ့။

ကိုယ်က အမျိုးသမီးဖြစ်နေပေမဲ့ နိုင်ငံရေးဆိုတာမျိုးကလဲ အမျိုးသားထုကဘဲ အများစုပြောဆို ဆွေးနွေးကြတာ မဟုတ်လား။ ဒီတော့ သတင်းပုလင်းနားထောင်ချင်ရင် အမျိုးသားတွနဲ့ စကားပြောရတာ မလုပ်တခုဘဲ။

မနေ့က တိုင်းမ်ကို တရားစွဲဆိုဘို့ ပြောဆိုဆော်သြသူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်နေတယ်။ တိုင်းမ်မဂ္ဂဇင်း ဆီက ဒေါ်လာသန်း (၃၀၀၀လောက်) ရချင်တယ်ဆိုဘဲ။

စင်ရော်မောင်မောင်သို့ အိတ်ဖွင့်ပေးစာ

Share

ကိုစင်ရော်၊ ခင်ဗျားဟာလေ မိုက်တာမှ တော်တော်လေးကို မိုက်တယ်ဗျာ။ အရင်းမရှိ၊ အဖျားမရှိ မိုက်တယ် ပြောနေတာ ဘာပါလိမ့်လို့ ကို စင်ရော်တွေးနေရင် ဘာကို ပြောနေတာ လဲဆိုတာ ကျွန်တော်ရှင်းပြမယ်။
ကိုစင်ရော် ဖိတ်လို့ ပန်းကြာ ဝတ်မှုန် VIP ရှိုးပွဲကို ၁၂.၆.၂ဝ၁၃ က သမ္မတရုံမှာ သွားကြည့်ပြီး ပြန် အလာမှာ ပန်းကြာဝတ်မှုန် နဲ့ ခင်ဗျား အပေါ် ကျွန်တော့်ရဲ့ ခံစားချက် ကို ပြောတာဗျ။ ကျွန်တော်လည်း ရုပ်ရှင် ပြီးမှပဲ ကိုစင်ရော်နဲ့ မန္တလေး အကြောင်း ဟိုရောက်၊ ဒီရောက် စကားပြောတော့မယ်လို့ စဉ်းစား လိုက်မိပြီး နှစ်ပေါင်း များစွာ မရောက် ခဲ့တဲ့ သမ္မတရုံရဲ့ထိုင်ခုံမှာ ထိုင်လိုက်ပြီး ရုပ်ရှင် ကြည့်လိုက်ပါတယ်။ စကြည့် ကတည်းက ပန်းကြာဝတ်မှုန် ဇာတ် ကားထဲမှာ လုံးလုံးကို နစ်မျောလွင့်ပါ သွား မိပါတော့တယ် ကိုစင်ရော်ရယ်။

“ရှစ်နှစ်လောက်ကတည်းက တစ်ပင်ကို သုံးသိန်းလောက် တွက်လို့ရတဲ့အတွက် ထီထိုးတာထက် သေချာတယ်”

Myint Aung and 6 others shared The Farmer Media's photo.
“ရှစ်နှစ်လောက်ကတည်းက တစ်ပင်ကို သုံးသိန်းလောက် 
တွက်လို့ရတဲ့အတွက် ထီထိုးတာထက် သေချာတယ်”


-	ငွေလိုရင် ထီမထိုးနဲ့ နံ့သာဖြူပင် စိုက်ပျိုးပါဆိုတဲ့ အကြံပြုချက်လေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။လူအများကို နံ့သာဖြူစိုက်ပျိုးစေချင်
တာပါ။ ၁၉၆၉ ခုနှစ်မှာ ကျောက်ပန်း တောင်းမြို့နယ်၊ မြေကျေးရှင်းစိုက်ပျိုးရေး
ဌာနမှာ အလုပ်စ၀င်တယ်။ ၁၉၅၆ ခုနှစ်ကတည်းက ပုပ္ပါးတောင်မှာ စစိုက်ထားတယ်။ မြေကျေးရှင်းကနေ တာဝန်ယူပြီး စိုက်ထားတာပါ။ အိန္ဒိယကနေရလာတဲ့ နံ့သာဖြူပင် ပျိုးပင် ၁၉၆ ပင်ကို နှာရောင်ဥယျာဉ်ခြံမှာ စိုက်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ နိုင်ငံတော်မှာ စိုက်ပျိုးရေးနဲ့ ပတ်သတ်
တဲ့ အကြံပေးအရာရှိ ဦးစုက နံ့သာဖြူပျိုး ပင်ကို စမ်းပြီးစိုက်တယ်။ ဦးတို့လုပ်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်လောက်ရှိတဲ့ နံ့သာဖြူက ၁၀ပိဿာ၊ ၁၅ ပိဿာလောက် ထွက်တာ တွေ့ရတယ်။ နံ့သာဖြူ  တစ်ပိဿာရဲ့ ကာလ တန်ဖိုးက သုံးသိန်းလောက်ရှိတယ်။ နံ့သာဖြူပင်က အပင်ငယ်ငယ်နဲ့တော့ ထုတ်လို့မရဘူး။ အနည်းဆုံး ရှစ်နှစ်လောက်တော့   စောင့်ရတာပေါ့။  ရှစ်နှစ်မှာ   တစ်ပိဿာထွက်မယ်ဆိုရင် ကိုးနှစ်မှာ နှစ်ပိဿာ၊ သုံးပိဿာ
ဆိုတော့ သူက နှစ်ကြာလာလေလေ နံ့သာဖြူအနှစ်များလာပြီး တန်ဖိုးများလာလေလေပေါ့။  သူက နှစ်ကြာလေလေ တန်ဖိုးက တက်လာလေဆိုတော့ သူက ချက်ချင်းတော့ ၀င်ငွေမရပေမယ့်  ရဖို့ကတော့   သေချာတယ်။ ကာလသတ်မှတ်ချက်တစ်ခု ရှစ်နှစ် ကိုးနှစ်လောက် စောင့်ထားမယ်ဆိုရင် ၀င်ငွေရဖို့ သေချာတယ်။

-	နံ့သာဖြူရဲ့ ဈေးကွက်က ဘယ်နေရာတွေမှာ ဖြစ်ထွန်းလဲ။ 
မြန်မာပြည်မှာတော့ ဘယဆေးဆိုင် တွေမှာ ရောင်းတယ်။ အလေးချိန်နဲ့
ရောင်းတာ။ သူက တန်ဖိုးကြီးတဲ့အခါကျတော့ အများကြီးမ၀ယ်နိုင်ဘူး။ တစ်ခါဝယ်ရင် ၁၀ သား၊ ၁၅ ကျပ်သားလောက် ၀ယ်ကြတယ်။ ဒီလောက်ဝယ်ရင်တောင် သူက တော်တော်အသုံးခံတဲ့ပစ္စည်း။ အိန္ဒိယတို့၊ 
ဂျပန်တို့၊ သြစတြေးလျတို့၊ အလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေမှာ
ရေမွှေးမှာ အခြေခံပစ္စည်း အဖြစ်သုံးကြတယ်။ သြစတြေးလျမှာဆိုရင်
နိုင်ငံခြားဝင်ငွေရတဲ့ သီးနှံတစ်ခုအဖြစ် ထုတ်လုပ်နေတယ်။ သြစတြေးလျမှာ တရားဝင်အစိုးရဈေးက နံ့သာဖြူတစ်တန်ကို သြစတြေးလျ ဒေါ်လာ 
၁၅,၀၀၀ ရှိတယ်။ မှောင်ခိုဈေးမှာဆို တစ်တန်ကို ဒေါ်လာ နှစ်သန်းခွဲ တန်တယ်။ မြန်မာပြည်အနေနဲ့လည်း ဈေးကွက်ရှိပါတယ်။ အဓိကထွက်ဖို့ပဲ
လိုတာ။ ထွက်ဖို့ကလည်း စိုက်ဖို့လိုတယ်။ နံ့သာဖြူက အိန္ဒိယ နံ့သာဖြူနဲ့ သြစတြေးလျ နံ့သာဖြူဆိုပြီး နှစ်မျိုးရှိတယ်။  အကောင်းဆုံးကတော့ အိန္ဒိယ နံ့သာဖြူပဲ။ ဒီမှာကတော့ အဆီတစ်အောင်စကို ငွေကျပ် ၁၅,၀၀၀၊ ၂၀,၀၀၀ ရှိတယ်။

-	နံ့သာဖြူကို ဘယ်နေရာတွေမှာ အသုံးပြုလို့ရပါသလဲ။ 
နံ့သာဖြူတို့၊ ကရမက်တို့ဆိုတာ မြန်မာအမျိုးသမီးတွေအတွက်တော့ နေ့စဉ်
လိမ်းသင့်တဲ့ပစ္စည်း။ နံ့သာဖြူလိမ်းရင်  အပူငြိမ်းတယ်။ သူ့ကိုလိမ်းရင် စိတ်ရွှင်လန်းသွားတယ်။ ပေါ့ပါ့ပါးပါး ဖြစ်သွားတယ်။ နောက်တစ်ခုက ဖျားတယ်၊ နာတယ် အပူများမယ်ဆိုရင် နံ့သာဖြူလိမ်းရင် အပူကျသွားမယ်။  ကလေးတွေ ဒတ်တွေ၊ ၀ဲတွေပေါက်ရင် နံ့သာဖြူသွေးပြီး လိမ်းပေးရင် 
ပျောက်တယ်။   တစ်ကမ္ဘာလုံး အတိုင်းအတာ အရကတော့ အလှကုန်ပစ္စည်းတွေမှာ သုံးတယ်။ အဓိကကတော့ ရေမွှေးတို့၊ အလှ ကုန်ပစ္စည်းတို့ ထုတ်တဲ့အခါမှာ အခြေခံ ပစ္စည်းပေါ့။နံ့သာဖြူအဆီပဲ ဖြစ်ဖြစ်၊   အနှစ်ပဲဖြစ်ဖြစ် ဘယ်လောက်ကြာကြာ အနံ့က ပြယ်မသွားဘူး။ သူ့ရဲ့ အဆီနည်းနည်းလေး ထည့်လိုက်တာနဲ့ အနံ့က လွှမ်းသွားတယ်။ သြစတြေးလျ နံ့သာဖြူကတော့  ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နံ့သာကုထုံးတွေမှာ သုံးတယ်။

-	ဘယ်လို မြေအမျိုးအစားတွေမှာ စိုက်ပျိုးတာ သင့်တော်ပါသလဲ။
ဒီအပင်က သစ်တောပင်ဖြစ်တဲ့အတွက် မြေသိပ်မရွေးဘူး။ မြေညံ့တဲ့နေရာ
ဆို အနှစ်ပိုကျစ်လစ်တယ်။ မြေကောင်းတဲ့နေရာဆို ဖြစ်ထွန်းတာမြန်တယ်၊ နည်းနည်းပွတယ်။ အဓိကကတော့ စိမ့်စွဲနေတဲ့ နေရာမျိုး၊ ဆပ်ပြာပေါက်တဲ့
နေရာမျိုးကလွဲရင် ဖြစ် ထွန်းတယ်။ ကျောက်တောင် ကျောက်ကြားတွေ၊ 
တောင်ကုန်းတွေ ၊ ကျောက်စရစ်မြေတွေမှာလည်း ဖြစ်တယ်။ အဖြစ်နှေးတဲ့
အတွက် စိတ်ရှည်အောင် စောင့်ရပေမယ့် ရှစ်နှစ် နောက်ပိုင်းဆို ထွက်မှာသေချာတယ်။ ရှစ်နှစ်လောက်ကတည်းက တစ်ပင်ကို သုံးသိန်းလောက် တွက်လို့ရတဲ့အတွက် ထီထိုးတာထက် သေချာတယ်။ ၁၀ နှစ်၊ ၁၂ နှစ်သားဆို သုံးပိဿာ၊ သုံးပိဿာခွဲ လောက်ကနေ လေးပိဿာ၊ ငါးပိဿာ လောက် ထွက်နိုင်တယ်။  

-	နံ့သာဖြူကို ဘယ်လိုမျိုး ပြုစုစိုက်ပျိုးရပါသလဲ။
စိုက်ဖို့က ကိုယ့်ခြံစည်းရိုး ပတ်လည်မှာ စိုက်လည်းရတယ်။ စီးပွားဖြစ် စိုက်
လည်း ရတယ်။ ကိုယ့်သားသမီးကို အကောင်းဆုံး အမွေပေးချင်တယ်ဆိုရင် သူသုံးနှစ်သားလောက်ကတည်းက စိုက် ထားရင် ၁၀နှစ်၊ ၁၂ နှစ်ရှိတဲ့အခါ
ကျရင် သူ့အတွက် စရိတ်မလိုဘူးပေါ့။ ခက်ခဲတာတစ်ခုက အပင်ကနုတဲ့
အတွက် ပထမ တစ်နှစ်မှာ ဂရုစိုက်ပေးဖို့လိုတယ်။ ဂရုစိုက်ရတယ်ဆိုတာက မှိုသတ်ဆေး၊ ပိုးသတ်ဆေးဖျန်းတာတို့ ပေါင်းရှင်းတာတို့ပေါ့။ တစ်ပေခွဲ၊
နှစ်ပေ မြင့်သွားပြီဆိုရင်တော့ ဂရုစိုက်စရာ မ လိုတော့ဘူးပေါ့။ သာမန်
ထိန်းသိမ်းရုံ နဲ့ ၀င်ငွေရတယ်ပေါ့။ တစ်နှစ်လောက် ပြုစုရတယ်ဆိုတာက  အပင်ကငယ်တော့   အရွက် ကနုတယ်။ မှိုရောဂါကျတတ်တယ်။ မှိုဆေး
ကို တစ်လတစ်ကြိမ် ဖျန်းပေးရတယ်။ ပေါင်းမြက်ရှင်း ပေးရတယ်။ အဓိက
က တော့  ဒီအပင်ကိုသတ်မယ့်  နွယ်ပင်ကြီးတွေ မရှိဖို့လိုတယ်။ တစ်နှစ်ကြာပြီး တစ်ပေခွဲ၊ နှစ်ပေခွဲမြင့်လာတဲ့အခါ၊ အရွက်က ကြီးရင့်
လာတဲ့အခါမှာ သူတို့ခံနိုင်ရည်ရှိလာမယ်။ နောက်ပိုင်းကျရင် တစ်လတစ်ကြိမ်လောက်ပဲ ပုံမှန်ပေါင်းရှင်းတာလုပ်ပေးရင် ရတယ်။
မျိုးစေ့ကိုလည်း စိုက်လို့ရတယ်။ ပျိုးပင်ကိုလည်း စိုက်လို့ရတယ်။ နံ့သာဖြူစေ့က မာတော့ အစေ့ကို ရေနှစ်ရက်လောက် စိမ်ရတယ်။ စိမ်ပြီးတော့မှ ပျိုးဘူးထဲမှာလည်း တိုက်ရိုက် စိုက်လို့ ရ တယ်။    ပျိုးဘောင်ထဲမှာ ပျိုးပြီးမှ စိုက်လည်းရတယ်။ မျိုးစေ့ကနေ အပင်ပေါက်ဖို့
က နှစ်လကနေ သုံးလထိ အောင် ကြာတတ်တယ်။ အဲဒီလိုကြာတတ်
တဲ့အတွက် ပျိုးဘူးထဲမှာကျတော့ အပင်ပေါက်ရခက်တယ်။ အဲဒီတော့ ပျိုးဘောင်မှာထောင်ပြီး အပင်ပေါက်တော့မှ ရွှေ့စိုက်ရတယ်။ နံ့သာဖြူက ကပ်ပါးပင်၊ အခြား အပင်ကို မှီခိုပြီးမှ စားသောက်လို့ရတဲ့ အပင်မျိုးပေါ့။ အခြားအပင်ရဲ့ အမြစ်ကို မှီခိုပြီး စားသောက်တယ်။ သူနဲ့ယှဉ်တွဲပြီး  အခြား 
အပင်ကို စိုက်ရတဲ့အခါကျတော့ နံ့သာဖြူပျိုးပင်လေး ရှစ်လက်မလောက် ရှိတဲ့အခါကျမှ အခြားမယ်ဇလီတို့၊  ဘောစကိုင်းတို့ ထည့်ပေးရတယ်။ ပျိုးပင်လေး ရှစ်လက်မလောက်ရှိမှ ထည့်ခိုင်းလဲဆိုတော့ သူ့ရဲ့
ကပ်ပါးပင်က သူ့ထက်ကြီးသွားလို့ မရဘူး။ ဒါကြောင့်မို့ နံ့သာဖြူပင်လေး ကြီးသွားမှ မယ်ဇလီစေ့ကို ထည့်လို့ရမယ်။

-	နံ့သာဖြူပင်ကို ဘယ်လိုကပ်ပါးပင် အမျိုးအစားတွေနဲ့တွဲပြီး စိုက်ပျိုးသင့်
ပါသလဲ။
နံ့သာဖြူနဲ့ယှဉ်တွဲပြီး စိုက်လို့ရတဲ့ ကပ်ပါးပင် အမျိုးပေါင်း ၃၀၀ ကျော် 
လောက်ရှိပါတယ်။ မယ်ဇလီပင်ကတော့ အသင့်တော်ဆုံးလို့ ပြောပါတယ်။ ရှားတို့၊ ထနောင်းတို့၊ ဘောစကိုင်းတို့လည်း တွဲ စိုက်ကြပါတယ်။
အမျိုးပေါင်းကတော့ တော်တော်များပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်ဒေသတွေမှာ နံ့သာဖြူ အဓိကစိုက်ပျိုးပါသလဲ။ အစကတော့တို့က ပုပ္ပါးမှာစိုက်တာ နှာရောင် နံ့သာဖြူစန္ဒာကူးတောဆိုပြီး  စိုက်ထားတာ။ မင်းဘူးဘက်မှာတော့ စီးပွားဖြစ်စိုက်ကြပါတယ်။ ဦးတို့ကို ဒါကိုစိုက်
ထားရုံပေါ့၊ တစ်နှစ်လောက်ပဲ ပြုစုပြီး နောက်ပိုင်းပစ်ထားလို့ရလို့ စိုက်ဖို့တိုက်
တွန်းတာပါ။

-	နံ့သာဖြူက အတု၊ အစစ်ရှိလား။  အရည်အသွေးကောင်း၊ မကောင်း ဘယ်လိုကြည့်ရမလဲ။ 
နံ့သာဖြူမှာ အတု၊ အစစ်ရှိတယ်။ နံ့သာဖြူအဆီက တစ်ပေါင်ကို အကြမ်းဖျင်း
ဈေး ဒေါ်လာ တစ်ထောင်ရှိတယ်။ နံ့သာဖြူရဲ့အဆီနဲ့ မာလကာသားကို
ပေါင်းလိုက်တယ်။ အနံ့ကစွဲသွားတယ်။   ချက်ချင်းတော့ သူက နံ့သာဖြူ
အနံ့ပဲ။ ခဏနေကြည့်တဲ့အခါကျတော့ အနံ့ပြယ်သွားတယ်။ နံ့သာဖြူအနှစ်က
သေးပေမယ့် သိပ်သည်း ကျစ်လစ်တယ်။ လေးတယ်။ ရေထဲမှာပေါ်မနေ
ဘဲ နစ်သွားတယ်။ အသားက အ၀ါရောင်သန်းတယ်။ သူက အရင်းက ပိုရင့်တယ်။ အဖျားပိုင်းက အနှစ်က လျော့သွားတာပေါ့။ အပင်က ၁၅ ပေ
လောက်ရှိရင် အနှစ်က အခြေကနေ ငါးပေ လောက်အထိရှိတယ်။ နံ့သာဖြူအစစ်က ဘယ်တော့မှ အနံ့မပြယ်ဘူး။ 

-	နံ့သာဖြူပျိုးပင်နဲ့မျိုးစေ့တွေက ရောင်းဈေး ဘယ်လောက်ရှိပါသလဲ။
မျိုးစေ့ကတော့ ကာလအချိန်အလိုက် တစ်ပြည်ကို ကျပ် ၁၀,၀၀၀ ကနေ ၅၀,၀၀၀ အထိရှိတယ်။  ပျိုးပင် အနိမ့်အမြင့်ကိုလိုက်ပြီး ပျိုးပင် တစ်ပင်ကို ကျပ် ၁,၅၀၀၊  ၂၀၀၀ ရှိတယ်။ မျိုးစေ့ထွက်တဲ့အချိန်က ဇူလိုင်လ၊ သြဂုတ်လ၊
စက်တင်ဘာလ။ နံ့သာဖြူပင်က သုံးနှစ်သား၊ လေးနှစ်သားလောက်မှာ အသီးအပွင့် ပွင့်တယ်၊ သီးတယ်။

-	နံ့သာဖြူနဲ့ ပတ်သက်ပြီး ဘယ်လိုများ အကြံပြုချင်ပါသလဲ။
အဓိကကတော့ စိုက်ဖို့ပြောချင်တယ်။ အချိန်တစ်ခုတော့ စောင့်ရမယ်။
စောင့်တယ်ဆိုတာကလည်း သေချာတဲ့စောင့်နည်းမျိုး ဖြစ်တယ်။ ဦးတို့ကလည်း အပင်ရဲ့သဘာဝကို သေချာလေ့လာပြီးဖြစ်လို့ စိုက်ဖို့တိုက်တွန်းချင်တယ်။ အခက်ခဲရှိ ရင်လည်း ဦးတို့ဆီကနေ အကြံဉာဏ် တောင်းလို့ရပါတယ်။

- မိုးမိုးသူ
http://thefarmermedia.com


- ငွေလိုရင် ထီမထိုးနဲ့ နံ့သာဖြူပင် စိုက်ပျိုးပါဆိုတဲ့ အကြံပြုချက်လေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။ လူအများကို နံ့သာဖြူစိုက်ပျိုးစေချင်တာပါ။ ၁၉၆၉ ခုနှစ်မှာ ကျောက်ပန်း တောင်းမြို့နယ်၊ မြေကျေးရှင်း လစိုက်ပျိုးရေးဌာနမှာ အလုပ်စ၀င်တယ်။

သင့်ကွန်ပြူတာ အတွက် ဖတ်ဖြစ်အောင်ဖတ်ပါ

သင့်ကွန်ပြူတာ အတွက် ဖတ်ဖြစ်အောင်ဖတ်ပါ
----------------------------------------------------------------------------------
***************************************************

ပထမအကြိမ်ဝင်းဒိုးအတက်နှေးသည်ကို စိတ်ရှည်ရှည်စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ်မလာစေရန် ကွန်ပြူတာကို လုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက်မစောင့်ရတော့ပါ။
...
စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက တက်တက်လာပါက ကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen တက်လာသည်ကို မမြင်နိုင်တော့ပေ။

ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်းပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏတိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥကျွတ်ဆေးပါ သုံးပေးပါ။

ကွန်ပြူတာ တက်မလာဘဲ အသံမြည်နေတတ်ခြင်းမှာ မန်မိုရီကတ်လွတ်ခြင်းကြောင့်ဖြစ်သည်။ စိတ်မပူပါနှင့် Super Glue သုံးပြီး နောက်ဘယ်တော့မှ လွတ်လို့မရအောင် ကပ်လိုက်ပါ။ လိုအပ်လျှင် သံနှင့်ရိုက်ပြီး သော့ခတ်ထားလိုက်ပါ။

CPU heat မတက်စေရန် ကွန်ပြူတာဖင်ကို ရေစိမ်ပြီးသုံးပါ။ လိုအပ်ပါက သုံးသူကိုယ်တိုင်ပါ စိမ်ကောင်းစိမ်ရ လိမ့်မည်။ ရေစိမ်လို့မှ အဆင်မပြေလျှင် ရေခဲတိုက်ထဲ သွားသုံးပါ။

ကွန်ပြူတာကို ပုံမှန်အပူချိန်ထက် ပိုမမြင့်ပါစေနှင့်။ အပူချိန်ကြီးလာပါက ရေခဲဝတ်အုပ်ပေးပါ။ သို့မှသာ ကွန်ပြူတာတုပ်ကွေးမ၀င်မှာ ဖြစ်သည်။

အပူချိန်မြင့်နေသော ကွန်ပြူတာကို လေတိုက်ထဲမထားပါနှင့်။ တတ်နိုင်သမျှ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေပါစေ။ ပလတ်စတစ်အိတ်နှင့်ထုပ်ထားပါ။ တိပ်နှင့်ကပ်ထားပါ။ အခြေအနေပေးပါက ဖီနိုင်း ပရော်ပါ နော်လမင်း မပါသော ဖလူဇာကို တစ်နေ့သုံးကြိမ် တိုက်ပေးပါ။(ရေအေးဖြင့်သာတိုက်ပါ)

ဗိုင်းရပ်စ် ၀င်မ၀င် စစ်ရန် အန်တီဗိုင်းရပ်စ်ကိုသုံးပါ။ လိုအပ်လျှင် အန်တီဗိုင်းရပ်စ်၏ ယောကျာ်း အန်ကယ်ဗိုင်းရပ်စ် ကိုပါ ခေါ်ပြီးရှာခိုင်းပါ။

အန်တီနှင့် အန်ကယ် ဗိုင်းရပ်စ်လင်မယားမှ ကွန်ပြူတာတွင် ဗိုင်းရပ်စ် ၊ ပိုးကောင်၊ ကုတ်ကမြင်းများ ၀င်ရောက်နေသည်ကို အချက်ပြလျှင် အထူးဂရုစိုက်ပါ။ ချက်ချင်း ဇာဂနာ ဖြင့် ကလော်ထုတ်လိုက်ပါ။ ပိုသေချာစေရန် ပုရွက်ဆိတ်ဆေး ၊ ကြမ်းပိုးဆေး၊ ခြဆေး များလည်း ထည့်ပေးပါ။

အပတ်စဉ် ခြင်နိုင်ဆေး မှုတ်ပေးပါ။ ကွန်ပြူတာအနီး ခြင်ယင် ပိုးမွှားများမလာရောက်စေရန် ခြင်ထောင်ချထားပေးလျှင်လည်း အဆင်ပြေပါမည်။

ကွန်ပြူတာအသုံးများပြီး motherboard လောင်ပါက fatherboard ပြောင်းတပ်ပါ။ ထို့နောက်မှ တစ်ဆင့် sonboard ၊ daughterboard ၊ စသဖြင့် ဆွေမျိုးစုံအောင်တပ်ပါ။ တစ် board မဟုတ် တစ် board နှင့် အဆင်ပြေပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်....အဆင်ပြေကြပါစေ.....

ရီမောစေလိုသောဆန်ဒသာ...By Lon Elys...

ပထမအကြိမ်ဝင်းဒိုးအတက်နှေးသည်ကို စိတ်ရှည်ရှည်စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ်မလာစေ ရန် ကွန်ပြူတာကို လုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက်မစောင့်ရတော့ပါ။
စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက တက်တက် လာပါက ကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen တက်လာသည်ကို မမြင်နိုင်တော့ပေ။

`` ပန်ပါရလို့ ပန်ရလျှင်လည်း ပန်းများသခင် ဂေါ်သဇင်ဟု..... ´´


`` ပန်ပါရလို့ ပန်ရလျှင်လည်း ပန်းများသခင် ဂေါ်သဇင်ဟု..... ´´
ဒီကဗျာ အပိုင်းအစလေးတစ်ခုကို စဉ်းစားဖြစ်တော့ စကားပြေလှလှလေး ရေးချင်လာမိတယ်...။
လှပတဲ့ စကားပြေလေးတစ်ချက်ကို ရေးဖွဲ့ဖို့ ဆိုတာကလည်း ပြည့်စုံကုံလုံတဲ့ စာပေပညာနဲ့ ကဗျာအပိုင်းအစလေးထဲမှာ ထည့်သွင်းထားတဲ့ စာရေးသူ တစ်နည်းအားဖြင့် ကဗျာရှင်ရဲ့ စိတ်ကလေးကိုလည်း ပီပီပြင်ပြင် မြင်တတ်ဖို့လည်း လိုပါတယ်...။

ဘက်ဂျက်နဲ့ ဦးပိုင် အတွက် အဆိပ်တက်နေသူများဖတ်ဖို့

Seaman Nayminthu shared ရုပ် ဆိုး's photo.

2013 - 2014 ခုနှစ် မြန်မာ့တပ်မတော် အတွက် ခွင့် ပြုငွေ က နိုင်ငံတော် ဘက်ဂျက်ရဲ့ ၂၁ ရာခိုင်နှုန်း .. သုံးစွဲဖို့ မဲခွဲ ဆုံးဖြတ်ရာမှာ အထက်လွှတ်တော် ၊ အောက်လွှတ်တော် အမတ် ၄၄၅ ယောက် ရှိတဲ့ အနက် ၆၀ ကတော့ ဘက်ဂျက်လျော့ချဖို့ ဆန္ဒပြု ပြီး ကျန်အမတ်များကတော့ ထောက်ပံ့ဖို့ ဆန္ဒပြုပါသတဲ့ ။

မျိုးစောင့်ဥပဒေကို မျိုးစောင့်ဥပဒေလို့ မြင်ပါဘူး

 
ကျုပ်အမြင်ကတော့ မျိုးစောင့်ဥပဒေကို မျိုးစောင့်ဥပဒေလို့ မြင်ပါဘူးဗျာ။ ဘာသာရေး
ဆိုင်ရာ ဥပဒေတစ်ခုလို့ပဲမြင်ပါတယ်။ နို့ ဘယ်အမျိုးကိုစောင့်ရမယ်လို့မှ မပါတာဘဲကိုး
တရားဝင်ဗုဒ္ဓဘာသာ ဖြစ်ရမည်လို့ပဲ ဆိုထားတာ။ ဗုဒ္ဓဘာသာဆိုတာ မြန်မာတစ်မျိုးထဲ
ရှိတာမဟုတ်။ တရုတ်ဗုဒ္ဓဘာသာရှိတယ်ဗျာ၊ ဘင်္ဂလီ ဗုဒ္ဓဘာသာလည်း ရှိတာပဲဟာဗျ။
ဥပဒေ မရှိတာထက်စာရင် ရှိတာတော့ကောင်းမယ်လို့ ထင်တာပေါ့နော်။

Facebook ရဲ့ ၁၅ စက္ကန့် ရုပ်သံခြေလှမ်း

Cloud Cuckoo Land shared Tun Wai's photo.

ကမ္ဘာ့ နံပါတ် (၁) ဆိုရှယ်ဝက်ဆိုဒ်ဖြစ်တဲ့ Facebook ဟာ တွစ်တာတို့လို သူ့ရန်ဘက်တွေကို အပြိုင်ကြဲဖို့အတွက် ခြေလှမ်းတလှမ်း ထပ်လှမ်းလိုက်ပြန်ပါပြီ။
အဲဒါကတော့ အရင်နှစ်က ဝယ်ယူထားတဲ့ Instagram မှာ ဗီဒီယို အတိုလေးတွေပါ တင်နိုင်၊ ရှယ်နိုင်တဲ့ အစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်းပါပဲ။

Collectivism

 ဗုဒ္ဓဘာသာစွဲ ပြဿနာလည်း မဟုတ်၊ အစ္စလမ် ဘာသာစွဲ ပြဿနာလည်း မဟုတ်။ ဖြေရှင်း ရမည့်ပြဿနာမှာ လူစုလူဝေးစွဲပေတည်း။

မကြာသေးမီက ရှမ်းပြည်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများက ညွှန်ပြနေသည်မှာ မြန်မာပြည်တွင် လက်ရှိဖြစ်ပွားနေသော ရုန်းရင်းဆန်ခတ် ဖြစ်မှုများ၏ သဘာဝသည် နှစ်ပရိဒေစ္ဆများစွာ မတည့်ခဲ့သည့် အသိုင်းအဝိုင်း တစ်ခုနှင့်တစ်ခုကြားမှာသာပေါ်ပေါက်သော ရန်ပွဲဆိုသည့် အနားသတ်မျဉ်းကိုကျော် လွန်နေပြီ ဆိုသည့် သဘောပါတည်း။ အမှန်ကတော့ နှစ်ပေါင်းများစွာ မည်သည့် အထွေအထူး ပြဿနာမှ မရှိဘဲ နေလာခဲ့သည့် ပြည်သူလူထုသည် ရုတ်ချည်းဆိုသလို ရိုင်းစိုင်းကြမ်းကြုတ်သော ဗုဒ္ဓဘာသာဝင်များ သို့မဟုတ် မူဆလင်ဘာသာဝင်များအဖြစ် ပြောင်းလဲသွားကုန်ကြလေ၏ ။ ထိုအချက်က သက်သေပြု သည်မှာ တကယ်မတော့ ပြဿနာ၏သဘောသည် တချို့သော သူတို့သည်တခြား သူတို့အပေါ်မှာ သူတို့ မြင်သော အမြင် ပြောင်းလဲလာခြင်းပေါ်မှာ မူတည်နေကြောင်းဆိုတာ ဖြစ် ပါသည်။

မေမေတို့ရဲ့ ဟိုးရှေးရှေးက



မေမေတို့ရဲ့ ဟိုးရှေးရှေးက

သားရေ... 
နေကောင်းလားဟေ့... မေမေ့ရဲ့ မြေးတွေရော နေကောင်းကျန်းမာကြရဲ့လား? နှစ်တစ်နှစ် ထက်ဝက်ကျိုးပြန်ပြီ သားရေ...... မေမေ့မြေးတွေကို အားရင် မေမေတို့ရဲ့ ဟိုးရှေးရှေး.. ဟိုးရှေးရှေးကအကြောင်းတွေ ပြောပြဖို့ မမေ့နဲ့နော်.. 

မေမေတို့ရဲ့ ဟိုးရှေးရှေးက
ကောင်းကင်ဆိုတာ အပြာရောင်... ရေကလည်း ကြည်လို့ပေါ့။
အသားငါးတွေဆိုတာ စိတ်ချလက်ချ စားလို့ရသကွဲ့
သူခိုးဓားမြဆိုတာ ရဲတွေကိုကြောက်ပြီး
တရားရုံးဆိုတာ တရားမျှတတဲ့နေရာပေါ့
လူများအသက်သတ်ရင် ကိုယ့်အသက်ပြန်ပေးရတယ်ကွယ်။

အဲဒီတုန်းက
အလှပြင်ဆိုင်ဆိုတာ ဆံပင်ညှပ်တဲ့အလုပ်ပဲလုပ်ပြီး
ကွမ်းယာဆိုင်ဆိုတာ ကွမ်းယာပဲရောင်းတယ်ကွဲ့။
မင်္ဂလာမဆောင်ခင် သုံးနှစ်သုံးမိုး ရည်းစားထားရပြီး
ဆေးဝါးပစ္စည်းဆိုတာ ရောဂါကုလို့ရတာပေါ့။
ဆရာဝန်ဆိုတာ လူနာအသက်ကိုကယ်ပြီး
ရုပ်ရှင်မင်းသမီးဖြစ်ချင်ရင် ဒါရိုက်တာနဲ့ အိပ်စရာမလိုဘူးကွဲ့။

အဲဒီတုန်းက
ဓာတ်ပုံရိုက်ရင် အဝတ်အစားဝတ်ကြပြီး
ငွေချေးရင် ပြန်ဆပ်ရတယ်။
ကျောင်းဆိုတာ ငွေရှာတဲ့နေရာမဟုတ်ဘဲ
ဦးနှောက်မကောင်းသူတွေက အကြီးအကဲမလုပ်ရဘူးကွဲ့။

အဲဒီတုန်းက
ခွေးသားရောင်းရင် ဆိတ်ခေါင်းမချိတ်ရဘူး
အိမ်ထောင်ကျပြီးသားဆို အပျိုမငမ်းရဘူးကွဲ့..

မေမေ့မြေးတွေကို ဒါတွေပြောပြဖို့ မမေ့ပါနဲ့နော်... သား..


အီးမေးလ်ထဲရောက်လာတဲ့ စာတစ်ပုဒ်..ဘာသာပြန်မျှဝေပါသည်။

နိုင်းနိုင်းစနေ(Thursday, May 24, 2012)
.
သားရေ...
နေကောင်းလားဟေ့... မေမေ့ရဲ့ မြေးတွေရော နေကောင်းကျန်းမာကြရဲ့လား? နှစ်တစ်နှစ် ထက်ဝက်ကျိုးပြန်ပြီ သားရေ...... မေမေ့မြေးတွေကို အားရင် မေမေတို့ရဲ့ ဟိုးရှေးရှေး.. ဟိုးရှေးရှေးကအကြောင်းတွေ ပြောပြဖို့ မမေ့နဲ့နော်..

`` လူနှင့် နိုင်ငံရေးဆိုင်ရာ ဂေဟဗေဒ အတွေးလေးများ ....´´


`` လူနှင့် နိုင်ငံရေးဆိုင်ရာ ဂေဟဗေဒ အတွေးလေးများ ....´´


ဂေဟစနစ်အရ အပင်နဲ့ သက်ရှိတွေဟာ အတူယှဉ်တွဲပြီး ၀န်းကျင်တစ်ခုကို ထူထောင်ကြတယ်....၊ 

အချင်းချင်းလည်း အကျိုးပြုတယ်... အချင်းချင်းတွဲယှဉ်ရင်း အချင်းချင်းလည်း တွန်းကန်တတ်ကြတယ်.....။

တွန်းကန်တယ်ဆိုတာက သူတို့ဖန်တီးထားတဲ့ ၀န်းကျင်ထဲမှာ မလိုအပ်တာတွေကို ဖယ်ပစ်တဲ့သဘောပေါ့... သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်....၊

အဲဒါက သာမာန် အပင်နဲ့ သက်ရှိတွေကိုပဲ ဆိုလိုတာပါ..... 

လူဆိုတဲ့ သက်ရှိကတော့ စဉ်းစားတွေးခေါ်တတ်တဲ့အပြင် သင်ယူမှတ်သားတတ်ပြီး ဝေဖန်ပိုင်းခြားတတ်တယ်၊ အမြဲတမ်း ဆန်းသစ်နေတတ်တဲ့ အတွက် သူတို့ဝန်းကျင်ထက် သူတို့ရဲ့ အတ္တတွေကို ပိုပြီး အကျိုးပြုတတ်ကြတယ်...´´

အဲဒီတော့.... သူတို့အတွက် အကျိုးပြုတာ၊ မပြုတာကို အပင်နဲ့ သတ္တ၀ါတွေလို သဘာဝကျကျ မသိတော့ဘူး... အတ္တတွေက ဖုံးလွှမ်းနေတာကိုး.....

အတ္တရဲ့ စေ့ဆော်မှုအရပဲ ဆုံးဖြတ်တယ်....
ဆုံးဖြတ်တဲ့အတိုင်းပဲ ချေဖျက်ပစ်ကြတယ်...
အမှားတွေကိုလည်း ဆက်ကာဆက်ကာ ဖက်တွယ်ထားတယ်...။

အပင်နဲ့ သာမာန်သက်ရှိတွေက ၀န်းကျင်ရဲ့ လက်မခံနိုင်မှုကို သိတဲ့ အခါ သူတို့ရဲ့ ဇီဝကို စွန့်လွှတ်ကြတယ်... တစ်နည်းအားဖြင့် အသက်ကို စွန့်လွှတ်ကြတယ်ပေါ့....။

ဒါပေမဲ့ လူဆိုတဲ့ သက်ရှိကတော့ ၀န်းကျင်က လက်မခံတဲ့အခါ အဲဒီဝန်းကျင်ကို ဖျက်ဆီးပစ်ကြတဲ့အပြင် ဆက်လက်ရှင်သန်လို့မရနိုင်ခဲ့လျှင်လည်း အခြား နေရာသစ်တစ်ခုကို ရှာဖွေကြတယ်...၊ ၀န်းကျင်အသစ်တစ်ခုကို ထူထောင်ကြတယ်...။

လူတွေအတွက် ဂေဟ စနစ်ဆိုတာ သီးခြားဖြစ်ပေါ်နေခဲ့တာလို့တောင် ဆိုရမလားပဲ။

ဒီတော့ လူတွေနေတဲ့ ၀န်းကျင်ရယ်..... လူတွေကျင်လည်တဲ့ ၀န်းကျင်ရယ်.... လူ့အတ္တတွေရဲ့ ဇာတိမြေကတော့ ဂေဟစနစ်နဲ့ ထိန်းကျောင်းနိုင်ဖို့ အင်မတန် ခက်ခဲလှပါတယ်...။

အပင်နဲ့ သာမာန် သက်ရှိတွေတည်ဆောက်ထားတဲ့ ဂေဟ ၀န်းကျင်ဆိုတာကတော့ လူတွေရဲ့ ရှင်သန်ခြင်း ၀န်းကျင်တစ်ခုမှာ အထောက်အကူ ပစ္စည်းလေးတွေ ဖြစ်သွားတဲ့အပြင် မကြာခဏ ချေဖျက်ခံရသလို... မကြာခဏလည်း ပြုစု ပျိုးထောင်ခြင်းကို ခံနေရမှာပဲ......။

လူတွေက ဒီလို ဂေဟ စနစ်ကို ထူထောင်တယ်ဆိုတော့.....

စဉ်းစားကြည့်မိတယ်... လူတွေပဲ လုပ်လို့ရတဲ့ နိုင်ငံရေးလုပ်ငန်းတွေထဲမှာလည်း သဘာဝကျတဲ့ ဂေဟ စနစ်တွေ ဖျက်ဆီးခံလိုက်... ပျိုးထောင်ခံလိုက်နဲ့....

အင်း..... လူအချင်းချင်းကိုတော့ အပင်နဲ့ သာမာန် သက်ရှိတွေလို အထောက်အကူပစ္စည်းအဖြစ် အသုံးချခဲ့တယ်...၊ အသုံးချနေတယ်၊ အသုံးချနေဦးမယ် ဆိုတော့......

တကယ်တော့ နိုင်ငံရေးမှာလည်း ဂေဟ စနစ်တစ်ခုရှိနေခဲ့လျှင် ဒါကို ``Political  Ecology ´´ လို့ အမည်ပေးရမယ် ထင်ပါတယ်....။

(ကွန်ဆူးမား) (၂၈-၆-၂၀၁၃)

ဂေဟစနစ်အရ အပင်နဲ့ သက်ရှိတွေဟာ အတူယှဉ်တွဲပြီး ၀န်းကျင်တစ်ခုကို ထူထောင်ကြတယ်....၊
အချင်းချင်းလည်း အကျိုးပြုတယ်... အချင်းချင်းတွဲယှဉ်ရင်း အချင်းချင်းလည်း တွန်းကန် တတ်ကြတယ်.....။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၆)

သစ်ထူးလွင်



ဟင်းပေါင်းနဲ့ကျောင်း

Cloud Cuckoo Land shared ကိုသောင်း ပုလဲမြေ's photo.







Friday, 28 June 2013 Written by MSS
မောက္ခ
ထမင်းစားကျောင်းဆင်းချိန် ခေါင်းလောင်သံထိုးလိုက်သည်နှင့် တစ်ပြိုင်နက် လွယ်အိတ်အတွင်းမှ ပန်းကန်ပြား၊ ချိုင့်စသည်တို့ကိုထုတ်ယူပြီး မူကြိုမှ စတုတ္ထတန်းအထိ အတန်းလိုက်အလှည့်ကျ ဟင်းပေါင်းခွဲဝေပေးရာနေရာသို့ ကလေးများသွားရောက်တန်းစီနေသည်။

`` Ecology..... (သို့မဟုတ်) ဂေဟ ဗေဒ ´´


`` Ecology.....  (သို့မဟုတ်)  ဂေဟ ဗေဒ ´´

Ecology (ဂေဟဗေဒ) ဆိုတာဘာလဲ ?

Ecology ဆိုသည့် စကားလုံးမှာ ဂရိဘာသာစကား (Oitos)(Household) မှဆင်းသက်လာသည်။ Ecology ဆိုသည်မှာ အပင်နှင့် သက်ရှိတို့၏ ဆက်သွယ်မှု၊ အကျိုးပြုမှု ဂေဟစနစ် (Ecosystem) နှင့် ၎င်းတို့၏  Phycical ဆိုင်ရာနှင့် Biology ဆိုင်ရာ ၀န်းကျင်ကို လေ့လာခြင်းဖြစ်သည်။ 

ရုပ်ပိုင်းဆိုင်ရာ ၀န်းကျင်တွင် အလင်း၊ အပူ၊ (သို့မဟုတ်)  နေရောင်၊ ရေခိုးရေငွေ့၊  လေ၊ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မြေဆီလွှာ အဟာရ၊ ရေ နှင့် လေထုတို့ပါဝင်သည်။ ဇီဝ ဆိုင်ရာဝန်းကျင်တွင် အပင်နှင့် တိရိစ္ဆာန် နှင့် သက်ရှိအားလုံးတို့ပါဝင်သည်။

ဂျာမန် ဇီဝဗေဒ ပညာရှင် ``Ernst Haeckel´´ ဆိုသူက ၁၈၆၆ ခုနှစ်တွင် ထုတ်ဝေသော ၎င်း၏ `` Generelle Morpologie Der Organismen ´´ စာအုပ်တွင် ဂေဟဗေဒ ဆိုသည့် သက်ရှိများနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်ကြား အပြန် အလှန်ဆက်စပ်နေမှုနှင့် အကျိုးပြုနေမှု ဂေဟစနစ် (EcoSystem) ကို စတင်မိတ်ဆက်ပေးခဲ့သည်။

ခေတ်သစ် ဂေဟဗေဒသည် ဒါဝင် ( Charles Darwin) ၏ ဆင့်ကဲဖြစ်စဉ် (evolution) မှ စတင်ခဲ့သည်။  ယင်းသီအိုရီတွင် သက်ရှိများနှင့် ၎င်းတို့၏ပတ်ဝန်းကျင်ကြား ဂေဟစနစ် (Ecosystem) တွင် လိုက်လျောညီထွေရှိအောင် ပြောင်းလဲကြပြီး ထိုပတ်ဝန်းကျင်တွင် အပြန်အလှန်အမှီသဟဲပြု၍ အတူတကွ အသက်ရှင်နေထိုင် သည်ဟု ဆိုသည်။

Ref: encarta 2009 & http://en.wikipedia.org/wiki/Ecology


ဂေဟဗေဒ စနစ် (Ecosystem) ဆိုတာဘာလဲ?

ဂေဟဗေဒ စနစ်ဆိုသည်မှာ သက်ရှိများနှင့် ၎င်းတို့၏ပတ်ဝန်းကျင်ကြား အပြန်အလှန် အမှီသဟဲပြု ဆက်စပ်နေ သည့် စနစ်တစ်ခုဖြစ်သည်။ ထိုစနစ်ကိုလေ့လာသောဘာသာရပ်ကို ဂေဟဗေဒ (Ecology) ဟုခေါ်သည်။ အင်တာနက် ၀က်ဆိုဒ် (Wikipedia) တွင်လည်း ဂေဟဗေဒစနစ်ကို ၀န်းကျင်တစ်ခု၏ ဓာတု နှင့် ဇီဝ ဆိုင်ရာ ပါဝင်မှုများကို စုပေါင်းထားခြင်းဖြစ်သည်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။ဂေဟဗေဒစနစ်တွင် နယ်နိမိတ် အကန့်အသတ်မရှိပေ။ ၎င်းသည် သမုဒ္ဒရာကြီးတစ်ခုမျှ ကြီးမားနိုင်ပြီး၊ ရေစက်လေး တစ်စက်လောက်လည်းသေးငယ်နိုင်သည်။ ဥပမာ စမ်းချောင်းလေးတစ်ခုသည် သစ်တော အုပ်လေး အတွင်းဖြတ်သန်းစီးဆင်းသည်ဆိုပါစို့။ ထိုသစ်တောသည် စမ်းချောင်းလေးကို အမှီပြုနေသကဲ့သို ထိုစမ်းချောင်းလေးသည်လည်း ထိုသစ်တောလေးကို အမှီပြုနေထိုင်ခြင်းဖြစ်သည်။ စမ်းချောင်းလေးမရှိလျှင် ထိုသစ်တောလည်းမရှိနိုင်ပေ။ ထိုသစ်တောလေး မရှိလျှင်လည်း စမ်းချောင်းလေး ခန်းခြောက်မည်သာ ဖြစ်သည်။

ကမ္ဘာမြေကြီးတွင် ထိုကဲ့သို့ အပြန်အလှန် အမှီသဟဲပြုမှုများ မရေတွက်နိုင်အောင်ရှိနေသည်။ ထိုဂေဟဗေဒ စနစ်ကြီးထဲမှ တစ်ခုခုချိုးယွင်းသွားပါက အခြားအရာများလည်း လိုက်လံပြောင်းလဲမည်သာဖြစ်သည်။ ကမ္ဘာကြီး ကိုယ်တိုင်လည်း ဂေဟဗေဒစနစ်တွင် ပါဝင်သည်။

Ref;  Greenbox
greenbox20100@gmail.com
Ecology (ဂေဟဗေဒ) ဆိုတာဘာလဲ ?

Ecology ဆိုသည့် စကားလုံးမှာ ဂရိဘာသာစကား (Oitos)(Household) မှဆင်းသက်လာသည်။ Ecology ဆိုသည်မှာ အပင်နှင့် သက်ရှိတို့၏ ဆက်သွယ်မှု၊ အကျိုးပြုမှု ဂေဟစနစ် (Ecosystem) နှင့် ၎င်းတို့၏ Phycical ဆိုင်ရာနှင့် Biology ဆိုင်ရာ ၀န်းကျင်ကို လေ့လာခြင်းဖြစ်သည်။

ဒီမိုကရေစီ အသိနှင့်အရှိ

သစ္စာနီ | တနင်္လာနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၃ ခုနှစ် ၀၇ နာရီ ၅၃ မိနစ်

၁၉၆၂ ကစ၍ ကျွန်တော်တို့နိုင်ငံတွင် ဒီမိုကရေစီစနစ် တစ်ခန်းရပ်ခဲ့သည်။ ဗဟိုဦးစီးချုပ်ကိုင်မှု (TOTALITAR IANISM) အနှစ် ငါးဆယ်နီးပါး လွှမ်းမိုးခဲ့သည်။ အခုတော့ သမိုင်းဘီးတစ်ပတ်လည်ကာ၊ ဒီမိုကရေစီစနစ်ပြန်လည် အသက်ဝင် လာသည်။ ၈၈ အရေးတော်ပုန်မှာ လူထုအုံကြွမှုမှ ထွက်ပေါ်လာသော အသီးအပွင့်ဖြစ်သဖြင့် တန်ဖိုးထားကြရမည်။ တန်ဖိုးထားဖို့ ဆိုသည်မှာ တန်ဖိုးရှိကြောင်းသိမှ ဖြစ်နိုင်သောအရာ ဖြစ်သည်။

Caroon-2ဒီမိုကရေစီမှာ ဘာတန်ဖိုးတွေ ရှိသနည်း။ မကြာခင်က လျှပ်စစ်မီးပျက်မှုကို ဖယောင်းတိုင်ထွန်း၍ ဆန္ဒပြကြရာတွင်၊ ဆန္ဒပြသူတစ်ဦး ကိုင်ဆောင်ထားသည့်စာတန်းကို သတိထားမိ၏။ ''ဒီမိုကရေစီ နောက်မှပေးပါ၊ လျှပ်စစ်မီး အရင်ပေးပါ'' တဲ့။ တောင်ကိုးရီးယားသမ္မတ လာရောက်စဉ် က ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ဆုံခိုက်ပြောသွားသော စကားတစ်ခွန်းကို ကျွန် တော် အမှတ်ရနေ သည်။ ''ဒီမိုကရေစီကို ဘာနဲ့မှမလဲပါနဲ့'' တဲ့။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၆)

သစ်ထူးလွင်



“ အိမ်ပြန် ငါး… ”

by Kyar Phyu Nwe (Notes) on Thursday, June 27, 2013 at 1:21pm

“ အိရာရှိင်းအိမတ်ဆဲ … ”
“ ဒိုးဇို……. ”
ဆူရှီဆိုင် မှန်တံခါး ကို ဆွဲဖွင့် လို က်ရင်ပဲ ကြိုဆိုနုတ်ဆက်သံတွေက စီခနဲ ထွက်လာပါသည်။
ရောက်ခါစက ဆိုင်ထဲဝင်တိုင်း ဒီလိုနုတ်ဆက်သံတွေတချိန်လုံး ဆူညံနေတာသီတာ့နားထဲ အထူးအဆန်းဖြစ်နေ မိပေမယ့် နှစ်ပတ်တာအတွင်း တော်တော်လေး ကျင့်သားရသွားပါပြီ။

အိမ်ထောင်ရှင်မ ဖြစ်တော့မည့် ၀ိသာခါကို သူ့မိဘများ မှာကြားလိုက်သော စကား(၁၀)ခွန်း

Min Sithu and Nyi Nyi Naing shared Myanma Light's photo.

28/6/2013

(၁) အိမ်တွင်းမီး အပြင်မထုတ်ရ
(၂) အိမ်ပြင်မီး အတွင်းမသွင်းရ
(၃) ပြန်ပေးမည့်သူကိုသာပေး။
(၄) ပြန် မပေးမဲ့သူကို မပေးနဲ့။

မြှားဆိပ်ကိုသာ ဖြေပေးကြပါ



ဆရာနဲ့ဒကာညီကြမှ ဆိုတဲ့စကားမှာ ဆရာဆိုတာဟာ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များကို ရည်ရွယ် တာဖြစ်ပြီး ဒကာဆိုတာ ဗုဒ္ဓဘာသာဝင် နိုင့်ငံထိပ်ပိုင်းအရာရှိများ၊ အစိုးရနဲ့အစိုးရအဖွဲ့ဝင်များ၊ နိုင် ငံ့ခေါင်းဆောင် များ၊ အတိုက်အခံအဖွဲ့အစည်းများနှင့်တကွ အောက်ခြေပြည်သူလူထုအားလုံး ပူးပေါင်း ပါဝင်မှုကို ရည်ရွယ်တာဖြစ်ပါတယ်။

Thursday, June 27, 2013

"တက္ကသိုလ်နောက်ခံ ဗယာကြော်ဇာတ်လမ်း" (မင်းလူ)


ကျောင်းတက်ခါစ တစ်ယောက်တည်း အဖော်မဲ့နေစဉ်မှာ သူနှင့်စတင်တွေ့ဆုံ သိကျွမ်းရခြင်း ဖြစ်၏။
ကျွန်တော်တို့ကျောင်းမှ ဆယ်တန်းအောင်သူအနည်းငယ်တွင် တခြားတက္ကသိုလ်ရောက်သူရောက် ၊ လုပ်သားကောလိပ်တက်သူ တက်ကြသောကြောင့် ၀ိဇ္ဇာသိပ္ပံမှာ အနည်းငယ်ထက်နည်းသော အရေအတွက်သာရှိသည်။

"ဒတ္ထတို့တိုင်းပြည်”

by Soe Min (Notes) on Thursday, June 27, 2013 at 1:56pm

          အံ့သြကုန်နိုင်ဖွယ်။ ကဲ မယုံချင်နေ။ ဆိုတဲ့ ထူးဆန်းထွေလာ ပြည်မြန်မာက အံဖွယ်သုတတွေ ထဲမှာ လောလောလတ်လတ် ပူပူနွေးနွေးအရှိဆုံး သတင်းထူးကြီးကတော့ ဆက်သွယ်ရေးဝန်ကြီးဌာနက တင်ဒါခေါ်ယူတာကို ပြည်ထောင်စုလွှတ်တော်ပေါ်အထိ အဆိုတင်သွင်းဆွေးနွေး ဆုံးဖြတ်ယူရတဲ့ ကိစ္စကြီးပါ။ တညိုးကြီးတော့ တညိုးကြီးပေါ့နော်။ ရှေးကဆိုရင် ရှင်ဘုရင်တန်မဲ့နဲ့ မူး၊ ပဲ၊ မတ်၊ ကျပ် ငွေကဲခတ်တဲ့အလုပ်များ ၀င်ပါမိရင်တောင် ပွဲစားကြီးက ပွဲကတော်ကြီးက နဲ့ မင်းမိဖုရား နှစ်ပါးစလုံး ဦးပေါ်ဦးငေါ့သမျှကို အောင့်သက်သက် ခံခဲ့ရဖူးသတဲ့။ သမုတိနွယ် မင်းဧကရာဇ်တို့မည်သည် ဒီလိုအသေးအဖွဲမျိုး သိရိုးထုံးစံ မရှိဘူးတဲ့။ အောက်က လူတွေကသာ စီမံရရိုးမို့လို့ ကိုယ့်အရာနဲ့ ကိုယ်နေရတယ် လို့ ရှင်ဘုရင် အမုန်းခံ ဆုံးမရတဲ့ ပညာရှိစကား မှတ်သားဖတ်ကြားဖူးတာပါ။

ယဉ်ကျေးမူ (Culture) မိတ်ဆက်



ယဉ်ကျေးမူ (Culture) လေ့လာတယ်ဆိုတာ အရေးကြီး ပါတယ်။ နိုင်ငံရေးသိပ္ဗံ (Political Science)၊ လူမူဗေဒ (Sociology)၊ မနုဿဗေဒ (Anthropology)၊ ဒဿနိက (Philosophy)၊ စိတ်ပညာ (Psychology)၊ စီးပွားရေး (Business) စတဲ့ပညာရပ်တွေ လေ့လာတဲ့အခါ ယဉ်ကျေးမူ (Culture) ကိုဗဟိုပြုလေ့လာကြရတယ်။