Saturday, June 29, 2013

`` လူနှင့် နိုင်ငံရေးဆိုင်ရာ ဂေဟဗေဒ အတွေးလေးများ ....´´

ဂေဟစနစ်အရ အပင်နဲ့ သက်ရှိတွေဟာ အတူယှဉ်တွဲပြီး ၀န်းကျင်တစ်ခုကို ထူထောင်ကြတယ်....၊ 

အချင်းချင်းလည်း အကျိုးပြုတယ်... အချင်းချင်းတွဲယှဉ်ရင်း အချင်းချင်းလည်း တွန်းကန်တတ်ကြတယ်.....။

တွန်းကန်တယ်ဆိုတာက သူတို့ဖန်တီးထားတဲ့ ၀န်းကျင်ထဲမှာ မလိုအပ်တာတွေကို ဖယ်ပစ်တဲ့သဘောပေါ့... သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်....၊

အဲဒါက သာမာန် အပင်နဲ့ သက်ရှိတွေကိုပဲ ဆိုလိုတာပါ..... 

လူဆိုတဲ့ သက်ရှိကတော့ စဉ်းစားတွေးခေါ်တတ်တဲ့အပြင် သင်ယူမှတ်သားတတ်ပြီး ဝေဖန်ပိုင်းခြားတတ်တယ်၊ အမြဲတမ်း ဆန်းသစ်နေတတ်တဲ့ အတွက် သူတို့ဝန်းကျင်ထက် သူတို့ရဲ့ အတ္တတွေကို ပိုပြီး အကျိုးပြုတတ်ကြတယ်...´´

အဲဒီတော့.... သူတို့အတွက် အကျိုးပြုတာ၊ မပြုတာကို အပင်နဲ့ သတ္တ၀ါတွေလို သဘာဝကျကျ မသိတော့ဘူး... အတ္တတွေက ဖုံးလွှမ်းနေတာကိုး.....

အတ္တရဲ့ စေ့ဆော်မှုအရပဲ ဆုံးဖြတ်တယ်....
ဆုံးဖြတ်တဲ့အတိုင်းပဲ ချေဖျက်ပစ်ကြတယ်...
အမှားတွေကိုလည်း ဆက်ကာဆက်ကာ ဖက်တွယ်ထားတယ်...။

အပင်နဲ့ သာမာန်သက်ရှိတွေက ၀န်းကျင်ရဲ့ လက်မခံနိုင်မှုကို သိတဲ့ အခါ သူတို့ရဲ့ ဇီဝကို စွန့်လွှတ်ကြတယ်... တစ်နည်းအားဖြင့် အသက်ကို စွန့်လွှတ်ကြတယ်ပေါ့....။

ဒါပေမဲ့ လူဆိုတဲ့ သက်ရှိကတော့ ၀န်းကျင်က လက်မခံတဲ့အခါ အဲဒီဝန်းကျင်ကို ဖျက်ဆီးပစ်ကြတဲ့အပြင် ဆက်လက်ရှင်သန်လို့မရနိုင်ခဲ့လျှင်လည်း အခြား နေရာသစ်တစ်ခုကို ရှာဖွေကြတယ်...၊ ၀န်းကျင်အသစ်တစ်ခုကို ထူထောင်ကြတယ်...။

လူတွေအတွက် ဂေဟ စနစ်ဆိုတာ သီးခြားဖြစ်ပေါ်နေခဲ့တာလို့တောင် ဆိုရမလားပဲ။

ဒီတော့ လူတွေနေတဲ့ ၀န်းကျင်ရယ်..... လူတွေကျင်လည်တဲ့ ၀န်းကျင်ရယ်.... လူ့အတ္တတွေရဲ့ ဇာတိမြေကတော့ ဂေဟစနစ်နဲ့ ထိန်းကျောင်းနိုင်ဖို့ အင်မတန် ခက်ခဲလှပါတယ်...။

အပင်နဲ့ သာမာန် သက်ရှိတွေတည်ဆောက်ထားတဲ့ ဂေဟ ၀န်းကျင်ဆိုတာကတော့ လူတွေရဲ့ ရှင်သန်ခြင်း ၀န်းကျင်တစ်ခုမှာ အထောက်အကူ ပစ္စည်းလေးတွေ ဖြစ်သွားတဲ့အပြင် မကြာခဏ ချေဖျက်ခံရသလို... မကြာခဏလည်း ပြုစု ပျိုးထောင်ခြင်းကို ခံနေရမှာပဲ......။

လူတွေက ဒီလို ဂေဟ စနစ်ကို ထူထောင်တယ်ဆိုတော့.....

စဉ်းစားကြည့်မိတယ်... လူတွေပဲ လုပ်လို့ရတဲ့ နိုင်ငံရေးလုပ်ငန်းတွေထဲမှာလည်း သဘာဝကျတဲ့ ဂေဟ စနစ်တွေ ဖျက်ဆီးခံလိုက်... ပျိုးထောင်ခံလိုက်နဲ့....

အင်း..... လူအချင်းချင်းကိုတော့ အပင်နဲ့ သာမာန် သက်ရှိတွေလို အထောက်အကူပစ္စည်းအဖြစ် အသုံးချခဲ့တယ်...၊ အသုံးချနေတယ်၊ အသုံးချနေဦးမယ် ဆိုတော့......

တကယ်တော့ နိုင်ငံရေးမှာလည်း ဂေဟ စနစ်တစ်ခုရှိနေခဲ့လျှင် ဒါကို ``Political  Ecology ´´ လို့ အမည်ပေးရမယ် ထင်ပါတယ်....။

(ကွန်ဆူးမား) (၂၈-၆-၂၀၁၃)

ဂေဟစနစ်အရ အပင်နဲ့ သက်ရှိတွေဟာ အတူယှဉ်တွဲပြီး ၀န်းကျင်တစ်ခုကို ထူထောင်ကြတယ်....၊
အချင်းချင်းလည်း အကျိုးပြုတယ်... အချင်းချင်းတွဲယှဉ်ရင်း အချင်းချင်းလည်း တွန်းကန် တတ်ကြတယ်.....။

No comments:

Post a Comment