Friday, April 19, 2013

မသင်္ကာဖွယ် လူကို ဘော်စတွန်ရဲက မိပြီ နှင့် ဆက်စပ်သတင်းများ စုစည်းမှု

Myanmar Journal's photo.Photo: မသင်္ကာဖွယ် လူကို ဘော်စတွန်ရဲက မိပြီ
..................................................
အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့ ဝါးတားတောင်း တဝိုက်မှာ လွန်ခဲ့တဲ့ နာရီပိုင်းတွင်း သေနတ် ပစ်ခတ်သံတွေ ကြားခဲ့ရပြီး ရဲက သူတို့ ရှာဖွေနေတဲ့ သံသယ ရှိသူကို အသက်မသေပဲ ဖမ်းမိနိုင်တယ်လို့ ဘော်စတွန်ရဲအဖွဲ့ကပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဘော်စတွန် မာရသွန် ဗုံးခွဲမှုနဲ့ ပတ်သက်လို့ မသင်္ကာဖွယ်လူဟာ ချက်ချင်ညာ လူမျိုး အသက် ၁၉ နှစ်အရွယ် Dzhokhar Tsarnaev ဖြစ်ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ
မြို့ရဲ့ နေရာ တော်တော်များမှာ ထောင်နဲ့ချီတဲ့ လက်နက်ကိုင် ရဲအများအပြားက အိမ်တွေမှာ ဝင်ရောက် ရှာဖွေ နေတဲ့ အတွက် လူတွေကို အဆောက်အဦထဲမှာဘဲ နေကြဖို့ စောစောပိုင်းက အမိန့်ထုတ် ထားပါတယ်။

အခုဖမ်းမိသူဟာ ကြာသပတေးနေ့က ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်လို့ အကို ဖြစ်သူ သေဆုံး သွားခဲ့ ပြီးတဲ့နောက် ခြေကျင် ထွက်ပြေး လွတ်မြောက် သွားတာ ဖြစ်တယ်လို့ ရဲက အတည်ပြု ပြောပါတယ်။

ဖမ်းမိတဲ့နေရာမှာ လူတွေဝမ်းသာစွာအော်ဟစ်နေကြပြီး ညဦးပိုင်းကတော့ ပစ်ခတ်သံတွေကြောင့် လူတွေလုံခြုံစိတ်ချရတဲ့နေရာမှာ ပုန်းအောင်းနေရပါတယ်။

အခုပစ်ခတ်မှုအတွက် ဝမ်းနည်းကြောင်း ရုရှားသမ္မတပူတင်က အမေရိကန်သမ္မတ အိုဘားမားကို ဖုန်းနဲ့ပြောခဲ့ပါတယ်။ ချက်ချင်ညာလူမျိုးနှစ်ယောက်နဲ့ပတ်သက်လို့ ရုရှားထောက်လှမ်းရေးက ကူညီတဲ့အပေါ်သမ္မတအိုဘားမားက က ကျေးဇူးတင်ကြောင်းပြန်ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဘော်စတွန် မာရသွန်မှာ ဗုံးနှစ်လုံးပေါက်ကွဲပြီး လူသုံးယောက်သေဆုံးကာ ၁၇၀ကျော်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

မသင်္ကာဖွယ်လို့ ယူဆရတဲ့ Dzhokhar Tsarnaev
Source : BBC

http://edition.cnn.com/video/?/video/us/2013/04/19/vo-suspect-perp-walk.cnn#/video/us/2013/04/20/orig-boston-bomb-3-minutes.cnn

                                  မသင်္ကာဖွယ်လို့ ယူဆရတဲ့ Dzhokhar Tsarnaev
အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့ ဝါးတားတောင်း တဝိုက်မှာ လွန်ခဲ့တဲ့ နာရီပိုင်းတွင်း သေနတ် ပစ်ခတ်သံတွေ ကြားခဲ့ရပြီး ရဲက သူတို့ ရှာဖွေနေတဲ့ သံသယ ရှိသူကို အသက်မသေပဲ ဖမ်းမိနိုင်တယ် လို့ ဘော်စတွန်ရဲအဖွဲ့ကပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဘော်စတွန် မာရသွန် ဗုံးခွဲမှုနဲ့ ပတ်သက်လို့ မသင်္ကာဖွယ်လူဟာ ချက်ချင်ညာ လူမျိုး အသက် ၁၉ နှစ်အရွယ် Dzhokhar Tsarnaev ဖြစ်ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ
မြို့ရဲ့ နေရာ တော်တော်များမှာ ထောင်နဲ့ချီတဲ့ လက်နက်ကိုင် ရဲအများအပြားက အိမ်တွေမှာ ဝင်ရောက် ရှာဖွေ နေတဲ့ အတွက် လူတွေကို အဆောက်အဦထဲမှာဘဲ နေကြဖို့ စောစောပိုင်းက အမိန့်ထုတ် ထားပါတယ်။

အခုဖမ်းမိသူဟာ ကြာသပတေးနေ့က ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်လို့ အကို ဖြစ်သူ သေဆုံး သွားခဲ့ ပြီးတဲ့နောက် ခြေကျင် ထွက်ပြေး လွတ်မြောက် သွားတာ ဖြစ်တယ်လို့ ရဲက အတည်ပြု ပြောပါတယ်။

ဖမ်းမိတဲ့နေရာမှာ လူတွေဝမ်းသာစွာအော်ဟစ်နေကြပြီး ညဦးပိုင်းကတော့ ပစ်ခတ်သံတွေကြောင့် လူတွေလုံခြုံစိတ်ချရတဲ့နေရာမှာ ပုန်းအောင်းနေရပါတယ်။

အခုပစ်ခတ်မှုအတွက် ဝမ်းနည်းကြောင်း ရုရှားသမ္မတပူတင်က အမေရိကန်သမ္မတ အိုဘားမားကို ဖုန်းနဲ့ပြောခဲ့ပါတယ်။ ချက်ချင်ညာလူမျိုးနှစ်ယောက်နဲ့ပတ်သက်လို့ ရုရှားထောက်လှမ်းရေးက ကူညီတဲ့အပေါ်သမ္မတအိုဘားမားက က ကျေးဇူးတင်ကြောင်းပြန်ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဘော်စတွန် မာရသွန်မှာ ဗုံးနှစ်လုံးပေါက်ကွဲပြီး လူသုံးယောက်သေဆုံးကာ ၁၇၀ကျော်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

Source : BBC

http://edition.cnn.com/video/?%2Fvideo%2Fus%2F2013%2F04%2F19%2Fvo-suspect-perp-walk.cnn#/video/us/2013/04/20/orig-boston-bomb-3-minutes.cnn
2
Win Htun shared Burma-Newselite's photo.
ဗုံးဖောက်မှုမှာ ပါဝင်ခဲ့သူတွေရဲ့ ဦးလေးက အခုဘဲ သတင်းမီဒီယာကို သူ့အိမ်ရှေ့မှာ ထွက်ပြီး စကားပြောပါတယ်။
သူ့အကိုရဲ့ သား ၂ ယောက်ဖြစ်တဲ့ တူတွေရဲ့ အခုလို လုပ်ရပ်အတွက် အလွန်အမင်းရှက်မိကြောင်း၊ လွတ်နေဆဲ တူဖြစ်သူကို အဖမ်းခံဖို့၊ သေဆုံးဒဏ်ရာရသူတွေရဲ့ ခွင့်လွှတ်မှုကို တောင်းခံဖို့ ပြောပါတယ်။

 ဒီတူ ၂ ယောက်ရဲ့ လုပ်ရပ်ဟာ မိသားစုတစုလုံး၊ ချက်ချေးညာလူမျိုးတခုလုံးကို အရှက်ရစေကြောင်း၊ အခုဆိုရင် လူတွေက ချက်ချေးညာနာမယ်ကို ဒီကိစ္စမှာ အမြဲထဲ့ပြောတာမှာ ဖြစ်ကြောင်း၊ ဒီကိစ္စကို မူဆလင်ဘာသာအပေါ်ပုံချမယ်ဆိုရင်တော့ မှားယွင်းကြောင်း၊ ဒီ ၂ယောက်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်လို ထင်ပါသလဲလို့ မေးရာမှာတော့ - သူတို့ဟာ မအောင်မြင်တဲ့သူတွေ ကျရှုံးတဲ့သူတွေဖြစ်တဲ့အတွက် အမုန်းတရားတွေ ဖြစ်ပေါ်လာတယ်လို့ ထင်ကြောင်းပြောပါတယ်။

အမေ၇ိကန်နိုင်ငံကို ၂၀၀၃ ခုနှစ်ကတည်းကနေ ပြောင်းရွှေ့နေထိုင်ကြတယ် လို့ ဆိုပါတယ်။ 
အမေရိကန်နိုင်ငံကို ဘယ်လို မြင်ပါသလဲလို့ မေးတော့- ဒီနိုင်ငံဟာ စံပြနိုင်ငံဖြစ်တယ်။ ဒီနိုင်ငံကို သူချစ်တယ်။ ဒီနိုင်ငံဟာ လူတယောက်ကို လူလိုဆက်ဆံတဲ့ နိုင်ငံဖြစ်တယ်၊ လူလိုနေနိုင်တဲ့ နိုင်ငံလို့ ပြောပါတယ်။ 

တကယ်လို့များ သူကသာ ဒီလုပ်ရပ်အတွက် ရိပ်စားမိခဲ့ရင် သူကိုယ်တိုင် တူ ၂ ယောက်ကို ဖမ်းပြီး အာဏာပိုင်လက်ထဲ အပ်မှာပဲလို့ ပြောပါတယ်။ ဒီ ၂ယောက်ရဲ့ လုပ်ရပ်ဟာ အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်တယ်။ သူ့အနေနဲ့ သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို သွားတွေ့မှာဖြစ်ပြီး သူတို့ရှေ့မှောက် ဒူးထောက်ပြီး ခွင့်လွှတ်ပါစေကြောင်း မိသားစုကိုယ်စားတောင်းပန်မယ်လို့လည်း ဦးလေးဖြစ်သူက ပြောပါတယ်။ 
ဗုံးဖောက်ခွဲသူတွေရဲ့ ဖခင်ကတော့ ရုရှကို ပြန်နေတယ်လို့ ပြောပါတယ်။ ဒီ ၂ယောက်ဟာ အစွန်းရောက်တွေရဲ့ သွေးဆွယ်စည်းရုံးမှုခံခဲ့ရဖွယ်ရှိတယ်လို့ သူကခန့်မှန်းပါတယ်။
z
ကိုးကား- တီဗီသတင်းများ

Myint Sein and Min Aung Khine shared Äħ Ṗḥṻ's photo.
အပြေးပြိုင်ပွဲဝင်နေတဲ့ကျုပ်ချစ်သူကိုအားပေးဖို့ မက်ဆာချူးဆက်ကနေ
ဘော်စတွန်ကိုလာခဲ့တယ်၊၊ လူတွေ အုန်းအုန်းကျက်ကျက်ဖြစ်နေတုန်း
လူတစ်ယောက် အထုပ်တစ်ထုပ် ကျုပ်ခြေထောက်နားလာချသွားတယ်
သေချာမှတ်မိလိုက်ပါတယ် သူ့မျက်လုံးနဲ့တည့်တည့်ကိုစိုက်ကြည့်မိတာ

”၀ုန်း”

ကိုယ့်ခါးအောက်ပိုင်းတစ်ခုလုံး လေဟာနယ် ထဲရောက်သွားတယ် 
အဆုံးအစမရှိတဲ့လေဟာနယ်ပါ... ခြေနှစ်ဖက်စလုံးဆုံးရှုံးသွားတယ်လေ
သို့သော်ကျုပ် သတိမလစ်ပါ သွေးပျက်ပြီးကြောက်တတ်ရင်အသက်ပါ
သေသွားနိုင်လောက်တဲ့ ဒဏ်ရာပါပဲ.. တရားဥပဒေစိုးမိုးရေးအတွက်၊
အပြစ်ရှိသူကိုဖော်ထုတ်နိုင်ရေးအတွက် ကျုပ် သေသွားလို့မဖြစ်သေးဘူး
FBI ကိုကျနော်မြင်ခဲ့တဲ့မျက်လုံးတစ်စုံ ဖောက်သည်ချခဲ့လို့ အပြစ်ကျူး
လွန်ခဲ့တဲ့ တရားခံကို မကြာမှီပဲရှာတွေ့ခဲ့တယ်လေ.. ယုန်ထင်ကြောင်
တင်နဲ့ ပြီးတာတွေလည်းပြီးပါစေ ဆိုတဲ့ မူသုံးခဲ့ရင်ကျနော်သေလိုက်တာ
ပိုကောင်းတာပေါ့နော်၊ ပြီးတာတွေလည်းတကယ်ပြီးခဲ့ပြီကို၊၊ နည်းနည်း
ကြာရင်မေ့သွားတတ်ကြတာ လူ့ဓမ္မတာ၊ ခြေထောက်ပြတ်တဲ့သူတော့
ဘယ်မေ့လို့ရပါ့မလဲ၊၊ 

ကိုယ်ကဒုစရိုက်သမားဖော်ထုတ်ရာမှာ ပါဝင်ကူညီပေးခဲ့သလိုပဲ လူသား
ချင်းစာနာတတ်တဲ့ လူသားတွေကလည်း ကျနော့်အတွက် ခြေတုတပ်ဖို့
လိုငွေ $ 300,000 ကို အွန်လိုင်းကတဆင့် ဆော်သြ ဗုတ်ပေးနေကြပြီ
ကျန်နော့်အလုပ်ထဲက သူငယ်ချင်းများကလည်း ချော့ကလက်ရောင်း
ပြီး ရေခဲမုန့်ရောင်းပြီး အလှူငွေရှာပေးနေကြတယ်လေ.. လူလူချင်းပါပဲ
ဗုံးခွဲတဲ့သူတွေရှိသလို လူလူချင်းပါပဲ...လူသားချင်းစာနာတဲ့ လူတွေလည်း
အများကြီးရှိနေသေးလို့ကျုပ်ကျေနပ်ပါတယ်၊၊ ကျုပ်အားနည်းချက်က
မက်ဆာချူးဆက်မှာနေရက်သားနဲ့ medical insurance မလုပ်ထားမိ
တဲ့သူပါ၊၊ အားနည်းချက်ကိုဖော်ထုတ်ပြီး အရည်မရအဖတ်မရအွန်လိုင်းမှာ 
ရန်ဖြစ်နေကြတဲ့ လူတွေရှိသလို၊ အားနည်းချက်ကိုဖေးမပြီး လိုအပ်ချက်
အတွက် အွန်လိုင်း ကိုအကျိုးရှိစွာအသုံးချ ပိုက်ဆံရှာပေးနေတဲ့ လူသား
တွေကိုကျုပ် လေးစားပါတယ်၊၊ကျေးဇူးလည်းတင်တယ်၊၊~~~~

<<Kathryn Smith ရေးတဲ့ Injured man who helped ID Boston 
suspects is uninsured သတင်းထဲက Jeff Bauman, 27နေရာကနေ
ခံစားရေးသီ၊ အခြေအမြစ်မရှိရေးတာမျိုး မဟုတ်ရပါ :/ >>

Htun Htun Oo Nld shared Zaw Win's album: 
Photo
 
ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်သူတွေအဖြစ် သံသရရှိသူတွေရဲ့ အဒေါ် မီဒီယာတွေနဲ့တွေ့ဆုံ အဒေါ်ဖြစ်သူက သူ့တူတွေဒီလိုအကြမ်းဖက်မှုမှာပါဝင်နေတာကို အလွန်အံ့ဩမိတယ် ဆိုပြီး ဒေါသထွက်ရကြောင်း မီဒီယာတွေနဲ့တွေ့ဆုံပွဲမှာပြောပါတယ်။ သူ့တူနှစ်ဦးစလုံးရယ် သူ့မောင်ရယ်ကို ဒုက္ခသည်အဖြစ်နဲ့ အမေရိကန်နိုင်ငံထဲကို သူခေါ်သွင်းလာတယ်လို့ပြောသွားပါတယ်။ တူအကြီးဖြစ်သူ အသက် ၂၆နှစ်ရှိ Tamerlan Tsarnaev ဟာ မူဆလင်ဘာသာရေးကို လွန်ခဲ့တဲ့ (၂) နှစ်ကကမှ အပြင်းအထန်ကိုင်းရှိုင်းလာပြီး တစ်နေ့ငါးကြိမ် ဝတ်ပြုတယ်ဆိုပါတယ်။ အသက် (၁၉) နှစ်ရှိ တူအငယ် Dzhokhar Tsarnaev ကတော့ စာကြိုးစားကြောင်း ပြောပါတယ်။ သူ့မောင်ဟာ အလုပ်ကြိုးစားကြောင်းပြောပါတယ်။ ချေချင်ညာ က ရုရှားက မခွဲထွက်နိုင်သေးဘဲ ရုရှားနိုင်ငံထဲမှာပဲ အခုထက်ထိ ရှိနေဆဲမို့ ဗုန်းဖောက်သူတွေဟာ ရုရှားနိုင်ငံသား ချေချင်တိုင်းရင်းသားတွေလို့ခေါ်ရမှာဖြစ်ပါတယ်။ သူ့မောင်နဲ့ဇနီးတွေဟာ ချေချင်ကို ပြန်လိုက်သွားလိုက်နေကြတယ်လို့ပြောသွားပါတယ်။ ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်မှုမှာ သူ့တူတွေဖြစ်နေရတာ သူ မယုံမိပါဘူး ဟုတ်ပါ့မလားလို့သံသယတောင်ဖြစ်မိတယ်လို့မီဒီယာတွေကိုပြောသွားပါတယ်။ သူ့တူတွေ ဒီလို မလုပ်သင့်ဘူးလို့ အဒေါ်ဖြစ်သူကမီဒီယာတွေကိုပြောသွားပါတယ်။ သူ့တူအသက် ၂၆နှစ်ရှိ Tamerlan Tsarnaev ဟာ အမေရိကန်နိုင်ငံသားမဟုတ်သေးဘူး။ သူ့တူအငယ်ကောင် Dzhokhar Tsarnaev ကတော့ ပြီးခဲ့တဲ့နှစ် ၂၀၁၂ စက်တင်ဘာလ ၁၁ရက်က (၉/၁၁) ကမှ အမေရိကန်နိုင်ငံသားဖြစ်သွားခဲ့တယ် လို့ မီဒီယာတွေကိုပြောသွားပါတယ်။
By: Zaw Win

မီး ကြီး shared Zaw Win's photo.
ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်သူ လူငယ်နှစ်ဦး ပစ်ခတ်လို့ ကျဆုံးသွားရတဲ့ ရဲအရာရှိ

The Boston Police Department extends thoughts and prayers to the family and friends of fallen hero and MIT Police Officer Sean Collier.

Photo: သေဆုံးသွားသောMartin Richard (အသက် ၈ နှစ်)၊ကလေးငယ်မှာလွတ်မြောက်နေဆဲ
DzhokharTsarnaev၏ဗုံးကြောင့်ဖြစ်သည်ဘေးနားမှ
ညီမငယ်မှာခြေဖြတ်ရပြီး
အမေမှာခေါင်းထဲသိုအစများဝင်ပြီးခွဲထုတ်
ရန်ကြိုးစားဆဲဖြစ်သည်။
သေဆုံးသွားသောMartin Richard (အသက် ၈ နှစ်)၊ ကလေးငယ်မှာ လွတ်မြောက်နေဆဲ
DzhokharTsarnaev ၏ ဗုံးကြောင့်ဖြစ်သည်ဘေးနားမှ ညီမငယ်မှာခြေဖြတ်ရပြီး
အမေမှာခေါင်းထဲသိုအစများဝင်ပြီးခွဲထုတ်
ရန်ကြိုးစားဆဲဖြစ်သည်။
— with Lu Cifer and 86 others.

ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်သူအဖြစ် သံသယရှိသူ လွတ်မြောက်နေဆဲဖြစ်သူဟာ အသက် (၁၉) နှစ်ရှိ မူဆလင်အကြမ်းဖက်သမားလေး Dzhokhar Tsarnaev ကို ရဲအရာရှိပေါင်း ကိုးထောင်ကျော် နဲ့ စစ်သားတွေ တင့်ကားတွေ ဟော်လီကော်ပတာတွေနဲ့ ဘော်စတွန် မာဆာကျူးဆက် ဝါးတားတောင်းမြို့လေးမှာ ပိုက်စိတ်တိုက်ရှာဖွေနေကြပါတယ်။
ဆက်သွယ်ရေးတွေအားလုံး ပိတ်ထားတယ်။ ဘော်စတွန်လေပျံခရီးစဉ်ပါ ပိတ်ဆို့ထားတယ်။ တက်ကစီတွေ ဘတ်စ်ကားတွေ မီးရထားတွေ အားလုံး ပိတ်ထားတယ်။ တစ်မြို့လုံးစီးပွါးရေးတွေ ပိတ်လိုက်တယ်။ ကျောင်းတွေအားလုံးပိတ်ထားပါတယ်။ ရဲအရာရှိတွေ မူ့ခင်းအရာရှိတွေ စစ်သားတွေ အားလုံး တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံရှာဖွေနေပါတယ်။ အကြမ်းဖက်သမားဖြစ်သူအ ကိုကြီးကတော့ အသက် ၂၆နှစ်ရှိပြီး အမည်မှာ Tamerlan Tsarnaev ဖြစ်ပြီး သေဆုံးသွားပြီဖြစ်ပါ တယ်။ ဘော်စတွန်မာရသွန်ပြေးပွဲ ဗုံးခွဲအကြမ်းဖက်သူ လူငယ်ညီအကို နှစ်ဦးဟာ ဘော်စတွန် ကွန်မြူနတီကောလိပ်မှာ အင်ဂျင်နီယာဘာသာ သင်ယူနေကြတဲ့ မူဆလင် ညီအကိုနှစ်ဦးဖြစ်ပါတယ်။ ရုရှားပြည်ထောင်စုကခွဲထွက်သွားတဲ့ CHECHNYA (ဥရောပရဲ့ အရှေ့တောင်အရပ် ) က ကျောင်းလာ တက်ကြတဲ့ ညီအကိုတွေဖြစ်ကြပါတယ်။ အမေရိကား ကို လွန်ခဲ့တဲ့ (၇) နှစ်လောက်က တည်း က ပြောင်းရွှေ့အခြေချလာကြသူတွေဖြစ်ပါတယ်တဲ့။
 
0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...