"လူသားတိုင်းဟာ ကမ္ဘာပေါ်မှာ လွတ်လပ်စွာ အသက်ရှင်နေထိုင်ပိုင်ခွင့် ရှိသလို သတ္တ၀ါတိုင်းဟာလည်း လွတ်လပ်စွာ အသက်ရှင်နေထိုင်ပိုင်ခွင့် ရှိပါတယ်" ဒီစကားစုလေးကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ပညာပေး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့သူ တစ်ဦးက ပြောခဲ့တဲ့ စကားလေးပါ။
သူပြောတာက ရိုးရိုးလေးပေမယ့် စိတ်ထဲမှာတော့ အခုထက်ထိ စွဲနေတုန်းပါပဲ။
ပြီးတော့ တစ်ခါမှ မတွေးခဲ့တဲ့ အကြောင်းအရာတွေကိုလည်း ဆက်စပ် တွေးစေခဲ့တယ်။
အတွေးတွေနဲ့အတူ မျောပါလာတာကတော့ လူသားတွေ သတိမထားမိ ဘဲ သတ်ဖြတ်မိနေတဲ့ သက်ရှိ သန္တာကျောက်တန်းလေးတွေ အကြောင်း ပေါ့။
ကိုယ်အပါအ၀င် လူတော်တော်များများက ကိုယ်တို့လူသားတွေ သာလျှင် အဆင့်မြင့်ဆုံးသတ္တ၀ါတွေလို့
တကယ်တမ်းစဉ်းစားကြည့်ရင် ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိသက်မဲ့ အရာ အားလုံးဟာ တစ်ခုနဲ့တစ်ခု အမှီသဟဲပြုပြီး နေထိုင်ကြရတာပါ။
ဒါပေမယ့် ကိုယ် တို့လူသားတွေရဲ့ အတ္တကြီးပြီး တစ်ကိုယ် ကောင်းဆန်မှုကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်လည်း တဖြည်းဖြည်းနဲ့ လျော့ပါးလာပါပြီ။
ဒီလိုလျော့ပါးလာ တဲ့အရာတွေထဲမှာ သက်ရှိသန္တာ ကျောက်တန်းတွေလည်း အပါအ၀င်ပါ ပဲ။
သန္တာကျောက်တန်းဆိုတာ ပင်လယ် ပြင်မှာနေထိုင်တဲ့သက်ရှိ သတ္တ၀ါတွေ စုပေါင်းနေထိုင်ရာ ထုံးကျောက်အခြေခံ အဖွဲ့အစည်း တစ်ခုပါပဲ။
သန္တာကျောက် တန်းတွေဟာ နေရောင်ခြည်ရရှိနိုင်တဲ့ ပင်လယ်ရေအနက် မီတာ ၅၀ အတွင်း အပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်နဲ့ ၂၇ ဒီဂရီ စင်တီဂရိတ်အတွင်းမှာသာ အသက်ရှင် နေထိုင်ပါတယ်။
ကမ္ဘာ့ပင်လယ်ပြင်ရဲ့ တစ်ရာခိုင်နှုန်း သာရှိတဲ့ သန္တာကျောက်တန်းတွေဟာ လူသားတွေအတွက် စီးပွားရေးအရ တိုက်ရိုက်အကျိုး ပြုနိုင်ခြင်း၊ ဂေဟစနစ် ရေရှည်တည်တံ့အောင် ထောက်ပံ့ပေး နိုင်ခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ခြင်း စတဲ့ အကျိုး ကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါတယ်။
သဘာဝအတိုင်း ရေထဲမှာ ရောင်စုံ လှသွေးကြွယ်ပြီး ကိုယ်တိုင်ထွန်းလင်း တောက်ပနေတဲ့ သန္တာကျောက်ခက်တွေ ဟာ ငါး၊ ပုစွန် စတဲ့ ရေသတ္တ၀ါလေးတွေ ရဲ့ ခိုလှုံရာဆိုရင်လည်း မမှားပါဘူး။
ငါးကြီးတွေရဲ့ရန်ကနေ ပုန်းခိုဖို့အတွက် ကျောက်ခက်တွေကြားမှာ နေရာလေး တစ်ခုရဖို့ဆိုတာ သူတို့အတွက်တော့ ထီထိုးသလိုပါပဲ။
"တစ်ကမ္ဘာလုံး စီးပွားရေးအရ တွက် မယ်ဆိုရင် သန္တာကျောက်တန်းတွေက နေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ လောက် ရရှိနိုင်တယ်။ WWF (World Wildlife) က သုတေသနပြုလုပ် ချက်အရ တစ်ကီလိုမီတာအရှည်ရှိတဲ့ သန္တာကျောက်တန်း တစ်ခု ပျက်စီးသွား မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၃၀,၀၀၀ ကနေ ၁၂ သိန်းအထိ ဆုံးရှုံးနိုင် တယ်။
တစ်စတုရန်းကီလိုမီတာရှည်တဲ့
ဒါပေမယ့်လည်း ယနေ့ကမ္ဘာပေါ်မှာရှိတဲ့ သန္တာကျောက်တန်းတွေကတော့ သဘာဝဘေးအန္တရာယ်များ၊ ကမ်းရိုးတန်းတစ်လျှောက် မြို့ရွာများဆောက်လုပ်ရာကနေ
ဒါ့ပြင် ဒီသန္တာကျောက် ခက်လေးတွေကို နေအိမ်အလှဆင်ရာမှာ အသုံးပြုတဲ့အတွက်ကြောင့်လည်
ဟိုးယခင်တုန်းကတော့ ရောင်စုံဖြာ လင်းလက်နေတဲ့ သန္တာကျောက်ခတ် ကလေးတွေ ရေထဲမှာမြူးထူးနေတာ တွေ့တဲ့အခါ ဆလုံ လူမျိုးတွေက ပုလဲနတ်သမီးဆိုပြီး သူတို့အတွက်ကံကောင်း စေတယ်ဆိုတဲ့ အယူရှိပေမယ့် အခုအခါ မှာတော့ ကိုယ်တိုင်မိုင်းခွဲပြီး ငါးဖမ်းတတ် လာခဲ့ပါပြီ။
ဒီလို မိုင်းခွဲငါးဖမ်းမှုတွေ ကြောင့် ရေအောက်မှာရှိတဲ့ သန္တာ ကျောက်တန်းလေးတွေဟာ သေကျေ ပျက်စီးလာနေတာဟာ တဖြည်း ဖြည်းနဲ့ ပိုပြီးဆိုးရွားလာနေပါတော့တ
မြန်မာနိုင်ငံမှာတော့ သန္တာကျောက်တန်းတွေကို ကျွန်းပေါင်း ၈၀၀ ကျော်ရှိတဲ့ တနင်္သာရီကမ်းရိုးတန်းဒေသ၊ မြိတ်ကျွန်းစုမှာ အများဆုံး တွေ့နိုင်ပြီး ရခိုင် ကမ်းရိုးတန်းဒေသတွေမှာလည်း တွေ့ နိုင်ပါသေးတယ်။
ဒါပေမယ့် ရာသီဥတု ပြောင်းလဲမှု၊ စီးပွားရေးအလို့ငှာ မိုင်းခွဲ ရောင်းချမှုတွေကြောင့် လျော့ပါးလာနေ ပြီလို့ ပညာရှင်တွေက ဆိုပါတယ်။
"အခု လူနေအိမ်တွေ၊ ကမ်းခြေ အမှတ် တရပစ္စည်းရောင်းတဲ့ဆိုင်တွေမ
အပြည်ပြည်ဆိုင်ရာ သဘာဝအရင်း အမြစ်များထိန်းသိမ်းရေးအဖွဲ
မြန်မာနိုင်ငံမှာတော့ သန္တာကျောက် တန်းတွေနဲ့ပတ်သက်တဲ့ ကာကွယ် ထိန်းသိမ်းခြင်း၊ သုတေသနပြုလုပ်နိုင် ခြင်း မရှိသေးပေမယ့် သန္တာကျောက် တန်း မျိုးစိတ်ပေါင်း ၃၅၀ ၀န်းကျင်ရှိနိုင် မယ်လို့ ခန့်မှန်းထားကြောင်း ဒေါက်တာ ဆွေသွင်က ပြောပါတယ်။
Marine Science Assocaition Myanmar မှ ဥက္ကဋ္ဌဖြစ်သူ ဦးတင့်ထွန်း ကလည်း "ကျွန်တော် နေရာတော်တော် များများကို ရောက်ဖူးတယ်။ ဒါပေမယ့် လန်ပိကျွန်းရဲ့ အရှေ့တောင်ထောင့်မှာရှိတဲ့ သန္တာကျောက်တန်းတွေလိုမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။ ဇီဝမျိုးစုံမျိုးကွဲတွေဟာ ကျွန်တော်တို့ မျိုးဆက်အတွက်သာမက အရှည်သဖြင့် နောက်လာမယ့် မျိုးဆက်အတွက် စားနပ်ရိက္ခာသာမက ကျန်တဲ့ အရာတွေကိုလည်း ပေးစွမ်းနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် တန်ဖိုးထား ထိန်းသိမ်းသင့်တယ်"လို့ ဆိုပါတယ်။
ဒါကြောင့်လည်း ဂေဟစနစ်ညီမျှမှု၊ စားနပ်ရိက္ခာဖူလုံမှုတို့အပြ
အိအိတိုးလွင်
credit by myanmartimes
No comments:
Post a Comment