အန်နာ၏ ဧပြီဧည့်သည်
Author: lubo601 |
6:21 PM |
No မှတ်ချက် |
အမ်စတာဒမ်၏ နွေဦးတွင် သူကလေးကိုမြင်ခဲ့ရသည်။ ထိုနေ့သည် အမ်စတာဒမ်တွင် ဆောင်းကာလ အပြီးနေရောင်ကို ပထမဆုံး တစ်နေ့လုံးအပြည့်မြင်ရသောနေ့တစ် နေ့လည်းဖြစ်သည်။
နေရောင်အောက်မြောင်းဘောင်အသီးသီးဝယ် ဖွေးဖွေးလှုပ်နေသော ဒတ်ခ်ျတို့နှင့်အတူ ဧည့်သည်များ ကလည်းတသဲသဲ။သူသည် တစ်နှစ်ကိုဧည့်သည် တစ်သန်းလောက်လက်ခံတွေ့ဆုံရလေ့ရှိသည်။
သူသည်ချစ်စရာကောင်း၏။ စီစီညီညီသွားကလေးတွေပေါ်အောင် သူပြုံးသောအခါ မေးကလေး မှာချိုင့်ဝင်သွားတော့မယောင်။ မျက်ခုံးလှလှကလေးတစ်စုံအောက်ကစူးရှတောက်ပမျက်လုံးကလေး များက သူသည်ဥာဏ်ထက်မြက်သော၊ စိတ်ကူးကောင်းသော၊ ကလေးမလေးတစ်ယောက်ဖြစ်ကြောင်း၊ အလိုလိုပြောပြနေကြသည်။ သူကစာရေးဆရာမ တစ်ယောက်ဖြစ်ချင်ခဲ့သည်တဲ့။
သူ့အိမ်ကိုကျွန်မတို့အလည်သွားသောအခါ သူ့အကြောင်းကိုပိုသိခဲ့ရသည်။
သူ့နေခဲ့သော အခန်းနှင့်တွဲလျက်အိမ်နံပါတ်မှာ ၂၆၅ ဖြစ်သည်။ ထိုအိမ်ကြီး
သည် အိုမင်းလှပြီ။ ထို အိမ်တစ်လုံးထဲသာကွက်ပြီးအိုမင်း နေခဲ့သော Prinsengracht မြောင်းဘက်ကိုမျက်နှာမူထားသောတိုက်တန်းသည်
အမ်စတာဒမ်၏ အချက်အချာ ဖြစ်သော နေရာများမှတစ်ခုဖြစ်သည်။ သို့သော်လည်း ဤအိမ်တွင်သမိုင်းနှင့်ပတ်သက်သော အမှတ်အသားတစ်ခုခုသာရှိမနေခဲ့လျှ င် အဆောက်အအုံဟောင်းများကြားမှမထူး ခြားမှုတစ်ခုသာပင်။ အပြင်ကကြည့်လျှင် အထဲမှာဘာရှိမှန်းထူးထူးခြားခြား မခန့်မှန်းနိုင်သော အလွှာခပ်နည်းနည်းသာပါသော
ဗိသုကာ ဒီဇိုင်းဟောင်းတစ်ခုမျှသာ။ နေရောင်အောက်မှာ အနက်လိုလို အစိမ်းပုပ်ပုပ်အရောင်လိုလိုမခန့် မှန်းနိုင်သောတံခါးရွက်များကသာ လျှို့ဝှက်ချက်တစ်ခုခုဖုံးဖိထား ရသလိုလို အိနြေ္ဒတစ်ခွဲသားနှင့်ရှိမနေခဲ့လျှင်ပေါ့။
အိမ်သည် အိုမင်းလှပြီ။ အိမ်ဆောက်တဲ့နှစ်ကလည်း ၁၆၃၅ ခုနှစ်ပေကိုး။ ထိုအိမ်ကြီးမှာ ပိုင်ရှင်အဆက်ဆက် ပြောင်းခဲ့ကြပြီးနောက် နောင်တွင် ဂျူးကုန်သည် တစ်ဦး၏ကုမ္ပဏီရုံးခန်းနှင့်အလုပ်ရုံဖြစ်လာ ခဲ့သည်။ ထိုကုန်သည်ကြီး၏အမည်မှာအော်တိုဖရန့် ဖြစ်ပြီး သူတို့အိမ်ထောင်တွင် သမီးကလေးနှစ်ဦး ရှိသည်။
ထိုမိသားစုသည် ဖရန့်ဖတ်မြို့တွင်နှစ်ရှည်လများ နေထိုင်ခဲ့ကြ သော်လည်း
၁၉၃၀ တစ်ဝိုက်တွင် နာဇီလူမျိုးကြီးဝါဒ မှာ ဂျာမနီပြည်တွင်းဂျူးများ ဆက်လက်နေထိုင်၍ မဖြစ်နိုင်လောက်အောင်ခြိမ်းခြောက်လာသောအခါ အမ်စတာဒမ်သို့ပြောင်းရွှေ့လာခဲ့သ ည်။
ဟော်လန်သည်ဂျာမနီထက်စာလျှင် သူတို့အတွက် အစောပိုင်းတွင်လုံခြုံစေ၊ကြီးပွားစေခဲ့သည်။
ဟင်းခတ်အမွှေးအကြိုင် အထူးသဖြင့် ၀က်အူချောင်းများတွင် ထည့်သုံးသော ဟင်းခတ်အမွှေးအကြိုင်အဖုံဖုံကိုေ ရာင်းဝယ်သော သူ့ အဖေသည် ၁၉၄၀ တွင်
လုံခြုံရေးအတွက် ကုမ္ပဏီရုံးခန်း၏ နောက်ဆွယ်ကို မိသားစုခိုလှုံရာ
လူမသိသူမသိ လျှို့လျှို့ဝှက်ဝှက်နေစရာကလေးတ စ်ခုအဖြစ်ဖန်တီးခဲ့သည်။
ထိုနေရာလေးသို့ ကျွန်မတို့ ဒီနေ့အလည်လာကြပါသည်။ သူနှင့်သူ၏ နာမည်ကျော်ကြားလှစွာသော မှတ်တမ်း စာအုပ်ကလေး ကိုမြင်လိုသောကြောင့်ဖြစ်သည်။
သူသည် ကုန်သည်ကြီး၏ သမီးကလေးနှစ်ဦးအနက်မှတစ်ဦးဖြစ်သည်။ သူ့အမ မားဂေါ့
သည် သူ့ထက်ပိုချောပြီး ပိုလည်းဥာဏ်ကောင်းသည် ဟု သူ့အစ်မ၏သူငယ်ချင်းများက စကားတင်းဆိုကြသည်။ ဘယ်လိုပဲဖြစ်ဖြစ်အန်နာ့ကိုလူပို သိသည်။ ကရုဏာပိုသက်ကြသည်။ ပိုချစ်ကြသည်။ သူ၏နေ့စဉ်မှတ်တမ်းကလေးက မြေလွှာပေါ်ရှိအရပ်ရပ်မှ လာသူများ၏အချစ်ကိုခြွေ၍ယူသည်။ သူသည်စာရေးလည်းကောင်းသူပင်။ သူသည် နေ့တိုင်းဒိုင်ယာရီရေးသည်။ အနီရောင် လေးထောင့်ကွက်စပ်စပ် ချည်စနှင့် ဖုံးချုပ်ထားသောဒိုင်ယာရီစာအုပ် ကလေးမှာသူ၏နောက်ဆုံးရေးခဲ့သောဒိုင်ယာရီဖြစ်သည်။
ဒိုင်ယာရီစာအုပ်တစ်မျက်နှာစီသည် သူဖြတ်ခဲ့ရသောခေတ်၊ သူ့ခံစားချက်၊ သူ့စိတ်လှုပ်ရှားမှု၊ သူ၏လူသားဆန်မှု တို့ကိုပြသနေပေလိမ့်မည်။ ကျွန်မအနေဖြင့် သူ့မှတ်တမ်းကို တစ်မျက်နှာစီဖောက်သည်မချလို။ ချစ်စရာကောင်းသလောက် လွမ်းစရာကောင်းသော သူ့ဇာတ်ကြောင်းကို ပြောပြလိုသူသာဖြစ်သည်။ ထိုအကြောင်းအရာများထဲတွင် သူမသေဆုံးမီကသူ့ကိုယ်တိုင်ပြော ပခဲ့သောသူ့အကြောင်းများနှင့်သူေ သဆုံးပြီး အများကမှတ်မိနေသော သူ့အကြောင်း များပါဝင်ပေလိမ့်မည်။
ထိုစာအုပ်ကဆယ်ကျော်သက်အရွယ်မိန်းကလေးငယ်တစ်ယောက် နာဇီအကျဉ်းစခန်းတွင် ပင်ပန်းဆင်းရဲစွာ မသေဆုံးမီ အချိန် နှစ်နှစ်ကျော်မျှဖြတ်သန်းမှုကို မှတ်တမ်းတင်ခဲ့ သည်။သူကလေးသေဆုံးသည့်ရက်ကိုမူမည်သူမျှအတိအကျမခန့်မှန်းနိုင်ခဲ့ ကြ။
၁၉၄၂ ဇွန်လ ၂၀ တစ်ခုသော စနေတွင် သူကလေးက ဤသို့ခေတ်ကိုမှတ်တမ်းတင်ခဲ့သည်။
၁၉၄၀ မေလနောက်ပိုင်းမှာတော့ အေးအေးဆေးဆေးနေနိုင်တာအလွန်ရှား လာခဲ့တယ်။
အခြေအနေကောင်းတယ်ဆိုတာမရှိသလောက်ပဲ။ အဓိကအကြောင်းရင်းကတော့စစ်ကြီး
ဖြစ်နေတာပေါ့။ဒတ်ခ်ျတွေလက်နက်ချ ရတယ်။ ဂျာမန်တွေရောက်လာခဲ့တယ်။ သူတို့ရောက်လာ
တဲ့အခါမှာတော့ ကျွန်မတို့ဂျူးတွေဒုက္ခရောက်တော့ တာပဲ။
အခုဆိုလွတ်လပ်ခွင့်ကိုအမိန့်ကြေ ညာချက်ပေါင်းများစွာနဲ့ချုပ်ချယ်နေကြပြီ။
ဂျူးမှန်ရင် အကျီင်္ပေါ်မှာ ကြယ်အ၀ါတပ်ထားရမယ်တဲ့။ ဂျူးတွေကသူတို့စီးတဲ့
စက်ဘီးတွေကို သက်ဆိုင်ရာကိုအပ်နှံကြရမယ်တဲ့။ ဂျူးတွေဟာလိုင်းကားစီးခွင့်မရှိ ဘူုးတဲ့။
ကိုယ်ပိုင်ကားလည်းမစီးရဘူးတဲ့။ ကိုယ့်ဟာ ကိုယ်ပိုင်တာတောင်မှ
ပဲကားမောင်းခွင့်မရှိတော့ဘူးတဲ့ လား။ ဂျူးတွေဟာ ဈေးဝယ်ရင် ညနေ သုံးနာရီကနေ
ငါးနာရီအထိပဲဝယ်ခွင့်ရှိတယ်တဲ့။ ဂျူးမှန်ရင် ဂျူးတွေဖွင့်ထားတဲ့ဆံပင်ညှပ်ဆို င်တို့
ဗြူတီ။ပါလာတို့မှာပဲ ဆံပင်ညှပ်ကြရမယ်တဲ့။ည ရှစ်နာရီကနေ မနက် ၆
နာရီအထိဂျူးတွေအပြင်ထွက်ခွင့်မရှိဘူးတဲ့။ ပြီးတော့ ဂျူးတွေကို တီးဝိုင်းသွားခွင့်၊
ရုပ်ရှင်ကြည့်ခွင့်နဲ့ အခြားအပျော် အပါးတွေမလုပ်ရဘူးလို့ပိတ်ပင်လို က်တယ်။
ဂျူးတွေဟာရေကူးကန်မှာရေကူးခွင့် မရှိဘူး၊တင်းနစ်ကွင်းမှာတင်းနစ်ရိုက်ခွင့်မရှိဘူး၊
ဟော်ကီမကစားရဘူး၊ ဘာအားကစားမှလုပ်လို့မရဘူး။ ဂျူးတွေဟာ လှေလှော်တာ
လည်းမလုပ်ရဘူး၊လူအများကစားတဲ့ကစားကွင်းတွေမှာလုပ်ရတဲ့အားကစားတွေ
အားလုံးကိုတားမြစ်ထားတာပါပဲ။
ပြီးတော့ ညရှစ်နာရီနောက်ပိုင်းဂျူးတွေဟာသူတို့အိမ်ရှေ့ပန်းခြံတွေမှာပဲဖြ စ်ဖြစ်
သူတို့မိတ်ဆွေတွေရဲ့ ပန်းခြံတွေထဲမှာပဲဖြစ်ဖြစ်ဆင်းထိုင်ခွင့်မရှိဘူး။
ဂျူးတွေဟာခရစ်ယာန်တွေရဲ့အိမ်ကို သွားလည်ခွင့်မရှိဘူး၊
ဂျူးတွေဟာ ဂျူးတွေအတွက်သတ်မှတ်ထားတဲ့စာသင် ကျောင်းမှာပဲတက်ခွင့်ရတယ်။
ချုပ်ချယ်တာကတော့အစုံပါပဲ။ဟိုဟာ လည်းမလုပ်ရ၊သည်ဟာလည်းမလုပ်ရ။
ဂျက်ကီကျွန်မကိုအမြဲပြောတယ်၊ ငါတော့ဘာမှမလုပ်ရဲတော့ဘူးတဲ့။
ကိုယ်လုပ်တာက ဂျူးတွေမလုပ်ရဆိုတဲ့ဟာမျိုးဖြစ် နေမှာစိုးလို့တဲ့။
သမိုင်းတစ်ကွေ့တွင်သူတင်ခဲ့သောမှတ်တမ်းများက နောင်အခါ သူကဲ့သို့သော ပုန်းအောင်းနေရသော၊မလုံခြုံသော ဘ၀များနောက်ထပ် ဤကမ္ဘာတွင် မရှိလာအောင်အားထုတ်ကြရန် သတိပေးနေသကဲ့သို့ပင်။ အန်နာဖရန့် တို့မိသားစု၏မိတ်ဆွေမိသားစုများ တစ်ခုပြီးတစ်ခုကိုဂျာမန်တို့ဖမ်းဆီးကာ အကျဉ်းစခန်းများသို့ခေါ်ဆောင်သွားကြချိန်တွင် ဖခင်ကြီးက အလုပ်သမားများ၏
အကူအညီဖြင့် အလုပ်ရုံနောက်ဖေး တွင် နှစ်ရှည်လများပုန်းအောင်းနိုင်ရ န် စီစဉ်ခဲ့သည်။ နောက်ဆုံးတစ်စုံတစ်ယောက်သောသူက သစ္စာဖောက်ကာ ဂျာမန်တို့ကိုအကြောင်းမကြားခင်အ ထိသူတို့လုံခြုံခဲ့ကြသည်။ အန်နာ ဖရင့်ပုန်းအောင်းရာအိမ်ကိုတစ်ခန်းချင်းသေသေချာချာမြင်ခွင့်ရခဲ့ လျှင်ပုန်းရသည့် အန္တရယ်ကိုပို၍ထိခိုက်ခံစားမိပေလိမ့်မည်။
ဤကမ္ဘာသည် နောက်ထပ်ပုန်းအောင်းနေရသောအန်နာ ဖရန့်များကိုလည်းမမြင်လို၊ ပုန်းအောင်ရသောတစ်နေ့စီကိုမှတ်သားထားသည့်မှတ်တမ်းများကိုလည်းဖတ်ချင်ကြ
မည်မဟုတ်ပေ။ မျက်ရည်ကိုခြွေကာယူသောခါးသည့်အြ ဖစ်များပေ။
နေရောင်အောက်မြောင်းဘောင်အသီးသီ
သူသည်ချစ်စရာကောင်း၏။ စီစီညီညီသွားကလေးတွေပေါ်အောင် သူပြုံးသောအခါ မေးကလေး မှာချိုင့်ဝင်သွားတော့မယောင်။ မျက်ခုံးလှလှကလေးတစ်စုံအောက်ကစူ
သူ့အိမ်ကိုကျွန်မတို့အလည်သွားသေ
သူ့နေခဲ့သော အခန်းနှင့်တွဲလျက်အိမ်နံပါတ်မှာ
သည် အိုမင်းလှပြီ။ ထို အိမ်တစ်လုံးထဲသာကွက်ပြီးအိုမင်း
အမ်စတာဒမ်၏ အချက်အချာ ဖြစ်သော နေရာများမှတစ်ခုဖြစ်သည်။ သို့သော်လည်း ဤအိမ်တွင်သမိုင်းနှင့်ပတ်သက်သော
ဗိသုကာ ဒီဇိုင်းဟောင်းတစ်ခုမျှသာ။ နေရောင်အောက်မှာ အနက်လိုလို အစိမ်းပုပ်ပုပ်အရောင်လိုလိုမခန်
အိမ်သည် အိုမင်းလှပြီ။ အိမ်ဆောက်တဲ့နှစ်ကလည်း ၁၆၃၅ ခုနှစ်ပေကိုး။ ထိုအိမ်ကြီးမှာ ပိုင်ရှင်အဆက်ဆက် ပြောင်းခဲ့ကြပြီးနောက် နောင်တွင် ဂျူးကုန်သည် တစ်ဦး၏ကုမ္ပဏီရုံးခန်းနှင့်အလုပ
ထိုမိသားစုသည် ဖရန့်ဖတ်မြို့တွင်နှစ်ရှည်လများ
၁၉၃၀ တစ်ဝိုက်တွင် နာဇီလူမျိုးကြီးဝါဒ မှာ ဂျာမနီပြည်တွင်းဂျူးများ ဆက်လက်နေထိုင်၍ မဖြစ်နိုင်လောက်အောင်ခြိမ်းခြေ
ဟော်လန်သည်ဂျာမနီထက်စာလျှင် သူတို့အတွက် အစောပိုင်းတွင်လုံခြုံစေ၊ကြီးပွ
ဟင်းခတ်အမွှေးအကြိုင် အထူးသဖြင့် ၀က်အူချောင်းများတွင် ထည့်သုံးသော ဟင်းခတ်အမွှေးအကြိုင်အဖုံဖုံကိုေ
လုံခြုံရေးအတွက် ကုမ္ပဏီရုံးခန်း၏ နောက်ဆွယ်ကို မိသားစုခိုလှုံရာ
လူမသိသူမသိ လျှို့လျှို့ဝှက်ဝှက်နေစရာကလေးတ
ထိုနေရာလေးသို့ ကျွန်မတို့ ဒီနေ့အလည်လာကြပါသည်။ သူနှင့်သူ၏ နာမည်ကျော်ကြားလှစွာသော မှတ်တမ်း စာအုပ်ကလေး ကိုမြင်လိုသောကြောင့်ဖြစ်သည်။
သူသည် ကုန်သည်ကြီး၏ သမီးကလေးနှစ်ဦးအနက်မှတစ်ဦးဖြစ
သည် သူ့ထက်ပိုချောပြီး ပိုလည်းဥာဏ်ကောင်းသည် ဟု သူ့အစ်မ၏သူငယ်ချင်းများက စကားတင်းဆိုကြသည်။ ဘယ်လိုပဲဖြစ်ဖြစ်အန်နာ့ကိုလူပို
ဒိုင်ယာရီစာအုပ်တစ်မျက်နှာစီသည်
ထိုစာအုပ်ကဆယ်ကျော်သက်အရွယ်မိန်
၁၉၄၂ ဇွန်လ ၂၀ တစ်ခုသော စနေတွင် သူကလေးက ဤသို့ခေတ်ကိုမှတ်တမ်းတင်ခဲ့သည်။
၁၉၄၀ မေလနောက်ပိုင်းမှာတော့ အေးအေးဆေးဆေးနေနိုင်တာအလွန်ရှား
အခြေအနေကောင်းတယ်ဆိုတာမရှိသလောက
ဖြစ်နေတာပေါ့။ဒတ်ခ်ျတွေလက်နက်ချ
တဲ့အခါမှာတော့ ကျွန်မတို့ဂျူးတွေဒုက္ခရောက်တော့
အခုဆိုလွတ်လပ်ခွင့်ကိုအမိန့်ကြေ
ဂျူးမှန်ရင် အကျီင်္ပေါ်မှာ ကြယ်အ၀ါတပ်ထားရမယ်တဲ့။ ဂျူးတွေကသူတို့စီးတဲ့
စက်ဘီးတွေကို သက်ဆိုင်ရာကိုအပ်နှံကြရမယ်တဲ့။ ဂျူးတွေဟာလိုင်းကားစီးခွင့်မရှိ
ကိုယ်ပိုင်ကားလည်းမစီးရဘူးတဲ့။ ကိုယ့်ဟာ ကိုယ်ပိုင်တာတောင်မှ
ပဲကားမောင်းခွင့်မရှိတော့ဘူးတဲ့
ငါးနာရီအထိပဲဝယ်ခွင့်ရှိတယ်တဲ့။
ဗြူတီ။ပါလာတို့မှာပဲ ဆံပင်ညှပ်ကြရမယ်တဲ့။ည ရှစ်နာရီကနေ မနက် ၆
နာရီအထိဂျူးတွေအပြင်ထွက်ခွင့်မရ
ရုပ်ရှင်ကြည့်ခွင့်နဲ့ အခြားအပျော် အပါးတွေမလုပ်ရဘူးလို့ပိတ်ပင်လို
ဂျူးတွေဟာရေကူးကန်မှာရေကူးခွင့်
ဟော်ကီမကစားရဘူး၊ ဘာအားကစားမှလုပ်လို့မရဘူး။ ဂျူးတွေဟာ လှေလှော်တာ
လည်းမလုပ်ရဘူး၊လူအများကစားတဲ့ကစ
အားလုံးကိုတားမြစ်ထားတာပါပဲ။
ပြီးတော့ ညရှစ်နာရီနောက်ပိုင်းဂျူးတွေဟာသ
သူတို့မိတ်ဆွေတွေရဲ့ ပန်းခြံတွေထဲမှာပဲဖြစ်ဖြစ်ဆင်းထ
ဂျူးတွေဟာခရစ်ယာန်တွေရဲ့အိမ်ကို
ဂျူးတွေဟာ ဂျူးတွေအတွက်သတ်မှတ်ထားတဲ့စာသင်
ချုပ်ချယ်တာကတော့အစုံပါပဲ။ဟိုဟာ
ဂျက်ကီကျွန်မကိုအမြဲပြောတယ်၊ ငါတော့ဘာမှမလုပ်ရဲတော့ဘူးတဲ့။
ကိုယ်လုပ်တာက ဂျူးတွေမလုပ်ရဆိုတဲ့ဟာမျိုးဖြစ်
သမိုင်းတစ်ကွေ့တွင်သူတင်ခဲ့သောမ
အကူအညီဖြင့် အလုပ်ရုံနောက်ဖေး တွင် နှစ်ရှည်လများပုန်းအောင်းနိုင်ရ
ဤကမ္ဘာသည် နောက်ထပ်ပုန်းအောင်းနေရသောအန်နာ
မည်မဟုတ်ပေ။ မျက်ရည်ကိုခြွေကာယူသောခါးသည့်အြ
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment