Tuesday, September 25, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၉)

သစ်ထူးလွင်



Posted: 25 Sep 2012 07:34 AM PDT
ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုနီးပါးက လက်ရှိဝန်ကြီးချုပ် ရီဆက်တေရစ်အာဒိုဂန်အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် စစ်ဘက်တာဝန်ရှိသူ ၃၂၂ ဦးကို တူရကီတရားရုံးတစ်ခုက စက်တင်ဘာလ ၂၁ ရက်၌ ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ယင်းပြစ်ဒဏ်များချမှတ်ခဲ့မှုမှာ တစ်ချိန်က သြဇာကြီးသော တူရကီစစ်တပ်အပေါ် အရပ်သားအစိုးရက ပြန်လည်လွှမ်းမိုးမှုအား ဖော်ပြလိုက်ခြင်းဖြစ်သည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Sep 2012 06:57 AM PDT
စက်တင်ဘာလ (၂၅) ရက်နေ့ ထုတ်  ဖလားဝါးနယူး(စ်)ဂျာနယ် အတွဲ(၈) အမှတ်(၃၇)

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Sep 2012 06:51 AM PDT
စက်တင်ဘာလ (၂၇) ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Sep 2012 06:31 AM PDT
ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIO)မှ ကချင်ပြည်နယ် နေရာအနှံ့တွင် ဖမ်းယူနားဆင်နိုင် ရန်ရည်ရွယ်၍ FM ရေဒီယို အသံလွှင့် အစီအစဉ်ကို အစမ်းသဘောဖြင့် လိုင်ဇာဌာနချုပ်မှ အစီစဉ်တစ်ခု စတင်ထုတ်လွှင့်လိုက်သည်။ စက်တင်ဘာ ၂၂ ရက်နေ့မှစ၍ FM ရေဒီယိုအစီအစဉ်ကို KIO လိုင်ဇာဌာနချုပ်မှ အကွာအဝေးမည်မျှနားဆင်နိုင်သည်ကို စမ်းသပ်သောအနေဖြင့် “လိုင်ဇာ ရေဒီယို FM”မှ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လိုင်ဇာ



Posted: 25 Sep 2012 06:15 AM PDT
တီးတိန်မြို့တွင် ချင်းအမျိုးသား တပ်ဦး(CNF)၏ ဆက်ဆံရေး ရုံးဖွင့်လှစ်ခြင်းကို ဒေသခံပြည် သူများက ကန့်ကွက်ကြောင်း ဆန္ဒဖော် ထုတ်ပွဲကို ယနေ့ (စက်တင်ဘာ ၂၅)ရက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ လူဦးရေ ၃၀၀ ခန့်သည် တီးတိန်မြို့  စကောလမ်း ရပ်ကွက်နှင့် မြို့မရပ်ကွက် တို့တွင် စီတန်းလှည့်လည်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အစိုးရ  နဲ့ CNF ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့စဉ်



Posted: 25 Sep 2012 05:32 AM PDT
၁၉၈၉ ခုနှစ် ဇူလိုင်လ၏ တစ်ခုသောညနေခင်းတွင် ထိုစဉ်က အသက် ၁၅ နှစ်ခန့်သာ ရှိသေးသည့် သူမ၏သားဖြစ်သူ ကိုးတန်းကျောင်းသား ကိုဘိုဘိုတစ်ယောက် စစ်အာဏာရှင်ကို ဆန့်ကျင်ရန် မြန်မာနိုင်ငံမြောက်ဘက်ရှိ တောတွင်းလက်နက်ကိုင် တပ်ဖွဲ့တစ်ခုဆီသို့ ထွက်ခွာသွားသည်ဟု သိလိုက်ရချိန်မှ စတင်ပြီး သတင်းအစအန ပျောက်သွားခဲ့သည့် သားဖြစ်သူ အသက်အန္တရာယ် ကင်းဝေးရေးအတွက် ဒေါ်မြင့်မြင့်ကြည်တစ်ယောက် နေ့စဉ်နှင့်အမျှ ဆုတောင်းနေခဲ့ရသည်။ သားဖြစ်သူ ကိုဘိုဘိုတစ်ယောက် တောခိုသွားပြီးနောက် တပ်မတော်ထောက်လှမ်းရေးမှ စေလွှတ်လိုက်သူဟု စွပ်စွဲခံရကာ ABSDF (မြောက်ပိုင်း) စခန်းတွင် ဖမ်းဆီးနှိပ်စက်ခံခဲ့ရကြောင်း သတင်းကြားချိန်မှ သူမ၏သား အသက်ရှင်နေသေးကြောင်း သိခဲ့ရပြီး သက်ပြင်းချနိုင်ခဲ့ကြောင်း ဒေါ်မြင့်မြင့်ကြည်က ဖွင့်ဟသည်။

“အဲဒီတုန်းက အရူးတစ်ယောက်လိုပဲ။ သားဇောကပ်နေတာ”ဟု ဒေါ်မြင့်မြင့်ကြည်က ထိုစဉ်အချိန်က နိုင်ငံရေးလှုပ်ရှားသော လူငယ်တစ်ယောက်၏ မိခင်ဖြစ်သူ၏သောကကို ပြောသည်။

သားဖြစ်သူအား တောတွင်းလက်နက်ကိုင် စခန်းဆီမှ ကိုယ်တိုင်ပြန်လည် ခေါ်ဆောင်လာခဲ့အပြီး မိသားစုပြန်လည်ဆုံစည်း နေထိုင်ရန်အတွက် ကြိုးစားနေစဉ် နှစ်အနည်းငယ်အကြာတွင် သူမ၏သားဖြစ်သူတစ်ယောက် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ဒဏ် နှစ်(၂၀) ထပ်မံကျခံခဲ့ရပြန်သည်။

“လူငယ်တွေ ဘယ်အရွယ်မှာ နိုင်ငံရေးလုပ်ပြီး တာဝန်ကြီးကြီးကို ယူရမယ်။ မယူရဘူး ဆိုတာကိုတော့ မပြောလိုဘူး။ ဒါပေမဲ့ အန်တီ့လိုပဲ မိဘတွေ ထပ်မပူလောင်စေချင်ဘူး။ ကလေးတွေလည်း အဲလို ထပ်မဖြစ်စေချင်တော့ဘူး”ဟု ဒေါ်မြင့်မြင့်ကြည်က ခါးသီးလှသည့် သူမ၏ အတွေ့အကြုံများနှင့်ယှဉ်ပြီး ပြောကြားသည်။

NLD ပါတီ နာယက ဟံသာဝတီဦးဝင်းတင်က ၎င်း၏အဆိုအရ ငယ်စဉ်အရွယ်ကတည်းက လူငယ်များအကြား နိုင်ငံရေးနိုးကြားမှုနှင့် နိုင်ငံရေးရောင်ပြန်ဟပ်မှုက အရေးပါသည်ဟု သိရသည်။

“ငယ်ငယ်တည်းက လုပ်သင့်တာပဲ။ ခေတ်က နိုင်ငံရေးခေတ်ဆိုရင် လူငယ်ကလည်း နိုင်ငံရေးထဲ ပါလာမှာပဲ”ဟု ဦးဝင်းတင်ကပြောသည်။မကြာခဏ မုန်တိုင်းထန်လွန်းလှသည့် မြန်မာ့နိုင်ငံရေးလောကတွင် လူငယ်များအနေဖြင့် ၀င်ရောက်လှုပ်ရှားသင့် မသင့်နှင့် မည်သည့်အသက်အရွယ်တွင်   ပါဝင်လုပ်ဆောင်သင့်နည်းဆိုသည့် မေးခွန်းမှာ အဖြေရှာရန် လွန်စွာခက်ခဲသည့် မေးခွန်းတစ်ခုလို ဖြစ်နေသည်။ အငြင်းပွားဆွေးနွေးစရာ ကောင်းလှသည့် ကိစ္စရပ်လည်း ဖြစ်သည်။ ယင်းမေးခွန်းအတွက် တိကျသည့်အဖြေ မရှိသော်လည်း မြန်မာ့နိုင်ငံရေး သမိုင်းတစ်လျှောက်လုံးတွင် လူငယ်လူရွယ်များ၏ အခန်းကဏ္ဍသည် အမြဲလိုလို အရေးပါလျက်ရှိကြောင်း သမိုင်းက သက်သေပြနေသည်။ ၎င်းတို့ထဲမှ အချို့သည် အပြောင်းအလဲများ၏ အဓိကနေရာမှ ပါဝင်လှုပ်ရှားကြရသည်။ အချို့မှာ အညတရဘ၀ဖြင့် တိုင်းပြည်အတွက် ပေးဆပ်နေခဲ့ကြရသည်။ အချို့မှာ လမ်းတစ်ဝက်တွင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးလောကမှ ကျောခိုင်းခဲ့ကြသည်။

နိုင်ငံရေးကို လူငယ်ဘ၀မှ စတင်ပြီး ထဲထဲဝင်ဝင် ပတ်သက်ခဲ့သည့် ခေတ်အဆက်ဆက်မှ လူသိများသူ (၂၀) ဦးခန့်အား 7Day News က မေးမြန်းရာတွင် အဆိုပါ မေးခွန်းအတွက် အဖြေအမျိုးမျိုး ပေးခဲ့ကြသည်။ တွေ့ဆုံမေးမြန်းခဲ့သူများတွင် ဦးဝင်းတင်၊ ဦးသုဝေ၊ ဦးသိန်းညွန့်၊ ဦးအုန်းကြိုင် စသည့်
ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ဦးအောင်သင်းကဲ့သို့ စာရေးဆရာကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ABSDF ကဲ့သို့ လက်နက်ကိုင်အဖွဲ့တွင်း ၀င်ရောက်ခဲ့ဖူးသူများ၊ Generation Wave ၊ ဗ. က.သ စသည့် ၂၀၀၇ ခုနှစ်က လှုပ်ရှားခဲ့သူများ ပါဝင်ခဲ့သည်။

သို့သော် ၎င်းတို့အားလုံး တူညီသော ထောက်ပြပြောဆိုချက်များမှာ လူငယ်များအနေဖြင့် တကယ်မလေ့လာဘဲ နိုင်ငံရေးလောကထဲ ၀င်ရောက်ခြင်းနှင့် ထင်ပေါ်ကျော်ကြားလိုစိတ် ကြီးမားလွန်ခြင်းများ လွှမ်းမိုးပါက ကာယကံရှင်အတွက်သာမက တိုင်းပြည်အတွက်ပါ အန္တရာယ်ကြီးကြောင်း တညီတညွတ်တည်း ပြောသည်။

လူငယ်များအနေဖြင့် နိုင်ငံရေးလောကထဲ ၀င်ရောက်မည်ဆိုပါက ထဲထဲဝင်ဝင် သိရှိအောင် ကြိုးစားလေ့လာမှုများ ပြုလုပ်ရန် အထူးလိုအပ်မည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

“လူငယ်တွေ လုပ်သင့်တာက ဒီမိုကရေစီဘာညာနဲ့ နိုင်ငံရေးကို လုပ်ချင်ရင်၊ ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ သိအောင်လုပ်ရမယ်။ သိသလား။ အများစုပြီး ၀ိုင်းအော်ရင် ဒီမိုကရေစီထင်နေတယ်။ ပညာရေးအခြေမခံတဲ့ ဒီမိုကရေစီသည် ဘယ်တော့မှ မခိုင်ဘူး”ဟု လူငယ်များအပေါ် စာပေသြဇာကြီးမားသည့် စာရေးဆရာ ဦးအောင်သင်းကပြောသည်။ ပညာနှင့် မယှဉ်တွဲသည့် လှုပ်ရှားမှုများသည် ဆိုးကျိုးကို ခံစားရနိုင်ကြောင်း အသက် ၈၅ နှစ်ရှိပြီဖြစ်သော ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်သူ ဦးအောင်သင်းကပြောသည်။

“တကယ့်ဒီမိုကရေစီကို စည်းမဲ့ကမ်းမဲ့ သွားတိုက်ဖျက်ရင် စည်းမဲ့ကမ်းမဲ့ အုပ်ချုပ်တဲ့ အာဏာရှင်စနစ် ပေါ်လာလေ့ ရှိတယ်။ အဲဒါ သဘာဝပဲ”ဟု ၎င်းကဆိုသည်။

နိုင်ငံရေးစိတ်ပါဝင်စားသည့် လူငယ်များအဖို့ စိတ်ဓာတ်ခိုင်မာရန်နှင့် စာပေလေ့လာလိုက်စားမှုများ အထူးတလည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိတ်အားထက်သန်ပြီး နုနယ်သည့် လူငယ်များအဖို့ သူတစ်ပါး၏ အသုံးချခံ မဖြစ်စေရန်အတွက် လွန်စွာအရေးကြီးကြောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်    အာဇာနည်များအား လုပ်ကြံမှုတွင် လူငယ်များ ပါဝင်ခဲ့မှုအပေါ် ဥပမာပေးပြီး ၂၀၀၉ ခုနှစ်က အီလက်ထရွန်းနစ်ဥပဒေ အပါအ၀င် အခြားစွဲချက်များဖြင့် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရသူ လူငယ်နိုင်ငံရေးသမား ကိုတင်ထွဋ်ပိုင်ကပြောသည်။

“ပုဂ္ဂိုလ်ရေးကို အဓိကထားပြီး တိုက်ခိုက်ချင်တဲ့ သူတွေအတွက် အင်အားဖြစ်သွားနိုင်တယ်။ ဒါတိုင်းပြည်အတွက် အများကြီး အန္တရာယ်ရှိတယ်”ဟု ၎င်းကဆိုသည်။

စနစ်တစ်ခုအား တိုက်ဖျက်ရာတွင် တက်ကြွလှုပ်ရှားသူများ၏ အခန်းကဏ္ဍမှာ မည်မျှအရေးကြီးကြောင်းကို သမိုင်းက သက်သေပြပြီးဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကဆိုသည်။ သို့ရာတွင် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်မည်ဆိုပါက တက်ကြွလှုပ်ရှားသူ အဖြစ်ထက် ပညာရပ်ဆိုင်ရာများ ပိုမိုလေ့လာလိုက်စားရန် လိုအပ်လာပြီဖြစ်ကြောင်း သူကပြောသည်။

“နိုင်ငံရေးသမားလို့ပြောရင် သာမန်သပိတ်မှောက် ကျောင်းသားအဆင့်ထက်တော့ ကျော်ဖို့လိုတယ်”ဟု ၎င်းကဆိုသည်။

ခေတ်အဆက်ဆက်တွင် နိုင်ငံရေးစိတ်ဝင်စားသည့် လူငယ်များကို အပြင်းအထန် ဖိနှိပ်ခြင်းမှ အနည်းငယ် လွတ်မြောက်လာသည့်အချိန်၊ အပြောင်းအလဲအတွက် ဦးတည်နေသည့် ယနေ့လို အချိန်မျိုးတွင် လူငယ်များအနေဖြင့် ခေါက်ရိုးကျိုးနေသော ခံယူချက်အချို့ကို ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း လေ့လာသူများနှင့် နိုင်ငံရေးသမားအချို့က ဆိုသည်။ ခက်ခဲစွာ ရုန်းကန်ခဲ့ရသည့် စွန့်လွှတ်မှုများအတွက် ပြည်သူက လေးစားမည်ဖြစ်သော်လည်း ယင်းအခြေအနေကို သာယာသွားသည့် အကျင့်စွဲကပ်ကာ ပညာပိုင်းဆိုင်ရာ လေ့လာလိုက်စားမှုများကို လျစ်လျူရှုတတ်သည့် ဓလေ့ကို အတိတ်တွင် ထားခဲ့သင့်ပြီဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ လူငယ်နိုင်ငံရေးသမားများအဖို့ ထင်ပေါ်ကျော်ကြားလိုစိတ် ကြီးမားလွန်းခြင်းသည် သူ၏ဘ၀ကို ဖျက်ဆီးပစ်မည့်အရာဖြစ်ကြောင်း ဦးအောင်သင်းကဆိုသည်။

အပြောင်းအလဲကာလတွင် လူထုယုံကြည်မှု ရရှိသည့် ကိုယ်ကျိုးစွန့်ခဲ့သူများနှင့် အရည်အချင်းရှိသည့် ပညာရှင်များ ဟန်ချက်ညီညီ ပူးပေါင်းရေးမှာ လွန်စွာအရေးပါကြောင်း ဦးကိုကိုကြီးကဆိုပါသည်။

“ပညာအရည်အချင်းက အရမ်းအရေးကြီးတယ်။ ရေရှည် အဲဒီအခါမှာ ကိုယ်စွန့်လွှတ်ခဲ့တာတွေဟာ တိုင်းပြည်အတွက်ပဲ။ ဒီလိုစွန့်လွှတ်ခဲ့လို့ ဒီလိုနေရာတွေ ယူထားရမယ် ဆိုတာမျိုးတော့ လက်မခံဘူး”ဟု ဦးကိုကိုကြီးကဆိုပါသည်။

နိုင်ငံတကာတက္ကသိုလ်များတွင် သမဂ္ဂများ၊ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ပြီး နိုင်ငံနှင့်ပတ်သက်သော ဒီဘိတ်များကိုလည်း လွတ်လပ်စွာဖန်တီးပေးသဖြင့် ကျောင်းသားလူငယ်တိုင်းမှာ နိုင်ငံရေးအမြင်ရှိကြောင်း မြောက်ကယ်ရီလိုင်းနား တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ၊ မီဒီယာအထူးပြု ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သော ဦးနေသန်မောင်ကပြောသည်။ ဒီမိုကရေစီနိုင်ငံကြီးများနှင့် မြန်မာနိုင်ငံ ကွာခြားချက် ကြီးမားခြင်းမှာ ပြည်တွင်း၌ ပညာရေးစနစ် ညံ့ခြင်းနှင့် တံခါးပိတ်ဝါဒကို ကာလရှည် ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“အမေရိကားမှာဆိုရင် Domestic Policy ကို ကျောင်းသားတွေက မလုပ်ဘူး။ နိုင်ငံရေးပါတီတွေရဲ့အလုပ်။ လူငယ်တွေရဲ့ Awareness က သိပ်ကောင်းတော့ သူတို့က ကမ္ဘာကြီးကို လှမ်းမြင်နိုင်တယ်။ တခြားနိုင်ငံတွေအတွက် ပါဝင်ကြတယ်”ဟု နိုင်ငံရေးလေ့လာသူ ဦးနေသန်မောင်က သုံးသပ်သည်။ မြန်မာကဲ့သို့ပင် ထိုင်းကဲ့သို့ နိုင်ငံများ၌လည်း အကူးအပြောင်း ကာလများ၌ လူငယ်များက နိုင်ငံရေးတွင် ပါဝင်လေ့ရှိကြောင်းလည်း ၎င်းကဆက်ပြောသည်။

လူငယ်များ နိုင်ငံရေးနှင့် ပတ်သက်ရမည့် အသက်အရွယ်ကို မသတ်မှတ်လိုသော်လည်း နိုင်ငံရေးလုပ်မည်ဆိုပါက ရဲဘော်ရဲဘက်စိတ် ထားရှိခြင်း၊ ယုံကြည်ချက် စွဲမြဲစေခြင်း၊ လိပ်ပြာသန့်သန့်ဖြင့် ရိုးသားစွာ လုပ်ကိုင်ခြင်းတို့ဖြင့် နိုင်ငံရေးလုပ်ရန် အကြံပေးလိုကြောင်း ဦးဝင်းတင်ကပြောသည်။

“အခုခက်နေတာက ဒါပဲ။ တိုင်းပြည်မှာ ပြောသာပြောနေရတယ်။ ရဲဘော်ရဲဘက်စိတ်က သိပ်နည်းတယ်”ဟု ၎င်းကဆိုသည်။

ABSDF ကျောင်းသားတပ်မတော်အတွက် အမည်းစက်တစ်ခုအဖြစ် လူသိများသည့် တပ်ဖွဲ့ဝင်အချင်းချင်း ထောက်လှမ်းရေးဟု စွပ်စွဲကာ လူ ၄၀ နီးပါးအား သတ်ဖြတ်ခဲ့ကြသည့် စိတ်မချမ်းမြေ့ဖွယ်ရာ ပါဂျောင်စခန်းဆီသို့ ၁၉၉၂ ခုနှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့သူ လွတ်မြောက်ရေးအတွက် ABSDF မြောက်ပိုင်းမှ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ဆွေးနွေးခဲ့သည်ဟု ဒေါ်မြင့်မြင့်ကြည်ကပြောသည်။ သူကြုံတွေ့ခဲ့ရသည့် အဆိုပါဖြစ်စဉ်တွင် ထောက်လှမ်းရေးဟု ဖမ်းဆီးကာ နှိပ်စက်၊ အသတ်ခံရသူများနှင့် သတ်သည်ဟု စွပ်စွဲခံနေရသူများရော နှစ်ဖက်စလုံးသည် အသက် ၂၀၊ ၂၅ နှစ်အရွယ် လူငယ်၊ လူရွယ်များ ဖြစ်သည်ဟု ဆိုသည်။ တော်လှန်ရေးအတွက် သွားရောက်ကြသည့် လူငယ်များအချင်းချင်း စည်းလုံးနေရမည့်အစား၊ ရဲဘော်ရဲဘက်စိတ် ပျောက်ဆုံးကာ သတ်ဖြတ်ဖမ်းဆီးမှုများ ပြုလုပ်နေကြခြင်းမှာ စိတ်မကောင်းစရာ ဖြစ်ရပ်ဟု ၎င်းကဆိုသည်။

နိုင်ငံရေးလေ့လာလိုက်စားလိုသော လူငယ်များအား လူကြီးများဘက်မှလည်း လမ်းဖွင့်လက်တွဲခေါ်ရန် လိုအပ်ကြောင်း ဦးဝင်းတင်က ပြောသည်။ လူငယ်များအား လူကြီးများက လိုချင်သော ပုံသွင်းယူခြင်း၊ အသုံးချခြင်းများကို မပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။ လူငယ်များအတွက် လွတ်လပ်စွာတွေးခေါ်ခွင့် ပေးရမည်ဖြစ်ပြီး ထိုအပေါ်တွင်သာ လမ်းမှားသို့မရောက်ရန် ထိန်းကျောင်းမှုများ ပြုလုပ်သင့်ကြောင်း ၎င်းကဆိုသည်။

“ပြောခွင့်နဂိုထဲက မပေးဘဲ မင်းလိုက်ဆို၊ ဆိုတာမျိုးတော့ ခုခေတ်ကလေးတွေ ပညာသင်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ အလွတ်ကျက်ခိုင်းသလို။ အလွတ်ကျက်တော့ စာမတတ်သလို နိုင်ငံရေးလည်း မတတ်တော့ဘူး”ဟု ဦးဝင်းတင်က သူ၏အမြင်ကို ပြောသည်။

ယနေ့ နိုင်ငံရေးအခင်းအကျင်းသည် တစ်ချိန်က အခေါ်ကိစ္စအတွက်ပင် အငြင်းပွားခဲ့ရသည့် လူထောင်သောင်းချီ အသက်များ၊ ဘ၀များ စတေးခဲ့ရသည့် သမိုင်းဝင် ရှစ်လေးလုံးနေ့ရက်အတွက် ပြည်ထောင်စုအဆင့်ဝန်ကြီးများ လာရောက်သည့်အထိ အုပ်ချုပ်သူနှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းကြား ဆက်ဆံရေးမှာ အတိုင်းအတာတစ်ခုအထိ ချောမွေ့လာပါသည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်းစစ် အရှိန်တက်နေခြင်း ကဲ့သို့သော ဒီမိုကရေစီနှင့် မအပ်စပ်သော ကိစ္စများကြောင့် စိုးရိမ်စရာများကလည်း ရှိနေသေးသည်။

လေ့လာသူများ၏ အဆိုအရ အသွင်ကူးပြောင်းရေးများတွင် ဖွားဖက်တော်အဖြစ် နောက်ကြောင်းပြန်လှည့်ရေးက ကပ်ပါလာသည်ဟု ဆိုသည်။ ဘာမဆို ဖြစ်လာနိုင်သော ယခုလိုအချိန်မျိုးတွင် လာရာလမ်းသို့ လွမ်းမောနေသူများ ဇာတ်ကြောင်းပြန်ပါက မြန်မာလူငယ်များသည် ရှေ့က ညီအစ်ကိုတော်များနည်းတူ သမိုင်းပေးတာဝန်ကို ထမ်းဆောင်မည်မှာ မလွဲပေ။ သို့သော် ဘယ်ပုံဘယ်နည်းဖြင့် ထမ်းဆောင်နိုင်မည် ဆိုသည်မှာတော့     လူငယ်များ၏ တက်ကြွသည့် စိတ်များအပြင် ပညာအရည်အချင်း ပြည့်ဝခြင်း၊ ညီညွတ်ခြင်း တက်ကြွခြင်းများက အဆုံးအဖြတ် ပေးသွားမည်ဖြစ်သည်။

အောင်ခိုင်၊ မင်းဟိန်းကျော်၊ ထွန်းခိုင် 7Day News Journal အတွဲ (၁၁)၊ အမှတ်(၂၈)



Posted: 25 Sep 2012 05:25 AM PDT

ထောင်ဒဏ်တသက် ချမှတ်ခံထားရတဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများ ကွန်ရက် (အိပ်ခ်ျအာဒီပီ) အဖွဲ့ရဲ့ ခေါင်းဆောင် ဦးမြင့်အေး လွတ်မြောက်ရေး အတွက် အဖွဲ့ဝင်တွေက လက်မှတ်လိုက် လံစုဆောင်း တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်နေပါတယ်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဦးမြင့်အေး



Posted: 25 Sep 2012 05:05 AM PDT
တရုတ်လယ်သမားများကို မြေငှား၍ ဖရဲစိုက်ခွင့်ပြုပြီးနောက် မြေဆီလွှာထိခိုက်မှုကြောင့် စိုက်ပျိုးရန် ခက်ခဲလာမှုကို ယခုအထိ သူတို့ မဖြေရှင်းနိုင်သေးပါ။

“တရုတ်တွေကိုငှားပြီး နောက်နှစ်တစ်ရွာလုံး အထွက်လျော့တာပဲ”ဟု ဖရဲစိုက်ပျိုးရန် မြေငှားရမ်းခဲ့သော မိတ္ထီလာမြို့နယ် ကွက်ငယ်အုပ်စု ဒဟတ္တန်းကျေးရွာရှိ မြေပိုင်ရှင် မမိုးနိုင်က သူမတို့ ကြုံတွေ့ခဲ့ပုံကို ပြန်လည်ပြောပြသည်။

လွန်ခဲ့သော သုံးနှစ်ခန့်က မမိုးနိုင်သည် တရုတ်ဖရဲစိုက် တောင်သူများကို မြေငှားရမ်းခဲ့သော ပိုင်ရှင်များထဲမှ တစ်ဦးဖြစ်သည်။ သူမလိုပင် မိတ္ထီလာမြို့နယ်အတွင်း တရုတ်ဖရဲစိုက်သူများ တစ်နှစ်စိုက်ပျိုးပြီးနောက် မြေဆီလွှာအရည်အသွေးများ ကျဆင်းလာသည်ဟု ဒေသခံများက ပြောသည်။

မိတ္ထီလာမြို့နယ်တွင်းတွင် ဖရဲစိုက်ပျိုးရန် ငှားရမ်းထားသော မြေဧကသည် ဧက ၅၀၀ မှ ၁၀၀၀ အတွင်း ရှိနိုင်သည်ဟု ဒေသခံများက ခန့်မှန်းသည်။ စိုက်ပျိုးရာတွင် ဓာတ်မြေသြဇာ အလွန်အကျွံအသုံးပြုခြင်း ရေငန်များ ရေသွင်းစိုက်ပျိုးခြင်းနှင့် မြေအောက်ရေအငန်ဓာတ်များ၊ ရာသီဥတုပူပြင်းမှုကြောင့် ဆားငန်များ တက်လာခြင်းတို့ကြောင့် စိုက်ခင်းများ ဆားပေါက်ခြင်းနှင့် ဆပ်ပြာမြေများ ဖြစ်ကုန်သည့် နေရာများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် မြေဟက်တာ တစ်သန်းကျော်ရှိကြောင်း မြေအသုံးချဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖရဲစိုက်ဘောင်နေရာတွင် မြေဆီလွှာ သိပ်သည်းကျစ်လျစ်ပြီး ထွန်ယက်သောအခါ တစ်နှစ်သီးနှံကောင်းပြီး နောက်နှစ်များတွင် တရုတ်ဖရဲစိုက် တောင်သူများကဲ့သို့ ဓာတ်မြေသြဇာ အသုံးမပြုနိုင်ပါက သီးနှံအထွက် တဖြည်းဖြည်း လျော့လာကြောင်း ဒဟတ္တန်းကျေးရွာမှ မြေခြောက်ဧက ငှားရမ်းခဲ့ဖူးသူ ဦးမြင့်မောင်ကပြောသည်။

“နည်းပညာနဲ့အရင်းအနှီး မတတ်နိုင်လို့သာ ငှားလိုက်ရတာ။ မလုပ်နိုင်လို့ ငှားလိုက်ရတာ၊ မငှားချင်ဘူး။ ကြာရင် မြေနာတာကတော့ နာမှာပဲ”ဟု မြေငှားခဲ့သော ဦးမြင့်မောင်ကပြောသည်။

စိုက်ပျိုးပြီးကျန်ခဲ့သော ဆွေးမြည့်ရန်ခက်ခဲသည့် အမည်းရောင် ပလပ်စတစ်အိတ်ခွံများက ထွန်များနှင့် ငြိခြင်းကြောင့် ထွန်ယက်ရာတွင် အခက်အခဲဖြစ်စေပြီး ပလတ်စတစ်ကောက်ချိန်ပေးရ၍ အချိန်ကြာသလို အလုပ်သမားခများလည်း ခါတိုင်းနှစ်များထက် ပိုမိုကုန်ကျခဲ့သည်။

ထို့ပြင် သီးနှံစိုက်စဉ်တွင် ပေါင်းများလည်း ထူပြောလာကာ သီးနှံအထွက် လျော့လာကြောင်း တောင်သူများက ပြောသည်။

သီးနှံအထွက် လျော့သည့်အတွက် တရုတ်များကို ငှားရမ်းလိုက်ခြင်းက သူမအဖို့ အရှုံးပေါ်ခဲ့သည်။ ဖရဲတစ်ရာသီ ၅ လလောက်စာအတွက် တစ်ဧကကို တစ်သိန်းနှုန်းဖြင့် ငှားခဲ့ခြင်းက သူမအဖို့ နောက်နှစ် စိုက်ပျိုးရာသီကို ပြန်လည်စိုက်ပျိုးရန် ထွန်ကျင်းခသာ ရရှိခဲ့သည်ဟု သူမကဆိုသည်။ ဖရဲစိုက်ပျိုးပြီးနောက်တွင် တစ်ဧကကို နှမ်းရှစ်တင်းလောက် ပုံမှန်ထွက်နေသော သူမစိုက်ခင်း၌ နှစ်တင်းလောက်သာ ထွက်တော့သည်ဟု မမိုးနိုင်ကပြောသည်။

ဒဟတ္တတန်းရွာသားများက အထွက်လျော့၍ ထပ်မံမငှားကြသော်လည်း အချို့ဒေသများတွင်မူ ဖရဲစိုက်ပြီး နောက်ရာသီတွင် သီးနှံများစိုက်ပျိုးပါက ယခင်ထက် အထွက်နှုန်းတိုးသည်များလည်းရှိကြောင်း ဒေသခံများကပြောသည်။

တရုတ်ဖရဲစိုက်သူ၏ ယာတဲအနီးတွင် ပိုးသတ်ဆေးများဖြင့် ရောသမမွှေကာ ပလတ်စတစ်အိတ်များ ဖုံးအုပ်ထားသည့် သွင်းအားစုများ စုပုံထားသည်။ စိုက်ပျိုးချိန် လေးလခန့်ကြာမည့်အတွက် လိုအပ်သော ဓာတ်မြေသြဇာ သွင်းအားစုအိတ်များဖြင့် တရုတ်စာလုံးပါ ဓာတ်မြေသြဇာအိတ်များကို သူနေထိုင်သည့် တဲအိမ်တွင် စီရီကာ စုပုံထပ်ထားသည်။ ထွက်ရှိလာသော ဓာတုအနံ့များက တောင်သူဦးမြင့်မောင်၏ တဲအိမ်တစ်ခုလုံး ပြန့်လွင့်နေသည်။

တရုတ်လူမျိုး ဖရဲစိုက်သူတစ်ဦးက သူတို့စိုက်ပျိုးပုံစံမှာ မြေဆီလွှာကို အန္တရာယ်မပေးနိုင်ဟု ခေါင်းခါလက်ခါပြီး ခြေဟန်လက်ဟန်ဖြင့် ပြောသည်။

မည်သို့ပင်ပြောသော်လည်း တရုတ်ဖရဲစိုက်တောင်သူများ ဓာတ်မြေသြဇာ ပိုးသတ်ဆေး အသုံးပြုပုံ အသုံးပြုနည်းများမှာ ဒေသသုံးစွဲပုံနှင့် မတူညီဘဲ များပြားပြီး ဓာတ်ကြွင်းများ နောက်တစ်နှစ်အထိ ကျန်ရှိနေသည်ကို သာဓကများက သက်သေပြလျက်ရှိသည်။ ၎င်းနေထိုင်သော တရုတ်နိုင်ငံ ဟိုင်နမ်ကျွန်းတွင် သုံးနှစ်ထိ မြေလပ်ပြီးမှသာ စိုက်ပျိုးနိုင်ကြောင်းလည်း ၎င်းကဆက်ပြောသည်။ မြေလပ်ရာတွင် ရေသွင်း၍ မြေဆီလွှာကို နှပ်ထားလေ့ရှိကြောင်းလည်း ယင်းက ရှင်းပြခဲ့သည်။

တရုတ်ဖရဲစိုက်ခင်းများတွင် မစိုက်ပျိုးခင် ဓာတ်မြေသြဇာ အဆင့်ဆင့်သုံးစွဲပုံကို ရှင်းပြသူများက ဓာတ်မြေသြဇာနှင့် ရွက်ဖျန်းဆေး၊ ပိုးသတ်ဆေးကို မိမိတို့ ဒေသများထက် များပြားစွာ သုံးစွဲကြောင်း မှတ်ချက်ပေးသည်။

“တရုတ်စာနဲ့ ဓာတ်မြေသြဇာတွေပဲ။ မသိဘူး။ ကီမီရာသုံးတယ်။ ထုံးသုံးတယ်။ ပိုတက်သုံးတယ်။ နွားနီမှုန့်သုံးတယ်။ ပထမတော့ အာမိုကိုသုံးတယ်။ စိုက်တော့မယ်မြေပေါ်မှာ အိတ်မအုပ်ခင် အာမို နောက်ချေးနဲ့ ထုံးသုံးတယ်။ ပိုတက်သုံးတယ်။ နွားနီသုံးတယ်။ ရောပြီးထည့်လိုက်တယ်။ နွားတွေကို လာကိုမစားခိုင်းဘူး။ ဘယ်လောက်ပြင်းလည်း မပြင်းလည်းတော့ မသိဘူး။ ဖရဲဘောင်ပြီးသွားရင် မြေကြီးဘောင်က ကျပ်ခဲကြီးဖြစ်တာပေါ့”ဟု အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောသည်။

ပိုးသတ်ဆေးနယ်ထားသော အစာများကို စားသောက်သော ခွေးများ သေဆုံးခဲ့သည်ဟု ကျေးရွာဒေသခံများနှင့် အလုပ်သမားများက ပြောကြားသည်။

“ဆေးကပြင်းတယ်။ အကောင်မှန်သမျှ အကုန်သေပဲ။ ဒီနားတစ်ဝိုက် ခွေးတွေသေတာ အကောင်သုံးဆယ်လောက်ရှိပြီ”ဟု မြင်းခြံမြို့မှ နယ်လှည့်ဖရဲစိုက်ခင်းများတွင် အလုပ်လုပ်ကိုင်သူ သုံးနှစ်အတွေ့အကြုံရှိ အလုပ်သမားတစ်ဦးက ပြောသည်။

ပိုးသတ်ဆေး အလွန်အကျွံ အသုံးပြုခြင်း ကာလရှည်လာပါက မြေဆီလွှာအကျိုးပြုသည့် ပိုးကောင်များ သေဆုံးပြီး မြေဆီလွှာပြုန်းတီးနိုင်သည့် အခြေအနေ ရှိသည်ဟု စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးနှင့် မြေစာရင်းဌာနတို့က တရုတ်ဖရဲစိုက်သူများ၏ ဖရဲစိုက်ခင်း မည်မျှရှိသည်ဟု မပြောကြားသော်လည်း တရုတ်ဖရဲစိုက်သူတစ်ဦးလျှင် တစ်ရာသီ ဧက ၃၀ နှင့် ၅၀ ကြားရှိပြီး မိတ္ထီလာမြို့တွင် ဧကထောင်ချီရှိမည်ဟု အငှားလုပ်ကိုင်သူတစ်ဦးက ပြောသည်။

တရုတ်မြေ ငှားရမ်းသူများက မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးရှိ ဒေသခံများ၏ ကျေးရွာယာမြေများကို နွေရာသီတွင် ငှားရမ်းလေ့ရှိသည်။ ကျောက်ဆည်မြို့ အခြေစိုက်ကုမ္ပဏီများမှတစ်ဆင့် ဒေသခံအာဏာပိုင် အဖွဲ့အစည်းများနှင့် သစ်သီးဝလံအသင်းတို့၏ ခွင့်ပြုချက်ရယူပြီး မြေငှားရမ်းလုပ်ကိုင်ကြသည်။

တစ်ချိန်က မိုးမျှော်ပြီး နှမ်းစိုက်၊ ခရမ်းချဉ်သီးစိုက်ပျိုးကာ အသက်မွေးကြသော တောင်သူယာကွက်များတွင် ဧကငါးဆယ်နှင့် ခြောက်ဆယ်ရှိသော ပလတ်စတစ်အမည်းအုပ်ထားသည့် ဖရဲစိုက်ပျိုးဘောင်များကို တစ်မျှော်တစ်ခေါ်ကြီး တွေ့ရသည်။

အထက်ပါ တရုတ်ဖရဲစိုက် တောင်သူများ ဖရဲစိုက်ပျိုးပြီး နောက်တစ်နှစ်တွင် တောင်သူများ ဓာတ်မြေသြဇာ မသုံးဘဲ သီးနှံအောင်မြင်သော်လည်း နောင်နှစ်ဆက်တိုက် စိုက်ပျိုးပါက မူရင်းစိုက်ပျိုးသည့်နှမ်းများ မဖြစ်ထွန်းကြောင်း ဒေသခံစိုက်ပျိုးတောင်သူများက ပြောသည်။

တရုတ်ဖရဲစိုက်သူများကို ပြည်တွင်းရှိ တရားဝင် မှတ်ပုံတင်ထားသော ပိုးသတ်ဆေး ဓာတ်မြေသြဇာများကို အသုံးပြုရန် ခွင့်ပြုစဉ် ပြောကြားခဲ့သော်လည်း အမှန်တကယ် သုံး၊ မသုံးကို စစ်ဆေးခြင်းမရှိဟု မိတ္ထီလာမြို့နယ်မှ စိုက်ပျိုးရေးဦးစီးမှူးက ပြောသည်။

ယာတစ်ကွက်တိုင်းတွင် အ၀ီစိတွင်းများ တူးဖော်ထားပြီး ယင်းရေများကို သဲအိတ်များ စီထပ်ထားသည့် တာလပတ်ကန်တွင် အမျိုးအမည်သိခွင့်မပေးသော ဆေးကိုခတ်ပြီး အရွက်ပေါ်ဖျန်းသည်ဟု နယ်လှည့်စိုက်ပျိုးရေးလုပ်ကိုင်သူ ၂ နှစ် အတွေ့အကြုံရှိ အမျိုးသမီးတစ်ဦးက ပြောပြသည်။

“ဓာတ်မြေသြဇာကို အဲဒီလောက် မြင့်တဲ့ဟာတွေ သုံးတာများရင် မြေဆီလွှာဓာတ်ကို ကြာရင်ဆုံးရှုံးမယ်။ သုံးစွဲတဲ့ပစ္စည်းတွေ မြင့်လေ၊ အပင်အားကောင်းလေဆိုတော့ အပင်ရဲ့ စုပ်ယူနိုင်စွမ်းတွေ မြင့်တယ်။ ဒီတော့ မြေဆီလွှာထဲက ဓာတ်တွေပါ ကြာရင်ပျက်စီးမှာပဲ”ဟု ဓာတ်မြေသြဇာ ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင် ဦးမျိုးဇော်ကပြောသည်။

မြေဆီလွှာပေါ်တွင် ဓာတ်မြေသြဇာ သုံးစွဲမှုများခြင်း၊ ပိုးသတ်ဆေး သုံးစွဲမှုများခြင်းများ ဖြစ်လာပါက မြေဆီလွှာဆုံးရှုံးနိုင်သည့်အတွက် စိုက်ပျိုးမှုများ
မပြုလုပ်မီကပင် မြေငှားထားသော တောင်သူများကို ပြောပြသင့်ကြောင်း ရုက္ခဗေဒပါမောက္ခတစ်ဦးက ပြောသည်။

“သွင်းအားစုများတော့ မြေဆီလွှာအက်ဆစ်ဓာတ်ပေါက်တာတို့၊ Removel တို့၊ Up Grade တို့ ဖြစ်နိုင်တယ်။ သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ရင်လည်း အထွက်လျော့တာတွေ ဖြစ်နိုင်တယ်။ သီးနှံပြောင်းစိုက်ဖို့လိုတဲ့ သဘောပေါ့။ ဒါတွေက ဆေးဝါးတွေ၊ ရာသီဥတုဒဏ်၊ မြေဆီလွှာ ပြောင်းလဲမှုတွေလည်းရှိတော့ သေချာစစ်ဆေးပြီးမှ စိုက်သင့်တယ်”ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မြေဆီလွှာပညာရှင်တစ်ဦးကလည်း ပြောသည်။

ယင်းမြေပေါ်တွင် နှစ်နှစ်လောက် မည်သည့်သီးနှံမျှ မစိုက်ပျိုးဘဲထားပါက ယခင်နှုန်းများအတိုင်း အထွက်နှုန်း ပြန်လည်ကောင်းလာနိုင်ကြောင်း အလုပ်သမားခေါင်းဆောင်က ပြောသည်။

ယင်းစိုက်ခင်းများကို ငှားရမ်းရာတွင် မြန်မာကုမ္ပဏီအမည် ခွာညိုကုမ္ပဏီအမည်ဖြင့် ငှားရမ်းသည်။

ဒေသခံများက တရုတ်စိုက်ခင်းများဟု ခေါ်နေသောကြောင့် ကုမ္ပဏီကို မေးမြန်းရာတွင် “ကျွန်တော်တို့ ကုမ္ပဏီက တရုတ်လူမျိုးတွေပိုင်တာ မဟုတ်ဘူး။ သူတို့နဲ့ ရှယ်ယာလုပ်တာလည်း မဟုတ်ဘူး။ တရုတ်က ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ မျိုးကိုပဲယူပြီး စိုက်တာ”ဟု ခွာညိုကုမ္ပဏီမှ ဦးကျော်မောင်ကပြောသည်။

သို့သော် မြေကို တစ်နှစ်ခြား နှစ်နှစ်ခြားစနစ်ဖြင့် လာရောက် ငှားရမ်းနေသောကြောင့် နောက်နှစ်များတွင် မြေပျက်စီးမှုများ ဖြစ်လာနိုင်သည်ကို ဒေသခံမြေပိုင်ရှင် အများစုက မသိကြပေ။

မြေဆီလွှာပျက်စီးပြီး သီးနှံအထွက် လျော့ကျခဲ့သော မမိုးနိုင်က ယခုအချိန်တွင် နောင်တရလျက်ရှိပြီး တရုတ်စကားပြောသော ဖရဲစိုက်ပျိုးသူများ မြေငှားရမ်းလာပါက ဘယ်တော့မှ ငှားရမ်းတော့မည်မဟုတ်ဟု ဆိုသည်။

သိမ့်သိမ့်စိုး၊ အိဖြူမွန် - 7Day News Journal အတွဲ (၁၁)၊ အမှတ်(၂၈)




Posted: 25 Sep 2012 04:41 AM PDT
သူတို့အခေါ် One Section ခေါ် သုံးနာရီစာလောက်ကို ငွေ ၅,၀၀၀ မှသည် ၁၀,၀၀၀ အထိ ယူကာ လူငယ်နှစ်ဦး တွေ့ဆုံဖို့ အခန်းပေးသော လုပ်ငန်းတွေ ရှိနေကြလေသတဲ့။ နာမည်ကျော် ဟိုတယ်ကြီးအချို့၌ နိုက်ကလပ်များတွင် သောက်ကြ၊ စားကြ၊ ကကြ၊ ခုန်ကြပြီးနောက် အချင်းချင်း မိတ်ဆက်ကြ ချစ်စကားဆိုကြကာ သင့်ရာတော်ရာ တစ်နေရာရာဆီသို့ ကိုယ့်ကားနှင့်ကိုယ် ထွက်ခွာသွားနိုင်ကြစေရန် ဖန်တီးပေးသော အကျိုးဆောင်လုပ်ငန်းတို့လည်း ရှိနေကြလေပြီတဲ့။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Sep 2012 04:23 AM PDT

ဦးဂမ္ဘီရသည် ကျန်းမာရေး အခြေနေများကြောင့် ခေတ္တ လူဝတ်လဲထားရပြီး ယခုအခါ ကျန်းမာရေး တိုးတက် ကောင်းမွန်လာပြီ ဖြစ်သောကြောင့် မကြာမီ အချိန်အတွင်း ရဟန်းဘောင်သို့ ပြန်လည် ဝင်ရောက် မည်ဖြစ်ကြောင်း---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဦးဂမ္ဘီရ (ကိုလှိုင်ဘွား(ခ)ကိုညီညီလွင်)



Posted: 25 Sep 2012 04:09 AM PDT
ရိုက်နှက်ခံရပြီး နှစ်ရက် အကြာတွင် သေဆုံးသွားသည့် အိမ်အကူကို သရုပ် ဆောင်မေဇွန်က ရိုက်နှက်ခဲ့ကြောင်း ၀န်ခံ ထားပြီးဖြစ်သည့် အဆိုပါ သေဆုံးမှုအတွက် သေဆုံးသူ၏ ကလီစာကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း စက်တင်ဘာလ ၂၀ ရက် နေ့က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက တာဝန်ရှိသူတစ်ဦး အဆိုအရ သိရသည်။-----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 25 Sep 2012 04:00 AM PDT
၆၅ နှစ်ကျော်ကြာ ကမ္ဘာအရှည်ကြာဆုံး စစ်ပွဲများ ဖြစ်ပွားရာ မြန်မာနိုင်ငံ ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင် အချို့၏ ပြောစကားများနှင့် ၊ လုပ်ထုံးလုပ်နည်း များကြောင့် ကြန့်ကြာနိုင်ကြောင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ တွဲဖက် အတွင်းရေးမှုး ဦးခင်မောင်ကြီး က ပြောကြားသည်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အတွင်းရေးမှုး ဦးခင်မောင်ကြီး



Posted: 25 Sep 2012 03:50 AM PDT
စက်တင်ဘာ ၂၂ ရက်နေ့ ညနေ (၄း၀၀) နာရီခန့်တွင် ရေပြတ်တောက်မှု စတင်ဖြစ်ပွားခဲ့ပြီး သာက်သုံးရေ အခက်အခဲကြောင့် (၂၀)လီတာဝင် ရေသန့်ဗူးကြီးများ ကို သောက်ရေ အတွက် သာမက သုံးရေ အတွက်ပါ ဝယ်သုံး နေရကြောင်း၊ ရေသန့် တွန်းလှည်းများ ရပ်ကွက်အတွင်း ရောက်ရှိချိန် အလုအယက် ဝယ်ယူနေရကြောင်း -----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 24 Sep 2012 09:10 PM PDT
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်က ကံကြီးကုန်းရွာနဲ့ ဇီးအုပ်ရွာက ရွာသားတွေဟာ ကျူးကျော်နေထိုင်သူတွေအဖြစ် သတ်မှတ်ခံရပြီး မန္တလေးမြို့တော်ဝန်က ကျူးကျော်နေအိမ်တွေ ဖျက်သိမ်းဖို့ တစ်ပတ်အချိန် ပေးထားတဲ့အပေါ် မစိုးရိမ် တိုက်သစ် ဓမ္မသဟာယကျောင်း နာယက၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူက----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် ၊ ဓါတ်ပုံ -CJMyanmar



Posted: 24 Sep 2012 08:55 PM PDT
ပဲခူးမြို့ အကျဉ်းထောင်မှာ ထောင်ကျနေသူ အကျဉ်းသား ဦးလှမိုးကို ထောင်မှူး ဦးကျော်စွာသင်းက ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့တဲ့အတွက် အကျဉ်းသားရဲ့ဇနီးဖြစ်သူ မခင်ကြည်ကြည်ချိုက ပဲခူးထောင် ညွှန်မှူး ဦးနိုင်ဝင်း၊ ဦးစီးအရာရှိ ဦးသိန်းစိုး၊ ထောင်ပိုင် ဦးဝင်းတင်တို့ကို မနေ့မနက်က တွေဆုံ တိုင်ကြားခဲ့ပါတယ်။ -----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...