Sunday, September 30, 2012
ကယားလူမျိုး
by စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်) on Sunday, September 30, 2012 at 9:08pm ·
နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
[ပြင်ဆင်ရန်] ကယားလူမျိုးစု
ကယားတိုင်းရင်းသား လူမျိုးများနှင့် ဆက်စပ်ပါဝင်သည့် လူမျိုးစုများမှာ -
[ပြင်ဆင်ရန်] (၁) ကယားလူမျိုးစုများ
(က) ကယား
(ခ) ကယားမိုနု
(ဂ) ကယားယင်းတလဲ
[ပြင်ဆင်ရန်] (၂) ကယန်းလူမျိုးစုများ
(က) ကယန်းကဲခေါင် (ပဒေါင်)
(ခ) ကယန်းကငန် (ယင်းဘော်)
(ဂ) ကယန်း(ဂေခို)
(ဃ) ကယန်းလထ/တိယံ (ခေါင်းတို)
ရိုးသားခြင်း၏ လက်ငင်းအကျိုး
by Moenge Aung on Sunday, September 30, 2012 at 9:08pm
မောင်လှဝင်းသည် တောင်ငူမြို့၏ မြောက်ဘက် ဆင်ခြေဖုံးရက်ကွက်လေးတွင် နေထိုင်သူ ဖြစ်သည်။ အဖေ အမေ အပါအ၀င် မောင်နှမ ငါးယောက်နှင့် မိသားစု ခုနစ်ယောက်ရှိသည်။ ဖခင်ဖြစ်သူက အငှားဆိုက်ကားနင်းသည်။ မိသားစု ခုနစ်ယောက်ရှိ၍ သူတို့ဝင်ငွေနှင့် မလောက်ငပါ။
အတိမ်းအစောင်းမခံတယ့် မြန်မာ့နိုင်ငံရေး
by Ven Ravika on Saturday, September 29, 2012 at 8:13pm
လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်က တပ် မငြိုငြင်ဖို့၊ သိန်းစိန်အစိုးရ အမြင်ကြည်ဖို့၊ တိုင်းရင်းသားတွေ ယုံကြည်ဖို့ အချိန်အဆမှန်မှန်နဲ့ ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရတယ်လို့ ဆိုရမယ်။ အတိမ်းအစောင်းခံလို့ မဖြစ်ပါ။
ဘွင်ဘွင်ပြောရယင် တပ်က အခုထိ ဣနြေ္ဒရရ ရှိနေပါတယ်။ တပ်က ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ကို ကိုင်ထားပြီး လွှတ်တော်မှာလည်း ၂၅ ရာခိုင်နှုန်း ရှိနေလို့ ဘယ်ပြုပြင်ပြောင်းလဲရေးကိုမဆို တပ်က သဘောတူမှပဲ လုပ်နိုင်မှာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စာရေးသူတို့ ကြိုက်တာ မကြိုက်တာ သူမစဉ်းစားအားပါ။ ၂၀၁၅ ခုမတိုင်မီ တပ်ကို စည်းရုံးနိုင်ဖို့ သူ့အတွက်ရော တိုင်းပြည်အတွက်ပါ အင်မတန်မှ အရေးကြီးတယ်။
တိမ်မင်ခိုးနှယ် ပြောင်းလဲလွယ်
by ဝေ(စီးပွားရေးတက္ကသိုလ်) on Sunday, September 30, 2012 at 7:25pm ·
သည်အမျိုးသမီးကို မြင်လိုက်ရတော့ နဂိုက မခက်ထန်တတ်သော ကျွန်မ၏စိတ်နှလုံးပင်လျှင် တင်းကနဲ အပေါ်ကြောမာခဲသွားရ၏။
စကားကို တိုပြတ်ပြတ်ပြောတတ်သော၊ မေးတစ်ခွန်းဖြေတစ်ခွန်း မဖော်ရွေလှသော၊ အမေးအမြန်း ထူလာလျှင် ၀ယ်မှာမို့လားဆိုသည့် မျက်နှာပေးနှင့် မဖြေချင့်ဖြေချင် အကြောမာလှသော... သည်မိန်းကလေးမျိုးကို အရောင်းစာရေးခန့်ထားသည့် ဆိုင်ရှင်ကိုလည်း အံ့သြလှ၏။
အင်တာနက် ကွန်နက်ရှင် မြန်အောင် လုပ်နည်း
အင်တာနက်ကော်နက်ရှင် မြန်အောင်လုပ်တယ်ရယ်လို့တော
ပြင်ချိန်တန်ပြီဖြစ်တဲ့ အခြေခံပညာရေးမူဝါဒများ
by Myanmar Online News on Sunday, September 30, 2012 at 6:04am ·
မြန်မာနိုင်ငံတော်ကြီးကို အာစီယံနိုင်ငံများ၏ စံချိန်၊ စံနှုန်းများနှင့်ညီအောင် ၂၀၁၅ နှစ်အမှီ ပြုပြင်ပြောင်း လဲနိုင်ဖို့ တက်စုံရွက်စုံဖွင့်ပြီး နိုင်ငံ ခေါင်းဆောင်းများ အားသွန်ခွန်စိုက်ဆောင်ရွက်နေချိန်မှာ … ပြုပြင်ပြောင်းလွဲရေးမှာ ကဏ္ဍများစွာရှိနေလေတော့ ဘယ်ကဏ္ဍများကို အရေး တကြီး အရင်ပြုပြင်ပြောင်း လဲသင့်သလဲဆိုတဲ့ အမေးပါ။
အပ်ဖျားတို့ဆုံတွေ့ရာဒေသ
by မင်းလူ၏ ၀တ္တုတိုများ on Sunday, September 30, 2012 at 10:54am ·
နှစ်ထပ်တိုက် အဆောက်အအုံကလေးမှာ အမျိုးသမီးပြင်ပလူနာဌာနဖြစ်သည်။
မနက်အစောကြီးကတည်းကပင် လူနာတွေအများကြီးရောက်ရှိနေပြီး သံတံခါးဖွင့်မည့်အချိန်ကို စောင့်နေကြသည်။
ပုဇွန်တောင် လူသတ်မှု ဖြစ်ရပ်မှန် ကျန်ရစ်သူ မိသားစုက ဖွင့်ချလိုက်ပြီ
by General Knowledge on Sunday, September 30, 2012 at 1:06pm ·
သစ်ထူးလွင် 9/13/2012 02:18:00 PM
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက် နေ့  က ရန်ကုန်မြို့ပုဇွန်တောင်မြို့နယ် ရေကျော် (၇) ရက်ကွက်၊ အမှတ် (၇) ၊ ၅ လွှာ မှာ နေထိုင်တဲ့ ဒေါ်မေနှင်းဆီပာန် (ခေါ်) ဒေါ် Betty ပာန် အား လူမဆန်စွာ သတ်ဖြတ်ခဲ့သော လူသတ်မှု ဖြစ်ရပ်မှန်ကို ကျန်ရစ်သူမိသားစုမှ Myanmar News Now သို့  ပေးပို့ထားပါသည်။
စည်းနဲ့ကမ်းနဲ့ မြန်မာစာ
by Moenge Aung on Saturday, September 29, 2012 at 9:01pm
ညီလေး
အရင်တလောက ကိုကြီးရေးလိုက်တဲ့ “အကဲခတ် နဲ့ အကဲခပ်”အကြောင်း စာထဲမှာ “စုတူသတ် စနစ်” အကြောင်း ပါသွားတော့ သီလေးက စိတ်ဝင်စားပြီး နည်းနည်းလောက် ချဲ့ပြီးရှင်းပြပေးပါလို့ တောင်းဆိုလာလို့ ဒီစာကို ဆက်ရေးလိုက်တာပါ။ “စုတူသတ်စနစ်” အကြောင်း ညီလေး စိတ်ဝင်စားတာ ဝမ်းသာပါတယ်။ ညီလေး စာစိတ်ပေစိတ် ဝင်လာတာကို ချီးကျူးကြိုဆိုပါတယ်။
တကယ်တော့ “စုတူသတ်စနစ်”ဆိုတာ ကိုကြီး ပေးထားတဲ့ နာမည်ပါ။ နာမည်ကိုသာ ပေးတာနော်။ ဒီစနစ်ကတော့ မြန်မာစကား၊ မြန်မာစာမှာ နဂိုကတည်းက ရှိပြီးသားစနစ်ပါ။ စနစ်နာမည် တပ်လို့ပဲ ဖြစ်ဖြစ်၊ စနစ်နာမည် မတ်ဘဲပဲ ဖြစ်ဖြစ်၊ ဒီစနစ်ကို သုံးနေကြပါတယ်။ ဒီစနစ်ကလည်း မြန်မာစကား မြန်မာစာမှာ စာလုံးပေါင်းသတ်ပုံ မှန်ကန်ဖို့နဲ့ အနက်အဓိပ္ပါယ်သိဖို့ အလွန်ကောင်းတဲ့စနစ် ဖြစ်နေတာကိုး၊ ဆရာတော် ဦးကောသလ္လကတော့ “ဗြဟ္မနိရုတ္တိနယသင်္ဂဟ ခေါ် မြန်မာစာလုံးပေါင်း ပြောင်းထုံးကျမ်း(၁၉၈၅)မှာ အက္ခရာ ဖိုမ ပြောင်းလဲခြင်း”လို့ ခေါ်ထားလေရဲ့။
ဒေါ်စု မိန့်ခွန်း ( အမေရိကန်နိုင်ငံ Yale တက္ကသိုလ်မှ --- နိဂုံး )
by Spring Flowers on Friday, September 28, 2012 at 11:05pm ·
- အဲဒီအပြောင်းအလဲကောင်းကို ရအောင်ဖန်တီးရာမှာ ကျမတို့မှာ အဘက်ဘက်က အကူအညီလိုပါတယ် ။ ဒီတော့ အခုလို စကားပြောခွင့်ရတာလေးကို အခွင့်ကောင်းယူပြီး ပြောပါရစေ......... မြန်မာပြည် တရားဥပဒေစိုးမိုးရေးပြန်လည်တည်ဆောက်ရာမှာ ကျမတို့ကို လူကြီးမင်းတို့က ကူညီပေးကြပါ။ ကျမတို့မှာ ကျွမ်းကျင်တဲ့ တရားသူကြီးတွေလိုပါတယ် ။
သို့ ..... ညီမလေး
တစ်လောက အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုဖိုင်နဲ့ ပက်သက်ပြီး မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ အနည်းငယ် ပြောလိုပါတယ် ။ မြန်မာဆိုတာ ခေတ်အဆက်ဆက်က အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သူေ
ဘဝတစ်ကွေ့က သူငယ်ချင်းတစ်ယောက်
မိဘတွေက ကိုယ့်ရဲ့သားသမီးတွေကို သူတို့ငယ်စဉ် အမှားအမှန် ပိုင်းခြား ဆုံးဖြတ်နိုင်တဲ့ အသိဥာဏ် မရှိသေးခင်မှာ ကိုယ်လက်ခံ ကိုးကွယ်ထားတဲ့ ကိုယ်နှစ်သက်ယုံကြည်ထားတဲ့ ဝါဒ ၊ ဘာသာတရား အတွေး အခေါ်တွေကို မျိုးစေ့ချပေးထားသင့်သလား။ အဲဒါကို Brainwash လုပ်ထားတယ်လို့ ခေါ်လို့ဖြစ်မလား။ ဘာသာရေး လွတ်လပ်မှုပေးမထားဘူးလို့ Human Right ပေတံနဲ့ တိုင်းတာ ခြင်းမျိုး သတ်မှတ်သင့်လား။ လက်ဦးဆရာ မည်ထိုက်စွာသား ပုဗ္ဗာစရိယ မိနှင့်ဖ တာဝန်လို့ရော သတ်မှတ်သင့်လား။ ဆုံးမပြုပြင် စည်းရုံးသိမ်းသွင်းလမ်းပြခြင်း နဲ့ အတင်းအဓမ္မ ပုံစံသွင်းထားခြင်း တို့ရဲ့ မြင်သာတဲ့ ကွာဟချက်တွေဟာ ဘာလဲ။ ဘာသာရေး လွတ်လပ်ခွင့်ကာလမှာ ကိုယ်ယုံကြည်ကိုးကွယ်တဲ့ဘာသာကို ကိုယ့်ရဲ့ ပါတ်ဝန်းကျင် ကို လမ်းပြစည်းရုံးသင့် မသင့် ။ Brainwash လုပ်တယ်ဆိုတာ မှားယွင်းတဲ့ အယူအဆဟောင်းတွေကို ဖယ်ရှားပြီး မှန်ကန်တဲ့ (ဝါ) မှန်ကန်တယ်လို့ လက်ရှိယူဆနေတဲ့ အတွေးမြင်သစ်တွေ နဲ့ လဲလှယ်တာကို Brainwash လို့ခေါ်တာ မဟုတ်ဘူးလား။ ဒါမှမဟုတ် ကိုယ့်ဖြစ်စေချင်တဲ့ အယူအဆကို တစ်ဖက်လူ စဉ်းစားဥာဏ် မသုံးဖြစ်အောင် မှိုင်းတိုက်ပြီး ကိုယ်ဖြစ်စေချင်သလို ဖြစ်အောင် လုပ်တာကိုပဲ Brainwash လို့ သတ်မှတ်တာလား။
ကုမ္ပဏီအမှု လွှတ်တော်ပတ်ပြီ
by Lu Cifer on Sunday, September 30, 2012 at 7:33am
ရွက်စိမ်း ~
ဒဂုံမြို့သစ် (ဆိပ်ကမ်း၊ အရှေ့၊ တောင်) မြို့နယ် ၃ ခုမှာ ရှိတဲ့ လယ်မြေတွေကို ဒေသဖွံ့ဖြိုးရေး အကြောင်းပြပြီး ကုမ္ပဏီ(၁၅)ခုက သိမ်းယူထားတာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပြည်ထောင်စုလွှတ်တော်ရဲ့ ကော်မတီတခုကို ပို့ထားတယ်လို့ ရှေ့နေကိုဖိုးဖြူက ပြောပါတယ်။
တောင်တရုတ်ပင်လယ်နှင့် မဟာဗျူဟာရေးရာ (၁)
by Lu Cifer on Saturday, September 29, 2012 at 7:11am ·
နိဒါန်း
အရှေ့တောင်အာရှမှာ နိုင်ငံ အချင်းချင်း စစ်မက်ဖြစ်ပွားစေမယ့် ပဋိပက္ခဖြစ်နိုင်ချေအရှိဆုံး နေရာတခုကို လက်ညှိုးထိုးပြ ပါဆိုရင် မဟာဗျူဟာလေ့လာသူအများစုက တောင်တရုတ်ပင်လယ်ကို လက်ညှိုးထိုးပြကြမှာ ဖြစ်ပါတယ်။ အရှေ့ တောင်အာရှရဲ့ မဟာဗျူဟာရေးရာ လေ့လာချက်တွေမှာ တောင်တရုတ်ပင်လယ်အရေးက ထိပ်ဆုံးကနေ နေရာယူထား ခဲ့တာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပါပြီ။
ကျနော်တို့ အမှန်တကယ် အာဏာရှင်စနစ်ကို မနှစ်မြို့ မလိုချင်ကြတော့တာသေချာရဲ့ လား--။
by Kyawthu Soe on Sunday, September 30, 2012 at 2:00am ·
သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၉)
သစ်ထူးလွင်
|
- အချိန်မီ မပြီး၍ မြိတ် - မောတောင် လမ်းဖောက်လုပ်ခွင့် ယုဇနကုမ္ပဏီ ရုပ်သိမ်းခံရ
- စင်ကာပူ သဲတင် သင်္ဘော ထားဝယ် အထိ ခရီးဆန့်
- ဒေသခံများ တိုင်ကြားချက်အရ ရပ်/ကျေး အုပ်ချူပ်ရေးမှုးအချို့ ပြန်လည် ရွေးချယ်
- ကြေးနီစီမံကိန်း ပတ်ဝန်းကျင် ထိခိုက်ပါက ရင်းနှီးမြှပ်နှံမှု ရုပ်သိမ်းနိုင်ကြောင်း ဦးစိုးသိန်းပြောကြား
- သမ္မတရုံးဝန်ကြီးဦးစိုးသိန်းနဲ့ နယူးယောက်မြန်မာမိသားစုတွေ တွေ့ဆုံပွဲ
- ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်းစိန်ပြော
- ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား
- ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော
- ဒေါ်အောင်ဆန်းစုကြည် (San Francisco) မြန်မာ တိုင်းရင်းသား မိသားစုများနဲ့ တွေ့ဆုံပွဲ (ရုပ်/သံ)
- ရွာသား ၅ ဦး သေနတ်ပစ်ခံရ (ရုပ်/သံ)
တက္ကသိုလ် အဆင့်အတန်း မြှင့်တင်ရေး
by Lu Cifer on Saturday, September 29, 2012 at 5:48am ·
Rangoon University
တနေ့ကြရင် တက္ကသိုလ်နဲ့ကောလိပ်တွေဟာ မိမိတို့ဘာသာစီမံခန့်ခွဲပြီး အုပ်ချုပ်နိုင်လိမ့်မယ်လို့ သမ္မတဦးသိန်းစိန်က အစိုးရသက်တမ်း တနှစ်မြောက်မိန့်ခွန်းမှာ ပြောပါတယ်။ လွန်ခဲ့တဲ့ မေလ (၁၂) ရက်နေ့ကတော့ ပြည်သူကို ဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အစိုးရရည်မှန်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူ့အကျိုးသယ်ပိုးရာမှာ ဗဟိုချုပ်ကိုင်မှုမရှိဘဲ ဥပဒေစည်းမျဉ်းနဲ့သာ ထိန်းကျောင်းရမယ်လို့ ဆိုပါတယ်။
30.09.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Saturday, September 29, 2012 at 4:21pm ·
ပေါလို ဂတ်ဘရီအေလာ အနေနဲ့ ကတော့ ဘာ လျှောက်လဲချက်မှ မပေးသေးပါ။ ဗာတီကန်က ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်ရဲ့ ဘဏ္ဍာစိုးဟောင်း ဖြစ်သူ ပေါလို ဂတ်ဘရီ အေလာ ကို ပုပ်ရဟန်းမင်းကြီး ရဲ့ ရုံး ကနေ လျှို့ဝှက် စာရွက် စာတမ်းတွေ ခိုးယူမှုနဲ့ စနေနေ့မှာ စတင် ရုံးထုတ်ခဲ့ ပါတယ်။
တရားစီရင်မှု စတင်တဲ့ နေ့မှာပဲ တရားရုံး ကနေ ပုပ်ရဟန်းမင်းကြီးက စေခိုင်းခဲ့တဲ့ လုံခြုံရေး ဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေက တွေ့ရှိချက်တွေကို သက်သေ အထောက် အထား အဖြစ် အသုံးပြုခွင့် မပေးဘူးလို့ အမိန့် ထုတ်ပြန်လိုက် ပါတယ်။
ဘာသာပြန်အကျဉ်းချုပ် (ဒေါ်အောင်ဆန်းစုကြည် သို.အိပ်ဖွင်.ပေးစာ ) An open letter to Ms Suu Kyi (from No.1 to No.4)
ဘာသာပြန် (၁) Letter No.1
ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား
အများနည်းတူ၊ ကမ္ဘာအ၇ပ်၇ပ်လိုပင်၊ ဒေါ်အောင်ဆန်းစုကြည် လက်ခံ၇ယူခဲ.သည်. Congressional Gold Medal ဆုအတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း အသိပေးအပ်ပါသည်။
ဆိုက်ကားသမားဒဿနဆရာ
ညို့မှောင်နေသည့်သူ့မျက်နှာပေါ်မှမျက်လုံးများသည်တဖျတ်ဖျတ်တောက်နေကြသည်။ ဆံပင်ဖရိုဖရဲ၊အဝတ်အစားခပ်နွမ်းနွမ်းနှင့်ခုံဖိနပ်ကိုစီးထားသည့် ထိုခပ်နွမ်းနွမ်းအဆင်အပြင်ထဲမှနေ၍ သူ့မျက်နှာသည် ကြည်လင်လတ်ဆတ်ကာ နှစ်လိုဖွယ် ကောင်းနေသည်။
ပထမအရွယ်၏ တတိယ ဝေဒနာ
by Moenge Aung on Saturday, September 29, 2012 at 9:22pm
လူလတ်ပိုင်းဖြစ်သည့် ၅၀-ပတ်ဝန်းကျင်တွင် လူတို့သည် စိတ်ပြဿနာကို ခံစားရတတ်သည်။ ဘဝသည် အဓိပ္ပါယ်မရှိဟု ထင်ခြင်းမျိုး၊ ဘဝကို ညည်းငွေ့ခြင်းမျိုး၊ ဘဝသည် လမ်းလွဲနေသည်ဟု ခံစားနေရခြင်းမျိုး ဖြစ်၏။ ကော်နယ်တက္ကသိုလ်၏ လေ့လာချက်အရ ၂၆%သော လူလတ်ပိုင်းတို့သည် ထိုကဲ့သို့ ခံစားရလေ့ရှိသည်ဟု သိရသည်။
ကျန်းမာရေး ... ခေါင်းမူးစာတမ်း - Discussion with a Burmese Doctor
M. Zaw Aung uzawaung@gmail.com
မေး။ ။ဆရာခင်ဗျား၊ ခေါင်းမူးတဲ့ရောဂါကုခြင်းကို စိတ်ဝင်စား၊ ဆွေးနွေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်လို ခေါင်းမူးတတ်သူများအတွက် ဆရာ့အတွေ့အကြုံလေးတွေ ဝေငှပေးပါဦး။
ဖြေ (A Burmese Doctor)။ ။ ကျနော်ဆရာဝန်တဦးပါ။ ကျနော်လဲ ခေါင်းမူးရောဂါကို ၁၉၉၃- ၉၄- မှာ တော်တော်ခံလိုက်ရပါတယ်။ အခုလဲ အစားမှားရင် မူးတာ ဘဲ ။ မူးရင် ၃၆-နာရီလောက်ကိုမူး အန်နေတော့တာပါ ။ နောက် ၉၄မှာတော့ အစားအသောက်ကြောင့်ဆိုတာ သိလာပြီး မူးတာကို ကုတတ်သွားပါတယ် ။ နောင်မူးခဲ့ရင် ကျနော့်ဆေးနည်းစမ်းကြည့်ဖို့  သိလိုတယ်ဆိုရင် မျှဝေချင်ပါတယ် ။ ဗောဓီတစ်ထောင်ဆရာတော် လှည်းတန်းက ရန်ကင်းကျောင်းတိုက် ဆရာတော်နစ် ကတော့ ကျနော်ကလွဲ ရင် တခြားဆရာဝန်ကုတာကိုလက်မခံခဲ့ပါဘူး ။
Saturday, September 29, 2012
ပါလီမန် ဒီမိုကရေစီစနစ်
ကိုယ်စားပြု ဒီမိုကရစီ စနစ်မှာ ပုံစံ အမျိုးမျိုးရှိ ပါတယ်။ ဝန်ကြီးချုပ်က ဦးဆောင်တဲ့ ပါလီမန် ဒီမိုကရေစီစနစ် (Parliamentary Democracy) ရယ်၊ သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီ စနစ် (Presidential Democracy) ရယ်၊ ဒီနှစ်မျိုးကိုပေါင်းစပ်ထား တဲ့ ဒီမိုကရေစီစနစ် ရယ် ဆိုပြီး (၃) မျိုးရှိပါတယ်။
အခုချိန် တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်သွားရင်…..ဘာသံတွေကြားရမလဲ?
အမေရိကန်။ ။ “လွတ်လပ်စွာသွားလာနေတဲ့ တိုင်တန်းနစ်သင်္ဘောကြီးကို အကြမ်းဖက်သမားတွေ တိုက်ခိုက်တာခံလိုက်ရပါပြီ။ ကျုပ်တို့ ငြိမ်ငြိမ်နေလို့မရတော့ဘူး။ ပါကစ္စတန်နယ်စပ်မှာပုန်းအောင်ေ နတဲ့ တာလီဘန်တွေနဲ့ အယ်ကိုင်ဒါတွေကို တုန့်ပြန်လက်စားချေရမယ်”
(အိုဘားမား)
မိုင်ပိုမောင်းမိတဲ့နေ့
by Augustine Nge on Saturday, September 29, 2012 at 5:04am
စားသောက်ဆိုင်ကြီးတခုမှာ သူ အလုပ်လုပ်သည်။ ထိုဆိုင်က အကြီးကြီးဖြစ်ပြီး ကမ္ဘာအရပ်ရပ်က အစားအသောက်မျိုးစုံကို တည်ခင်းရောင်းချသည်ဆိုတော့ မီးဖိုချောင်ထဲမှာကိုက အစားအသောက်တွေကို လိုက်လို့ တာဝန်ခံတွေက အများကြီး ရှိသည်လေ။ သူကတော့ အဲသည် စားသောက်ဆိုင်ကြီးရဲ့ အာရှအစားအသောက်ပိုင်းမှာ တာဝန်ခံ။
အဆိပ်ရှိဆုံးသော လု့အသုံးဆောင်ပစ္စည်း ထိပ်တန်းသုံးမျိုး
နေ့တိုင်း သုံးစွဲနေသောလူ သုံးကုန်ပစ္စည်းထဲမှာ ဘယ်အရာကက အဆိပ်အရှိဆုံးလဲ ????
အဆိပ်ရှိဆုံးသော လု့အသုံးဆောင်ပစ္စည်း ထိပ်တန်းသုံးမျိုး
အဆိပ်ရှိဆုံးသော လု့အသုံးဆောင်ပစ္စည်း ထိပ်တန်းသုံးမျိုး
(၁) တစ်ခါသုံး တု
(၂) ရေနွေးဖြင့် ပြုတ်ပြီး ပြန်လည်အသုံးပြုသော တူ
(၃) စားသောက်ဆိုင်များတွင် အမြဲသုံးနေကြ အပုခံ ပလစ်စတိတ် အိတ်များ ဖြစ်ပါတယ် ။(၂) ရေနွေးဖြင့် ပြုတ်ပြီး ပြန်လည်အသုံးပြုသော တူ
မယ်မြ (အမျိုးသားပညာဝန် ဦးဖိုးကျား)
by Myanmar Literature on Saturday, September 29, 2012 at 8:15am ·
Kochan Tha facebook မှ ကူးယူဖော်ပြပါသည်...
လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသား ကျောင်း တစ်ကျောင်း တည်ထောင်လေသည်။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ငါးနှစ်လောက်က တစ်ခေါက် သွားရသည်။
ကိုမြင့်အေးရေ (၂)
by Khun Saing on Saturday, September 29, 2012 at 7:17am ·
ရွှေဝါရောင်...အပြီးလူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတွေ စုဝေးတဲ့...ပွဲကြပ်
သတင်းစာဆိုတာ မှန်မှန်မှားမှား သမိုင်းကိုပြောနေတတ်တယ်။ လူထုက အမှန်ကိုပဲကောက်တယ်။
နေုစဉ်က ကျွန်တော့် အတိတ်ကို ပြန်စဉ်းစားတဲ့အခါ လူကဲခတ် ညံ့တယ်လို့ တွေးမိတယ်။ နုစဉ်က လို့သုံးတာက အတွေ့အကြုံ နုံ နဲတာ ကိုပြောချင်တာ။ ထောင်စကျဖူးတဲ့ အချိန် အသက် ၂၃ ။
ကျော်ကွန့် နှင့် လှထုံ (ဇာတ်သိမ်း)
by မင်းလူ၏ ၀တ္တုတိုများ on Friday, September 28, 2012 at 6:59pm ·
ဒီလောက်နဲ့ပြီးလို့ ရရိုးလား။ မပြီးသေး။ ရှိသေးသည်။
တစ်နေ့ လှထုံ ဈေးသွားခါနီး ကျော်ကွန့်မှာသည်။
"ငါ့ဖိနပ် ပြတ်ခါနီးနေပြီကွ။ ဖိနပ်တစ်ရန်လောက် ၀ယ်ခဲ့စမ်းပါ" သူ့မိန်းမက မတော်မတည့်လုပ်လာမည်မှန်း သိသည်။
တော်လှန်ကော်မီတီ ကျေညာချက် ( ၁၉၉၀ )
by Htay Tint on Saturday, September 29, 2012 at 5:20am
တော်လှန်ကော်မီတီကျေညာချက်ကို အီးမေးထဲက ရရှိပါတယ် ။
တိုင်းပြည်ထဲက လူထူ အတွက် စေတနာမှန်တဲ့ စာတန်းဖြစ်ခဲ့လို့ 
အများသူငှာ သိရှိစေရန် မှတ်တမ်းအဖြစ်ထားရှိရန် ဖြန့် ဝေလိုက်ပါတယ် ။
ကျောင်းသားဗဟိုပြုသင်ယူမှုစနစ်
by Lu Cifer on Saturday, September 29, 2012 at 9:17am ·
ကျောင်းသားဗဟိုပြုသင်ယူမှုစနစ်ကို (Student-centered Learning) ဟုခေါ်ဆိုပါသည်။ သင်ကြားမှု သင်ယူမှုဖြစ်စဉ်တွင် ကျောင်းသား၏ အတွေ့အကြုံကို ဗဟိုပြုသည့်သင်ယူမှုဟု ဆိုနိုင်သည်။ အပြောဖြင့် သင်ကြားနည်းမဟုတ်၊ အလုပ်ဖြင့် သင်ကြားသည့်စနစ်ဟူ၍လည်း ဆိုနိုင်ပါသည်။
ကလေးဗဟိုပြု ချဉ်းကပ်မှု (Child-centered Approach) ဖြင့် အော်ခဲ့ပြီး ဆရာ၏ ထိန်းကြောင်းညွှန်ပြ သွန်သင်မှုကို ခံခဲ့ကြရသော ပညာရေးကိုသာ အစဉ်အလာအနေဖြင့် လက်ခံကျင့်သုံးနေကြဆဲဖြစ်သည်။ ကျောင်းသား သို့မဟုတ် ကလေးကို ဗဟိုမပြုနိုင်သေးသည့် အကြောင်းတရားများစွာ ရှိပါသည်။
ကိုယ်ကျိုးစီးပွားသမားတွေကို နောက်မှာ ချန်ထားဖို့ (ဗသုန်)
by ပြည်သူ့ခေတ် on Saturday, September 29, 2012 at 4:45am ·
Crony ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် မြန်မာ အဓိဓာန်မှာ မြန်မာဘာသာဖြင့် ဘယ်လို ဖော်ပြထားသည် ဖြစ်စေ အဘိဓာန်မှာ ဖော်ပြထားတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုက နားလည် လက်ခံကြတာ မဟုတ်ပါဘူး။ ဝေါဟာရတွေရဲ့ ၀ိပ္ပလ္လာသ, သဘောကို လိုက်ကာအဓိပ္ပာယ်တစ်မျိုးနဲ့ နားလည် နေကြပြီး အဲဒီလို နားလည်မှုကလည်း ကောင်းတဲ့အမြင်နဲ့ နားလည်တာ မဟုတ်ဘူးဆိုတာ ကတော့ သေချာပါတယ်။
ကြွက်နှစ်ကောင် ပေါင်မုန့်တစ်လုံးနှင့် မြေခွေး
by ကျွန်တော်ဖတ်ချင်သော ပုံပြင်များ on Saturday, September 29, 2012 at 9:35am ·
တခါတုန်းက ဖြစ်သည်။ ကြွက်နှစ်ကောင် ပေါင်မုန့်တစ်လုံးရလာသည်။ သို့သော် ထိုပေါင်မုန့်ကို မည်သို့အညီအမျှ ခွဲရမည်ကို မသိဖြစ်နေသည်။ တစ်ကောင်ကောင် ပိုရသွားမည်ကိုလည်း နောက်တစ်ကောင်က မလိုလား။ ဒီလိုနဲ့ မခွဲဘဲ သယ်လာရင်း လမ်းမှာ မြေခွေးနဲ့တွေ့သည်။
မြေခွေး ။ ။ အော်... ညီလေးကြွက်တို့ပါလား ဘယ်က လှည့်လာတာတုန်းဗျ
ကြွက် (၁) ။ ။ ပေါင်မုန့်ကို ညီမျှအောင် ဘယ်လိုခွဲရမှန်းမသိလို့ပါဗျာ။
မြေခွေး ။ ။ ဟုတ်လား... ကျုပ်ကူညီပါမယ်ဗျ
ဒေါ်စု မိန့်ခွန်း ( အမေရိကန်နိုင်ငံ Yale တက္ကသိုလ်မှ )
by Spring Flowers on Friday, September 28, 2012 at 11:04pm ·
- ဒီနေ့ ကျမပြောချင်တဲ့ အကြောင်းအရာကတော့ တရာဥပဒေစိုးမိုးရေး '' Rule of Law '' ပါဘဲ ။ ဒါပေမယ့် စာသင်ခန်းထဲမှာ ဆရာတွေ သင်လေ့ရှိတဲ့ Rule of Law မျိုး မဟုတ်ပါဘူး ။ ဆရာတွေက ကျမထက်သာအောင် ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ကြမှာပါ ။ အခု ကျမက အဲဒီ Rule of Law ဆိုတာကို ကျမမြင်တဲ့ ၊ မြန်မာပြည်သူပြည်သားတွေမြင်တဲ့ ပုံစံရယ် ၊ ဘာကြောင့် အဲဒါဟာ ကျမတို့အတွက် အရေးကြီးသလဲဆိုတာကို ပြောချင်တာပါ ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၉)
သစ်ထူးလွင်
|
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ
- စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းစာ
- စက်တင်ဘာ (၂၇)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ်(၃၈)
- ပိတောက်ပင် ရေနံမှော် လက်ယက်တွင်း မီးလောင်မှုဖြစ်ပြီး လေးဦး ဒဏ်ရာရ
- တိုက်ခန်းနောက်ဘက် အရေးပေါ်လှေကား ကွန်ကရစ်နဲ့ ပြုလုပ်ရမည်
- အမေရိကန်နှင့် မြန်မာ စစ်ရေးပူးပေါင်းရန် အစီအစဉ်ရှိ
- လူမျိုးရေး ပဋိပက္ခ အသွင်ဆောင် နေမှုကို ကြိုတင် တားမြစ် ပေးရန် အဆို နတလဝန်ကြီးက ဦးဆောင်ကန့်ကွက်
- ကရင်အမျိုးသားအစည်းအရုံး အတွင်း သဘောထားကွဲ
- ဘိုရှီလိုင် တရုတ်ကွန်မြူနစ်ပါတီက ဖယ်ရှားခံရ
- မွတ်ဆလင် ဆန့်ကျင်ရေး ရုပ်ရှင် ရိုက်ကူးသူကို ဖမ်းဆီး
- တက္ကသိုလ်ဆရာ/ ဆရာမများ အသင်းများအား တရားဝင် မှတ်ပုံတင်ခွင့် ပြု
မြန်မာ့ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲတော့ ဘာကို အရင်ဆုံး ပြင်သင့်ပါသလဲ
by Lwin Aung Soe on Friday, September 28, 2012 at 10:25pm
ကျင့်သုံးနေဆဲ ပညာရေးစနစ်ကို ရုတ်တရက် ချက်ချင်းဆိုသလို ပြောင်းလဲပစ်တာမျိုးကို ကျနော်ကတော့ လုံးဝ ဆန့်ကျင်ပါတယ်။
အခြေခံပညာ အထက်တန်းကို (၃) နှစ်ကြာအောင် သင်ယူစေပြီး ပညာရေးအဆင့်မီအောင် လုပ်မယ်လို့ ပညာရေးဝန်ကြီးဋ္ဌာနက ပြောဆိုတာ ကြားလိုက်ရပါတယ်။
ဒီလိုမျိုး (၃) နှစ်ကြာအောင် သင်ယူစေတဲ့ ပညာရေး စနစ်သစ်ကို သတ်မှတ်နိုင်ဖို့အတွက် ဘယ်နှစ်နှစ်ကြာအောင် ပညာရေးနဲ့ လူမှုရေး သုတေသန လုပ်ထားပြီးပြီလဲ.. အမျိုးသားစီမံကိန်းနဲ့ ကိုက်ညီနေရဲ့လား.. ဆိုတဲ့ မေးခွန်း ၂ ခွန်းကို ပညာရေး ဝန်ကြီးကို ကျနော် အရင်ဆုံး မေးချင်ပါ တယ်။ ဒီနောက်မှာ မေးစရာတွေ တပုံကြီး ရှိတယ် ဆိုတာလည်း ဝန်ကြီး သဘောပေါက်လောက် ပါလိမ့်မယ်။
29.09.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Friday, September 28, 2012 at 7:08pm ·
ဝန်ကြီးကလင်တန်နဲ့ Congress အမတ်တွေ မြန်မာ့အရေးညှိနှိုင်း
ဗွီအိုအေ (မြန်မာပိုင်း) 28.09.2012
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုဖက်က အရေးယူပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးတဲ့နေရာ မှာရော မြန်မာနဲ့ စီးပွားရေး ဆိုင်ရာ ခြေလှမ်းတွေလှမ်းတဲ့ နေရာမှာပါ၊ Congress လွှတ်တော်က အဓိကအရေးပါသူတွေနဲ့ အနီးကပ်တိုင်ပင်ဆွေးနွေး၊ သေသေချာချာ ချင့်ချိန်၊ တဆင့်ချင်း ဆင်ခြင်ပြီးတော့မှ လုပ်တာဖြစ်ပါတယ် လို့ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ကပြောလိုက်ပါတယ်။
Friday, September 28, 2012
ရဲမြင့်သူရေးတဲ့ ကဗျာတွေအကြောင်း အခြားတစ်ထောင့်မှ ပြောကြည့်ခြင်း
by Lunnset Noemyat on Thursday, September 27, 2012 at 11:52pm ·
ရဲမြင့်သူဟာ လူသိထင်ရှား ဒါရိုက်တာတစ်ယောက်ဖြစ်တယ်။
၂၀၁၂ စက်တင်ဘာလမှာ အဲဒီ့ဒါရိုက်တာ ရေးတဲ့ ကဗျာစာအုပ်တစ်အုပ်ထွက်လာတယ်။ ကဗျာ ၁၆ ပုဒ်ပါပြီး စကားပြေကဗျာများလို့ ခေါင်းစဉ်တပ်ထားတယ်။ ကဗျာစာအုပ်မှာ ပုံနှိပ်မှတ်တမ်းမပါဘူး။ နိုင်ငံရေးဦးတည်ချက်လိုမျိုး ၀ါဒဖြန့်စာသားတွေမပါဘူး။
လိင်စိတ် . . . အချစ်နဲ့ . . . ယားတဲ့အတွေးတွေ
by Mar Ga Luelin on Friday, September 28, 2012 at 11:00am ·
အမျိုးသမီးထုအတွက် လမ်းစလေလား
by 7Day News Journal on Thursday, September 27, 2012 at 11:36pm ·
ရေးသားသူ-အိဖြူလွင်
စစ်အစိုးရမှ အရပ်သားအစိုးရသို့ ကူးပြောင်းပြီးနောက် နိုင်ငံ၏ အမြင့်ဆုံးအုပ်ချုပ်ရေး အစိုးရအဖွဲ့အတွင်း အမျိုးသမီး ပြည်ထောင် စုဝန်ကြီးနှင့် ဒုဝန်ကြီး ခြောက်ဦးတို့အား ခန့်အပ်လိုက်ခြင်းက အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ခွင့်ပြုလိုက်ခြင်း၏ ခြေလှမ်းသစ်ဖြစ်ကြောင်း သုံးသပ်သူတို့က ဆိုသည်။
မြန်မာနိုင်ငံ၏ အုပ်ချုပ်သူ အစိုးရအဖွဲ့တွင်း၌ ပထမဆုံးဖြစ်လာသည့် ပြည်ထောင်စုအဆင့် အမျိုးသမီး ၀န်ကြီးတစ်ဦး စက်တင်ဘာ (၇)ရက်က ပြည်ထောင်စု လွှတ်တော်တွင် ပြည်ထောင်စုဝန် ကြီးများ ကတိသစ္စာပြုသည့် အ ခမ်းအနားမှစ၍ တွေ့မြင်ခဲ့ရကာ ထိုမတိုင်မီကလည်း ပြည်ထောင် စု၏ ဒုတိယဆင့် အစိုးရအဖွဲ့ဖြစ် သော ဒုတိယ၀န်ကြီးအဆင့်တွင် အမျိုးသမီးဦးရေ ငါးဦးထိ ပါဝင် လာခဲ့သည်။
၂၀၁၀ ပြည့်နှစ်မှစ၍ ပြောင်းလဲမှုအရှိန်ကောင်းနေသည့် မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများကို ပြည်ထောင်စု အဆင့်အစိုးရအဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ခြင်း အား အတတ်ပညာရှင်ပိုင်း၊ နိုင်ငံရေးပိုင်းများမှ ကျွမ်းကျင်သူများက အပြုသဘော ကြိုဆိုခဲ့ကြသည်။
အချိန်စီမံခန့်ခွဲမှု
အချိန်က အမှန်တရားကိုရှာဖွေတွေ့ရှိတယ်။
Annaeus Lucius Seneca,
Roman,, 4 BCE - 65 AD
အချိန်စီမံခန့်ခွဲမှုစွမ်းရည်ေ တွ ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတာ ခရီးရှည်တစ်ခုသွားရသလိုမျိုးပဲ။
အဲဒီခရီးရှည်ကြီးကို ယခုဖော်ပြမယ့် နည်းလမ်းတွေနဲ့ စတင်ပြီးတော့၊
ခရီးတလျှောက်မှာတော့ ကိုယ်တိုင်လိုက်နာကျင့်သုံးမှု နဲ့ အခြား
လမ်းညွှန်ချက်တွေလည်း လိုအပ်တယ်။
နံပါတ်တစ် အနေနဲ့ ကိုယ်ပိုင်အချိန်တွေကို ဘယ်လိုသုံးနေသလဲဆိုတာ
မိမိကိုယ်တိုင်သတိပြုမိဖို့ လိုပါမယ်။
သူငယ်ချင်းတွေ၊ လုပ်ငန်းခွင်နဲ့ မိသားစုရေးရာ စတဲ့ လုပ်စရာကိုင်စရာတွေ
ကြားထဲကမှ ကိုယ့်အချိန်တွေက ပညာရှာဖွေခြင်းကို အထောက်အကူပြု
အောင်မြင်စေတဲ့၊ အရေးကြီးမှုအလိုက် အစီအစဉ်တကျ စုစုစည်းစည်းရှိတဲ့
အသုံးချကိရိယာတစ်ခုလို ဖြစ်ရမယ်။
ကဲ.. ပထမဦးဆုံး ကိုယ့်ရဲ့ အချိန်တွေကို တနေ့တနေ့
ဘယ်လိုသုံးစွဲနေသလဲဆိုတာသိဖို့ time management လေ့ကျင့်ခန်းလေးကို
ဖြေကြည့်ပါဦး။
Annaeus Lucius Seneca,
Roman,, 4 BCE - 65 AD
အချိန်စီမံခန့်ခွဲမှုစွမ်းရည်ေ
အဲဒီခရီးရှည်ကြီးကို ယခုဖော်ပြမယ့် နည်းလမ်းတွေနဲ့ စတင်ပြီးတော့၊
ခရီးတလျှောက်မှာတော့ ကိုယ်တိုင်လိုက်နာကျင့်သုံးမှု
လမ်းညွှန်ချက်တွေလည်း လိုအပ်တယ်။
နံပါတ်တစ် အနေနဲ့ ကိုယ်ပိုင်အချိန်တွေကို ဘယ်လိုသုံးနေသလဲဆိုတာ
မိမိကိုယ်တိုင်သတိပြုမိဖို့ လိုပါမယ်။
သူငယ်ချင်းတွေ၊ လုပ်ငန်းခွင်နဲ့ မိသားစုရေးရာ စတဲ့ လုပ်စရာကိုင်စရာတွေ
ကြားထဲကမှ ကိုယ့်အချိန်တွေက ပညာရှာဖွေခြင်းကို အထောက်အကူပြု
အောင်မြင်စေတဲ့၊ အရေးကြီးမှုအလိုက် အစီအစဉ်တကျ စုစုစည်းစည်းရှိတဲ့
အသုံးချကိရိယာတစ်ခုလို ဖြစ်ရမယ်။
ကဲ.. ပထမဦးဆုံး ကိုယ့်ရဲ့ အချိန်တွေကို တနေ့တနေ့
ဘယ်လိုသုံးစွဲနေသလဲဆိုတာသိဖို့ time management လေ့ကျင့်ခန်းလေးကို
ဖြေကြည့်ပါဦး။
ကချင်လူမျိုး
by စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်) on Friday, September 28, 2012 at 1:36am ·
ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း ကချင် လူမျိုးတို့ နေထိုင်ရာ အချက်အခြာဒေသမှာ ချင်းတွင်းမြစ်ဖျားနှင့် ဧရာဝတီမြစ်ဖျားတို့ ဖြတ်သန်း စီးဆင်းရာ ဒေသတ၀ိုက် ဖြစ်သည်။ မြောက်လတ္တီကျု ၂၃ံ ၃၇' နှင့် ၂၈ံ ၂၅' အကြား ၊ အရှေ့လောင်ဂျီကျု ၉၆ံ နှင့် ၉၈ံ ၄၇' ကြားဖြစ်သော အာသံပြည် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်အလွန် ဒေသများတွင် ပျံ့နှံ နေထိုင်ကြသည်။