သစ်ထူးလွင်
|
- သြဂုတ်လ ၁၃ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၅
- ဒေါ်အာင်ဆန်းစုကြည် နှင့် ဒက္ခိဏသီရိ မြို့နယ် ဒေသခံများ တွေ့ ဆုံပွဲ (ရုပ်/သံ)
- မိုဘိုင်း SIM ကတ်များအတွက် မြန်မာ့ဆက်သွယ်ရေး တင်ဒါခေါ်ယူ
- ကံကြီးဒေါင့် ရေဘေးဒုက္ခသည်များ အကူအညီ လိုအပ်နေ
- ဟဂ်ျ ဘုရားဖူး ဗီဇာ ၁၀ ဦး ကော်မတီသာ လုပ်ခွင့်ရခြင်းကို မကျေနပ်၍ ဆန္ဒပြ
- မန္တလေး ဗုံးပေါက်ကွဲမှု သုံးနှစ်သား ကလေးတဦးနှင့် လူကြီးတဦး ဒဏ်ရာရ (နောက်ဆုံးရ သတင်း-ဓါတ်ပုံများ)
- လိုင်စင်မဲ့ အကျိးဆောင် ကုမ္ပဏီတစ်ခုမှ ဒါရိုက်တာ နှင့်ရုံးဝန်ထမ်းတစ်ဦး ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် များချမှတ်
- လွှတ်တော် အစည်းအဝေး ၂၅ ရက်မြောက်နေ့ မြင်ကွင်းအချို့ (ဓါတ်ပုံ)
- မန္တလေးမြို့အောင်မြေသာဇံမြို့
နယ်ညောင်ကွဲရပ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား - ယနေ့ (သြဂုတ်လ ၁၃ ရက်နေ့) လွှတ်တော်တွင် ဆွေးနွေးမည့် အစီအစဉ်များ
- မြိတ်ခရိုင် ကျောင်းဆရာ/ဆရာမ များ သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်း
- ၅ဝဝဝ တန် ငွေစက္ကူအတုများ သိမ်းဆည်းရမိ
- ဇွန် အကြမ်းဖက်မှုဖြစ်ပြီးနောက် ကျောက်ဖြူမှ အစ္စလာမ် ဘာသာဝင် အချို့ နေရပ်ပြန်ရန် ခက်ခဲ
- ၂၀၁၂ လန်ဒန် အိုလံပစ် ပိတ်ပွဲကျင်းပ
- အီဂျစ်သမ္မတသစ် စစ်ခေါင်းဆောင်နှစ်ဦးကို ဖယ်ရှား
- ၈၈ မျိုးဆက် မြိုင်မြို့နယ်မှာ လူထုစည်းဝေးပွဲ ကျင်းပ
- ကိုင်းတန်းညဈေး ဆန္ဒပြပွဲ ဦးဆောင်သူ ၃ ဦး ဆူပူလှုံ့ဆော်မှုနှင့် စစ်ဆေးမည်
- ဦးတေဇကလယ်မြေ ဧကလေးသောင်းနိုင်ငံတော် သို့ ပြန်အပ်
- ဧရာရွှေဝါကုမ္ပဏီမှ လယ်မြေ ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့ တရားဝင်ပြန်အပ်
- ဖျာပုံမြို့ အ.ထ.က (၃) နှစ်တန်းကျောင်းသူလေး မလှိုင်းသဇင် ဆိုင်ကယ်တိုက်မှု
- အပြည်ပြည်ဆိုင်ရာလူငယ်များနေ့  တောင်ကြီးမြို့ တွင် မျိုးဆက်သစ်လူငယ်များဦးစီးကျင်း
ပ - မြောင်းမြမြို့ နယ် NLD ပါတီဝင်များ ပါတီကို ပြန်လည် ဆန္ဒပြ
- မောင်တောမြို့နယ် သင်ထောက်ကူ ပစ္စည်းအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ လုပ်မည်
- မြိတ်မြို့ နယ် NLD မှ ရေဘေးသင့် ပြည်သူများအား သွားရောက်ကူညီ
- မြိတ်မြို့ နယ်မှာ အမေအိမ် ပညာဒါန (အခမဲ့)စာသင်ဝိုင်းကို ဖွင့်လှစ်
Posted: 13 Aug 2012 06:28 AM PDT
| ||
Posted: 13 Aug 2012 06:22 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အာင်ဆန်းစုကြည် နဲ့ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်၊ ကျေးရွာဒေသခံ တွေ တွေ ဆုံပီး ဒေသခံတွေ ရဲ့ လိုအပ် ချက်တွေ ကို ဆွေးနွေးခဲ့ပါတယ် ။ ကိုသက် ရိုက်ကူးခွန်ခေါင် DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Aug 2012 06:12 AM PDT
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လုပ်ငန်းသုံးပစ္စည်းများ ၀ယ်ယူရန်အတွက် တင်ဒါခေါ်ယူ
ရာတွင် GSM SIM ကတ် ငါးသိန်းကျော်နှင့် WCDMA SIM ကတ် နှစ်သန်းခွဲကျော် ၀ယ်ယူမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တဦးက ပြောသည်။--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Aug 2012 05:49 AM PDT
အဆက်မပြတ် မိုးရွာသွန်းမှုတွေကြောင့် တိုင်းနဲ့ပြည်နယ်အချို့မှာ ရေကြီးနေပြီး ဧရာဝတီတိုင်း ကံကြီးဒေါင့်မြို့မှာ မြို့တ၀က်လောက် ရေလွှမ်းမိုးခဲ့တဲ့အတွက် ရေဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေပါတယ်။
ကံကြီးဒေါင့် ရေဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ ဓမ္မရုံတွေ၊ ဘုန်းကြီးတွေမှာ သွားရောက် ခိုလှုံနေကြရပြီး ရေဘေးတိမ်းရှောင်တာ ၂ ပတ်လောက်ကြာပြီ ဖြစ်ပေမယ့် အစားအသောက် အကူအညီတွေ မရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ “ကံကြီးဒေါင့်က ရေတော်တော်တက်တယ်။ မြို့တ၀က်လောက် တက်တယ် ပြောရမယ်။ တာကြီးတွေတော့ မကျော်သေးဘူး။ မကျော်သေးဘူးဆိုတာက အိတ်တွေအများကြီး ကာထားတာ။ ဖွင့်ပေးလိုက်ရင် တမြို့လုံးမြုပ်ပြီပဲ။ ရေကတော့ နှစ်တိုင်းတက်တယ်။ ဒီနှစ်ကတော့ တော်တော်များတယ်ပြောရမယ်။ မြို့ထဲမှာ တရပ်ကျော်လောက်တက်တယ်။ လူတွေ နေအိမ်တွေကနေ ရွှေ့ပြီးတော့နေရတယ်။ စပါးစိုက်ခင်းတွေလည်း ပျက်တာပေါ့။ လူတွေက ဘုန်းကြီးကျောင်းက ဓမ္မာရုံကြီးတွေမှာ၊ စာကြည့်တိုက်တွေ၊ ရပ်ကွက်ရုံးတွေ နေရာကျယ်တဲ့နေရာတွေပေါ့။ အစားအသောက်တွေကတော့ လောလောဆယ်တော့ သူတို့ကို မကူညီဘူး။” သြဂုတ်လဆန်းပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းနေတာဖြစ်ြ လတ်တလောမှာ လုပ်အားပေးတွေခေါ်ပြီး တာကျိုးမယ့်နေရာကို ပြုပြင်နေပေမယ့် ဒီထက် မိုးများရင်တော့ တာတွေ ကျိုးမယ့် အနေအထား ဖြစ်နေတယ်လို့ ဒေသခံက ပြောပါတယ်။ အလားတူ ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း မိုးများပြီး င၀န်မြစ်ရေ တက်မှုကြောင့် မြို့ပေါ် ရပ်ကွက် ၁၅ ရပ်ကွက်မှာ ၁၀ ရပ်ကွက်လောက် ရေကြီးနေတယ်လို့ ပုသိမ်မြို့ခံ ဦးသက်လွင်က ပြောပါတယ်။ “ပုသိမ်မြို့ရဲ့ မြို့တော်ခန်းမရှေ့မှာဆိုရင် ရေက ၃ ပေခွဲလောက်တက်တယ်။ သင့်တော်ရာပြောင်းရွှေ့နေထိုင် ရေဘေးဒုက္ခသည်တွေအတွက် အစားအသောက်ကို ဒေသခံလူထုတွေက ကူညီပေးနေပေမယ့် အိမ်သာမလုံလောက်တဲ့အတွက် ၀မ်းရောဂါဖြစ်မှာကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ အလားတူ ဘိုကလေးမြို့နယ်ဘက်မှာဆိုရင်လည် “ကျနော်တို့ ကျေးရွာ အုပ်စုမှာ မိုးစပါး စိုက်ထားတဲ့ဟာ သက်နုစပါးပေါ့။ နောက်မိုးအတွက် သီးထပ်စိုက်ဖို့အတွက် မိုးစပါးထားတဲ့ဟာတွေ အကုန်လုံး ပျက်စီးကုန်တယ်။ လယ်သမားတိုင်းလို ပျက်စီးတယ်။ ရေများသွားပြီးတော့ အပင်က လည်း ငယ်သေးတော့ လေကလည်း တိုက်တယ်ဆိုတော့ ရေပေါ်မှာ ပေါ်လာပြီး အပင်တွေ ကျွတ်ထွက်တာပေါ့။” ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာပါရှိတဲ့ မိုးလေ၀သနဲ့ ဇလဗေဒရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော် ရဲ့ ဆောင်းပါးထဲမှာ ဒီသြဂုတ်လကုန်အထိ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပြီး မိုးအားကောင်းမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ချင်းတွင်း၊ ဧရာဝတီ၊ ဒုဌ၀တီ၊ စစ်တောင်း၊ ရွှေကျင်၊ သံလွင်နဲ့ င၀န်မြစ်ရေတွေဟာ တကြိမ်ခန့် စိုးရိမ်ရေမှတ် ကျော်လွန်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။ by နော်နိုရင်း (ဒီဗွီဘီ)
| ||
Posted: 13 Aug 2012 05:36 AM PDT
သာသနာရေး ဦးစီးဋ္ဌာနက ဟဂ်ျလုပ်ငန်း ၁၀ ဦးကော်မတီဟု ခေါ်ဝေါ်သည့် ကုမ္ပဏီ ၁၀ ခုကိုသာ နှစ်စဉ် လုပ်ပိုင်ခွင့် ပေးသည့်အပေါ် မကျေနပ်သဖြင့် သာသနာရေး ပြည်ထောင်စု ၀န်ကြီးအား အစ္စလာမ်ဘာသာဝင်အချို့ က ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။
ဟဂ်ျ ဘုရားဖူး ခရီးစဉ်အတွက် ဆော်ဒီ ဗီဇာရယူခွင့်ကို------ သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 13 Aug 2012 02:04 AM PDT
(၁၃-၈-၂၀၁၂) ရက်နေ့ အချိန်နံနက်(၀၈း၃၀) နာရီအချိန်တွင်
မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေ သာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက်အမှတ်(၆/၇) ရှိ အိမ်ရှင် ဦးထွန်းမင်းလတ်(ဘ) ဦးထွန်း ၏ နေအိမ် နောက်ဖေး ဘက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပါတယ်။ အိမ်ရှင် ဦးထွန်းမင်းလတ်မှ ကောက်ယူ လာသော အမှိုက်များအား စုပုံထားပြီး ပြန်လည် ရွေးနေစဉ် အမှိုက်ပုံထဲမှ မီးခိုများ အူလာသဖြင့် ထွက်ပြေးရာ ပေါက်ကွဲသံ တစ်ခုကြားရပြီး ခဲစများ ပွင့်ထွက်လွင့်စင် လာပါတယ်။ လွင့်ထွက်လာတဲ့ ခဲစများကြောင့် အိမ်သွပ်မိုးအား အပေါက်(၁၇) ပေါက်ခန့် ပေါက်သွားပြီး၊ အိမ်အတွင်း တီဗီကြည့်နေသော မိုးအောင်သူ(ဘ) ဦးဇော်ဝင်းထိုက် (၃) နှစ်သားအား လည်ပင်းနှင့်ဘယ်ဘက်နားထင် တို့တွင် ဒဏ်ရာပြင်းစွာထန် ရရှိခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူများ က Myanmar News Now ကို ပြောပါတယ်။ အခုအခါ ဒဏ်ရာရရှိတဲ့ ခလေးကို မျက်စိနားနှာခေါင်း ဆေးရုံသို့ အမြန်တင်ပို့ ထားကြောင်း သိရပါတယ်။ ဒါအပြင် ကိုခိုင်မင်း(ဘ) ဦးသောင်းစိန် အသက် (၂၈) နှစ်၏ ညာဘက် လက်ကောက် ၀တ်တွင်လည်း ဒဏ်ရာ အနည်းငယ် ရှိခဲ့ပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှု ကို သက်ဆိုင်ရာ တာဝန်ရှိသူတို့မှ အမှုမှန်ပေါ်ပေါက်စေရန် ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါတယ်။ Myanmar News Now ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ (ဓါတ်ပုံ- ၉ ပုံ) | ||
Posted: 13 Aug 2012 01:10 AM PDT
ပြည်ပ အကျိုးဆောင်လိုင်စင်မရှိပဲ မလေးရှားနိုင်ငံသို့တရားမဝင်စေ လွှတ်သည့် ကုမဏီတစ် ခု၏ ဒါရိုက်တာ နှင့်ရုံးဝန်ထမ်းတစ်ဦး ကိုပြည်ပ အလုပ် အကိုင်ဆိုင်ရာဥပဒေ ဖြင့်ဇူလိုင်၂ဝ ရက်တွင် ပုဇွန်တောင် တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် များချမှတ်ခဲ့ကြောင်း---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 13 Aug 2012 12:14 AM PDT
ပထမ အကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၂၅ ရက်မြောက်နေ့တွင် အဓိကအားဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းကို အပြီးသတ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ကကြေညာထားသည်။
အစီစဉ်တွင် ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက "စာချွန်တော် အမိန့် လျှောက်ထားမှု ဆိုင်ရာ ကန့်သတ်ချက် အချို့ကို ပြင်ဆင်ပယ် ဖျက်ပေးရန်ပြင်ဆင် ပယ်ဖျက်ပေးရန် "အဆိုကို တင်သွင်းမည်ဟု သိ ရသည်။ လွှတ်တော် အစည်းအဝေး ၂၅ ရက်မြောက်နေ့ မြင်ကွင်း-- ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ Popular Myanmar News Journal | ||
Posted: 12 Aug 2012 11:56 PM PDT
မန္တလေး အောင်မြေသာဇံမြို့နယ် ညောင်ကွဲရပ် ယနေ့နံနက် ၈နာရီခွဲက ပေါက်ကွဲမှုကြောင့် အသက် ၃နှစ်ခွဲအရွယ်ကလေးတစ်ဦးနှင့် အသက် ၂၆နှစ်အရွယ် အမျိုးသား တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Aug 2012 09:29 PM PDT
ယနေ့ (သြဂုတ်လ ၁၃ ရက်နေ့)တွင် ပြုလုပ်မည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အောက်ပါ အစီအစဉ်များကို ထည့်သွင်းဆွေးနွေးကြမည် ဖြစ်သည်။
(၁) ကျေးလက်တောရွာများရှိ အခြေခံပညာ မူလတန်းကျောင်းများမှ ဆရာ၊ ဆရာမများ လက်တွေ့ခံစားနေရသည့် အခက်အခဲများကို ကူညီ ဖြေရှင်းပေး မည့် အစီအစဉ်ကို သိရှိလိုခြင်းနှင့် ပတ်သက်သည့် မေးခွန်း။---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 12 Aug 2012 08:42 PM PDT
၂၀၁၂ ခုနှစ် သြဂုဏ်လ ၁၁ ရက်နေ့ ည ၇.၀၀ နာရီခန့် မြိတ်မြို့ စားသောက်ဆိုင် တစ်ခုတွင် မြိတ်တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄) ကျောင်းများမှ ဆရာ၊ဆရာမ များစုစုပေါင်း ၃၀ ကျော် တက်ရောက်ကြပြီး၊ အလုပ် အမှုဆောင် ၁၄ ဦးဖြင့် မြိတ်ခရိုင် ကျောင်းဆရာ၊ဆရာမများ သမဂ္ဂဖြစ်မြောက်ရေး ကော်မတီ အား ဖွဲ့စည်းလိုက်ပါတယ်။
ကျောင်းဆရာ၊ ဆရာမရှိရင် ကျောင်းဆရာ၊ဆရာမ သမဂ္ဂဆိုတာ ရှိရမည်ဟု ယုံကြည်ကြောင်း၊ ကျောင်းဆရာ၊ ဆရာမများ၏ အခွင့်အရေး ၊ နှစ်နာချက်များအား ကာကွယ်နိုင်ရန်၊ ဒီမိုကရေစီ ပညာရေး ပေါ်ထွန်းနိုင်ရန်၊ ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများအား ကျောင်းတက် နိုင်စေရေး ကူညီနိုင်ရန် အတွက် စသည့် ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းကြောင်း ပြောပါတယ်။ Myanamar News Now | ||
Posted: 12 Aug 2012 08:16 PM PDT
မုံရွာ သြဂုတ် ၁၁ မုံရွာမြို့ ဘုရားကြီးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဒေါ်ဝင်းပပ ၄၃ နှစ် (ဘ) ဦးဝင်းမောင်ပိုင် ''ရွှေသဒေါင်း'' ကုန်မာဆိုင်သို့ သြဂုတ် ၈ ရက် ညနေ ၄ နာရီခွဲ က ကျော်စိုးဝင်း ၃၁ နှစ် (ဘ) ဦးညိုအေး ရွှေဘုံသာကျေးရွာ မြောင်မြို့နယ် နေသူသည် ကုန်ပစ္စည်းများကို မသင်္ကာဖွယ် ၅ဝဝဝ တန် ငွေစက္ကူများဖြင့်---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Aug 2012 08:21 PM PDT
ရခိုင်ပြည် နယ်တွင် ဖြစ်ပေါ်နေသော မတည်ငြိမ်မှု များနှင့် လုံခြုံရေး စိတ်မချ ရမှုကြောင့် ကျောက်ဖြူ မြို့နယ်မှ မြေပုံမြို့ နယ်သို့ ရောက်ရှိ နေသည့် အစ္စလာမ်
ဘာသာဝင် တရားထိုင်သူ (၁၀) ဦးမှာ ယနေ့ အချိန်ထိ နေရပ်သို့ ပြန်မလာနိုင် သေးကြောင်း--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 12 Aug 2012 07:43 PM PDT
၂၀၁၂ လန်ဒန် အိုလံပစ် အားကစား ပြိုင်ပွဲ ကြီးရဲ့ ပိတ်ပွဲ အခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ကြပါတယ်။အဲဒီ ပိတ်ပွဲ အခမ်းအနား ကြီးမှာ ဗြိတိသျှ လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ဖော်ကျူး ပြသခဲ့ကြပါတယ်။
နောက်ခံ အဖြစ် ဘောလုံးကွင်းကြီးကို ယူနီယံ ဂျက်အလံ ခြယ်သထားပြီး နာမည်ကြီး ဗြိတိသျှ ပေါ့ပ် တေးဂီတ တွေနဲ့--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 12 Aug 2012 07:33 PM PDT
အီဂျစ် သမ္မတသစ် Mohamed Morsi ဟာ အီဂျစ်နိုင်ငံရဲ့ ထိပ်ဆုံး စစ်ခေါင်းဆောင်နှစ်ဦးကို ရာထူးကနေ ဖယ်ရှားလိုက်ပါပြီ။ ကာကွယ်ရေးဝန်ကြီး Mohammed Hussein Tantawi နဲ့ အီဂျစ်စစ်တပ်ဦးစီးချုပ် Sami Annan တို့ကို ရာထူးကနေ အငြိမ်းစားပေးလိုက်ပြီဆိုပြီး ကြေညာသွားတာပါ။
စစ်သွေးကြွတွေကနေ အီဂျစ်စစ်သား ၁၇ ဦးကို မကြာခင်က သတ်ဖြတ်မှုဖြစ်ပြီးနောက်၊ မြောက်ပိုင်း Sinai နယ်မြေ စစ်ဆင်ရေးတွေအပေါ် တင်းမာမှုဖြစ်နေချိန်မှာ စစ်တပ်အတွင်း အခုလို အပြောင်းအလဲတွေ ရှိလာတာဖြစ်တယ်လို့ ဗွီအိုအေ သတင်းထောက် Edward Yeranian က ကိုင်ရိုမြို့ကနေ သတင်းရေးသားပေးပို့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။ အခုလို ကာကွယ်ရေးဝန်ကြီး Tantawi နဲ့ စစ်ဦးစီးချုပ် Annan တို့ကို သမ္မတ မော်စီက ရာထူးကဖယ်ရှားလိုက်တဲ့ သတင်းဟာအီဂျစ်လူမျိုး အများစု ရာမဒန်ဥပုသ်လ သီလစောင့်နေကြတဲ့ ငြိမ်သက် အေးချမ်းနေတဲ့ နွေရာသီကာလကို လှုပ်ခတ်သွားစေတယ်လို့ ဆိုရမှာပါ။ ဒီ စစ်ဖက် ထိပ်တန်းခေါင်းဆောင်နှစ်ဦးကို အစားထိုးလိုက်တဲ့ သတင်းကိုတော့ သမ္မတ ပြောခွင့်ရသူ Yasser Ali က နိုင်ငံတော် ရုပ်သံကနေ ကြေညာသွားတာပါ။ ဒါ့အပြင် စစ်တပ်မှုးတွေကို လုပ်ပိုင်ခွင့်အာဏာပေးထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ချက်တွေကိုလည်း သမ္မတ မော်စီက ပယ်ဖျက်လိုက်တယ်လို့ ကြေညာသွားပါတယ်။ ဒု သမ္မတအဖြစ်နဲ့ Mohmoud Mekki ကို သမ္မတက အမည်စာရင်း တင်သွင်းလိုက်ပြီးတော့၊ ကာကွယ်ရေးဝန်ကြီး Mohammed Hussein Tantawi ၊ စစ်ဦးစီးချုပ် Sami Annan တို့ ရာထူးကနေ အနားယူဖို့ သမတက အမိန့်ပေးလိုက်ပြီလို့ သမတမော်စီ ပြောခွင့်ရသူက အာရပ်ဘာသာစကားနဲ့ ပြောသွားတာပါ။ ပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာတဲ့ Abdel Fattah al Sissi ကျမ်းသစ္စာဆိုပွဲမှာ သမ္မတ မော်စီလည်း တတ်ရောက်နေတာကို အစိုးရပိုင် ရုပ်မြင်သံကြားမှာ ဖော်ပြသွားပါတယ်။ တို်င်းပြည်နဲ့ သမ္မတ စံနစ်ကို ကာကွယ်သွားမယ်၊ ဖွဲ့စည်းပုံနဲ့ ဥပဒေတွေ လေးစားလိုက်နာပါ့မယ်၊ ပြည်သူအကျိုးစီးပွားနဲ့ တိုင်းပြည်နယ်စပ်မျဉ်းတွေကို ကာကွယ်စောင့်ရှောက်သွားပါ့မယ်ဆိ အခုလို သမ္မတ ဆုံးဖြတ်ချက်ကြောင့် ဖွဲ့စည်းပုံဆိုင်ရာ အကြပ်အတည် ဖြစ်နိုင်ချေရှိ မရှိဆိုတာတော့ အခုအချိန်အထိ မရှင်းသေးပါဘူး။ အခု သမတ ရွေးကောက်ပွဲမလုပ်ခင်ကပဲ၊ ဗိုလ်ချုပ်မှုးကြီး Tantawi နဲ့ ဗဟိုစစ်ကောင်စီက ထိပ်တန်းဗိုလ်ချုပ်တွေဟာ ဖွဲ့စည်းပုံထဲမှာ သူတို့ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်ကို ချဲယူထားခဲ့တာပါ။ အချို့ကတော့ ဒါဟာ စစ်တပ်နဲ့ အစိုးရအကြား အာဏာချိန်ခွင်မျှဖြစ်တယ်ဆိုပြီး သုံးသပ်သူတွေလည်း ရှိပါတယ်။ သမ္မတသစ် မော်စီနဲ့ အီဂျစ်စစ်ကောင်စီက ထိပ်တန်းဗိုလ်ချုပ်တွေအကြား တင်းမာမှုတွေရှိနေချိန်မှာ သမ္မတ က အခု လုပ်ရပ်မျိုး လုပ်မယ်လို့ အများက မထင်မှတ်ထားပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တင်းမာမှုဖြစ်နေတဲ့ Sinai ဒေသကို သမတသစ်နဲ့ ကာကွယ်ရေးဝန်ကြီး Tantawi တို့ သွားရောက်စဉ်၊ မှတ်တမ်းသတင်း ဓါတ်ပုံတွေမှာ နှစ်ဦးစလုံး မပြုံးမရွှင်ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီ ဒေသမှာတော့ အစ္စလာမ် စစ်သွေးကြွတွေကို အစိုးရစစ်တပ်က စစ်ဆင်ရေးလုပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ သမ္မတ မော်စီရဲ့ လွတ်မြောက်ရေးနဲ့ တရားမျှတမှုပါတီ အကြီးအကဲ Essam Elarian ကတော့ အီဂျစ်ပြည်သူတွေဟာ နှစ်ပေါင်း ၆၀ကျော်ကြာအောင် မျှတတဲ့ ဒီမိုကရေစီစနစ်ကို အိပ်မက် မက်ခဲ့ရတာပါလို့ ပြောပါတယ်။ အီဂျစ်နိုင်ငံမှာ ၁၉၅၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်၊ အီဂျစ်ခေါင်းဆောင်တိုင်းဟာ စစ်တပ်အနွယ်တွေဖြစ်ခဲ့တာပါ။ အခု သမ္မတမော်စီလက်ထက်ကျမှ လွတ်ကင်းလာတယ်လို့ ပြောနိုင်ပါတယ်။ သမ္မတဟောင်း ဟောစနီ မူဘာရက်ဟာ သူ သမတဖြစ်စဉ် ၁၉၉၁ ခုနှစ်မှာ Tantawi ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာပါ။ Tantawi ကို မူဘာရက်ရဲ့ လက်သပ်မွေးထားသူဖြစ်တယ်ဆိုပြီး အရင်ပေါက်ကြားခဲ့တဲ့ Wikileaks မှတ်တမ်းတွေမှာ အရင် အီဂျစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးတဦးက မှတ်ချက်ပေး ဖော်ပြခဲ့ဖူးပါတယ်။ အခုလို ထိပ်တန်းစစ်ခေါင်းဆောင်နှစ်ဦး ကိုသားညွန့် ဦး (ဗွီအိုအေ - မြန်မာဌာန) | ||
Posted: 12 Aug 2012 07:28 PM PDT
ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ မနေ့က ပခုက္ကူခရီးစဉ်မှာ ၂၀၀၇ ရွှေဝါရောင် သံဃာ့ တော်လှန်ရေး စတင်ချိန်က အရေးပါခဲ့တဲ့ အလယ်တိုက် ဘုန်းတော်ကြီးကျောင်းကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် မြိုင်မြို့နယ်မှာ လူထုစည်းဝေးပွဲ ကျင်းပခဲ့တယ်လို့ ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Aug 2012 07:17 PM PDT
အခုလ (၆) ရက်နေ့ ညက မန္တလေးမြို့ ကိုင်းတန်းညဈေး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကိုအေးသိန်းအပါအ၀င် အဖမ်းခံခဲ့ရသူ (၃) ဦးကို ဒီကနေ့ သြဂုတ်လ (၁၃) ရက်နေ့မှာ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားရုံးမှာ စတင်စစ်ဆေးမှာ ဖြစ်တယ်လို့ ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 12 Aug 2012 03:26 PM PDT
ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ လယ်မြေ ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့ တရားဝင်ပြန်အပ် လယ်မြေများစွာ ပိုင်သည့် ကုမ္ပဏီ အချို့မှ လက်ငုတ်လက်ရင်း တောင်သူဖြစ်ပါက အကျိုးတူလယ် ယာလုပ်ကွက် ပြန်ပေးရန်ရှိနေ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Aug 2012 03:24 PM PDT
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Aug 2012 02:57 PM PDT
၂၄.၇.၂၀၁၂ မနက် (၉) နာရီ ခွဲလောက်က ဖျာပုံမြို့ အ.ထ.က (၃) ကျောင်းရှေ့မှာ အပြောင်ကျေးရွာက နှစ်တန်းကျောင်းသူလေး မလှိုင်းသဇင် (အဘ - ဦးထွန်းဝေ) ကို ဆိုင်ကယ်တစ်စီးက ၀င်တိုက်မိ ခဲ့ပါတယ်။ မလှိုင်းသဇင်ဟာ ကျောင်းရှေ့ လမ်းနံဘေးမှာ သူငယ်ချင်းတွေကို ရပ်စောင့်နေခိုက် အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးက လမ်းပေါ်က ဆိုက်ကားတစ်စီးကို ရှောင်ရင်းကနေ လမ်းဘေးမှာရပ်နေတဲ့ ကလေးမလေးကို------
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Aug 2012 02:38 PM PDT
ယနေ့ တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့  - ၂၀၁၂ (International Youth Day - 2012) ကို မျိုးဆက်သစ် လူငယ်များဦးစီး၍ ရှမ်းပြည်နယ် တောင်ကြီးမြို့  ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ နံနက်ပိုင်းနှင့် ညပိုင်း ခွဲပြီး ကျင်းပခဲ့သည်။ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့  - ၂၀၁၂ ကို (၁) မြို့ ပြ ကျေးလက်ရှိလူငယ်များသည် အခွင့်အရေးနှင့် တာဝန် ယူခြင်းများ--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Aug 2012 02:30 PM PDT
သြဂုတ်လ 12 ရက်နေ့ မနက် 12;00 ချိန်မှာ မြောင်းမြမြို့၊ NLD ပါတီက ဦးမြင့်ကျော် ဦးဆောင်ပြီးတော့ ဧရာဝတီတိုင်း ဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ် အသီးသီးက 11 ရက်နေ့ညမှာ လာရောက် ပူးပေါင်းကြတဲ့ ပါတီဝင်များနဲ့ စုစုပေါင်း အင်အား (500)ခန့်ဟာ ယနေ့ မြောင်းမြမြို့၊ မြို့နယ်ပါတီရုံး ကနေ စပြီးတော့ မြို့ကို ပတ်ကာ ဆန္ဒပြခဲ့ပါတယ်။---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 12 Aug 2012 01:45 PM PDT
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခ တွေကြောင့် ပျက်စီးခဲ့ရတဲ့ စာသင်ကျောင်းတွေ ပြန်လည် ဆောက်လုပ်နိုင်ဖို့ အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ တစ်ခုကို သြဂုတ် ၁၉ ရက်နေ့ ည ၆ နာရီကနေ ည ၁၁ နာရီထိ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ--
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
RFA
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ြေ
|
No comments:
Post a Comment