Sunday, July 29, 2012

ကမ္ဘာ့သုသေသနဌာနမှ သတ္ထုအသစ်တစ်မျိုးတွေ့ရှိ



ShweBa (အမျိုးသားရေးရာဥက္ကဌ) ဇူလိုင်လ 30, 2012 11:08amတွင် တင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်။
သူငယ်ချင်းတို့ရေ.... ကောင်းသောနေ့လေးပါနော် ဒီနေ့တော့ အလုပ်ကလည်း သိပ်မအားဘူးဗျ၊ ဒီတော့ ကျနော့် သူငယ်ချင်းတွေ သိစေချင်တဲ့ စကားလေး ပြောစရာရှိလို့သူငယ်ချင်းတို့သိအောင် ကျနော် ပြောပြမယ်ဗျ။ ကမ္ဘာ့ သုသေသန ဌာနက သတ္ထု အသစ် တစ်မျိုးကို စမ်းသပ် တွေ့ရှိတဲ့ သတင်းလေးပါ၊ အဲ့ဒါကတော့......

xxxxxxxxxxxxxxxxxxxxxxxxx

သတ္ထုအမည်။ မိန်းမ

သင်္ကေတ။ အင်္ဂလိပ်ဘာသာဖြင့်($) ၊ မြန်မာဘာသာဖြင့် (၀ိ/-)

Atom အလေးချိန်။ ယောင်လို့တောင် မမေးမိစေနဲ့

ရူပဂုဏ်သတ္တိ။ အချိန်မရွေး ရေဆူမှတ်သို့ ရောက်နိုင်သလို ရေခဲမှတ်သို့လည်း ရောက်နိုင်သည်၊

အချစ်နဲ့ ဂရုစိုက်မှု ပေါင်းပြီး ဓ်ါတ်ပြုပါက အရည်ပျော်နိုင်သည်၊

အကိုင်အတွယ် မတတ်ပါက တွန့်လိမ် ကောက်ကွေး သွားတတ်သည်၊

ဓါတုဂုဏ်သတ္တိ။ တုန့်ပြန်မှု အားကောင်းသည်၊

ရွှေ၊ ငွေ၊ စိန်၊ ရွှေဖြူ စသည့် ပစ္စည်းများနှင့် နီးကပ်စွာ နေလိုသော ဆန္ဒပြင်းပြသည်၊

၎င်း၏ ဆန္ဒ မပြည့်ဝလျှင် ပြင်းထန်စွာ ပေါက်ကွဲနိုင်သည်၊

တွေ့နိုင်သည့်နေရာ။ မှန်ရှေ့တွင် အများဆုံး တွေ့နိုင်ပါသည်။



မယုံလည်း မတတ်နိုင်ဘူးဗျာာာာာာာာာာာာာာာာာာာာာာာာာာ

http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A5571506&xgs=1&xg_source=msg_share_post မှ .....

No comments:

Post a Comment