သစ်ထူးလွင်
|
- မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI ၏ ဖိတ်ခေါ်ချက်အား ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်
- ၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်
- ရခိုင်ဒေသ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရန် တောင်းဆိုခြင်း အား ပြည်ထောင်စုဝန်ကြီး ငြင်းပယ်
- ADk အထည်ချုပ်စက်ရုံမှ ထုတ်ပယ်ခံအလုပ်သမား ၉ဦးအနက် ၇ ဦး ပြန်ခန့် ရန် ခုံသမာဓိကောင်စီဆုံးဖြတ်
- မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီပြောကြား
- ဦးအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်းရန် မဲပေးခဲ့သူများ၏ လက်မှတ်များ စုဆောင်း
- UN ဝန်ထမ်းအချို့ကို ထိန်းသိမ်းထားဟု အစိုးရ တရားဝင် ပြောကြား
- ပြည်ပ စွက်ဖက်မှုများကြောင့် အခက်ကြုံဟု မြန်မာမွတ်စလင်များအဖွဲ့ ထုတ်ပြန်
- ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် မြို့ပြင်ရွေ့ပေးရေး လူထုဆန္ဒ ဖော်ထုတ် (ဓါတ်ပုံ)
- စစ်ကိုင်းတိုင်း ဇီးကုန်းဘူတာမှ အမျိုးသမီးငယ်တစ်ဦး အဆိပ်သောက်သေဆုံး
- ဓာတ်ဆီဆိုင်အား ပြောင်းရွှေ့ပေးရန် သာစည်မြို့မှ ပြည်သူများ ဆန္ဒပြ
- တာကာသိန်း ၄၀ ဖိုး ယာဘားဆေးပြား ပန်းဝါမြို့ တွင် ဖမ်းဆီး
- စစ်တပ်က မြေယာသိမ်းထားသဖြင့် တောင်သူများ အခက်တွေ့
- သိမ်းယူခံထားရသည့် လယ်ယာမြေ ပြဿနာများတွင် နာမည်ကျော်ကုမ္ပဏီကြီးများ ပါဝင်ပတ်သက်နေ
- လာမည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားသို့ သွားရောက်မည်
- ရဟန်း ဒါယိကာမကြီး ဒေါ်အောင်ဆန်းစုကြည် ၏ မင်္ဂလာ ရဟန်းခံ
- ၂၀၁၃ ခုနှစ်မှာ အကြွေးကဒ်တွေ စတင်သုံးစွဲနိုင်မည်
- ဇူလိုင်လ ၃၀ ရက်နေ့ထုတ် Weekly Eleven News Journal
- မြန်မာ အားကစားသမား တဝက် အိုလံပစ်က ထွက်ပြီ
- မြောက်ကိုရီးယားမုန်တိုင်း လူ ၈၀ ကျော်သေဆုံး
- မြန်မာ့နိုင်ငံရေး အင်အားစုတွေနဲ့ ကင်တားနားတွေ့မည်
- သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း (၂)
- သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း (၁)
- တပ်သတင်းများ ပေါက်ကြားနေမှုအပေါ် ထိန်းချုပ်လာခြင်း
- ထားဝယ်မြို့ တော် နေရာအနှံအပြားမှာ ရေလွှမ်းမိုးနေ
Posted: 30 Jul 2012 07:22 AM PDT
မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသို့ လာရောက်လေ့လာ ရန် CPI ကုမ္ပဏီ၏ ဖိတ်ခေါ် ချက်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်လိုက် ကြောင်း CPI ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ် ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ အကျိုးရလဒ်များအား မြန်မာနိုင်ငံရှိ ပြည်သူများ သဘောကျ နှစ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ရှင်းလင်း တင်ပြသွားရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယခု နှစ်အတွင်း ပြည်ပခရီးစဉ်များနှင့် လွှတ်တော်တက်ရန် အစီအစဉ်များ ရှိနေသည့်အတွက် လာရောက်လေ့ လာခြင်း မပြုနိုင်ဟု အကြောင်းပြန် ခဲ့ကြောင်း CPI ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Wang Quiye ကပြောသည်။ ''ကျွန်တော်တို့ အနေနဲ့ ဒေါ် အောင်ဆန်းစုကြည်ကို မြစ်ဆုံစီမံ ကိန်း အကြောင်း လာရောက်လေ့ လာဖို့အတွက် ဖိတ်ခေါ်ခဲ့ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန် ကြားရေးမှူး ဦးဥာဏ်ဝင်းက တစ်ဆင့် ဒေါ်စုက ဒီနှစ်အတွင်းမှာ ပြည်ပခရီးစဉ်တွေနဲ့ လွှတ်တော် အစီအစဉ်တွေရှိတဲ့အတွက် မလာ နိုင်ဘူးလို့ ပြောတယ်'' ဟု ၄င်းက ဆိုသည်။ CPI ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ကော့ကိမ်းလျှောင်က ၄င်းတို့ အနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း၏ အကျိုး ရလဒ်များနှင့် ပတ်သက်၍ မြန်မာ ပြည်သူများ သိရှိနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြစ်ဆုံ စီမံကိန်းသို့ ဖိတ်ကြား၍ စီမံကိန်း၏ အကျိုးတရားများအား ရှင်းပြရန်အတွက်လည်း ပါဝင် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုစီမံကိန်း၏ အကျိုးကျေးဇူး များအား သိရှိပါက ပြည်သူများအား နားလည် သဘောပေါက်အောင် ပြန်လည်ပြောကြားနိုင်မည်ဟု ယူဆသည့်အတွက်ဖြစ်ကြောင်း ပြောသည်။ CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံ အပါအဝင် ဧရာဝတီ မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း ၇ ခု အား ၂ဝဝ၆ ခုနှစ်တွင် တိုင်းတာ စစ်ဆေးမှုများ ပြုလုပ် ၍ ၂ဝ၁ဝ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ သော်လည်း ၂ဝ၁၁ ခုနှစ် မေလ ၁၉ ရက်တွင် ပြည်သူများ၏ တောင်းဆိုချက် အရ မြစ်ဆုံစီမံကိန်းအား နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ရပ်ဆိုင်းလိုက် ရခြင်း ဖြစ်သည်။ သူရထွန်း - Popular Myanmar News Journal | |||
Posted: 30 Jul 2012 07:17 AM PDT
၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်ဟု လ၀က ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ က ယနေ့ နိုင် ငံခြားရေး ၀န်ကြီးရုံးဟောင်းတွင် ရခိုင်အရေးနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ အပြင် ဘင်္ဂလားဒေရှ် သံ အမတ်ကြီး၏ “ရိုးဟင်ဂျာများမှာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်ခြင်းရှိမရှိ “ ဟူသော အမေးကိုလည်း ၄င်းက ရိုဟင်ဂျာများမှာ ပထမအင်္ဂလိပ်ကျူးကျော်စစ်ပြီးနော
လာခဲ့ခြင်းဖြစ်ပြီး မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း တရားဝင်ငြင်းဆို လိုက်သည်။ Popular Myanmar News Journal | |||
Posted: 30 Jul 2012 07:15 AM PDT
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့ေ
Popular Myanmar News Journal | |||
Posted: 30 Jul 2012 07:12 AM PDT
မင်္ဂလာဒုံစက်မှုဇုန်ရှိ ADk အထည်ချုပ်စက်ရုံမှ အလုပ်ထုတ်ပယ်ခြင်းခံရသောအလုပ်
အဆိုပါ အလုပ်သမား ၉ဦးသည် အလုပ်သမားအဖွဲ့အစည်းဖွဲ့ရန် စည်းရုံး လှုပ်ရှားရာတွင် လုပ်ငန်းခွင်စည်းကမ်းများနှင့် မကိုက်ည်ီဟုဆိုကာ ကုပ္မဏီမှ ဇွန်လဆန်းကအလုပ် ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ အလုပ် ထုတ်ပယ်ခံခဲ့ရသည့်ဇွန်လဆန်းကတည် ထို အမှုကို ဇူလိုင် ၂၈ ရက်နေ့ တွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယနေ့ ညနေ ၃နာရီခန့် တွင်ယခု ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။ ခုံသမာဓိကောင်စီ၏ဆုံးဖြစ်ချက်အရ အလုပ်ပြန်လည်ရရှိသည့် အလုပ်သမား ရ ဦးမှာ အခြေခံစက်ချုပ် လုပ်သားများဖြစ်ကြပြီး အမျိုးသမီး ၅ ဦးပါဝင်ကြောင်းသိရသည်။ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွ ပြည်ဖြိုး-Popular Myanmar News Journal | |||
Posted: 30 Jul 2012 07:09 AM PDT
မြန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အဦးဟောင်းတွင် ကျင်းပသည့် ရခိုင်ဒေသ အရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ကိုလိုနီ အင်္ဂလိပ်အစိုးရ လက်ထက်ကစလို့ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ကောက်ယူခဲ့တဲ့ သန်းခေါင်း စာရင်းတွေအရ ရိုဟင်ဂျာလူမျိုးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အဦးဟောင်းမှာ ဒီကနေ့ ကျင်းပတဲ့ ရခိုင်ဒေသ အရေးနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီး ဦးခင်ရီက အခုလို ပြောကြားခဲ့တာပါ။
ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသား လူမျိုးမဟုတ်ဘူးဆိုတာ သမ္မတ ဦးသိန်းစိန်လည်း အခိုင်အမာ ပြောဆိုထားပြီး ဖြစ်တယ်လို့ ဦးခင်ရီက ပြောပါတယ်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့တဲ့ ၁၈၂၄ ခုနှစ် နောက်ပိုင်း ရခိုင်ဒေသဟာ အင်္ဂလိပ် ကိုလိုနီဘ၀ လက်အောက်ကို ရောက်ရှိသွားပြီး လယ်ယာလုပ်သား လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ တဖက်နိုင်ငံကနေ ဘင်္ဂါလီ လူမျိုးတွေကို ခေါ်ယူခဲ့ရခြင်းသာ ဖြစ်တယ်လို့လည်း ဦးခင်ရီက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ ပြည်ထောင်စု ၀န်ကြီး ငါးဦးတို့ ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့မှာ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက- ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်ပြီး သေဆုံးသူ ၇၇ ဦး ရှိကြောင်း၊ ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီလူမျိုး ၄၆ ဦးဖြစ်ကြောင်း၊ လက်ရှိ ဒုက္ခသည်ဦးရေ စုစုပေါင်း ၆ သောင်းကျော် ရှိပြီး ရခိုင် တိုင်းရင်းသား လူမျိုး ၈ ထောင်ကျော်၊နဲ့ ဘင်္ဂါလီလူမျိုး ၅ သောင်းကျော်ရှိကြောင်း ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ အဆိုပါ အရေးအခင်းတွေမှာ ပါဝင်ပတ်သက်မှုအတွက် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း (INGO) များမှ ၀န်ထမ်း ၁၀ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး တစ်ဦးကို စစ်ဆေးပြီးနောက် ပြန်လည် လွှတ်ပေးလိုက်ကြောင်း၊ ပဋိပက္ခတွင် ပါဝင် ပတ်သက်၍ ဖမ်းဆီးခံရသော INGO များမှာ UNHCR မှ ငါးဦး၊ AZG မှတစ်ဦးနှင့် WFP မှတစ်ဦးတို့ ဖြစ်ကြောင်း AZG မှဝန်ထမ်းကို ဖမ်းဆီး စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများတွင် INGO များမှ တချို့ပါဝင်ပတ်သက်မှုများ ရှိခြင်းကြောင့် ဖမ်းဆီးမှုများ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အစိုးရက ယခုသတင်းစာ ရှင်းလင်းပွဲတွင်မှ တရားဝင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ပါကစ္စတန် အခြေစိုက် တာလီဘန်အဖွဲ့က မြန်မာနိုင်ငံကို ခြိမ်းခြောက်ခဲ့မှုများ ပြည်ပ မီဒီယာများတွင် ဖော်ပြခဲ့ပြီး ပြည်သူများက စိုးရိမ် ပူပန်မှုများ ရှိနေတာကြောင့် နယ်စပ်နှင့် ပြည်တွင်း လုံခြုံရေးနှင့် ပတ်သက်၍ နယ်စပ်ရေးရာနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မေးမြန်းရာ “လုံခြုံရေး အပြည့်အ၀ ရှိပါတယ်”ဟု ဖြေကြားကြောင်းလည်း သိရပါတယ်။ ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီနဲ့ အတူ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သံရုံးများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။ RFA Burmese | |||
Posted: 30 Jul 2012 07:05 AM PDT
ရန်ကုန်၊ ဇူလိုင် ၃၀
ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုတ်သိမ်းရန်အတွက်၂၀၁၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့သူများ၏ လက်မှတ်များကို စုဆောင်းလျှက် ရှိရာ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ထိ လက်မှတ် ၂၀၀ ခန့် ရရှိပြီး ဖြစ်ကြောင်း တောင်ဥက္ကလာပ မြို့နယ်အနှံ့ လက်မှတ် စုဆောင်းရေး လုပ်ဆောင်မှုကို ဦးဆောင် ဆောင်ရွက်နေသူ ဦးမင်းအောင်က ပြောကြားသည်။ အနည်းဆုံး လက်မှတ် ၂၀၀၀ ခန့်အထိ ရရှိနိုင်ရန် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၉)၊ အပိုဒ် ၃၉၆ (လွှတ်တော် ကိုယ်စားလှယ် ပြန်လည်ရုတ်သိမ်းရေး အခန်း) တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုတ်သိမ်းလိုပါက မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း၏ ကန့်ကွက်မှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်ဟု ပါရှိသည့် အတွက် တောင်ဥက္ကလာပ မဲဆန္ဒနယ်တွင် မဲဆန္ဒရှင် ရှစ်သောင်းကျော်သာ ရှိသောကြောင့် ကန့်ကွက်သူ ဦးရေ ရှစ်ရာကျော် ရရှိမည် ဆိုပါက အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ကို ကန့်ကွက်နိုင်မည် ဖြစ်ကြောင်း ဦးမင်းအောင်က ရှင်းလင်း ပြောကြားသည်။ တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းတို့ အင်တာဗျူးတွင် အဆိုပါ လွတ်တော်ကိုယ်စားလှယ်က သမ္မတ ဦးသိန်းစိန်သည် မိမိ၏ သက်တမ်း ကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုခဲ့သော ဧရာဝတီ မြစ်ဆုံဆည်ကို မဖြစ်မနေ ပြန်လည် တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောဆိုမှုများသည် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေသောကြောင့် ယခုကဲ့သို့ တာဝန်မှ ပြန်လည် ရုတ်သိမ်းရေး အတွက် ကန့်ကွက် စီစဉ်ရခြင်း ဖြစ်ကြောင်း အဆိုပါ လူပ်ရှားမှုတွင် ပါဝင်သော တောင်ဥက္ကလာပ မြို့နယ်မှ မဲဆန္ဒရှင် အချို့က ဆိုသည်။ ဦးအောင်သိန်းလင်းက Southern Weekend သတင်းစာသို့ ဖြေကြားမှုကို စိစစ်လျက်ရှိပြီး တွေ့ရှိချက် အပေါ် မူတည်၍ ပါတီ၏ စည်းကမ်းအရ ဆက်လက် အရေးယူသွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေး ပါတီက ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ထားသည်။ အဆိုပါ Southern Weekend သတင်းစာ အင်တာဗျူးတွင် ဖော်ပြထားသည့် အတိုင်း ပြောကြားခဲ့ခြင်း မရှိဘဲ အဆိုပါ သတင်းစာက ဘာသာပြန် လွဲမှားခြင်းသာ ဖြစ်ပြီး မိမိအနေဖြင့် မိခင်ပါတီက အပြစ်ပေးပါက ခံယူသွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြည်တွင်းထုတ် ဂျာနယ်တစ်စောင် မှတဆင့် ပြန်လည် ရှင်းလင်းထားသည်။ The Voice Weekly | |||
Posted: 30 Jul 2012 06:58 AM PDT
ရန်ကုန်၊ ဇူလိုင် ၃၀
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အပါအဝင် INGO အဖွဲ့အစည်းများမှ ဝန်ထမ်း ခုနစ်ဦးကို ထိန်းသိမ်းထားကြောင်း နယ်စပ်ရေးရာနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။ “နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေကို မလိုက်နာလို့ ထိန်းသိမ်းထားတာပါ“ ဟု ဇူလိုင်လ ၃၀ ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။ အဆိုပါ ထိန်းသိမ်းခံထားရသူများ စာရင်းတွင် UNHCR မှ ဝန်ထမ်း ငါးဦး၊ WFP မှ ဝန်ထမ်း တစ်ဦးနှင့် AZG မှ ဝန်ထမ်း တစ်ဦး ပါဝင်ကြောင်း၊ ယင်းတို့အနက် AZG ဝန်ထမ်း တစ်ဦးကို ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ဦးသိန်းဌေးက ဆိုသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုများကြောင့် လူ ၇၇ ဦး သေဆုံးခဲ့ပြီး ဒုက္ခသည် ဦးရေ စုစုပေါင်း ၆၁၂၄၂၁ ဦးအထိ ရှိကြောင်း အစိုးရက တရားဝင် စာရင်းထုတ်ပြန်သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နယ်စပ်ရေးရာနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့က ရှင်းလင်းခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား အပါအဝင် သံရုံး အသီးသီးမှ သံအမတ်များ တက်ရောက်ခဲ့သည်။ The Voice Weekly | |||
Posted: 30 Jul 2012 06:54 AM PDT
ရန်ကုန် ဇူလိုင် ၃၀
ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြဿနာများ အတွင်း ဝင်ရောက် စွက်ဖက်မှုများ ရှိလာသည့်အခါ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များ အတွက် ပိုမို ခက်ခဲသော အခြေအနေများကိုသာ ဖြစ်ပေါ်စေကြောင်း မြန်မာ မွတ်စလင်များအဖွဲ့က ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။ အီရန်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံ ကိစ္စအပေါ် ကုလသမဂ္ဂတပ်များ စေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေ ပိုမိုဆိုးရွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါကြောင်း၊ ထိုနည်းတူ ဟစ်ဘိုလာ အဖွဲ့သည်လည်း အီရန်နိုင်ငံ၏ နောက်မှ သံယောင် မလိုက်သင့်ကြောင်း၊ ပါကစ္စတန် နိုင်ငံ အနေနှင့်လည်း မြန်မာနိုင်ငံအပေါ် ရန်လိုသော သဘောထားများ မထားသင့်ကြောင်း၊ တာလီဘန် အဖွဲ့ အနေနှင့်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားများ၊ သံတမန်များ၊ အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှု လုပ်ခွင့်မရှိကြောင်း ယင်းအဖွဲ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်မှာ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များ၏ တာဝန်လည်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်လာပါက အသက်ပေး ကာကွယ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။ သက်တမ်း နုနယ်လှသေးသော မြန်မာ့ ဒီမိုကရေစီစနစ် တိုးတက်ရာ တိုးတက်ကြောင်း အတွက် လည်းကောင်း၊ ဖွံ့ဖြိုးမှု နိမ့်ကျနေသော နိုင်ငံတော် လျင်လျင်မြန်မြန် ဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် လည်းကောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အတွက် လည်းကောင်း အပြုသဘောနှင့် ဝိုင်းဝန်း အကူအညီ ပေးကြပါရန် မြန်မာမွတ်စလင်များအဖွဲက မေတ္တာရပ်ခံ ပန်ကြားလိုက်ပြီး အစ္စလာမ် သာသနာတော်၏ အဆုံးအမများနှင့် ကိုက်ညီမှု မရှိသော၊ နိုင်ငံတကာမှ လက်မခံနိုင်သော၊ ပြည်ထောင်စု မြန်မာနိုင်ငံသား လူမျိုးမရွေး ဘာသာမရွေး က လက်မခံနိုင်သော အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတင်းမှား ထုတ်ပြန်ခြင်း၊ သတင်းမှန်ကို ချဲ့ကား ဝါဒဖြန့်ခြင်း၊ နိုင်ငံတော်၊ နိုင်ငံတော်အလံနှင့် နိုင်ငံ့ခေါင်းဆောင်ကြီးများအား စော်ကားမော်ကား ပြုလုပ်ခြင်းများကို ရပ်တန့်ပေးပါရန်လည်း အထက်ပါ အဖွဲ့က ထည့်သွင်း ဖော်ပြထားသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေမှာ ရခိုင်လူမျိုး ၃၁ ဦး ဘင်္ဂါလီလူမျိုး ၄၆ ဦး ဖြစ်ကာ စုစုပေါင်း ၇၇ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန် လိုက်ပြီး ဒုက္ခသည် အရေအတွက်မှာ ရခိုင် တိုင်းရင်းသားလူမျိုး ၂၄၂၁၅ ဦး၊ ဘင်္ဂါလီလူမျိုး ၂၈၀၁၂ ဦး တို့ ဖြစ်ပြီး စုစုပေါင်း ၅၂၂၂၇ ဦး ရှိခဲ့ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးက ယနေ့ညနေပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ The Voice Weekly | |||
Posted: 29 Jul 2012 11:14 PM PDT
၃၀ ဇူလိုင် ၂၀၁၂။
သာစည်မြို့တွင် ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် မြို့ပြင်ရွေ့ပေးရေး လူထုဆန္ဒ ဖော်ထုတ်မှုကို ဒေါ်မြင့်မြင့်အေး မှဦးဆောင်ပြီး ယနေ့မနက် ၉ နာရီမှ စတင် ဆန္ဒပြလျှက်ရှိ (ဓါတ်ပုံ- ကျော်နိုင်ဝင်းနှင့် သာစည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်) ဆန္ဒဖော်ထုတ်မှု ဓါတ်ပုံများ ကြည့်ရန် ဒီနေရာကို နှိပ်ပါ | |||
Posted: 29 Jul 2012 11:04 PM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ထန်းတပင် မြို့နယ် ဇီးကုန်း ကျေးရွာတွင် အမျိုးသမီးငယ် တစ်ဦးအဆိပ် သောက်သေမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ဇီးကုန်းဒေသခံများ
ထံက သိရှိရသည်။ အဆိုပါ အမျိုးသမီးငယ်သည် ဇီးကုန်းဘူတာ တွင်နေကြာစေ့လှော်လာ ရောင်းသော သူဖြစ်ပြီး ဇီးကုန်းအနီးရှိ ရွာတစ်ရွာ တွင်နေထိုင်ကြောင်းသိရပြီး ဇီးကုန်းမြို့ခံ ဗုဒ္ဓဘာသာ ဗမာ အမျိုးသား လူငယ်တစ်ဦးနှင့် လူငယ်သဘာဝ ကျူးလွန်ရာမှ--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | |||
Posted: 29 Jul 2012 11:05 PM PDT
မြို့တွင်း မီးဘေး အန္တရာယ် စိုးရိမ်ရသဖြင့် သာစည်မြို့ အလယ်ရှိ ကောင်းဇော်ဟိန်း ဓာတ်ဆီဆိုင်ရွှေ့ပြောင်း ပေးရန်အတွက် သာစည်မြို့ ခံပြည်သူ(၁၀၀) ခန့်က ယနေ့
နံနက်(၉း၀၀) နာရီအချိန်မှ စတင်၍ တရားဝင်စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။
“ကောင်းဇော်ဟိန်း ဓာတ်ဆီဆိုင်ရဲ့ ဘေးမှာမူကြို ကျောင်း၊ လဝကရုံး၊ ဘဏ်၊
လျှပ်စစ်ရုံး ၊စတဲ့အစိုးရ ရုံးတွေရှိတယ် ၊မြို့လယ်ခေါင် တည့်တည့် ဆိုတော့
သာစည်မြို့ပြာ ကျမှာ စိုးရိမ်ရတယ်”ဟု ဆန္ဒပြရာတွင် ဦးဆောင်သူ
ကိုဝင်းချိုက ပြောသည်။
ကောင်းဇော်ဟိန်း ဓါတ်ဆီဆိုင် ပြောင်းရွှေ့ရန်အတွက်မြို့အပြင် “ဓါတ်ဆိုင်ထဲမှာဆီဂါလံတစ်သောင်း
ထားတယ်မီးဘေးအတွက်သာစည် မြို့နေလူထုရဲစိတ်ထဲမှာမတင်မကျြ
ကြတယ်၊ ကျမတို့က ဓါတ်ဆီဆိုင်ပြောင်းရွေ့ရေးကိုပဲ
ဆောင်ပေးစေလိုပါတယ်”ဟုသာစည် မြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်
ဒေါ်နွဲ့ယဉ်က ဆိုသည်။
ကောင်းဇော်ဟိန်းဓါတ်ဆီဆိုင်သည်
ဗဟိုလမ်းမကြီးပေါ်တွင်ရှိပြီး အစိုးရပိုင်BOCစက်သုံးဆီအရောင်း
ဆန္ဒပြမှုအပေါ်တွင် ကောင်းဇော်ဟိန်းဓါတ်ဆီိဆိုင်မှ ပြန်လည် တုန့်ပြန်ခြင်း
မရှိသေးကြောင်း ဆန္ဒထုတ်ဖော် နေသူ မြို့ခံအချို့ ထံမှ သိရှိရသည်။
မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ) by Myit Makha Mediagroup | |||
Posted: 29 Jul 2012 10:34 PM PDT
ပန်းဝါမြို့မှ ရှေးဟောင်း ရခိုင်ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း။
ဘင်္ဂဘားဒေ့ခ်ျ နိုင်ငံ ရာမူးခေါ် ပန်းဝါမြို့တွင် တာကာ သိန်း၄၀ တန်ဖိုးရှိ ယာဘား ဆေးပြားများကို ဘင်္ဂလာရဲ အဖွဲ့က ဖမ်းဆီးလိုက်သည်။ ဇူလိုင်လ ၂၈ရက်နေ့ ညနေ ၁၀ နာရီခန့်တွင် ယာဘားဆေးပြား အရေအတွက် ၈၀၀၀ ကို နယ်စပ်မြို့ တက်ကနက်မှနေ ပန်းဝါမြို့သို့ ကားဖြင့် သယ်ဆောင် လာစဉ် ဘင်္ဂလာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးမိခဲ့သည်ဟု ယနေ့ထုတ် ကော့စ်ဘဇား---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | |||
Posted: 29 Jul 2012 10:20 PM PDT
မန္တလေးတိုင်းဒေသကြီး မိုးမိတ်မြို့နယ် လက်ခုတ်ပင်ရွာမှာ ဒေသခံ ခမရ ၃၄၈ က လယ်ယာမြေ ဧက ၂၀၀ ကျော်ကို သိမ်းဆည်းပြီး လယ်ယာလုပ်ကိုင်ခွင့် မပေးတဲ့အတွက် တောင်သူတွေ အခက်ကြုံနေရတယ်လို့ လယ်သမားအရေး အကူအညီပေးနေတဲ့ ကိုသက်ခိုင်က ပြောပါတယ်။
“လက်ခုတ်ပင်ရွာမှာ ၃၄၈ စစ်တပ်ကနေ သိမ်းပြီး သီးစားချစားနေတာ၊---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | |||
Posted: 29 Jul 2012 09:59 PM PDT
နာမည်ကျော်ကုမ္ပဏီများအပြင် လက်ရှိအစိုးရအဖွဲ့အတွင်းမှ ပြည်ထောင်စုဝန်ကြီးအဆင့် တာဝန်ရှိသူအချို့၊ လွှတ်တော်အမတ်အချို့ နှင့် ပတ်သက်ပိုင်ဆိုင်သည့် ကုမ္ပဏီများပါ ပါဝင်ပတ်သက်လျက်ရှိသည် ဟု သိရသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံအရှေ့မြို့နယ် အတွင်း၂၀၀၈ ခုနှစ်မှစ၍ ကုမ္ပဏီကြီးများနှင့် တောင်သူများအကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် အတွက် ဟူသော စီမံချက်ဖြင့် ကုမ္ပဏီကြီးများက တောင်သူများနှင့်စတင် လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ သို့သော်ကုမ္ပဏီများနှင့် လုပ်ကိုင်လာသည့်နှစ် ကြာလာသည်အမျှ လယ်ယာများမှာ ကုမ္ပဏီပိုင်ဖြစ်ကုန်ကြောင်း၊ တောင်သူများ လက်လွှတ်ခဲ့ရကြောင်း၊ တောင်သူများ၏ ဆန္ဒအရမဟုတ်ဘဲ မလွန်ဆန်နိုင်၍ လက်လွှတ်ရခြင်းမျိုး များပြားကြောင်း၊ ထို့အတွက် ယခုအခါ ဆန္ဒပြမှုများ၊ တန်ရာတန်ကြေးပြန်လည် တောင်းဆိုမှုများဖြစ်ပေါ်လာခြင်ြး
တောင်သူများအဓိက တောင်းဆိုသည့်အချက်မှာ ကုမ္ပဏီကြီးများ မှာ လယ်ယာများအား မြေညှိပေးခြင်း၊ ပြုပြင်ပေးထားခြင်းများအတွက် ကုန်ကျစရိတ်များရှိကြောင်း၊ ထို့အတွက် မိမိတို့ယခင် ပိုင်ဆိုင်သည့် လယ်ယာမြေအားလုံးအား ပြန်လည်ရယူရန် မဟုတ်ကြောင်း၊ ထိုက်သင့်သည့် လယ်မြေဧရိယာ သို့မဟုတ်ထိုက်သင့်သည့် တန်ကြေးတစ်ရပ်ရပ် ပြန်လည် ရရှိရန်သာ တောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။ ထို့အတွက် ဇူလိုင်လ ၂၀ ရက် နေ့၌ လယ်သမားဦးရေ ၂၇၂ ဦး သည် ဦးအောင်သန်းဦး လုပ်ကိုင်နေသည့် ပင်လယ်ကိုးသွယ်နှင့် မြရွှေဝါ ကုမ္ပဏီလယ်ကွက်များရှေ့၌ ဆန္ဒပြ မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ လက်ရှိ၌ မြရွှေဝါနှင့် ပင်လယ်ကိုးသွယ် ကုမ္ပဏီမှ ဦးအောင်သန်းဦးက လယ်သမား ၃၀ ဦးအား ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုထား ကြောင်း၊ တောင်သူ ၃၀ ဦးမှ ဇူလိုင် လ ၃၀ ရက်နေ့တွင် ပင်လယ်ကိုး သွယ်နှင့်မြရွှေဝါကုမ္ပဏီမှ ဦးအောင် သန်းဦးအား လယ်ယာမြေများလိမ် လည်ရယူထားမှုနှင့် တောင်ဒဂုံမြို့ နယ်တရားရုံးတွင် ပြန်လည်တရား စွဲဆိုရန်စီစဉ်နေကြောင်းသိရသည်။ တောင်သူများဘက်မှ လိုက်ပါ ဆောင်ရွက်မည့် ရှေ့နေကိုဖိုးဖြူက “အကျိုးတူလုပ်မယ်ဆိုပြီး တောင်သူ တွေကို နေ့စားပဲပြန်ခိုင်းတယ်။ တောင်သူတွေကို လယ်ထဲမှာမနေခိုင်းဘဲ ထွက်ခိုင်းတာတွေ ရှိတယ်။ ထွက်ခိုင်းပြီး နေစရာအခက်အခဲအတွက် အိုးအိမ်က ပေ ၂၀ _ ၆၀ မြေကွက်တစ်ကွက်စီ ပြန်ပေးတယ်။ တခြားဘာအကျိုးအမြတ်မှမရဘဲ တောင်သူတွေ လယ်ထဲကထွက်ခဲ့ရတယ်။ တောင်သူတွေက သူတို့လယ် မှာ ၀မ်းစာအတွက် လယ်ပြန်ထွန်တဲ့ အခါ ပိုက်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်။ တောင်သူတွေကလည်း လယ်လိမ်လည်သိမ်းယူမှုနဲ့ ပြန်စွဲ ဖို့လုပ်နေတယ်”ဟုပြောပြခဲ့ပါသည် ဒဂုံဆိပ်ကမ်းမြို့နယ် ညောင်ပင်ကျေးရွာမှ လယ်သမားကြီး ဦးမြင့်အောင်က “ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေတွေပါ။ နိုင်ငံတော်စီမံကိန်းအရ စိုက်ပျိုးရေး အထူးကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။ နောက်ပိုင်း ကုမ္ပဏီတွေက ပူးပေါင်းဆောင်ရွက်တာမျိုး မဟုတ်ဘဲ အကျိုးတူပူးပေါင်းတယ်ဆိုတဲ့ စကားရပ်ကိုအသုံးပြုလာတယ်။ နောက်ပိုင်းကျ တော့ အကျိုးတူပူးပေါင်းတာ မဟုတ်တော့ဘူး။ နိုင်ငံတော်ကရွှေ့ပြောင်းစရိတ် နှစ်သောင်းပေးပြီး ကျွန်တော်တို့ကို နှင်လွှတ်တာပါ။ ၁၆၈ ရပ်ကွက်မှာ ၂၀ပေ_၆၀ပေ မြေကွက် တစ်ကွက်စီပေးတယ်။ အားလုံးကို ပေးတာတော့ မဟုတ်ဘူး။ လယ်ထဲမှာ တဲရှိတဲ့သူတွေကိုပဲ ပေးတာပါ။ ၂၀၀၉ ခုနှစ် မေလထဲမှာတော့ လယ်သမားတွေကို ဘာမှပြောဆိုဆွေးနွေး ခြင်းမပြုဘဲ ရွှေနဂါးမင်းကုမ္ပဏီက စပြီး လယ်သမား ၃၁ ဦးကို လယ် တစ်ဧက ငါးသောင်းနှုန်းရှင်းပေးတယ်။ ရှင်းပေးပြီး အဲဒီတုန်းက ဒဂုံတောင်ပိုင်း မယကဥက္ကဋ္ဌက အကျိုးတူလဲ လုပ်စရာမလိုတော့ဘူး။ ဇယားရှုတ်လို့ တခါတည်း အပြတ်ရှင်းပေးလိုက်တာဆိုပြီး ခုနှစ်ရက်အတွင်း အပြီးပြောင်းရွှေ့ပေးရမယ်လို့ ပြောပါတယ်”ဟု ပြောပြခဲ့ပါသည်။ ကုမ္ပဏီကြီး ၁၆ ခုမှ မြေဧရိ ယာ ဧက ၇၀၀၀ ကျော်အား ၂၀၀၈ ခုနှစ်မှစကာ အကျိုးတူလုပ်ကိုင်ခြင်း ဖြစ်ပြီး ကုမ္ပဏီအများစုမှ လယ်ပိုင် အဖြစ် တစ်စတစ်စသိမ်းယူလုပ်ကိုင် ခြင်းဖြစ် ကုမ္ပဏီအချို့မှာမူ တောင် သူများဆန္ဒအရ တောင်သူများအား ပြန်လည်လုပ်ကိုင်ခွင့် ပေးထားခြင်းမျိုး ရှိကြောင်း၊ တောင်သူဆန္ဒအရ လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်၍ တောင်သူများ ကျေနပ်မှသာ ဆက်လက်လုပ်ကိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ လက်ရှိတွင် ဧက ၃၈၀ အား တောင်သူများ ကိုယ်တိုင်အပါအ၀င် လုပ်ကိုင်ခွင့်ပြုပေးထားသော မက်စ်မြန်မာကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးစိုးမြတ်က “ကျွန်တော်တို့ ၂၀၀၈ မှ တောင်သူတွေနဲ့ Contract Farming စနစ်နဲ့ ပူးပေါင်းလုပ်ကိုင်ပါတယ်။ လုပ်ကိုင်ရတဲ့ ရည်ရွယ်ချက်က တောင်သူတွေ စိုက်ပျိုးနည်းပညာ ရအောင်၊ စိုက်ပျိုးတဲ့လယ်ယာမြေတွေ အဆင့်မီစိုက်ပျိုးတဲ့ လယ်ယာဖြစ်အောင်၊ အဓိကအချက်ကတော့ တောင်သူတွေ ဘ၀မြင့်မားလာအောင် လုပ်တာ။ ကျွန်တော်တို့က လယ်ယာမြေတွေကို စလုပ်တော့ မြောင်းတွေ၊ ဗျိုက်တောတွေနဲ့ စိုက်လို့မရဖြစ်နေတဲ့ ဧရိယာ အများကြီးပါတယ်။ အခုအဲဒီဧရိယာ တွေကိုရော အရင်မညီညာတဲ့ လယ်ယာတွေကိုပါ စက်တွေနဲ့စိုက်ပျိုးလို့ ကောင်းအောင်ပြုပြင်ပေးခဲ့တယ်။ ပြီးတော့ တောင်သူတွေကို စနစ်နှစ်မျိုးနဲ့ လုပ်လို့ရကြောင်း ပြောလိုက်တယ်။ တစ်မျိုးက ဒီမှာပဲ လခစားနဲ့လုပ်မလား၊ ကိုယ်တိုင်စိုက်ပျိုးမလား။ အဲဒီမှာ ကိုယ်နှစ်သက်ရာနဲ့ လုပ်တယ်။ ကျွန်တော်တို့က ကိုယ်တိုင်စိုက်ပျိုးမယ့် တောင်သူတွေကို သွင်းအားစုအားလုံး ထုတ်ပေးတယ်။ ထွက်လာတဲ့အခါ စပါးတွေပြန်ဝယ်ပေးတယ်။ မြတ်သမျှ တောင်သူအားလုံးယူပေါ့။ အရင်တုန်းက တစ်ဧကမှ ၃၅ တင်းလောက် ထွက်တဲ့ လယ်မျိုးက အခုတစ်ဧက ကို တင်း ၇၀ ၀န်းကျင်ထွက်နေပြီ။ ဒီလိုဖြစ်တဲ့အထိ ပြုပြင်ပေးတယ်၊ သွင်းအားစုပေးတယ်။ ဒါ့အပြင် တောင်သူတွေရဲ့ မိသားစုကျန်းမာရေး၊ ပညာရေးကအစ ထောက်ကူပေးထားတယ်။ အဲဒီအတွက် အခုဆန္ဒပြတဲ့ အထဲမှာ ကျွန်တော်တို့တောင်သူတွေ မပါဘူး။ ကျွန်တော်တို့ပြောတာ ဟုတ်မဟုတ် ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်နေတဲ့ တောင်သူတွေကို အချိန်မရွေး လာမေးလို့ရပါတယ်။ တောင်သူတွေကို ပူးပေါင်းကူညီပေးတာ၊ တောင်သူ တွေဆန္ဒအရ ကျွန်တော်တို့လုပ်နေတာ၊ အဲဒီအတွက် တောင်သူတွေ ကျေနပ်မှ ကျွန်တော်တို့မက်စ်မြန်မာက ဆက်လုပ်မှာပါ”ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကုမ္ပဏီများအား တောင်သူများမှ ဆန္ဒပြခြင်းနှင့် ပတ်သက်၍ “ကျွန်တော်ကြားမိတာ ကုမ္ပဏီ ၁၆ ခုစလုံးက တောင်သူတွေ ဆန္ဒပြတာ မဟုတ်ဘူး။ တချို့ကိုယ့်လယ်ကိုယ် ပြန်လုပ်ခွင့်ပေးထားတဲ့ ကုမ္ပဏီရှိတယ်။ အဲဒီကုမ္ပဏီမျိုးက တောင်သူတွေတော့မပါဘူး။ မက်စ်မြန်မာက လယ်သမားကို သူ့ဟာသူ စိုက်ချင်တာစိုက် စိုက်ပျိုးစရိတ် ထုတ်ပေးထားတယ်။ နောက်လိုအပ်တဲ့ဆီ၊ သွင်းအားစုပေးထာ |
No comments:
Post a Comment