Friday, June 1, 2012

02.06.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Friday, June 1, 2012 at 3:49pm

အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကို လည်းအကူအညီတောင်းခံရွှေတူးလုပ်သားတွေ ဆန္ဒပြ
နောက်ဆုံး ရေးသားချိန် 1 ဇွန်လ 2012 - 18:23 GMT
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အတွင်းက မိုးထိမိုးမိ တောင်ပေါ်ရွှေတွင်းလုပ်ကွက်မှာ ကုမ္ပဏီဘက်က ရုတ်တရက် အလုပ်ရပ်နားလိုက်တာကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ၇သောင်းကျော်ဟာ သောကြာ မနက်မှာဆန္ဒပြခဲ့ကြပါတယ်။
ရမည်းသင်းနဲ့ ၂၅မိုင်လောက်ဝေးတဲ့ နေရာမှာ ရွှေတွင်းကို တူးဖို့အစိုးရဆီကတိုက်ရိုက်လိုင်စင်ရထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက အကျိုးအမြတ် တ၀က်စားနဲ့ ထပ်ဆင့်လုပ်ကိုင်ခွင့်ပေးထားတဲ့ တပိုင်တနိုင်ရွှေတူးသမားတွေကို ဆက်လုပ်ခွင့်မပေးတော့တာကြောင့် အလုပ်လက်မဲ့ဖြစ်ကုန်ကြတဲ့ အလုပ်သမားတွေနဲ့ လုပ်ငန်းရှင်ငယ်လေးတွေခုလိုစုပေါင်းပြီးဆန္ဒပြကြတာပါ။

တိုက်ရိုက်လိုင်စင်ရထားတဲ့ကုမ္ပဏီက ငါးနှစ်စာချုပ်နဲ့ တနိုင်တပိုင်သမားတွေ ကိုလုပ်ခွင့်ပေးထားရာကနေ ရုတ်တရက် အကြီးစားစက်ယန္တယားတွေနဲ့လုပ်ကိုင်တဲ့စနစ်ကိုပြောင်းတော့မှာမို့ ခုလိုအသေးစား လုပ်ငန်း တွေကို ရပ်နားခိုင်းတာလို့ သိရပါတယ်။
ဒေသခံလုပ်ငန်းရှင်တွေကတော့ လုပ်ငန်းစလို့ခြောက်လတောင်မပြည့်ခင်မှာ အခုလိုလုပ်ငန်းတွေ ရပ်သွားတဲ့အတွက် အလုပ်သမားတွေသိန်းနဲ့ချီပြီးဒုက္ခရောက်နေကြကြောင်း တနိုင်လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးဌေးအောင်က ပြောပြပါတယ်။
အလုပ်သမားတွေနဲ့တနိုင်တပိုင်လုပ်ငန်းရှင်တွေဘက်က ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် ကိုယ်တိုင် နဲ့ဆွေးနွေးချင်နေပေမယ့် ခုချိန်ထိတွေ့ခွင့်မရသေးဘူးလို့ ဒီကိစ္စအတွက် အသေးစိပ် မသိရသေးပါဘူး။
အလုပ်သမားတွေဘက်ကတော့ သူတို့အခွင့်အရေးရတဲ့အထိ ဆက်ပြီးဆန္ဒပြမယ်လို့ဆိုနေကြောင်း ညှိနိုင်းရာမှာပါဝင်တဲ့ အလုပ်သမားအရေး ဆောင်ရွက်သူ ဦးကိုကြီးက ပြောပါတယ်။
ဒါ့အပြင် အလုပ်သမားတွေဘက်ကတော့ သူတို့အခက်အခဲကို နိုင်ငံတော်သမ္မတ အပြင် အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ရန်ကုန်ရုံးခွဲနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို အကူအညီတောင်းထားတယ်လို့ သိရပါတယ်။

KIA နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ် နေဆဲKIA နဲ့ အစိုးရ ငြိမ်းခ်မ်းရေး အဖြဲ့ အလြတ်သေဘာတြေ့ခဲ့
နောက်ဆုံး ရေးသားချိန် 1 ဇွန်လ 2012 - 15:32 GMT
ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေး အဖွဲ့ဟာ KIA ကချင် လွတ်လပ်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်တဲ့ KIO ကိုယ်စားလှယ် အဖွဲ့နဲ့ သောကြာနေ့ မနက်က တရုတ်မြန်မာ နယ်စပ် မိုင်ဂျာယန်မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။
နောက်ထပ် ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ရေးနဲ့ တိုက်ပွဲတွေ ရပ်အောင် နှစ်ဘက်တပ် တွေကို ဘယ်လို ခွာထားမလဲ ဆိုတဲ့ အချက်နှစ်ချက်ကို ဒီအလွတ်သဘော ဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ KIA ဒုတိယ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ဘီဘီစီကို ပြောပြပါတယ်။
ဒုက္ခသည်အရေးကို ထည့်သွင်း ဆွေးနွေးခဲ့ပေမယ့် အသေးစိတ်တော့ မဆွေးနွေးနိုင် ခဲ့ဘူး လို့ ဆိုပါတယ်။
KIO ကိုယ်စားလှယ် အဖွဲ့ဟာ အခု အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့သစ်နဲ့ ပထမဆုံးအကြိမ် တွေ့တာ ဖြစ်ပါတယ်။
နှစ်ဘက် တွေ့ဆုံရာမှာ ဆွေးနွေးမှု ပုံစံ အနည်းအကျဉ်း ပြောင်းလဲမှု ရှိပေမယ့် ထူးထူး ခြားခြား ပြောင်းလဲမှုမရှိဘူးလို့ ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။
အရင်က နှစ်ဘက် တပ်တွေ ကိစ္စ ဆွေးနွေးတဲ့ အဆင့် မရောက်ခဲ့ပဲ အခုတခါမှာတော့ ဒီကိစ္စကို အမြန် ဖြေရှင်းဖို့ လိုတယ် ဆိုတာကို သဘောတူချက် ရလာတာမို့ ဒီကနေ့ အလွတ် ဆွေးနွေးပွဲ ဟာ တိုးတက်မှု ရှိတဲ့ ဆွေးနွေးပွဲလို့ ပြောနိုင်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်က ဘီဘီစီကို ပြောပါတယ်။
နှစ်ဘက် တပ်တွေ ကိစ္စ လောလောဆယ် သဘောတူညီမှု မရသေးချိန်မှာ တိုက်ပွဲတွေ ကတော့ ဆက်ရှိနေအုံးမယ်လို့ ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။

အခြေခံ လစာ သုံးသောင်း တောင်းရန္ကုန် ဟိုင္မိုနဲ့ စက်ရုံတခို့ဆန္ဒဆက်ပြ
နောက်ဆုံး ရေးသားချိန် 1 ဇွန်လ 2012 - 00:33 GMT
ရန်ကုန်တိုင်းထဲ တချို့ စက်ရုံတွေမှာ လုပ်ခ တိုးရေး ကိစ္စ ညှိလို့ ရသွားပေမယ့် ဟိုင်မိုနဲ့ စက်ရုံ တချို့မှာ ဆက် ဆန္ဒပြနေဆဲလို့ သတင်း ရရှိပါတယ်။
ခုနောက်ဆုံး ရတဲ့ သတင်းအရ ဟိုင်မို စက်ရုံမှာ အလုပ်ရှင်က အလုပ်သမား တွေကို ပေးနေတဲ့ ရိက္ခာတွေကို အလုပ်ရှင်က ဖြတ်လိုက်တယ်လို့ သတင်း ရရှိပါတယ်။
အခု ဖြစ်နေတဲ့ အလုပ်ရှင် အလုပ်သမား ပြဿနာ တချို့ကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကလည်း သွားရောက် ညှိနှိုင်းပေးခဲ့ပါတယ်။
အလုပ်ရှင်ဘက်က ဖိနှိပ်မှု ပိုကြီးလာပေမယ့် အလုပ်သမားတွေ ဘက်က ကိုယ်လိုချင်တာ မရမချင်း ဆက်ဆန္ဒပြဖို့ သန္နိဋ္ဌာန် ပိုကြီးလာတာကို တွေ့ရတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် မမာမာဉီးက ဘီဘီစီကို ပြောပြပါတယ်။
အလုပ်သမားတွေက အခြေခံ လစာကို သုံးသောင်း တောင်းထားပြီး အစောပိုင်းက အလုပ်သမား ဝန်ကြီးဌာနရဲ့ ကြားဝင် ဖြန်ဖြေမှုနဲ့ အလုပ်ရှင်ဘက်က လိုက်လျောမယ် လို့ ကတိ စာချုပ်ချုပ်ပေးခဲ့ပေမယ့် ကတိ အတိုင်း ဆောင်ရွက် မပေးတာ ဖြစ်ပါတယ်။
အခုဆိုရင် ဒီအလုပ်ရုံမှာ ဆန္ဒပြနေတာ တလ နီးနီး ရှိလာပြီ ဖြစ်ပေမယ့် အလုပ်သမားတွေ ဘက်က ဇွဲမလျှော့ဘဲ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ဇွန် တရက်က စပြီး ဆိုက်ရောက်ဗီဇာ အကန့် အသတ်နဲ့ စထုတ်ပေးဆိုက်ရောက်ဗီဇာ ဒီနေ့က စပြီး ထုတ်ပေး
နောက်ဆုံး ရေးသားချိန် 1 ဇွန်လ 2012 - 00:47 GMT
မြန်မာ နိုင်ငံမှာ ဒီနေ့ ဇွန်လ တရက်နေ့က စပြီး ဆိုက်ရောက် ဗီဇာကို အကန့်အသတ်နဲ့ ထုတ်ပေး နေပါပြီ။
စီးပွားရေး ဆိုင်ရာ ဗီဇာ၊ ဆွေးနွေးပွဲ တက်မယ့် ဗီဇာနဲ့ ဖြတ်သန်း သွားလာစဉ် ခေတ္တ ဝင်ရောက်တဲ့ transit visa တွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေ၊ အရှေ့အာရှနဲ့ အရှေ့တောင် အာရှက နိုင်ငံတွေနဲ့ သြစတြေးလျ၊ နယူးဇီလန် စတဲ့ နိုင်ငံ စုစုပေါင်း ၂၇ နိုင်ငံက နိုင်ငံသားတွေ အားလုံး ဆိုက်ရောက် ဗီဇာထဲ အကြုံးဝင်မှာပါ။
စီးပွားရေး ဗီဇာအတွက် ဗီဇာကြေး ဒေါ်လာ ငါးဆယ်နဲ့ ရက်ပေါင်း ခုနှစ်ဆယ်ထိ ပေးမှာ ဖြစ်ပါတယ်။
ဗီဇာကြေးနဲ့ နေထိုင်ခွင့် သက်တမ်း ကာလနဲ့ ဆိုင်တဲ့ သတင်းတွေကို မြန်မာ သံရုံး တွေက အင်တာနက်ဆိုက်တွေမှာ တင်ထာတယ်လို့ လူဝန်မှု ကြီးကြပ်ရေး ဝန်ကြီး ဉီးခင်ရီက ပြောပါတယ်။
စီးပွားရေး ဗီဇာ business visa လျှောက်ထားနိုင်ဖို့ မြန်မာ နိုင်ငံတွင်းက ခေါ်စာ ပါရုံနဲ့ ထုတ်ပေးမှာ ဖြစ်တယ်လို့လည်း ဉီးခင်ရီက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

တပ်ရုပ်သိမ်းရေး KIO နှင့် မြန်မာအစိုးရဆွေးနွေး
By မသင်းသီရိ
  • ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နဲ့ ကချင်လက်နက်ကိုင် KIO ကချင်လွတ်မြောက်ရေးအဖွဲ့ တာဝန်ရှိသူတွေ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ ကချင်ပြည်နယ်အတွင်း တပ်စခန်းရုပ်သိမ်းရေးအပါအဝင် အပစ်အခတ်ရပ်စဲနိုင်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီးတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့သစ် ပြန်လည် ဖွဲ့စည်းအပြီး ကချင်လက်နှက်ကိုင်အဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံတာ  ဒါ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ထဲက  ရထားဝန်ကြီး ဦးအောင်မင်းနဲ့  ကချင် KIO ဘက်က စစ် ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်ပြီး  KIO ရဲ့ ဗဟို အလုပ်အမှုဆောင်ငါးဦးဟာ ဇွန်လ ၁ ရက်၊ သောကြာနေ့မှာတော့ KIO ဌာနချုပ်၊ လိုင်ဇာအနားမှာ တွေ့ဆုံခဲ့ကြတာပါ။ ဒီဆွေးနွေးပွဲကို နှစ် ဘက်ငြိမ်းချမ်းရေး အကျိုးဆောင်လည်းတက်ခဲ့ကြပါတယ်။ ဒါဟာ သမ္မတဦးသိန်းစိန်က  မေလ ၃ ရက်နေ့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခြဲ့ပီးတဲ့နောက် ဒီအဖွဲ့သစ်နဲ့ ကချင် လက်နှက်ကိုင်အဖွဲ့တို့ တွေ့တာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမတကြိမ်က ထိုင်းမြန်မာနယ်စပ်မှာ အလွတ် သဘော တွေ့ခဲ့ကြပါသေးတယ်။
အခုလည်း အလွတ်သဘော နှစ်ဘက်အဖွဲ့က တွေ့ကြပေမယ့် ယုံကြည်မှုတွေ ပိုရလာကြပြီး အပြု သဘောဆောင်တဲ့ ဆွေးနွေးမှုတွေရှိလို့  တိုးတက်တဲ့ တွေ့ဆုံမှုလို့ နှစ်ဘက်တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပစ်ရပ်ရေးအပါအ၀င် ငြိမ်းချမ်းရေးအတွက် နှစ်ဘက် အဆင်မပြေဖြစ်နေတဲ့ တပ်စခန်းချထားရေး တပ်ရုပ်သိမ်းရေး နဲ့ တိုက်ပွဲရပ်ဆိုင်းရေးကိစ္စတွေကို အဆင်ပြေပြေ ညှိနှိုင်းပြောဆို တာတွေ လုပ်နိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့  ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦး ယုဇခေါင်က (Yut Zau Hakang) ပြောပါတယ်။
“တယောက်နဲ့တယောက်က ပွင့်လင်းမြင်သာမှု ပိုပြီးတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်မက်ဖြစ် ပွားနိုင်တဲ့နေရာ ဒေသတွေကို တယောက်နဲ့တယောက် အဲဒါကို တပ်စခန်းတွေကို ရုပ်သိမ်းဖို့ ကိစ္စတွေ ဆွေးနွေးပါတယ်။ အဓိက-ကတော့ နှစ်ဘက်တပ် အဆင်ပြေရေးကိစ္စပါ။ နှစ်ဘက်တပ်က ပူးကပ်နေတဲ့အတွက်ကြောင့်မို့  အရဲစွန့်ပြီး ရုပ်သိမ်းမှပဲ ကျနော်တို့က ပြေလည်မှုရမယ်။”
အခု ပြောဆိုခဲ့ကြတဲ့ ကိစ္စတွေကို ရထားဝန်ကြီး ဦးအောင်မင်းက နေပြည်တော်မှာ ပြန်လည်တင်ပြပြီးရင် မကြာခင် နှစ်ဘက် ပြန်လည် တွေ့ဆုံကြအုံးမယ် လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့၂၀၁၁ ဇွန်လလောက်ကတည်း ကချင်ပြည်နယ်ထဲမှာ အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင် KIA တို့ကြားတိုက်ပွဲတွေ ဖြစ်နေတာပါ။ အဲဒီကတည်းက အရင်အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ထဲက  ဦးအောင်သောင်းခေါင်းဆောင်ပြီး ကချင်နဲ့အပစ်ရပ်ရေးဆွေးနွေးပေမယ့် ညှိနှိုင်း မရကြသေးပါဘူး။ အခုလည်း ဦးအောင်သောင်းနဲ့ ကချင် KIO တို့ ဆွေးနွေးနေတဲ့အချက်တွေကိုပဲ ရထားဝန်ကြီးဦးအောင်မင်းနဲ့ ဆက်ပြီး ဆွေးနွေးနေတာ ဖြစ်ပါတယ်။
“၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်မှာတကြိမ်၊ နောက်ပြီးတော့ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈၊ ၁၉ မှာ တကြိမ်၊ နောက် ကျနော်တို့ မတ်လ ၈၊ ၉၊ ၁၀ ပေါ့နော်- သုံးကြိမ်ကျတော့ ကျနော်တို့ ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ ဆွေးနွေးခြင်းဖြစ်တယ်။ ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်နဲ့ ဆွေးနွေး ထားတဲ့ကိစ္စတွေရော အဲဒါတွေကို ကျနော်တို့က carry ယူပြီးတော့ အခု ဦးအောင်မင်းနဲ့ ပြန်ပြီး ဆွေးနွေး တယ်။ ဆွေးနွေးမှုမှာ - ဆွေးနွေးလက်စပေါ့လေ၊ ဒါပေမဲ့ ဆက်လက်ပြီးဆွေးနွေးရင်တော့ မကြာခင်တော့- တယောက်နဲ့တယောက်တော့ ယုံကြည်မှုတည်ဆောက်နိုင်တာပေါ့။ ”
အပစ်ရပ်ရေးအတွက်ဆွေးနွေးနေချိန် သမ္မတဦးသိန်းစိန်ကလည်းကချင်ပြည်နယ်တွင်း ထိုးစစ်ဆင်တာတွေ ရပ်ထားဖို့ ထုတ်ပြန်ထားပေမယ့်လည်း ဒီကနေ့ထိ  နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ ဒါ့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်အရေးတွေကိုလည်း ကူညီနိုင်ဖို့၊ ဒေသတွင်းငြိမ်းချမ်းနိုင်ဖို့ အတွက် နှစ်ဘက် တပ်စခန်းချထားရေး သဘောတူညီချက်တွေဟာ အလွန့်ကို အရေးကြီးတယ်လို့လည်း ဦးယုဇခေါင်က ပြောပါတယ်။
“ဒုက္ခသည်အခြေအနေကတော့ - ဒီ တိုက်ပွဲဖြစ်နေတဲ့ကာလမှာတော့ တိုးလာတာပေါ့လေ။ မိုးတွင်းကာလ ဆိုတော့ ပိုဆိုးတာပေါ့။ စစ်ပွဲဖြစ်နေတဲ့ ကာလပတ်လုံးကတော့ ကချင်ပြည်နယ်တပြည်လုံးကတော့ ဒုက္ခရောက်နေတဲ့သဘောပါ။”
ဒါကတော့ ကချင်ပြည်နယ် အပစ်ရပ်ရေးအတွက် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးယုဇခေါင်ပြောပြခဲ့တာပါရှင်။ အခု ကချင်နဲ့မြန်မာ ငြိမ်းချမ်းရေး အဖွဲ့တို့ အလွတ်သဘောညှိနှိုင်းမှုတွေကနေ တရားဝင်ဆွေးနွေးပွဲ စားပွဲဝိုင်းတွေဆီ မကြာခင်ရောက်နိုင်ဖို့ အားလုံးက မျှော်လင့်ထားတယ် လို့လည်း ပြောပါတယ်။
ကချင် KIO ဘက်ကတော့  ကချင်ပြည်နယ်အတွင်း တပ်စခန်း ချထားရေးကိစ္စတွေကို အစိုးရနဲ့ ညှိနှိုင်းမရတဲ့ အဓိက အချက်ဖြစ်နေတယ်လို့ ပြောသလို  အပစ်ရပ် သဘောတူလက်မှတ်ကို နိုင်ငံတကာ အဖွဲ့အစည်း တခုရဲ့ စောင့်ကြပ်မှုအောက်မှာ ရေးထိုးရေးဆိုတဲ့ အချက်တွေကိုပါ တောင်းဆိုထားပါတယ်။

ဟူလာလူသတ်မှုစုံစမ်းစစ်ဆေးဖို့ ကုလတောင်းဆို
By ဗွီအိုအေ(မြန်မာဌာန)
  • ဆီးရီးယားနိုင်ငံ၊ ဟူလာမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေအပါဝင် ရာနဲ့ချီတဲ့ လူတွေကိုသတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖော်ထုတ်စုံစမ်းစစ်ဆေးပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က တောင်းဆိုလိုက်ပါတယ်။
တချိန်တည်းမှာပဲ ဆီးရီးယားနိုင်ငံမှာ သောကြာနေ့က အရပ်သား ၁၂ ဦး ထပ်မံသတ်ဖြတ်ခံခဲ့ရကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။
စုံစမ်းဖော်ထုတ်ပေးရေးကိစ္စကို ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ကျင်းပတဲ့ အရေးပေါ် အစည်းအဝေးမှာ ကော်မရှင်ဥက္ကဋ္ဌ နာဗီပီလေးက တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ လူသားမျိုးနွယ်တွေအပေါ်မှာ ကျူးလွန်တဲ့ ရာဇ၀တ်မှုဖြစ်ပြီး ဒီအမှုနဲ့ တခြားကျူးလွန်တဲ့ အမှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် လိုအပ်ချက်မှန်သမျှကို အကူညီပေးဖို့ ဆီးရီးယားအစိုးရမှာ တာဝန် ရှိတယ်လို့ မစ္စနာဗီပီလေးက ပြောဆိုပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ အမေရိကန်ပြည်ထောင်စု၊ တူရကီနဲ့ ကာတာနိုင်ငံတွေကနေ အခုလို လူအများအပြားကို သတ်ဖြတ်ခဲ့တဲ့ကိစ္စအပေါ် ပြစ်တင်ဝေဖန်တင်သွင်းတဲ့ ဆုံးဖြတ်ချက်အပေါ် အခြေအတင် ဆွေးနွေးခဲ့ကြတာပါ။
ဒီအတောအတွင်း ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဟုမ်းစ် ခရိုင်အတွင်းမှာရှိတဲ့ ကွာဆာရာ မြို့မှာ အရပ်သား ၁၂ ယောက်ကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ သေနတ်သမား က ပစ်သတ်သွားကြောင်း ပြောပါတယ်။

ရွှေ့ပြောင်းဒုက္ခသည်အရေအတွက်တိုးလာနိုင်ဟု ကုလသတိပေး
By ဗွီအိုအေ(မြန်မာဌာန)
  • လာမယ့်ဆယ်နှစ်အတွင်း ကမ္ဘာတ၀န်းမှာ ပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ ဥတုရာသီ အပြောင်းအလဲတွေကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးကြရမယ့်လူဦးရေ အကြီးအကျယ် တိုးလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
UNHCR ဒုက္ခသည်များဆိုင်ရာ ကုသမဂ္ဂမဟာမင်းကြီး Antonio Guterres က ကမ္ဘာကြီးဟာ ပြဿနာကို အဖြေရှာဖို့ထက် အခြေအနေမဲ့ ကစဥ့်ကလျား ထွက်ပြေးနေကြရသူတွေ တိုးလာအောင် ဖန်တီးနေတယ် လို့ ပြောဆိုလိုက်တာပါ။ အကျပ်အတည်း အခက်အခဲတွေ ကာကွယ်ဖို့နဲ့ နိုင်ငံရေးအရ အဖြေရှာဖို့အတွက် ကမ္ဘာကြီးမှာ စွမ်းဆောင်ရည်တွေ ကျဆင်း လာတာ တွေ့ရတယ်လို့ Mr. Guterres ကပြောဆိုလိုက်တာပါ။
ကမ္ဘာတ၀န်း လူဦးရေတိုးလာတာ၊ စားရေရိက္ခာရှားပါးလာတာနဲ့ အရင်းအမြစ်တွေကို အပြိုင်အဆိုင် ရယူနေကြ တာစတဲ့ အကြောင်း အမျိုးမျိုးကြောင့် လူ ၄၃ သန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ UNHCR ရဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ လိုက်ပါတယ်။ အဲဒီ ၄၃ သန်းအနက် ၈၀% ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကဖြစ်ပြီး ပဋိပက္ခတွေထက် သဘာဝ ဘေးအန္တရာယ်ကြောင့် အခြေအနေမဲ့လူဦးရေ တိုးလာရတယ်လို့ဆိုပါတယ်။ ဥတုရာသီ အပြောင်းအလဲ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်ကြောင့် နိုင်ငံ ကနေ ထွက်ပြေးလာသူတွေကို နိုင်ငံတကာဥပဒေအရ ဒုက္ခသည် အဖြစ် မသတ်မှတ်သလို အကာအကွယ် မပေးတဲ့အပေါ်မှာလည်း UNHCR အစီရင်ခံစာက ဝေဖန်ထောက်ပြထားပါတယ်။

ရုရှားကြောင့် ဆီးရီးယားပြည်တွင်းစစ်ဖြစ်နိုင်ဟု ကလင်တန်သတိပေး
By ဗွီအိုအေ (မြန်မာဌာန)
  • ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ်ဒ်ကို အရေးယူရေး ရုရှားနိုင်ငံက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မချဘူးဆိုရင် ပြည်တွင်းစစ်ကို တွန်းပို့သလို အားပေးရာရောက်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ပြောလိုက်ပါတယ်။ ရုရှားတာဝန်ရှိသူတွေ ကတော့ ဆီးရီးယား ပြည်တွင်းစစ်ကို ရှောင်ရှားနိုင်ဖို့အတွက် ကူညီနေတယ်လို့ ပြောဆိုပါတယ်။
ရုရှားနိုင်ငံက ဆီးရီးယားနိုင်ငံတည်ငြိမ်ရေးကို အားသွန်ခွန်စိုက် ကူညီနေတယ်လို့ ပြောတာကို ဒိန်းမတ်နိုင်ငံကို ရောက်နေတဲ့ ဝန်ကြီး ကလင်တန်က လက်မခံဘဲ ပယ်ချလိုက်တာပါ။
ကုလသမဂ္ဂမှတ်တမ်းအရ လူ တသောင်းကျော် သေဆုံးခဲ့ရပြီးဖြစ်တဲ့ ဆီးရီးယား အတိုက်အခံနှိမ်နင်းမှုမှာ သမ္မတအာဆတ်ဒ်အစိုးရကို ရုရှားနိုင်ငံက ဖေးမနေတယ်လို့လည်း ဝန်ကြီးကလင်တန်က ပြောဆိုလိုက်ပါတယ်။
ဆီးရီးယားကိုအရေးယူရေး ရုရှားနဲ့တရုတ်တို့က အပြင်းအထန်ကန့်ကွက်နေတယ်ဆိုပေမယ့် တကယ်တန်း အဓိကကျတာကတော့ ရုရှားနိုင်ငံဖြစ်တဲ့အကြောင်း၊ ဒီလို ရုရှားနိုင်ငံက က,ဖျက် ယ,ဖျက်လုပ်နေတဲ့ အတွက် နိုင်ငံတကာကနေ အတူတကွပူးပေါင်းပြီးတော့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ပိုပြီး ခက်ခဲစေတယ်လို့ ဝန်ကြီးကလင်တန်က ပြောဆိုလိုက်ပါတယ်။
အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဂျေ၊ ကာနေကလည်း ဝန်ကြီးကလင်တန်ရဲ့မှတ်ချက်အတိုင်းပါပဲ- သမ္မတ အာဆတ်ဒ်အစိုးရ သက်ဆိုးရှည် နေတာနဲ့အမျှ ဆီးရီးယားအရပ်သား ပြည်သူတွေ ရက်ရက်စက်စက် အသတ်ခံနေရတဲ့အကြောင်း အီရန်နဲ့ တခြားနိုင်ငံတွေက အာဆတ်ဒ်သစ္စာခံတွေကို ပံ့ပိုးပေးနေတယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်ရှင်။

တရုတ်နိုင်ငံတရားဥပဒေစိုးမိုးရေး တရုတ်ရှေ့နေတိုက်တွန်း
By ဗွီအိုအေ (မြန်မာဌာန)
  • အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ မျက်မမြင်ရှေ့နေ Chen Guangcheng က တရုတ်ပြည်မှာ ဒီမိုကရေစီရေး အပြောင်းအလဲဟာ နှေးကွေးပေမဲ့ နောက်ကြောင်းပြန် လှည့်လို့တော့ မရဘူးလို့ ပြောဆို လိုက်ပါတယ်။ နယူးယောက်မြို့အခြေစိုက် နိုင်ငံခြားဆက်ဆံရေးကောင်စီမှာ မနေ့ကကျင်းပတဲ့ ဆွေးနွေးပွဲမှာ ရှေ့နေ Chen Guangcheng ကပြောဆိုလိုက်တာပါ။
သမ္မတဟူကျင်တောင်းအပါအ၀င် တရုတ်အစိုးရနဲ့ ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တည်ဆဲဥပဒေတွေကို လေးစားကြပါရန်လည်း Chen Guangcheng ကဆော်သြ လိုက်ပါတယ်။ တရုတ်ပြည် ရဲ့ပြဿနာက ဥပဒေမဲ့တာမဟုတ်ဘဲ ရှိနှင့်ပြီးသား တည်ဆဲဥပဒေတွေကို မလေးစားကြတာကြောင့်လို့ သူကထောက်ပြ လိုက်ပါတယ်။
ဒီမိုကရေစီ “စံ” ဆိုတာ ပုံစံတမျိုးထက်မက ရှိတယ်ဆိုတာကို သူသဘောတူကြောင်း တရုတ်နိုင်ငံအနေနဲ့ အနောက်နိုင်ငံ တွေရဲ့ ပုံစံ ဒီမိုကရေစီကို ပုံတူကူးချပြီး ဖော်ဆောင်ဖို့မသင့်ကြောင်း ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်တို့အနေနဲ့ အရှေ့တိုင်း ဒီမိုကရေစီကို လေ့လာသင်ယူဖို့လိုကြောင်း၊ ထိုင်ဝမ်မှာလည်း ဒီမိုကရေစီကို ကျင့်သုံးနေပြီး ကောင်းမွန်တဲ့ စံနစ်ကို သင်ယူ၊ အကျင့်ဆိုးတွေကိုရှောင်ရှားကြဖို့ဆိုတဲ့ ရှေးဟောင်း တရုတ် စကားပုံကို Chen Guangcheng ကကိုးကား ပြောဆိုသွားပါတယ်။
တရုတ်နိုင်ငံမှာ ခေါင်းဆောင်ပိုင်းက လူထုအပေါ် မတော်တရော် ပြုမူဆက်ဆံရင် နိုင်ငံတကာ ဥပဒေတွေအရ အရေးယူသင့်တယ်လို့လည်း ဝေဖန်လိုက်ပါတယ်။

မြစ်ဆုံ ဆက်လုပ်ရန် CPI ကြိုးပမ်းနေဟု ကချင်ကွန်ယက်အဖွဲ့ပြော
ဖနိဒါ | သောကြာနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၂၃ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံရေကာတာ စီမံကိန်းအား ပြန်လည် လုပ်ဆောင်နိုင်ရေး အတွက် တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း CPI က စိုင်းပြင်းနေသည်ဟု ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG က ဇွန်လ ၁ ရက်နေ့တွင် ပြောဆိုလိုက်သည်။

CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်းအပေါ် လေ့လာသုံးသပ်ချက်များ ပြုလုပ်ပေးရန်အတွက် တိုက်ရိုက် တောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ အကြီးစား ရေကာတာ စီမံကိန်းကော်မရှင် အဖွဲ့ ICOLD မှ မေလ ၃ဝ ရက်နေ့ ထုတ်ပြန်ချက်အပေါ် အခြေခံ၍ KDNG က သုံးသပ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ICOLD အဖွဲ့က မြစ်ဆုံရေကာတာစီမံကိန်း သုံးသပ်တာကို တိုက်ရိုက်ပါဝင်မှု မရှိဘူး ဆိုတာ ထုတ်ပြန်တယ်။ ဒါပေမယ့် CPI က သူတို့ မြစ်ဆုံမှာ လေ့လာမှုလုပ်ဖို့ တောင်းဆိုခဲ့တာတော့ မှန်တယ်ဆိုတာကို ထုတ်ပြန်ထားတယ်” ဟု KDNG ပြောရေးဆိုခွင့် ရှိသူ မဆိုင်းမိုင်က ပြောသည်။ICOLD ၏ ထုတ်ပြန်ချက်ထဲတွင် “မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဆုံ ရေကာတာ တည်ဆောက် သူတွေဟာ သူတို့ လုပ်ငန်းတွေကို လာရောက်အကဲဖြတ်ဖို့အတွက် နိုင်ငံတကာက ရေကာတာကြီးတွေ ဆောက်လုပ်ရေးနဲ့ စီမံခန့်ခွဲမှုရေးရာ သဘာရင့် ကျွမ်းကျင်သူတွေကို တိုက်ရိုက် မေတ္တာရပ်ခံထားသည်” ဟု ဖော်ပြပါရှိသည်။

CPI မှ မြစ်ဆုံရေကာတာ အပေါ် လေ့လာသုံးသပ်မှု လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နေသည်ဟု ဆိုထားကြောင်း KDNG က ဆိုသည်။

မြစ်ဆုံရေကာတာ စီမံကိန်းသည် လုံးဝ လုံခြုံစိတ်ချရမှု ရှိသည့်အပြင် အကျိုးရလဒ်များစွာ ရှိကြောင်း သက်သေပြရန် အတွက် ICOLD က ပြန်လည် သုံးသပ်မှုလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နေသည်ဟု ပြီးခဲ့သည့် မေလ အအစောပိုင်းက တရုတ်သတင်းဌာန တခုတွင် CPI က ပြောဆိုသည်ဟု KDNG က ဆိုသည်။

ထို့ပြင် မြစ်ဆုံရေကာတာ စီမံကိန်း ဆိုင်းငံ့ထားခြင်းကို ပြန်လည် ရုပ်သိမ်းပေးရန် မြန်မာ အစိုးရနှင့် CPI အကြိမ်ကြိမ်ပြောဆိုခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။

သမ္မတ ဦးသိန်းစိန်က ပြည်သူလူထုဆန္ဒအရ မြစ်ဆုံရေကာတာ စီမံကိန်း ဆိုင်းငံ့ထားမှုကို CPI က စီမံကိန်းအတွက် စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသဖြင့် မြန်မာအစိုးရက ဆိုင်းငံ့ ထားမှုအပေါ် “မထီမဲ့မြင် လုပ်တာပဲ” ဟု မဆိုင်းမိုင်က ပြောသည်။ 
စီမံကိန်းအတွင်း စက်ယန္တရားများနှင့် တရုတ်ဝန်ထမ်းများ ရှိနေခြင်းနှင့် ပြောင်းရွှေ့ခံ ရွာသားများကိုလည်း ၎င်းတို့၏နေရပ်သို့ ပြန်လည်နေထိုင်ခွင့် မပြုသေးသည့်အပြင် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်တွင် ဖွင့်ထားသော CPI ရုံးကို လည်း ရုပ်သိမ်းခြင်း မရှိသေးသဖြင့် ဒေသခံများက သံသယ ဝင်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

အစိုးရအနေဖြင့် မိမိနိုင်ငံမှ သဘောဝသယံဇာတများကို တခြားနိုင်ငံများအား ရောင်းချခြင်းကြောင့် လျှပ်စစ်မီး မလုံမလောက်ဖြစ်ကာ ပြီးခဲ့သည့် ရက်ပိုင်းက မြို့ကြီးများတွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြ တောင်းဆိုမှုများ ပေါ်ပေါက် လာရကြောင်း မဆိုင်းမိုင်က ပြောသည်။

“ဆန္ဒပြမှု အဓိကအကြောင်းအရင်းက အစိုးရက ကိုယ့်နိုင်ငံက ထွက်ရှိတဲ့ ဓါတ်ငွေ့တွေ၊ ရေအားလျှပ်စစ်တွေကို ကိုယ့်နိုင်ငံမှာ မသုံးဘဲ တခြားနိုင်ငံကို တင်ပို့ရောင်းချလို့ ဖြစ်တယ်။ ရွှေလီဓါတ်တိုင်ပျက်လို့၊ မိုးမရွာလို့ ရေအား မလောက်လို့ ဆိုတဲ့ဟာက လုံးဝ မဖြစ်နိုင်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အခြေစိုက် ICOLD အဖွဲ့သည် ရေအား လျှပ်စစ် ကုမ္ပဏီများ ပါဝင်သော အဖွဲ့ဝင် နိုင်ငံပေါင်း ၉ဝ ကျော်ဖြင့် ဖွဲ့စည်းထားပြီး အင်ဂျင်နီယာများ၊ ဘူမိဗေဒ ပညာရှင်များ၊ အတိုင်ပင်ခံ လုပ်ငန်းများ၊ တက္ကသိုလ်များ၊ ဓါတ်ခွဲခန်းများနှင့် ဆောက်လုပ်ရေး ကုမ္ပဏီမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်ဟု ICOLD ၏ အင်တာနက် စာမျက်နှာ တွင် ဖော်ပြထားသည်။

ICOLD သည် ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ဆည်များအား ဘေးကင်းစွာ၊ စီးပွါးရေးအရ တွက်ချေကိုက်စွာ တည်ဆောက်နိုင်ရန်အတွက် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ဖြန့်ဖြူးခြင်းများ၊ နည်းပညာပိုင်းဆိုင်ရာလေ့လာ အကူအညီပေးမှုများဖြင့် ဆည်ကြီးများအား ဆောက်လုပ်ရာတွင် စီမံကိန်းချမှတ်ပြုလုပ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ဆောက်လုပ်ရေး၊ လုပ်ငန်းလည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းရေးတွင် ကူညီရန် ဖြစ်ကြောင်း သိရသည်။

ထိုအဖွဲ့သည် CPI ကုမ္ပဏီနှင့် အလွန်ရင်းနှီးကျွမ်းဝင်မှု ရှိပြီး လက်ရှိ ဥက္ကဋ္ဌမှာ Dr Jinsheng Jia ဖြစ်ပြီး သူသည် တရုတ်နိုင်ငံ အကြီးစားရေကာတာ စီမံကိန်း ကော်မရှင် CHINCOLD ၏ ဒု-ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူ ထားသည် ဟု သိရသည်။ မြန်မာ နိုင်ငံသည် ICOLD အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် လျှောက်လွှာ တင်ထားသည်။

သမ္မတ ဦးသိန်းစိန် ထိုင်းခရီးစဉ် ထပ်မံပယ်ဖျက်ဟုဆို
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီးအဖြစ် ဇွန်လ ၄ ရက်နေ့တွင် သွားရောက်ရန် စီစဉ်ထား သည့် မြန်မာ သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အား ပယ်ဖျက်လိုက်ကြောင်း ထိုင်းအစိုးရ အရာရှိများအား ကိုးကား၍ TheStraits Times သတင်းတရပ်၌ ဖော်ပြပါရှိသည်။

သမ္မတသည် မေလ ၃၀ ရက်နေ့က ဘန်ကောက်မြို့တွင် စတင်ကျင်းပသည့် ကမ္ဘာ့စီးပွားရေဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောရန် ခရီးစဉ်ကိုလည်း ပယ်ဖျက်ခဲ့ပြီး ကိုယ်စားအဖြစ် စွမ်းအင်ဝန်ကြီး ဦးသန်းဌေး ကိုသာ စေလွှတ် တက်ရောက်စေခဲ့သည်။

ယခုခရီးစဉ် ထပ်မံဖျက်သိမ်းလိုက်ရခြင်းနှင့် ပတ်သက်၍ အကြောင်းပြချက် တစုံတရာ မသိရှိရသေးကြောင်း ရေးသား ထားသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ မဇ္ဈိမအနေနှင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...