အမျိုးသမီးတယောက်လို ချောမောလှပ ဆွဲဆောင်မှုရှိတဲ့ အောင်မြင်ကျော်ကြား အမျိုးသားများ
![]() |
(4) Isis King
အိုင်းစစ်ကင်းကို ဒယ်ရာယ် ဝေါလ်ဆိုတဲ့ ယောက်ျားလေးနာမည်နဲ့ ၁၉၈၅ ခုနှစ်က
မွေးဖွားခဲ့တာဖြစ်ပါတယ်။ ကင်းက အမေရိကန်နိုင်ငံရဲ့ မော်ဒယ်ပြိုင်ပွဲ
(America’s Next Top Model) ရုပ်သံအစီအစဉ်မှာ ရာသီနှစ်ခုလုံးထိတိုင်အောင်
ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တဲ့ တဦးတည်းသော ဆန့်ကျင်ဖက်လိင်လို
ဝတ်စားနေထိုင်တဲ့ မော်ဒယ်တဦးဖြစ်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ သူလည်း
ထိပ်တန်းမော်ဒယ် စာရင်းဝင်တယောက်ဖြစ်လို့နေပါပြီ။
|
![]() |
(5) Florencia De La V
အာဂျင်တီးနားသူလေး ဖလော်ရင်ရှား ဒီလာဗွီ ကို လွန်ခဲ့တဲ့ ၁၉၇၆ ခုနှစ်က
ရောဘတ်တို ကားလို့စ် ထရီနီဒတ် လို့ခေါ်တဲ့ ယောက်ျားလေးတယောက်အနေနဲ့
မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးဖြစ်တဲ့
တဦးတည်းသော ဆန့်ကျင်ဖက်လိင်လိုပြောင်းလဲထားတဲ့ ရုပ်ရှင်မင်းသမီးတယောက်လို့
ပြောရင်လည်း ရနိုင်ပါတယ်။ ဒီလာဗွီဟာ ရုပ်သံဇာတ်လမ်း၊ မဂ္ဂဇင်းစာစောင်နဲ့
နိုက်ကလပ်တွေ အတော်များများမှာ တင်ဆက်ဖော်ပြခံခဲ့ရသလို
မဂ္ဂဇင်းအယ်ဒီအဖြစ်နဲ့လည်း လုပ်ကိုင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ လောလောဆယ်မှာတော့
အိမ်ထောင်ကျနေပြီဖြစ်တဲ့ ကလေးအမွာပူးနှစ်ယောက်ရဲ့ မိခင်တယောက်
ဖြစ်လို့နေပါပြီ။ အဲဒီကလေးအမွာပူးလေးကိုတော့ အငှားကိုယ်ဝန်နဲ့
ရယူခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
|
![]() |
(7) Chamila Arsanka
သိရိလင်္ကာနိုင်ငံသူလေး ချာမီလာ အာဆန်ကာတယောက် အခုအချိန်မှာ
ကမ္ဘာ့ဖက်ရှင်လောကထဲမှာ စတင်နာမည်ရစ ပြုလာနေပြီဖြစ်တဲ့
မော်ဒယ်ကိုယ်ဟန်ပြမယ်တယောက်ပါ။ လွန်ခဲ့တဲ့ ၂၀၁၁ က ထိုင်းနိုင်ငံ
ပတ္တယားမြို့မှာ ကျင်းပတဲ့ အလှမယ်ရွေးပွဲမှာ သူမလည်း
ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
|
![]() |
(8) Caroline “Tula” Cossey
အင်္ဂလိပ်လူမျိုးတယောက်ဖြစ်တဲ့ ကယ်ရိုလိုင်း တူလာ ခိုဆေ ဟာလည်း ကမ္ဘာသိ
မော်ဒယ် ကိုယ်ဟန်ပြမယ်တယောက် ဖြစ်ပါတယ်။ အဲဒီအပြင် ဂျိန်းစဘွန်းကာ “The
Living Daylights” မှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ တဦးတည်းသော
ဆန့်ကျင်ဖက်လိင်ကို ပြောင်းလဲထားတဲ့သူ တယောက်အနေနဲ့လည်း
လူသိများတာဖြစ်ပါတယ်။ လိင်ဆွဲဆောင်မှုကောင်းတဲ့ သူတယောက်ဖြစ်တဲ့အတွက်
ပလေးဘွိုင်းမဂ္ဂဇင်းတွေအတွက် ဓါတ်ပုံအလှအရိုက်ခံတဲ့ အလုပ်တွေကို
လုပ်ကိုင်နေသူတယောက် ဖြစ်ပါတယ်။ အဲဒီအပြင် သူမရဲ့
ဆန့်ကျင်ဖက်လိင်လိုပြောင်းလဲနေထိုင်ရတဲ့ ဘ၀နဲ့ပတ်သက်ပြီး “I AM A WOMAN”
“ကျမမိန်းမသားပါ” ဆိုတဲ့စာအုပ်တအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့တဲ့
သူဖြစ်ပါတယ်။
|
![]() |
(9) Roberta Close
ဘရာဇီးနိုင်ငံသူလေး ရောဘတ်တို ခလိုးစ်က လိင်ပြောင်းလဲခွဲစိတ်ဖို့
ပြင်ဆင်နေတုန်းမှာပဲ ဘရာဇီးနိုင်ငံထုတ် ပလေးဘွိုင်းမဂ္ဂဇင်းမှာ ပထမဦးဆုံး
ဖော်ပြခံခဲ့ရတဲ့ ဆန့်ကျင်ဖက်လိင်လို ပြောင်လဲနေထိုင်တဲ့
ကိုယ်ဟန်ပြမယ်တယောက် ဖြစ်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ လိင်ပြောင်းလဲ
ခွဲစိတ်ပြီးသွားတာနဲ့တပြိုင်တည်း ဘရာဇီးက ကိုတော်အချောတွေကြည့်ဖို့အတွက်
သီးသန့်ထုတ်ဝေတဲ့ ဆက်ဆီ မဂ္ဂဇင်းမှာ ကိုယ်တုံးလုံးနဲ့ ကိုယ်ဟန်ပြ
သရုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာတင်ပဲ ခလိုးစ်တယောက်
ဘရာဇီးနိုင်ငံရဲ့ အချောဆုံးအလှဆုံး အမျိုးသမီးတယောက်အနေနဲ့ မဲပေးခံခဲ့ရတာ
ဖြစ်ပါတယ်။
|
![]() |
(10) Malika
ကျမကအမှန်ဆို မိန်းကလေးဖြစ်ရမှာ စိတ်နဲ့ကိုယ်မှားပြီး မွေးလာခဲ့တာလေဆိုပြီး
ပြောလေ့ရှိတဲ့ အိန္ဒိယသူလေး မာလိကာဟာ သူမရဲ့ စိတ်ကူးအိမ်မက်ဖြစ်တဲ့
မိန်းကလေးစစ်တယောက်ဖြစ်လာဖို့အတွက်ကို ခွဲစိတ်မှုပေါင်းမြောက်များစွာ
တဆင့်ပြီးတဆင့် ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မာလိကာဟာ
ထိုင်းနိုင်ငံမှာကျင်းပတဲ့ ၂၀၁၁ အလှမယ်ရွေးပွဲမှာ အိန္ဒိယနိုင်ငံရဲ့
တရားဝင်ကိုယ်စားပြုမယ်အဖြစ်နဲ့ ပထမဦးဆုံးလာရောက်ယှဉ်ပြိုင်ခဲ့တဲ့သူ
ဖြစ်ပါတယ်။
နောနွဲ့နှောင်း
ဖေဖော်ဝါရီလ ၇ ရက်နေ့။ ၂၀၁၁ ခုနှစ်။
Copy From : www.coloursrainbow.com
|
0 comments:
Post a Comment