Wednesday, February 29, 2012

လူတိုင်းပြောင်းလဲ သင့်သော အချိုးလေး


by Moenge Aung on Thursday, March 1, 2012 at 2:35am ·
 
ဒီလောကမှာ တိုးတက်အောင်မြင်ချင်တဲ့ သူငယ်ချင်းများ ကိုဘယ်နေရာမှာ ရှိနေတယ်ဆိုတာတော့ သိထားဖို့ လိုအပ်ပါတယ် ။ ငွေကြေးအရအောင်မြင်ဖို့ အဓိကသိဖို့လိုအပ်တာ ၃ မျိုးရှိပါတယ် ။ ကဲပြောပြမယ် နံပါတ်
(၁)  Scholastic Education  ( ကျောင်းတွင်းပညာရေး)
(၂)  Professional Education ( အသက်မွေးဝမ်းကြောင်းအတတ်ပညာရေး
(၃) Financial Education ( ငွေကြေးနဲ့ ဆိုင်တဲ့ပညာရေး) ဆိုပြီးပညာရေး သုံးမျိုးရှိပါတယ်။

နံပါတ် (၁)ကျောင်းတွင်း ပညာရေးကတော့ ကမ္ဘာမှာအရေးပါလှတဲ့ပညာရေးပါ။
နံပါတ် (၂) အသက်မွေးဝမ်းကြောင်းပညာရေးကတော့ ငွေဘယ်လိုရှာရမလဲ ဆိုတဲ့ပညာရေးပေါ့။
နံပါတ် (၃) ကတော့ ငွေကြေးနဲ့ဆိုင်တဲ့ပညာရေးပါ။
ဒီနံပါတ် (၃) ပညာရေးကိုတော့ ကျောင်းတွေမှာသင်တာသိပ်မတွေ့ရပါဘူး။ လုပ်ငန်း နှင့် အသိပညာ အတွေ့အကြုံကသာ သင်ကြားပေးသွားတာပါ။ နံပါတ် (၃) ပညာရေးကိုတတ်တဲ့သူတွေကတော့ငွေရဲ့စေစားတာကိုမခံပဲ ငွေကို ငွေပြန်ရှာခိုင်းကြပါတယ်။ ကဲ သူငယ်ချင်းတို့ရေ ငါပြောတာပေါက်တယ်နော်။ နံပါတ် (၁) နှင့် (၂) ပညာရေးကတော့ တတ်ရင်တော့ကောင်းပါတယ်။ အသုံးချလို့တော့မကောင်းဘူး။ အသုံးချရင် ကျွန်ဖြစ်တယ်။ ငါလဲ ကျွန်ဖြစ်နေတယ်။ ငွေကြေးရဲ့စေစားတာခံရတယ်။ နံပါတ် (၃) ပညာရေးကတော့ဆရာတဆူဖြစ်စေတယ် ငွေကိုတောင်ပြန်ခိုင်းနိုင်တယ်။ ဘယ်ပညာရေးကို ရွေးခြယ်လှုပ်ရှားကြမလဲ။ ငါလဲခုမှဒီပညာရေးတွေကိုသေသေချာချာသိတာပါ ။ ငါကျွန်မလုပ်ချင်တော့ဘူး ကျွန်လုပ်တာ ချမ်းလဲမချမ်းသာဘူး။ အချိန်တွေသာကုန်သွားပါတယ်။ ငါတော့ နံပါတ်(၃) ပညာရေးကိုရွေးခြယ်ပြီးနေပါပြီ။ သူငယ်ချင်းတို့လဲရွေးခြယ်သင့်နေပါပြီ ။ ရွေးပြီးပြီဆိုရင်တော့ I BELIEVE MYSELF လို့အော်ပြီးတော့ လောကကြီးကိုအနိုင်ယူကြပါ။ ဒါမှ ငါတို့မြန်မာနိုင်ငံတော်ကြီးတိုးတက်မှာပါ ။ အမေစုပေးနိုင်တာ ဒီမိုကရေစီစနစ်ပါ ငါတို့လုပ်ရမှာက နိုင်ငံတော်ကြီးတိုးတက်အောင်ပါ ။ တိုးတက်စေချင်လှပါပြီပြောပြီးပြည်သူတယောက်ချင်းစီကမှ မလုပ်ပဲနေလို့ကတော့ ဗိုလ်ချုပ်ပြောခဲ့သလို ဖာနိုင်ငံကြီးဖြစ်ရပါလိမ့်မယ်။ ဒီတော့ ဖာနိုင်ငံကြီးတော့မဖြစ်မခံပါနဲ့။ လူတယောက်ချင်းစီတန်ဖိုးရှိမှ တိုင်းပြည်တပြည်လုံး တန်ဖိုးရှိမှာပါ ။ တန်ဖိုးရှိအောင် မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ကြိုးစားကြရအောင်လားသူငယ်ချင်းတို့ သေသေချာချာရွေးချယ်ပြီး စတင်လှုပ်ရှားကြပါသူငယ်ချင်းတို့ငါလဲ စတင်လှုပ်ရှားနေပါပြီ ။ ငါ့ရဲ့အချိုးတွေကို အရင်ပြောင်းလဲ ခဲ့ပါပြီ သူငယ်ချင်းတို့လဲပြောင်းလဲနိုင်ပါစေ။
 ယောမှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...