ရတနာပုံ ဌာနကြီးမှုး မျိုးညွှန့်အောင်ဆိုသော ပုဂ္ဂိုလ်၏ ပေါက်ပန်းဈေးစကားများအကြောင်း
တကယ်တမ်းတွင် ထိုသို့ ပြောင်းရွှေ့မည်ဆိုသော အကြောင်းကို ကြိုတင် အသိပေးခြင်း မရှိဘဲ ၂၄.၂.၂၀၁၂ သောကြာနေ့ ညနေ ငါးနာရီမှ ခြောက်နာရီ (၁နာရီအချိန်အတွင်း) တွင်သာ ဆုံးဖြတ်ရွေးချယ် ခေါ်ယူသွားခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်မှာလည်း သူ့တစ်ယောက်ထည်း၏ ဆန္ဒနှင့် အာဏာကိုသာ သုံး၍ ရွေးချယ်သွားပါသည်။
ရွေးချယ်သွားသော ဝန်ထမ်းစာရင်းမှာ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးဆိုပြီး ခေါ်ချင်သူ နာမည်စာရင်းများကို ရုံးတက်ရုံးဆင်း လက်မှတ်ထိုးစာရွက်ကိုကြည့်၍ အမှတ်အသား ပြုလုပ်သွားပါသည်။
ထို ပထမဦးစားပေး လူစာရင်းရှိ ဝန်ထမ်းများကို ၂၅.၂.၂၀၁၂ စနေနေ့မနက် ၈ နာရီအရောက် ဆိုလာစက်ရုံသို့ သတင်းပို့ ရုံးတက်ရမည် ဟု ပြောကြားသွားပါသည်။ ပထမဦးစားပေး လူစာရင်းရှိ ဝန်ထမ်း အားလုံး မှာ မိမိတို့ ပြောင်းရွှေ့လိုသော သဘောဆန္ဒ မပါပဲ ၂၅.၂.၂၀၁၂ စနေနေ့မနက် ၈ နာရီ တွင် သွားရောက် သတင်းပို့ခဲ့ကြပါသည်။
ထိုသို့ သတင်းပို့ရာတွင် ရတနာပုံ ဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင် ရောက်ရှိ မလာသေးသော အချိန် အတွင်း ပထမ ဦးစားပေးရွေးချယ်ခံရသော ရတနာပုံဝဘ်ပေါ်တယ်မှ ဝန်ထမ်းများအား ဗိုလ်ကြီးဦးဇော်လွင်ဦး မှ
"မကောင်းရင် ကင်းအောင်နေ၊ မကင်းရင် ကောင်းအောင်နေ လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် ထွက် တတ်ဖို့် မလိုဘူး၊ နပ်ဖို့လိုတယ် တော်ဖို့ မလိုဘူး၊ မချော်ဖို့ လိုတယ် ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ် ၁၀ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်"
ဆိုသော ခြိမ်းခြောက် အရိပ်ပြ စကားများ ပြောကြားခဲ့ပြီးနောက် ဆိုလာစက်ရုံရှိ လက်ရှိလုပ်ငန်းစဉ်များအား အပိုင်းနှစ်ပိုင်း ရှိကြောင်း ပြောပါသည်။ ထိုနှစ်ပိုင်းမှာ Installation and Production ပိုင်း ဖြစ်ပါသည်။
Installation ပိုင်းမှာ GSM Tour တိုင်များကို solar plate များလိုက်လံတပ်ဆင်ခြင်းဖြစ်ပြီး
ထိုသို့ ပြောကြားသော စကားများတွင် သူ၏ အုပ်ချုပ်မှုအာဏာသည် မည်မျှကြီးမားကြောင်းပြောကြားပြ
"နင်တို့ ကြပ်ကြပ် သတိထား၊ လူပါးမဝနဲ့ င့ါလက်ညိုးကွေးလိုက်ရင် ဘာဖြစ်မလဲသိလား လက်ဝါးနဲ့ မျက်နှာ ဘယ်ဟာပိုကြီးလည်း ဘယ်သူစမ်းချင်လဲ" ဆိုသော ခြိမ်းခြောက်စကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများမှ မိမိတို့ မူရင်းဌာနတွင် ထမ်းဆောင်သော တာဝန်များကို ပြောကြားရာ "အဲဒါတွေ င့ါကို လာမပြောနဲ့ ငါနားမလည်ဘူး င့ါကို စကားလုံးကြီးကြီးတွေ လာမပြောနဲ့" ဟု ပြောပြီး ဝန်ထမ်းများ၏ ပညာအရည်အချင်းကို မေးပါသည်။ ထိုသို့မေးကြားပြီး "နင့်ဘွဲ့က ဘယ်နိုင်ငံက ရခဲ့တဲ့ ဘွဲ့မို့လို့လည်း အင်္ဂလန်ကလား အမေရိကန်ကလား ဒီနိုင်ငံက ဒီဘွဲ့စုတ်လောက်နဲ့ င့ါကိုေ-ာက်ဖင်ခေါင်း လာမကျယ်နဲ့ မြန်မာနိုင်ငံ က ရတဲ့ဘွဲ့ ဘာလုပ်ရမှာလဲ နင်တို့ ဘယ်လောက် အရည်အချင်းရှိလည်းရှိရင် ဒီရှေ့မှာ ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပါးရိုက်ကြေးဆွေးနွေးမယ်" ဟု ခြိမ်းခြောက်ပြောဆိုသည်။ ထို့နောက် ဝက်ဘ်ပေါ်တယ် ဝန်ထမ်းများမှ မိမိတို့ လုပ်ကိုင်ရမည့် အလုပ်များကို မေးမြန်းရာ "ငါခိုင်းတာလုပ် ဘာမှ ပြန်မမေးနဲ့" ဆိုပြီး ဟိန်းဟောက်ပြောဆိုပါသည်။ ထို့နောက် စောင့်ဆိုင်းခိုင်းထားသော အခန်းသို့ ပြန်လည်ပို့လွှတ်ပြီး ဗိုလ်ကြီးဦးဇော်လွင်ဦးမှ "နင်တို့ ခုနက ငါမသွားခင် သေချာမှာပြီး ပြောခဲ့တဲ့စကားလေးခွန်းကို မှတ်မိသေးလား" ဟု ပြန်လည်မေးမြန်းပါသည်။ ထိုစကားလေးခွန်းမှာ "တတ်ဖို့် မလိုဘူး၊ နပ်ဖို့လိုတယ် တော်ဖို့ မလိုဘူး၊ မချော်ဖို့ လိုတယ် ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ် ၁၀ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်" ဆိုတဲ့ စကားဖြစ်ပါသည်။ ထို့နောက် ရတနာပုံဌာနကြီးမှူး ဦးမျိုးညွန့်အောင် (ဆိုလာ စက်ရုံမှူး) နှင့် တွေ့ဆုံချိန်က ဦးမျိုးညွှန့်အောင် မေးမြန်းသော လက်ဝါးနှင့် မျက်နှာ ဘယ်ဟာကြီးလဲဟု မေးမြန်းချက်ကို မျက်နှာကြီးပါသည်ဟု ပြန်လည်ပြန်လည်ဖြေဆိုမှု မှာ မှားယွင်းကြောင်း ပြောဆို ပြီး ဖြေဆို သင့်သည်မှာ "ဟုတ်ကဲ့ ဗိုလ်မှူး ဟုတ်ကဲ့ လက်ဝါးကြီးပါတယ်" လို့ ခေါင်းငုံ့ဖြေဆို သင့်ကြောင်း ပြောသည်။ ထို့နောက် ဝန်ထမ်းများမှ မူရင်းဌာန သို့ ပြန်လည်မေးမြန်းမည် ကို ပြောကြားရာတွင် "မလိုဘူး ။ မင်းတို့က အခု ရတနာပုံဝဘ်ပေါ်တယ်နှင့် လုံးဝမသက်ဆိုင်တော့ဘူး မင်းတို့အားလုံး ဆိုလာ လက်အောက် ရောက်နေပြီ လူညီရင် ဤ ကျွဲဖတ်ကြပေါ့ စနေနေ့ ရုံးဖွင့်တယ်ရုံးမတက်ရင် မင်းတို့ အားလုံး ပျက်ကွက်လုပ်ပစ်မည်" ဟု ပြောသည်။ ထို့နောက် ဝန်ထမ်းများမှာ မူရင်းဌာနသို့ ပြန်လည်ရောက်ရှိ သတင်းပို့ပြီးချိန်တွင် ရတနာပုံ ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူး ဦးမျိုးညွန့်အောင် (ဆိုလာ စက်ရုံမှူး ) ရောက်ရှိ လာပြီး ပြောင်းရွှေ့ခံ ဝန်ထမ်းများကို ရုံးရှေ့သို့ ခေါ်ယူပြီး လာမည့် ၂၇.၂.၂၀၁၂ (တနင်္လာနေ့) တွင် ဆိုလာစက်ရုံ သို့ အလုပ်ဆင်းရမည်ဖြစ်ကြောင်း အကယ်၍ လာမဆင်းနိုင်သူများ အလုပ်ထွက်ရမည်ဆိုသော ခြိမ်းခြောက်စကားပြောဆိုပြီး အလုပ်ထွက်ကြောင်း လက်မှတ် ထိုးခိုင်း သည်။ ပြောင်းရွှေ့ခံဝန်ထမ်းများမှာ မိမိပညာအရည်အချင်းနှင့် မကိုက်ညီသော အလုပ်ဖြစ်ရသည်က တစ်ကြောင်း၊ မိမိသဘောဆန္ဒမပါ ကြိုတင်အသိပေးခြင်းမရှိဘဲ အတင်းအဓမ္မ ပြောင်းရွှေ့ခံ ရခြင်းကတစ်ကြောင်း၊ လူလူချင်း ရိုင်းပြကြမ်းတမ်းစွာ အာဏာသုံး ပြောဆို ဆက်ဆံ ခံရခြင်းကြောင့်တစ်ကြောင်း ယခုကဲ့သို့ အများပြည်သူ သိစေရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။
by Min Ye Kyaw Swar
မေးလိုးမင်းက ဘာကနေတတ်ပြီးဘာတွေတော်နေလို့ ဘာဖြစ်လို့စမန်တက် နေတာလဲ လူကြီးပြီး အချိန်မစီးတဲ့ လူပဲ နိုင်ငံတော်က ပေးတဲ့ဘွဲ့ကိုတန်ဖိုးမထားဘူး အဲလို ပြောရင်မင်းဒီနိုင်ငံမှာမနေနဲ့ ထွက်သွားလိုက် စောက်ဖင်ခေါင်းကျယ်မနေနဲ့
ReplyDelete