Sunday, January 1, 2012

ဆရာဟုခေါ်ဆိုအပ်သော မြတ်ဆရာ

အနန္တဂိုဏ်းဝင်ဖြစ်ကြကုန်သော ကြားဆရာ၊မြင်ဆရာ၊သင်ဆရာနှင့်တကွ ဆရာဟုခေါ်ဆိုအပ်သော ဆရာအားလုံးတို့ အား ကျွန်ုပ်လက်ဆယ်ဖြာထိပ်မှာမိုး၍ ကန်တော့ပါ၏။

  •                          ,,,,,,,   မြတ်ဆရာရာ ,,,,,,,,
  •                 ကကဇွန်းပင် ရေမှာရှင်၊ ကကညစ်ပေမှာခြစ်
  •                 ကကြီးခခွေး အိမ်သို့ ပြေး၊ အပြေမတတ်ထမင်းငတ်
  •                 ကကလေးငယ်၊ ချစ်စဖွယ်ဟု သင်ကြားခဲ့ရာ
  •                 မြတ်ဆရာဟူသည်,,,,,
  •                 လောကအလယ် ဤလူ့ ဘုံဝယ်
  •                 အရှေ့အရပ်၊မနက်အာရုဏ်
  •                 ဘ၀ညအမှောင်၊အလင်းခွင်း၍
  •                 နေမင်း ပမာ။
  •                 တစ်ပြားမရှိ၊ တပည့်မရှား မြတ်ဆရာဟူသည်,,,,,တပည့်သားကို၊ ရင်လွယ်သားပမာ၊
  •                 သိပ္ပမချန်ကုန်စင်တတ်သင်,,,,,,,
  •                 ဆရာရိပ်သည်ကား၊ပြည့်ဝရွှန်းပ  လစန္ဒာပမာ အေးမြလှ၏။

  •  ထိုသို့ သောဆရာတို့ အားဗုဒ္ဓဘာသာဖြစ်ကြကုန်သောကျွန်ုပ်တို့ အားလုံး အဘယ်မှာမေ့ပျောက် နိုင်ကြ
မည်နည်း။ ငယ်စဉ်သူငယ်တန်းကတည်းက သင်ကြားပို့ချခဲ့သောဆရာတို့မည်သည်ကား အမှန်တကယ်ကျွန်တော့တို့ 
၏ဘ၀မှာ မေ့ပျောက် မရသလို အနန္တဂိုက်းဝင်များသာဖြစ်ကြကုန်သည်မှာငြင်းနိုင်ဖွယ်မရှိပါ။ ဘ၀မှာ အခုလိုစာပေများ
အားလေ့လာခွင့်ရအောင် ဘဲဥ၀လုံး ၀ိုင်းအောင်ရေးတတ်အောင်ပင်  သင်ကြားပေးခဲ့လေ၏။  

  •  ကျွန်တော်တို့ ကြားဖူးကြမှာပါ မြန်မာတစ်လွှားမှာခေါ်နေကြတဲ့ဆရာတွေ၊ကမ္ဘာတစ်လွှားမှာရောက်နေကြ
တဲ့ မြန်မာတွေ ကြားမှာ ဆရာခေါ်တဲ့အသံတွေ လောကအလယ်မှာ ဟန်ဆောင်မှု့ မျက်နှာနှင့် ခေါ်နေကြလေ၏။
ဆရာဟုအခေါ်ခံရသူများမှာလည်း သူနှင့်ထိုစကား သင့်၏ မသင့်၏မသိ၊ကိုယ်ကိုယ်တိုင် ကလည်းဆရာခေါ်ခံချင်လွန်း
၍နေလေ၏။ ကျွန်ုပ်၏ ဆရာတစ်ယောက်မှပြောဖူးပါ၏ ဆရာကောင်းဖြစ်ဘို့  ကိုယ်ကိုတိုင်ကတပည့်ကောင်းဖြစ်ဘို့လို
၏ ဟုပင်ဖြစ်၏။အလုပ်ထဲမှာလည်းတွေ့ ရတတ်ပါ၏။ ဆရာခေါ်တာခံချင်သောလူတစ်ချို့ ထိုသို့ ခေါ်သောစကားများမှာ
ထိုသူအားဖားယား၍ခေါ်သောစကားသာဖြစ်ပေ၏။ ထိုအခေါ်ခံရသောသူတို့ သည်လည်း အောက်အငယ်သားများအား
စာနာသနားလေ့မရှိဘဲ ကိုယ်ကောင်းစားရေးသာကြည့်တတ်သော တစ်ဘို့ (တစ်ဗို့ တည်းသမား)တည်းသမားသာ ဖြစ်
၍ ထိုသူများသည်ပင် ကျွန်တော်တို့  အသိုင်းအ၀ိုင်းကြားများမှာ မြင်သာထင်ရှားစွာ တွေ့ မြင်ရလေ့ရှိပြီး၊ ကိုယ်လစာအတွက် ကိုယ်ရာထူးအတွက် အထက်လူကြီးများနှင့် သဌေးများအား ကပ်ယပ်ဖားနေကြသူများသာဖြစ်ကြန်၏။

  •    ခုလိုတိုးတက်သောနိုင်ငံကြီးများမှာထိုသို့  ထိုသို့  တစ်ဦးနှင့်တစ်ဦး ကပ်ယပ်ဖားပြီး ဆရာခေါ်သောအလေ့အထ များမှာပျောက်နေခဲ့ပြီဆိုသည်မှာ အထင်မှားစရာတစ်ခုပါလား၊စဉ်းစားစရာတစ်ခုလား။အမှန်ဆိုပါလျှင် အရည်
အချင်းရှိသော သူတို့ မည်သည်ထိုအလေ့အကျင့် ကိုရှောင်ရှားမည်မှာ သေချာမည်မှာမလွဲပင်။သို့သော် ထိုကဲ့သို့သော
အလေ့အထများ သည်ပင် ခုလိုတိုးတက်သောနိုင်ငံ မြန်မာတွေအလုပ်လုပ်သောနေရာတွင်ရှိနေမြဲ ရှိနေလျှက်ပင်။
ထိုသည်ကားအကျင့်တစ်ခုဖြစ်နေကြသည်များလား။

  •   ဆရာခေါ်သောကျွန်ုပ်တို့ အပေါ်၌လည်းမူတည်ပါမည်။ကြားဖူးကြမှာပါ  ဘာဆရာ၊ညာဆရာ၊အရက်ဆရာ၊
ဘိန်းဆရာ ထိုသူတို့အား အဘယ်သို့  မည်သို့ မည်ပုံဆရာခေါ်ထိုက်မည်ပါနည်း။မြတ်စွာဘုရားလက်ထက်တော်အခါ
၌လည်းရှိခဲ့ ဖူးပါသည်။အဇာတသတ်သည် ဒေ၀ဒတ်နှင့်လူပေါင်းမှား ဆရာတင်တာမှား၍ အပါယ်ကျသောသာဓက၊
ရှိခဲ့ဖူးပါသည်။


              ,,,,,,,,,,ဆရာမှားက အပါယ်ကျ,,,,,,,,,,


  •                           နဖူးစွန်းနှင့်၊ဒူးပွန်းခံကာ ကိုးကွယ်ပါလည်း၊
  •                           ဆရာမှားက၊ ငရဲအပါယ်
  •                           အမြစ်တွယ်၊
  •                           ၀ဋ်နွယ်ရှည်လျှားရာ။
  •                                           (လယ်တီဆရာတော်)

  • ထိုသို့ သောအကြောင်းများကြောင့် ကျွန်ုပ်တို့ သည်လောကအလယ်လျှောက်လှမ်းရာဝယ်ဆရာတင်မမှားဘို့ 
လည်း လိုအပ်ပေသည်။ဆရာတင်မှားက လိုရာခရီးမရောက်ဘဲ။အပါယ်ငရဲပင် ကျတတ်ပေသည်ဟူသည်မှာလည်း
သာဓကများရှိပါ၏။ အနန္တဂိုဏ်းဝင်ဆရာသခင် မြတ်ဆရာတို့ အားလည်း အစဉ်အမြဲစိတ်၌ ရှိပြီး အကျွန်ုပ် လက်ဆယ်ဖြာထိပ်မှာမိုးပြီးကန်တော့ပါ၏။

ဤအရာများသည် ကျွန်ုပ်၏မဖြစ်စလောက်အတွေးများနှင့် မပြည့်သည့်အိုးဘောင်ဘင်ခတ်သကဲ့ဖြစ်ကောင်းဖြစ်နိုင်ပါ
သည်၊ သို့ ပါ၍ စာဖတ်သူအပေါင်းနှင့် တိုက်ဆိုင်မှု့မရှိပါမူစိတ်မရှိကြပါနှင့်,,,,,,,,
      
  •                                                              စာရေးသူ-နိုင်ထွန်း(ရမ္မာဝတီ-လေးတောင်)

http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1347673&xgs=1&xg_source=msg_share_post  မှ ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...