Monday, January 23, 2012

သင့် အနာဂတ်ကို ခန့်မှန်းနည်း

by So Min Oo on Tuesday, January 24, 2012 at 11:18am

ခရစ်စ်က အမြဲတမ်း သိချင်နေလေ့ရှိတယ်။
‘ ငါ့ရဲ့ အနာဂတ်က ဘယ်လိုလဲ ’  ‘ ငါ့ရဲ့အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ’သူက သူ့အဖေပြောတာကို အမှတ်ရမိတယ်။ ‘ မင်းလုပ်နိုင်တာကတော့ အကောင်းဆုံးကို မျှော်လင့်ဖို့ပဲ ’ ။
ဒီတော့ ခရစ်စ်က မျှော်လင့်ပြီးရင်း မျှော်လင့်နေတယ်။‘ ငါ့ရဲ့ လခတွေ အများကြီးတိုးရဖို့ ငါ မျှော်လင့်တယ် ။
လူတွေ ငါ့အပေါ် ပိုပြီး ကောင်းလာဖို့ ငါမျှော်လင့်တယ်။ ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တဟုန်ထိုး တိုးတက်လာဖို့ ငါမျှော်လင့်တယ်။
ဒါဆို ငါ အလုပ်ကနေ အနားယူလို့ရပြီ။ ပြီးတော့ ငါ ထီပေါက်ဖို့လည်း မျှော်လင့်တယ် ’ဒီလိုမျိုး မျှော်လင့်ရင်းနဲ့
တစ်နှစ်ကြာလာခဲ့ပါတယ်။ ခရစ်စ်အတွက် ဘာမှ ပြောင်းလဲမလာပါဘူး။သူ တီဗွီကြည့်နေတုန်း တီဗွီကနေ
တစ်ယောက်ယောက် ပြောတာကို ကြားလိုက်ရတယ်။ “ ကျနော်တို့ဟာ အတိတ်ကို အမှတ်ရဖို့လိုတယ်။
ဒါမှ အနာဂတ်မှာ ဒါမျိုးကိစ္စတွေ ထပ်မဖြစ်မှာ ”ဒီတော့ အတိတ်က သူ့ရဲ့အမှားတွေကို သူ ပြန်စဉ်းစားကြည့်တယ်။

ပြီးတော့ အဲဒါတွေကို နောက်တစ်ခါ ထပ်မလုပ်ဖို့ သူ့ကိုယ်သူ လေးလေးနက်နက် ကတိပေးလိုက်တယ်။
သူဟာ အတိတ်က အမှားတွေကို ထပ်မဖြစ်အောင် တစ်နှစ်လောက် ဂရုတစိုက် ရှောင်ရှားတယ်။
ခရစ်စ်အတွက် ဘာမှ တိုးတက်မလာပါဘူး။

ခရစ်စ်ဟာ ကံကြမ္မာအကြောင်းကို အင်တာနက်မှာ ရှာကြည့်တယ်။ ‘ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ကြိုတင်သတ်မှတ်ထားပြီးသားဖြစ်တယ်။ သင် ဘာမှ မတတ်နိုင်ဘူး ’ဒီတော့ သူ မှတ်ချက်ချလိုက်တယ်။ ‘ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ စောင့်ကြည့်ရုံပဲ ရှိတယ် ’သူ့ရဲ့အနာဂတ်က သူ့ရဲ့အတိတ်နဲ့ရော ပစ္စုပ္ပန်နဲ့ပါ အတူတူပါပဲ။ သူဟာ ဘ၀ရဲ့ ပွဲကြည့်ပရိသတ်မျှသာပါပဲ။

အနာဂတ်ကို ကြည့်ခြင်း


အကယ်၍ သင်ဟာ မှော်ဖန်လုံးတစ်လုံးနဲ့ အနာဂတ် နှစ်တစ်ရာကို ကြည့်နိုင်မယ်ဆိုရင် ဘယ်သူက ရည်မှန်းချက်အကြီးဆုံးလဲဆိုတာ တွေ့ပါလိမ့်မယ်။အလွန်အံ့သြစရာကောင်းလှတဲ့ ကွန်ပျူတာတွေ၊ စက်ရုပ်တွေနဲ့ အာကာသခရီးစဉ်တွေရှိတဲ့ အာကာသခေတ်ကို ကြည့်မယ်ဆိုရင် သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေနဲ့ အဆင့်မြင့် နည်းပညာရှင်တွေဟာ ရည်မှန်းချက်အကြီးမားဆုံးဆိုတာကို တွေ့ရလိမ့်မယ်။အကယ်၍ ချမ်းသာကြွယ်ဝမှုဟာ အားလုံးအတွက် ဖြစ်နိုင်ချေရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ကြည့်မယ်ဆိုရင် တော့ စွန့်ဦးတီထွင်သူတွေ၊ စီမံခန့်ခွဲမှုပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ရည်မှန်းချက်အကြီးမားဆုံးဆိုတာကို သိရလိမ့်မယ်။စစ်ပွဲတွေဖြစ်ပြီး လူတွေအများကြီး သေကြေကြတဲ့ ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင်တော့ လက်နက်ရောင်းသူတွေ၊ အကြမ်းဖက်သမားတွေနဲ့ နိုင်ငံရေးသမားတွေဟာ ရည်မှန်းချက်အကြီးမားဆုံးဆိုတာကို တွေ့ရလိမ့်မယ်။ဒါကြောင့် သင့်ဟာ အခုလက်ရှိမှာ ဘယ်သူက ဇွဲကြီးသလဲ၊ ပြင်းပြထက်သန်တဲ့စိတ် ရှိသလဲ၊ လေးနက်တဲ့ ခံယူချက် ရှိသလဲ ဆိုတာကို ကြည့်ခြင်းအားဖြင့် အနာဂတ်ကို မြင်နိုင်ပါတယ်။လူတွေမှာ ခိုင်မာတဲ့ ရည်မှန်းချက်တစ်ခုရှိလာအောင် ဘယ်အရာက ပြုလုပ်ပေးသလဲ။


သင်ဟာ ပွဲကြည့်ပရိသတ်လား၊ ကစားသမားလား ?

ရည်မှန်းချက်တွေ ချမှတ်ခြင်းအားဖြင့် သင်ဟာ သင့်ရဲ့အနာဂတ်ကို ခန့်မှန်းနိုင်ပါတယ်၊ ထိန်းချုပ်နိုင်ပါတယ်။ သင်ဟာ သင့်အနာဂတ်မြေပုံကို ရေးဆွဲသူဖြစ်ပါတယ်။ သင်ဟာ ဘ၀ကို ဘေးကနေ ရပ်ကြည့်မနေဘူး၊ ဘ၀ရဲ့ ကစားပွဲမှာ ၀င်ကစားတယ်။ ဒါဆို သင် အနိုင်ရပြီပေါ့။‘ လူတစ်ယောက်မှာ အိပ်မက်တွေ ရှိတယ်ဆိုရင်၊ လူတစ်ယောက်မှာ ရည်မှန်းချက်တွေ ရှိတယ်ဆိုရင်၊ သူဟာ ပျော်ရွှင်နိုင်တယ်၊ ပြီးတော့ ရှင်သန်နိုင်တယ်။ အကယ်၍ ရည်မှန်းချက်တွေ မရှိဘူးဆိုရင် သူ့မှာ အနာဂတ်ဆိုတာတောင် မရှိတော့ပါဘူး ’ – အယ်လ်. ရွန် ဟဘ်ဘာ့ဒ်ဘ၀ဆိုတာ ကွင်းပြင်ကြီးနဲ့ တူပါတယ်။ အဲဒီကွင်းပြင်ကြီးမှာ ကစားသမားတစ်ယောက်မှ မရှိသေးပါဘူး။ သင် အဲဒီကို ပြေးသွားနိုင်တယ်။ ကစားပွဲတစ်ခုကို စတင်နိုင်တယ်။ စည်းမျဉ်းတွေကိုတောင် တီထွင်နိုင်ပါတယ်။

ကဲ… သင့်ရဲ့အနာဂတ်ကို သင် ဘယ်လိုခန့်မှန်းပါသလဲ ?

Ref: How to Set Exciting Goals You Can Reach Produced by TipsForSuccess.org

http://yourlifesuccess.blog.com/category/best-you/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...