Sunday, January 1, 2012

- မေးလိုက်ပါ ....နွားကျောင်းသားလား .... နတ်သားလား

by Wai Maw on Sunday, January 1, 2012 at 12:02pm


-ဆရာန္ဒာ
-၃၀-၁၂ -၂၀၁၁


အကြံပြုခြင်း၊ ဝေဘန်ခြင်း၊ ထောက်ပြပြောဆိုခြင်း နဲနဲလေး အဆင်မြင့်လာရင် အပြစ်ပြောခြင်း၊ မကောင်းမြင်ခြင်း၊ သူတစ်ပါး ထင်ယောင်ထင်မှားဖြစ်အောင် မလို၍ ပုတ်ခတ်ပြောဆိုခြင်း စသည်ဖြင့် ဝေါဟာရ စကားလုံးတွေဟာ သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင် တူသလိုလိုနဲ့  လုံးဝမတူပါဘူး ဒါပေမဲ့ အားလုံးဟာ ဝေဘန်ခြင်း ဆိုတဲ့ စကားလုံးရဲ့ အနီးပါတ်ဝန်းကျင်မှာပဲ အဓိပ္ပါယ် သက်ရောက် နေတာကို တွေ့ ၇ပါလိမ့်မယ် ။

ဝေဘန်တာ ကောင်းတယ်၊ ကောက်နေတာကို ဖြောင့်သွားစေတယ်၊ မှားနေတာကို မှန်သွားစေတယ် ကောင်းနေတာကို ပိုပြီတော့ ကောင်းသွားစေတယ် ။

တကယ်အကျိုးရှိတဲ့ ဝေဘန်ချက်ဖြစ်လာမယ်ဆို၇င် ဝေဘန်တဲ့သူကို တော်တော်ကြီးကို ကျေးဇူးတင်သင့်တယ် ဝေဘန်ခံ၇မှ ပြောင်လက်မယ် တိုးတက်မယ်။

အောင်မြင်မယ် ၊
အဲ..ဒါပေမဲ့ ဝေဘန်တဲ့သူအနေနဲ့ ကလဲ ငါဟာ ဘာလဲ ဘယ်လိုလူလဲဆိုတာ ကိုယ့်ကိုကိုယ် အ၇င်ပြန်မေး သင့်တယ်။


ဒါနဲ့ ပါတ်သက်ပြီတော့ ကျုပ်တစ်ခုပြောချင်ပါတယ်၊
အဲဒါ ဘာလဲဆိုတော့ ကျုပ်တို့  အညာဒေသ မုံရွာမြို့ က လယ်တီစာသင်တိုက်ကြီမှာ သံဃာအပါး ၇၀၀ ကျော် ၁၀၀၀ နီးပါး စာသင်ကြားပို့ ချနေတယ် ။
အဲဒီကျောင်းတိုက်ကြီးကို ရဟန္တာလို့ လူသိထင်ရှားဖြစ်ခဲ့တဲ့ ပဌမလယ်တီဆရာတော်ဘုရားကြီးက စတင်တည်ထောင်ခဲ့တာပါ။
ဒီကနေ့  ဗုဒ္ဓစာပေအများစုဟာ ဆ၇ာတော်ဘု၇ားကြီး ပြန်လည်ပြုစုခဲ့တယ်ဆို၇င် မမှားပါဘူး ။
အဲဒီကျောင်းတိုက်ကြီးထဲမှာ လူတစ်ရပ်လောက်မြင့်တဲ့ ကျောက်စာချပ်ကြီးတွေ အများကြီးပဲ ကျုပ်တို့ ငယ်ငယ်တုန်းက တူတူပုန်းတန်းတောင် ကစားခဲ့ကြသေးတယ်။
နောက်ပြီး ပေစာထုတ်တွေ လဲ အများကြီး ပေစာထုတ်ဆိုတာက ပေဖူးပေရွက်တို့ ကို နေေ၇ာင်နဲ့ မဟုတ်ဘဲ အ၇ိပ်မှာ အခြောက်ခံပြီး ကတ်ကျေးနဲ့ လိုသလို ကိုက်ဖြတ် နောက်ပြီး ကညစ်နဲ့ စာေ၇း အဲဒီစာေ၇းထားတဲ့ ပေစာရွက် ၅၀ / ၆၀ / ၇၀ လောက်ကို ဟိုဘက် သည်ဘက် သစ်သားပြားနဲ့  ညှပ်ပြီး ကြိုးနဲ့ပတ်ချည်ထားတာ အပေါ်မှာ ရွှေချထားသေးတယ် ။


အဲဒီ ကြိုးပေါ်မှာ တစ်နေ့ ဆောင်းတွင်းကြီးမှာ ပေါ့ ဆ၇ာတော်ဘု၇ားကြီးဟာ ကျောင်းအပြင်ဘက် နေပူလှုံ၇င်း ပေထုတ်တွေ ရှေ့မှာချပြီး ပေစာတွေကို လေ့လာနေတုန်း
ကျောင်းအပြင်ဘက် လမ်းပေါ်က ဖြတ်သွားတဲ့ နွားကျောင်းသားက ပေထုတ်တွေ လှမ်းမြင်တော့ ´´ ဟာ...... ကောင်းလိုက်တဲ့ ပေထုတ်တွေကွာ ´´ လို့  ပြောသံ ကြားတယ်။

ဒီအသံလဲကြားေ၇ာ အနီးမှာရှိတဲ့ ကိုရင် ကို လှမ်းခေါ်ပြီး ။
ဟဲ့ ...ကို၇င် .. ကို၇င် .. အမြန်လာစမ်း... ဟိုနွားကျောင်းသားကို အမြန်လိုက်ခေါ်စမ်း။
ဆိုတော့ ကို၇င်လဲလိုက်ခေါ် တာပေါ့ ။

ေ၇ာက်လာတော့ ။
´´ ခုနက ငါ့ပေထုတ်တွေ ကောင်းလိုက်တာလို့ ပြောတာ မင်းလား ´´ လို့  မေးတယ် ´´

တင်းပါ့ဘု၇ား ´´လို့ ပြန် လျှောက်လဲပြီးေ၇ာ အနားမှာရှိတဲ့ ငှက်ပျောဖီး ဆွဲယူပြီး ။
´´ ရော့ .. ရော့ .. ၀အောင်စား ပြီးတော့ မြန် မြန် ပြန်တော့ ကွာ ´´ လို့  ပြောလိုက်တယ်။

နွားကျောင်းသားလဲ ဘာမှန်းမသိ ကြောင်အမ်းအမ်းနဲ့  ငှက်ပြောသီးတစ်လုံး ကောက်ယူပြီး ထ လစ်ပြေးတော့မှ ဆ၇ာတော်ဘု၇ားကြီးက အနားမှာရှိတဲ့ ဒကာ ဒကာမ တွေကို ဘာပြောလိုက်တယ်မှတ်သလဲ ´´ ငါ့ ပေထုတ်တွေကို နွားကျောင်းသား ဝေဘန်တာတော့ မခံနိုင်ပေါင်ဗျာ ´´ တဲ့ ။

ဒီနေရာမှာ နွားကျောင်းသားဟာ စာပေအနှစ်သာရ မသိပေမဲ့ ပေထုတ်တွေက ရွှေချထားတော့ ကျက်သေ၇ရှိနေတာ လှပ တင့်တယ် နေတာ ကိုမြင်လို့  ကောင်းတယ်ထင်လို့  ကောင်းတယ်လို့ ပြောတာ သူ့ အမြင်နဲ့ သူတော့ ဟုတ်နေတာပေါ့ ။

မကောင်းဘူးလို့  ပြောမည့်သူနဲ့ စာ၇င် အများကြီး တော်တယ်လို့  ပြောလို့ ၇နိုင်တာပေါ့ ဟုတ်တယ်နော် ။

အဲ.... နောက်တစ်ခုပြောဦးမယ် ။
ကျုပ်တို့ ဗုဒ္ဓဘု၇ား ဘု၇ားမဖြစ်ခင် သိဒ္ဒတ္ထ မင်းသားဘ၀၊ အသက်၂၉ နှစ်မှာ ထီးနန်းစွန့်ခွာကာ တောထွက် ပြီး ဒုက္ကရ စရိယာအကျင့်  ၆ နှစ် ကျင့် ပြီးမှ ဘု၇ားအဖြစ်ကိုေ၇ာက်တော်မူတာ ။
ဘု၇ားမဖြစ်ခင်မှာ ဒုက္ကရ စရိယာအကျင့်ကို ပြင်းပြင်းထန်ထန် ကျင့်တော်မူတယ် ။
နောက်ဆုံးဘယ်လောက်ထိကျင့်သလဲဆို၇င် အစာစားဘို့  အချိန်တောင် မပေးတော့ပဲ လွန်လွန် မင်းမင်းကို ကျင့်တော်မူတယ် ။
ဒီအချိန်မှာ နတ်သားတစ်ယောက်ဟာ စောင်းပိုက်ပြီး မင်းသားနဲ့ မလှမ်းမကမ်းမှာ ထိုင်ကာ စောင်းတီးတယ် ။
ဒါပေမဲ့ စောင်းကြိုးက လျှော့လွန်းအားကြီးနေတော့ ဘတ်ဘတ် ... ဘတ် ဘတ် နဲ့ မြည်တာပေါ့ ။


အဲဒီမှာ မင်းသားက မင့် စောင်းကြိုးတွေက လျှော့လွန်း အားကြီးနေတယ် ၊ ဘယ်လိုလုပ် နားထောင် ကောင်းမှာလဲ တင်းလိုက်ဦးမှပေါ့လို့  ပြောတော့ စောင်းသမား နတ်သားက စောင်းကြိုးကို တအားတင်းပြီး ပြန်တီးတယ် ။

တင်းလွန်းအားကြီးပြီး ထင် .. ထင် နဲ့  မြည်ပြန်တော့ မင့်ဟာက တင်းလွန်းအားကြီးနေပြန်ပြီ ဘယ်လိုလုပ် နာထောင် ကောင်းမှာလဲလို့  ပြောတော့ - နတ်သားစောင်းသမားက မှန်ပါတယ်၊ အသင်မင်းသား ဒါပေမဲ့ ကျွုန်ုပ်ကိုသာ သင်က ဝေဘန်ထောက်ပြနေတယ်။

သင့်ကိုယ်သင်လဲ ပြန်စဉ်းစားပါဦး အ၇င်က အစာ စားပြီကျင့်တယ် တ၇ားမ၇ အခုအစာ မစားပဲကျင့်နေပြန်ပြီး ဘယ်လိုလုပ် တ၇ား ၇နိုင်မလဲ မလျှော့ မတင်း လေး ကျင့်မှ တ၇ား ၇နိုင်မှာပေါ့ လို့ ပြောတော့မှ ပြန်လည်ပြုပြင်ပြီး ကျင့်ကြံမှ ဗုဒ္ဓ အဖြစ်သို့  ရောက်တော်မူခဲ့တာပါ။

ဒါ့ကြောင့် အကြံပြုခြင်း ဝေဘန်ခြင်း ထောက်ပြပြောဆိုခြင်း ဆိုတာတွေဟာ ဘယ်လောက် လိုအပ်သလဲဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။
ဒါပေမဲ့ ဝေဘန်ရေး လုပ်နေကြတဲ့ အကြံပေးလုပ်နေကြတဲ့ နိုင်ငံရေးသမားလို့  မိမိကိုယ်ကို မိမိ သတ်မှတ်နေကြတဲ့ (မော်ရင်ဟို လိုပေါ့ သူ့ ကိုယ်သူ စပါယ်ရှယ် 1 တဲ့။
ဘယ်သူကမှမသတ်မှတ်ဘူး သူ့ ဖာသာ သူ သတ်မှတ်တာ ) ပုဂ္ဂိုလ် များကို ပြောချင်တာကတော့ ဝေဘန်တော့မယ်ဆိုရင် မဝေဘန်ခင် မိမိအိမ်မှာရှိတဲ့ ကြည့်မှန်ရှေ့ သွားရပ်ပြီတော့ အဲဒီမှန်ထဲကလူကို အရင်မေးလိုက်ပါ ´´
မင်းဟာ ... နွားကျောင်းသားလား ... နတ်သားလား ´´ လို့ 
နွားကျောင်းသားအဆင့် ဆိုရင်ကို မင်းမဆိုသေးဘူးလို့  ပြောလို့ ရတယ် နွားကျောင်းသားလောက်တောင် အမှန်ကို မမြင်တတ်ဘူးဆိုရင်ကတော့  အနာဂါတ် မြန်မာနိုင်ငံကြီးကို ၀င်းထိန်ပြောင်လက်အောင် ပေါလစ်တင်ကြမဲ့ လူကြီး လူငယ် များ ကို မျှော်ကိုးလျှက် ။


ဆရာန္ဒာ (နန်းတွင်း ၅ ..ည ငရဲခန်း)


-------------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...