Sunday, October 30, 2011

ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ရွေးကောက်ပွဲဝင်ရေး ဒေါ်အောင်ဆန်းစုကြည်အား ညီနောင် (၅) ပါတီ တိုက်တွန်း

by Moenge Aung on Sunday, October 30, 2011 at 12:01pm


Hot News Weekly Journal

ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ပြီး ရွေးကောက်ပွဲ  ဝင်ကြရန် ဒေါ်အောင်ဆန်းစုကြည်နှင့် မှတ်ပုံ မတင်ရသေးသော NLD ပါတီတို့ကို တိုက်တွန်းလိုက်သည့်  ကြေညာချက်တစ်စောင် ညီနောင်တိုင်းရင်းသား ငါးပါတီက အောက်တိုဘာလ (၁၅)ရက်တွင် ထုတ်ပြန်လိုက်သည်။ ညီနောင် တိုင်းရင်းသား ငါးပါတီ၏ ယင်း ထုတ်ပြန် ကြေညာချက်ထဲတွင် အခြားအချက်(၄) ချက်လည်း ပါဝင်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံနေရသူ တချို့ကို ပြန်လွှတ်ပေးခဲ့သည့် အတွက် ကြိုဆိုသော်လည်း နှစ်ရှည်လများ အပြစ်ဒဏ် ကျခံနေရသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ အားလုံးကို ပြန်လွှတ်ပေးရေး၊ တိုင်းရင်းသားများနှင့် ဖြစ်ပေါ်နေသော ပဋိပက္ခများကို ဖြေရှင်းပေးရန် ပညာရှင်များနှင့် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သော အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရေး၊ ညီနောင် တိုင်းရင်းသား (၅) ပါတီမှ ကိုယ်စားလှယ်များ နိုင်ငံတကာ ဒီမိုကရေစီ ပါတီများနှင့် တွေ့ဆုံခွင့် ရရေးနှင့် ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ် ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းခံရသည့် အပေါ် စိတ်မကောင်း ဖြစ်ကြောင်းတို့ ဖြစ်သည်။
ညီနောင် တိုင်းရင်းသား ငါးပါတီ နှစ်ရက်အကြာ ဆွေးနွေးမှုအပြီး ၎င်းကြေညာချက်ပါ ဒေါ်အောင်ဆန်းစုကြည်နှင့် မှတ်ပုံ မတင်ရသေးသော  NLD ပါတီအပေါ် တိုက်တွန်းထားချက်နှင့် ပတ်သက်၍ ညီနောင် ငါးပါတီတွင် ပါဝင်သော ချင်းအမျိုးသား ပါတီဥက္ကဌ ဦးဇိုဇမ်က “ကျွန်တော်တို့ အခု ဒေါ်စုကို ဒီမိုကရေစီ ကျင့်စဉ်တစ်ခု ဖြစ်တဲ့ ရွေးကောက်ပွဲ ဝင်ဖို့ရာ ကျွန်တော်တို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ ဒေါ်စုအနေနဲ့ အသစ်ပဲ ထောင်ထောင်၊ အဟောင်းကိုပဲ ပြန် အသက်သွင်းသွင်းပေါ့။ သူ့အနေနဲ့ ရွေးကောက်ပွဲ ဝင်ပြီး ဒီမိုကရေစီ ကျင့်စဉ် တစ်ခုကို လုပ်ပြလိုက်ခြင်း အနေဖြင့် ကျွန်တော်တို့လည်း အားရှိသွားတာပေါ့ဗျာ။”ဟု မီဒီယာအချို့ ပြောသည်။         

လင်းယုန်

No comments:

Post a Comment