Htet Aung created the doc: (သက်တန့်ချို)"
ကမ္ဘာပေါ်မှာ လူတိုင်းလူတိုင်း မွေးစကနေ သေဆုံးတဲ့အချိန်အထိ ဖျားနာခြင်းကို လူတိုင်း ကြုံတွေ့ဖူးကြမှာပါ ။ ခန္ဓာကိုယ် ကနေ လုပ်ဆောင်ချက်အားလုံးဟာ ပုံမှန်ကဆင့် သွေဖီလာပြီဆိုရင်တော့ ဖျားနာခြင်းဆိုတာ ဟာ လက္ခဏာ တစ်ခုအနေနဲ့ ၀င်ရောက်လေ့ရှိပါတယ် ။ လူကြီးတွေမှာ fever ၀င်ပြီဆိုရင်မ သက်မသာ ခံစားရလေ့ ရှိပြီး ကိုယ်အပူချိန် 103' F (39.4 C) ထိ မရောက်ခင်အထိတော့ ဖျားခြင်းဟာ အန္တရာယ် သိပ်မရှိ လှပါဘူး ။ လူငယ်တွေနဲ့ မွေးကင်းစကလေးတွေမှာတော့ အပူချိန်လေး နည်းနည်းတက်ခြင်းမှာတောင်မှ ပြင်းထန်သော ပိုးဝင်မှု (Infection) ၀င်တာတွေ ဖြစ်နိုင်ပါတယ် ။
ဒါပေမယ့်လည်း ကိုယ်အပူချိန်ဘယ်လောက်များရင် ရောဂါ ရဲ့ ပြင်းထန်မှု ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အတတ်ပြော လို့မရပါဘူး ။ သာမန်ဖျားနာမှုလေးမှာလည်း ကိုယ်အပူချိန်အများကြီးတက်နိုင်
ဖျားနာခြင်း၏ လက္ခဏာများ
သင့်ရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ ပုံမှန်ထက်အမြင့်မှာ ရှိနေပြီဆိုရင်တော့ သင်ဟာ Fever ရှိနေပါပြီ ။ ပုံမှန်ကိုယ် အပူချိန်ဟာ 98.6'F ( 37 C) ရှိရမှာဖြစ်ပါတယ် ။ ဖျားနာခြင်းကို ဖြစ်စေတဲ့ ဇစ်မြစ်အချက် အလက်တွေအပေါ် မူတည်ပြီးတော့ ရောဂါ လက္ခဏာတွေဟာလည်း ကွဲပြားခြားနားမှု ရှိနိုင်ပါတယ် ။ အဲဒါတွေကတော့
- ချွေးထွက်များခြင်း
- ချမ်းတုန်ခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားများနာခြင်း
- အစားအသောက်ပျက်ခြင်း
- ရေဓါတ်ဆုံးရှုံးခြင်း
- မောပန်းနွမ်းနည်ခြင်း စသည်တို့ဖြစ်ပါတယ် ။
အပူချိန်တွေအရမ်းမြင့်တဲ့ 103'F (39.4C ) နဲ့ 106 ' F (41.1'C ) ကြားမှာဆိုရင်တော့
- ထင်ယောင်ထင်မှားဖြစ်ခြင်း
- သတိလစ်ခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း
- တက်ခြင်း
- ရေဓါတ်ဆုံးရှုံးခြင်းစသည်တိြု့
မွေးကင်းစကလေးငယ်တွေမှာ ရှင်းပြလို့မရနိုင်တဲ့ Unexplained fever ဟာ လူကြီးတွေ ထက်ပိုပြီး အဖြစ်များ ပါတယ် ။ ကလေးငယ်ဟာ အပူချိန် 101'F (38.3 C) ထက်ပိုများလာပြီဆိုရင်တော့ ဆရာဝန်ကိုခေါ် ဖို့လိုပါပြီ ။ အကယ်၍ အောက်မှာဖော်ပြထားတဲ့အချက်တွေရှ
- ၃ လအောက်ကလေးငယ်တွင် ဖျားနာခြင်း
- အစာကျွေးခြင်း နို့တိုက်ခြင်းအား ငြင်းဆန်နေခြင်း
- ကိုယ်အပူချိန်ကြီးပြီး ဂဏာမငြိမ်ဖြစ်နေခြင်း (ဥပမာ အောက်ခံ diaper လဲပေးသည့်အချိန်တွင် ပြင်းထန်စွာ ကန်ကြောက် ၍ ငိုခြင်း)
- ကိုယ်အပူချိန်ကြီးပြီး မှိန်းနေခြင်း ( ကလေးငယ်တွေနဲ့ ၂ နှစ် အောက်ကလေးတွေမှာ ဒါဟာ ဦးနှောက် အမြှေးယောင်ခြင်း Meningitis ရဲ့လက္ခဏာ ဖြစ်နိုင်ပါတယ် ။ Meningitis ဆိုတာ Spinal cord နဲ့ ဦးနှောက်ကို ကာရံထားတဲ့ အမြှေးပါး membrane နဲ့ အရည်တွေမှာ ပိုးဝင်ပြီး ရောင်ရမ်းခြင်းဖြစ်ပါတယ် ။ သင်ရဲ့ကလေး ငယ်ဟာ meningitis ဖြစ်နေတယ်လို့ သံသယရှိရင်တော့ ဆရာဝန်ဆီအမြန်ပြသဖို့ လိုအပ်နေပါပြီ ။
- မွေးကင်းစကလေးငယ်တွင် ပုံမှန်အပူချိန်ထက်နည်းနေခြင်း ( 97'F - 36.1 C ထက် နည်းနေခြင်း ကိုဆိုလို ပါတယ် ။ ကလေးငယ်တွေဖျားနာရင် ခန္ဓာကိုယ်မှာ အပူချိန်ကို ထိမ်းမထားနိုင်ပါဘူး ။ ဒါကြောင့် ပူတာ လည်းဖြစ်နိုင် သလို အေးတာလည်းဖြစ်နိုင်ပါတယ် )
အကယ်၍ သင့်ကလေးငယ်ဟာ ခဏခဏ အန်နေပြီဆိုရင် ၊ အပူချိန်ဟာ ရက်ကြာရှည်နေ ပြီဆို ရင်တော့ ဆရာဝန်နဲ့ပြသတာအကောင်းဆုံးပါပဲ ။ ဆက်လက်ပြီး တော့ ဖျားနာခြင်းနဲ့အ တူအောက်ပါ လက္ခဏာ များ ပါရှိလာရင်တော့ သတိထားပြီး ဆေးကုသမှုခံယူရမှာဖြစ်ပါတယ် ။
- ခေါင်းအလွန်အမင်းကိုက်ခြင်း
- လည်ပင်းရောင်ခြင်း
- အရေပြားတွင်အကွက်များပေါ်ခြင်း ၊ ပိုမိုဆိုးရွားလာခြင်း
- တောက်ပသော အလင်းရောင်များအား ဓါတ်မတည့်ခြင်း
- လည်ပင်းခိုင်ခြင်း လည်ပင်းအရှေ့သို့ကွေးမရခြင်း
- စိတ်ကစဉ့်ကလျားဖြစ်ခြင်း
- အမြဲတမ်းအန်နေခြင်း
- အသက်ရှူခက်ခဲခြင်း ၊ ဂနာမငြိမ်ဖြစ်ခြင်း ၊ ရင်ဘတ်အောင့်ခြင်း
- ဗိုက်အောင့်ခြင်း ၊ ဆီးသွားစဉ်နာကျင်ခြင်း စသည်တို့ဖြစ်ပါတယ် ။
ဘာလို့ ဖျားနာကြသလဲ
သင့်ရဲ့ခန္ဓာကိုယ်အပူချိန်ဟာ နေ့တိုင်းနေ့တိုင်းမှာ ပြောင်းလဲနိုင်ပါတယ် ။ မနက်ပိုင်းမှာ အပူချိန် ကျပြီး နေ့လည်နဲ့ညနေတွေမှာ အပူချိန်များနိုင်ပါတယ် ။ တကယ်တော့ ခန္ဓာကိုယ်ပုံမှန်အပူချိန်ဟာ ၉၇ ဖာရင်ဟိုက် ကနေ ၉၉ ဖာရင်ဟိုက်အတွင်းမှာ ရှိနေနိုင်ပါတယ် ။ လူအချို့ကတော့ ၉၈.၅ ဖာရင်ဟိုက် ကျော်ရင် ဖျားနာပြီလို့ သတ်မှတ်လေ့ရှိကြတယ် ။ ဒါပေမယ့် သွေးဆင်း ချိန်ကာလအတွင်း နဲ့ လေ့ကျင့်ခန်းအပြင်းအ ထန်လုပ်နေချိန် အတွင်းမှာလည်း သင့်ရဲ့အပူချိန်တက်နိုင်တယ်ဆို
- ဗိုင်းရပ်နဲ့ ဘတ်တီးရီးယားပိုးမွှားများဝင်ရော
- အပူရှပ်ခြင်း
- နေပူရှိန်ထဲ အချိန်ကြာမြင့်စွာနေခြင်း
- လေးဖက်နာ အဆစ်မြစ်နာများရှိခြင်း
- ကင်ဆာ အဖုအကြိတ်များရှိခြင်း
- အတက်ကျဆေးနှင့်သွေးပေါင်ကျဆေး များ ၊ ပိုးသတ်ဆေးများသောက်သုံးနေခြင်း
- ဆုံဆို့ကြက်ညှာ မေးခိုင် စသည့် ကာကွယ်ဆေးများထိုးခြင်း
တခါတရံမှာ ဖျားနာခြင်းဘာကြောင့်ဖြစ်တယ်ဆို
နောက်ဆက်တွဲပြဿနာများ
ဖျားနာခြင်းရဲ့နောက်ဆက်တွဲပြဿနာ
- ကလေးကို အစာအိမ်ကို ကြမ်းပြင်ဖက်ထားပြီး လဲလျောင်းထားပါ ။
- ကလေးအနီးအနားမှ ချွန်ထက်သော အရာများကိုဖယ်ရှားပေးပါ ။
- တင်းကြပ်သောအ၀တ်အစားများကို ဖယ်ပါ ။
- ကလေးငယ်ကို ဒါဏ်ရာရစေခြင်းမှ ကာကွယ်ပါ ။
- ကလေးငယ်ရဲ့ပါးစပ်ထဲကို မည်သည့်အရာမှ မ၀င်ပါစေနဲ့ ။ တက်ခြင်းကို ရပ်တန့်အောင် ကြိုးစားပါ ။
Seizures အများစုဟာ သူ့ဘာသာသူ ပြန်ရပ်သွားတာများပါတယ် ။ ကလေးကို တက်ပြီးပြီးချင်း ဖြစ်စေတဲ့မူရင်း ဇစ်မြစ်ကိုသိအောင် ဆရာဝန်နဲ့အမြန်ပြသဖို့လိုပါတယ် ။ တက်တာဟာ ၁၀ မိနစ်ကျော်သွားပြီဆိုရင်တော့ အရေးပေါ် ခေါ် ဖို့လိုနေပါပြီ ။
စမ်းသပ်စစ်ဆေးမှုများ
ဆရာဝန်က သင့်ရဲ့ ရောဂါလက္ခဏာနဲ့စမ်းသပ်စစ်ဆေးမှုေ
ဘယ်လိုကုသမလဲ
အဖျားအနည်းငယ်ပဲရှိတယ်ဆိုရင် ဆရာဝန်က ကိုယ်အပူချိန်ကို အလျှင်စလို ချပစ်လေ့မရှိပါဘူး ။ လက္ခဏာတွေပြပြီး အဖျားကြာရှည်မှသာလျှင် ရောဂါရဲ့ ဇစ်မြစ်ကို သိဖို့ ခက်ခဲလေ့ရှိပါတယ် ။ ကျွမ်းကျင် သူတွေကတော့ ကိုယ်အပူချိန်ကို အလွန်အမင်းချပစ်ခြင်းဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို ထိခိုက်စေတယ်လို့ ယုံကြည်ကြပါတယ် ။ ဗိုင်းရပ်စ်တွေကလည်း ဖျားနာခြင်းကိုဖြစ်စေပြီး တခြား အသက်ရှုလမ်းကြောင်း ဆိုင်ရာပိုးဝင်တာတွေကိုဖြစ်စေပါ
- ပါရာစီတမော ၊ ibuprofen ( ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးစွဲသင့်ပါတယ် ၊ အများကြီးသောက် သုံးခြင်း ကို ရှောင်ရှားရပါမယ် ။ ပါရာစီတမောကို အများကြီးသောက်သုံးခြင်းနဲ့ ရေရှည်သောက်ခြင်းဟာလည်း အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်စေပါတယ် ။ ဆေးသောက်လွန်သွားရင် သေနိုင်တဲ့အထိဖြစ်နိုင်ပါတယ် ။ အဖျား ၁၀၂ အောက် မှာတော့ အဖျားကျဆေးတွေကို ဆရာဝန်ရဲ့အကြံဥာဏ်မပါပဲ တိုက်ကျွေးလို့ရပါတယ် ။
- Aspirin ( လူကြီးပဲတိုက်ရမှာဖြစ်ပါတယ် ။ ကလေးတွေကို တိုက်လို့မရပါဘူး ။ ရှားပါးတဲ့ သေနိုင်တဲ့ Reye's syndrome ဖြစ်နိုင်ပါတယ် ။
ကိုယ့်ရဲ့ ဖျားနာခြင်းဖြစ်စေတဲ့အကြောင်းေ
အိမ်မှာဘယ်လိုလုပ်သင့်သလဲ
၁ ။ အရည်ရွှမ်းတဲ့သစ်သီးတွေစားပါ ( အရည်ဆုံးရှုံးခြင်းကို ကာကွယ်ပေးနိုင်ပြီး တစ်နှစ်အောက် ကလေး ငယ်တွေမှာ ကလေးဓါတ်ဆားတွေသောက်ဖို့လိုပါ
၂ ။ အနားယူပါ ။( ကောင်းကောင်းအနားယူဖို့လိုပါတယ် လှုပ်ရှားမှုများခြင်းဟာလည်း အပူချိန်ကို တက်စေ ပါတယ်)
၃ ။ ရေပတ်တိုက်ပေးပါ ။ ( ရေနွေးနွေးနဲ့စိမ်ထားတဲ့ ရေပတ်ဝတ်နဲ့ ကိုယ်အပူချိန်ကျအောင်တိုက်ပေးနု
ဘယ်လိုကာကွယ်မလဲ
အကောင်းဆုံးနဲ့ဖျားနာခြင်းကိုကာ
Ref : http://www.mayoclinic.com/
သက်တန့်ချို
12 July 2011
thettantchocho@gmail.com
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.........
No comments:
Post a Comment