by Lagoon Eain on Friday, July 15, 2011 at 5:18pm
အဲဒီဝတ္တုတိုလေးကို ခုလိုသရုပ်ဖေါ်ခြင်းနဲ့ဆရာကြီးအားဂါရ၀ပြုမိပါတယ်။ ၀တ္တုလေးကို ဖတ်ချင်ရင်တော့ ဒီမှာဒေါင်းကြပါ http://www.scribd.com/doc/6217218/-
ခုလိုပုံလေးတွေကို flash နဲ့စဆွဲပါတယ်။ flash သုံးရတာတော့လက်ယဉ်နေလို့ပါ။ တခါတလေတော့ စက္ကူပေါ်မှာကောက်တဲ့အောက်လိုင်းကိုသုံးပါတယ်။ စပြောရမယ်ဆိုရင်တော့ ဖလက်ရှ်ထဲဝင်လိုက်ပါ ပြီးတော့ ဟောဒီဘရပ်ရှ်လေးနဲ့ ဟောသလိုရေးပါ
အဲလိုရေးပြီးရင် ကာလာဖြည့်ပါ ဖြည့်ဖို့အတွက်ခုလိုline tool နဲ့လိုင်းလေးတွေပိတ်ပါ ခုလိုပုံရလာပါမယ်
ကာလာကို paint bucket tool နဲ့ ခုလိုခြယ်ပါ
အဲဒီပုံကိုအနုအရင့်တုန်းထည့်ချင်တဲ့အတွက် ခုလို stroke ကို pencil tool မှာ tool option ဆိုတာလေးရှိပါတယ် သူမှာအဖြောင့်ရေးဖို့ အချောရေးဖို့ လက်သွားတဲ့အတိုင်းရေးဖို့ option သုံးခုရှိပါတယ် အဲဒီထဲကမှ ink
ကိုရွေးပြီး တုန်းခွဲချင်တဲ့အတိုင်းလိုက်ရေးပါတယ်
အဲဒီလိုင်းတွေထဲမှာကာလာဖြည့်ရပါတယ်
အဲဒါပြီးရင် eraser ယူ mode မှာ erase lines ကိုရွေးပြီးခုနကဆွဲတဲ့လိုင်းလေးတွေဖျက်ပစ်လိုက်ရင် ဒီလိုပုံလေးရပါတယ်
အဲဒါကို png formet နဲ့ export လုပ်ပါတယ်
...........................................
..........................................
..................................................
ပြီးတော့အဲဒါလေးတွေကို ဖိုတိုရှော့ပ်ထဲခေါ်ပြီး
Vector tone တွေကို smooth ဖြစ်အောင်
Smudge tool နဲ့လိုက်ပွတ်ပါတယ်
..........................................
ဘကြီးအောင်နဲ့ မောင်ချစ်လေးရဲ့ ဆံပင်တွေကို
ခုလို Spatter brush နဲ့လိုက်ခြစ်ပါတယ်
ပြီးတော့ Smudge,blur,burn tools တွေနဲ့ လိုသလိုလိုက်ပြင်ပါတယ်
..................................
နောက်ဆုံးအဆင့်ကိုဘယ်လိုပြောရမှန်းမသိဘူးဗျ
brush နဲ့ကိုလိုချင်တဲ့နေရာလေးတွေမှာ ကာလာလေးတွေပါးပါးလိုက်တို့ပြီးပွတ်လိုက်တာပါပဲ
စိတ်ရူးပေါက်သလိုပေါ့
background ကတော့ထွေထွေထူးထုးပြောစရာတောင်မရှိပါဘူး
ဘရပ်နဲ့ခပ်ကြမ်းကြမ်းရေးတဲ့ပုံကို gassuian blur ထည့်လိုက်တာပါ
ချစ်သော
လဂွန်းအိမ်
No comments:
Post a Comment