Tuesday, July 26, 2011

လားတကောင် ဖတ်ဖို့ ဖတ်စာ

by Yoe Khittaya on Tuesday, July 26, 2011 at 12:48pm
 
...အလို...အန္ဓတို့ ...။
မာနတွေကို ကင်စားကြ။
အတ္တ ကြွပ်ကြွပ်ရွရွလေးလေး
နောက်ဖေးလမ်းကြားမှာ ခိုးကြော်
ပျော်ပျော်ပါးပါးမြည်းကြ။

...အဘိဓာန်တွေ အိပ် ပျော်တဲ့ည
(ကဲဟေ့ ...) ခရီးစမယ်။


...တကယ်တော့
လားမှာ
ခရီးသွားဖို့ ဦးနှောက်မရှိဘူး
ဦးဆောင်သူ မြည်းတကောင်ရဲ့နောက်ပါး
လမ်းလျှောက်သွားတတ်ရုံဘဲ။

...အတ္တ
မာန်
မှတ်ကျောက်
အသိဥာဏ်
နှင်းဆီ
သမိုင်း
ခပ်မဆိုင်းဆိုင်း လားတန်းကြီး
ခရီးရှည်မှာ
အငြည်းပြေ စာဖတ်ပါ။

...အဇ္ဈတ္တ ထက်ပိုင်းကြိုးပြီလေ
“လွတ်လပ်ရေး”ဟု မြည်စေသတည်း။

(လားနှင့်တူသော ... ... များသို့ ရည်ညွန်းလျှက်)

ကေးကေးဇံ

No comments:

Post a Comment