(၁) ပြင်သစ်လူမျိုး ဂျိုးဇက် နစ်ဖိုးနစ်ဆေးသည် 1826 ခုနှစ်တွင် ကမ္ဘာ့ ပထမဦးဆုံးသော ဓါတ်ပုံကို ရိုက်ကူးခဲ့သူဖြစ်သည်..
သဘာဝအလှ ရူခင်း တစ်ခုကို အပေါ်စီးမှ ရိုက်ကူးခ့သော ဓါတ်ပုံဖြစ်သည်.. သူ၏ ရုပ်ပုံကို Neliograph ဟုခေါ်ခဲ့သည် ...
လူ၏ ပုံကို သဘာဝအလင်းရောင်နှင့် အရိပ်တို.ဖြင့် ပထမဦးဆုံး ရိုက်ကူးခဲ့သူကတော့
လူးဝစ် ဂျက်စ်မန်ဒီ ဒါးဂါး (1787 - 1851) ဖြစ်သည် ။
အဲဒီခေတ်က cameraman တွေကတော့ အောက်ဒိုး တစ်ပုံ ရိုက်ဖို. ခြောက်ဘီးကား တစ်စီး နဲ့
ကူလီဆယ်ယောက်လောက် ငှားရမှာပဲဗျ .. :)
ဂျိုးဇက် နစ်ဖိုးနစ်ဆေး ပထမဆုံး ရိုက်ကူးခဲ့တဲ့ ပုံပါ .. ။
သေချာကြည့်ရင် လူတစ်ယောက် နဲ့ နံရံကြီး နှစ်ဖက်ကို မြင်ရပါမယ် .. :)
လူးဝစ် ဂျက်စ်မန်ဒီ ဒါးဂါး ပထမဆုံး လက်စွမ်းပြ ရိုက်ကူးလိုက်တဲ့ ကလေးမလေး ပုံပါ ..
ဒါကတော့ ဘယ်သူသုံးခဲ့တဲ့ camera မှန်းမသိပါဘူး ။ အန်းတိတ်camera ကြည့်ရအောင် ထဲ့ပေးလိုက်တာပါ ။
(၂) 1895 ခုနှစ် ဒီဇင်ဘာလ 25 ရက်နေ့ တွင် အမေရိကန်နိုင်ငံ မြို.ကြီးတစ်မြို.ရှိ စိတ်ကူးယဉ် ကော်ဖီဆိုင်တစ်ဆိုင်အတွင်းတွင်
လူ 33 ဦးသည် ထောင်စုနှစ်၏ ပုံပြောသောကိရိယာ အသစ်တစ်ခုကို ကြည့်ရူရန် စုဝေးခဲ့ကြပါသည် ..
ဒါဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံး ပြသခဲ့သော ရုပ်ရှင်တစ်ခုဖြစ်ခဲ့ပါတယ် ....
ထောင်စုနှစ်ရဲ့ ပုံပြောတဲ့ ကိရိယာကို ကြည့်နေကြတဲ့ သူတွေပါ ..
(၃)ပထမ ကမ္ဘာစစ်ကို စစ်ပွဲအားလုံးကို အဆုံးသတ်ရန် စစ်ပွဲ ဟု ခေါ်ခဲ့ကြပါတယ် ....
ပထမကမ္ဘာစစ်၏ ဂယက်များဟာ ပိုမိုကြောက်မက်ဖွယ်ကောင်းသော ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားရေးကို မီးထိုးပေးခဲ့ပါတယ်...
ဂျာမနီမှာ နာဇီဝါဒ ထွန်းကားရေးကို အထောက်အကူပြုခဲ့သလို ၊ ရုရှမှာလည်း ကွန်မြူနစ်ဝါဒ ပေါ်ပေါက်လာရေးကို
တွန်းအားပေးခဲ့ပါတယ် ...
1914 မှ 1918 ခုနှစ်ထိဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်တွင် စစ်သားပေါင်း ကိုးသန်းနီးပါး သေဆုံးခဲ့ကြပါတယ်...
နေ့စဉ်ပျမ်းမျှ စစ်သားပေါင်း 5600 သေဆုံးခဲ့တာပါ ...
(၄) 1830 ခုနှစ် စက်တင်ဘာလ 15 ရက်နေ့ တွင် လူသားတို၏ ခရီးသွားလာမှု သမိုင်းမှာ နေ့ သစ်တစ်ခုဖြစ်ခဲ့ပါတယ်...
ထို.နေ့ မှာ ဗြိတိန်နိုင်ငံသူ နိုင်ငံသားသန်းပေါင်းများစွာဟာ လီဗာပူးမြို. နဲ့ မန်ချက်စတာမြို. နှစ်မြို.ကြားမှာစုဝေးကြပြီး
ကမ္ဘာ့ ပထမဦးဆုံး ရေနွေးငွေ့ သုံး မီးရထားမောင်းနှင်မှုကို ကိုယ်တွေ့ ကြည့်ရှုခွင့်ရခဲ့ကြပါတယ် ...
ရေနွေးငွေ့ အပြည့်အ၀သုံး မီးရထားအင်ဂျင်တပ်ဆင်ထားသော ကမ္ဘာ့ ပထမဦးဆုံး မီးရထား နှင့် သံလမ်းများကို ကျောက်မီးသွေးတွင်း
စက်ပြင်ဆရာ ဂျော့ စတီဖင်ဆင် (1781 - 1848)နှင့် သူ၏သားဖြစ်သူ ရောဘတ် စတီဖင်ဆင်တို.က တီထွင်ခဲ့တာပါ...
ဖခင်ဖြစ်သူ ဂျော့ခ်ျ စတီဖင်ဆင် ဟာ အသက် ( ၁၈ ) နှစ်ထိ စာ မတတ်သူဖြစ်ပါတယ် ....
old model ရထားကြီးပါ ..ဒါကြီးနဲ့ လီဗာပူးမြို. နဲ့ မန်ချက်စတာ အကြားသွားခဲ့တဲ့
ခရီးလမ်းမှာ ဘယ်နှစ်ခါ ဆင်းတွန်းရတယ်ဆိုတာတော့ မဖတ်ရဘူးဗျ .. :)
(၅) ဦးဦး မှော်ဆရာ ရဲ့ မိတ်ဆွေတို. သိကြတဲ့အတိုင်း တယ်လီဖုန်းကို အမေရိကန်နိုင်ငံမှ စကော့တလန်လူမျိုး
အလက်ဇန္ဒား ဂရေဟန် ဘဲလ်စ် က 1876 ခုနှစ် မတ်လ 10 ရက်နေ့ တွင် တီထွင် ဖေါ်ထုတ်ပြခဲ့ပါတယ် ...
အဲဒီ ပထမဦးဆုံး တယ်လီဖုန်းဟာ သူ. တဘက်တည်းကပဲ ပြောဆိုနိုင်ခဲ့တာဖြစ်ပါတယ် ...
သူ ပထမဦးဆုံး ပြောခဲ့တဲ့ စကားကတော့ သူ.မိတ်ဆွေအား ..
" မစ္စတာဝတ်ဆန် .. ဒီဘက်ကိုလာခဲ့ပါ ။ခင်ဗျားကို ကျနော် အလို၇ှိနေပါတယ် .."
လို.ပြောဆိုခဲ့တာပါ ခင်ဗျာ ..။
." မစ္စတာဝတ်ဆန် .. ဒီဘက်ကိုလာခဲ့ပါ ။ခင်ဗျားကို ကျနော် အလို၇ှိနေပါတယ် .." လို.
လူအများရှေ့မှာ ပြောကြားနေတဲ့ အလက်ဇန္ဒား ဂရေဟန် ဘဲလ်စ် ပါ ...
*** လာပါဦးမယ် ... ဦးဦးမှော်ဆ၇ာ ရဲ့ မိတ်ဆွေများ စိတ်ဝင်စားကြလိမ့်မယ်လို.
မျှော်လင့်ပါတယ် ..
--
Ƭнαиκƨ,
No comments:
Post a Comment