တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ ဒုတိယပိုင်း
by အား မာန် on Wednesday, May 18, 2011 at 4:57pm
တချိန်က ဦးနေ၀င်းသာ အာဏာမသိမ်းခဲ့ဘူးဆိုရင် ကျနော်တို့ဟာ အခုဆို စင်ကာပူထက် ပိုချမ်းသာနေပါဦးမယ်။ အဲဒီတုန်းက ဆေးတက္ကသိုလ် စီးပွားရေးတက္ကသိုလ်တွေဟာ ကမ္ဘာ့အဆင့်မှာရှိနေခဲ့လို့ ၁၉၇၆-ခုနှစ်အထိ ဆေးတက္ကသိုလ်က အောင်ထားသူတွေဆိုရင် အင်္ဂလန်ဆေးကောင်စီကို လှမ်းပြီး မှတ်ပုံတင်ကြေး ပေါင်စတာလင်- ၃၅၀- သွင်းလိုက်ရင် ဘာစာမေးပွဲမှ ဖြေစရာမလိုဘဲ အသိအမှတ်ပြု ဆရာဝန်ဖြစ်ပါတယ်။ ၁၉၇၆-မှာ အရပ်ခံလိုက်ရတာကလည်း ဦးနေ၀င်းကြောင့်ပါဘဲ။ ကျောင်းတွေကို ပြည်သူပိုင်သိမ်းလိုက်တော့ ဟိုက လေ့လာနေတယ်။ အင်္ဂလိပ်စာအဆင့်က ကျသွားပြီ။ တခါ စန္ဒာဝင်း ဆေးတက္ကသိုလ်လည်း တက်လာကော သူ့အထက်မှာ စီနီယာ အင်္ဂလန်ပြန်အထူးကု (MRCP / FRCS / FRCOG) တွေ သူ့အထက်မှာ စီနီယာတွေ ရှိနေတာ မလိုလားဘူး။ အဲဒီတော့ WHO / UNICEF / COLUMBO / ADB စတဲ့ စိမံကိန်းတွေကနေ ထောက်ပံ့နေတဲ့ တနှစ်ကို ဥပမာ WHO ကနေ အထူးကု ငါးဦး စကောလားရှစ်ပေးပါတယ်။ အဲဒါတွေကို မလွှတ်ဘူး မယူတော့ဘူး ဆိုပြိး ၁၉၇၀ -ခုနှစ်ကနေစတင်ပြီး လုပ်လိုက်ပါတယ်။ တနှစ်ကို ဆရာဝန် -၁၄- ဦးသွားနေရတာ ရပ်လိုက်ပါတယ်။ မြန်မာပြည်မှာတင် MSc, ဆိုပြီး စတင်ပါတော့တယ်။
စန္ဒာဝင်း ဆရာဝန်ဖြစ်တော့ သူကဆေးတပ် စစ်ဆေးရုံက ဆရာဝန်နော်။ အဲဒါ ဘန်ကောက်မှာ နှစ်ကြိမ် စင်ကာပူမှာ တကြိမ် အဲဒီ့ MRCP အကြိုစာမေးပွဲတွေ သွားခိုးဖြေပါတယ်။ သူက စာကျက်ဖို့ စာတော်တဲ့ အဖေါ်တွေ ခေါ်သွားပါတယ်။ အဖေါ်တွေက တယောက်ကလွှဲလို့ အားလုံးအောင်ပြီး သူတစ်ယောက်တည်း သုံးကြိမ်စလုံးကျလို့ နောင်ဖြေခွင့်တောင် မရတော့ပါဘူး။ သူ့သမီးကျတော့ စစ်တပ်ဆရာဝန်နော် ဖြေခွင့်မရှိဘူး။ စစ်စည်းကမ်းအရ ဖြေခွင့်မရှိဘူး။ ခိုးဖြေတယ်။ ကျနော်တို့ပြည်နာတာ အဲဒီလို တလွှဲမာနတွေ တိုင်းသူပြည်သားတွေအပေါ် ထားတာလည်းပါပါတယ်။ အဲဒီမှာ ၁၉၈၂- မှာ အဲဒီစာမေးပွဲတွေ ပြန်ဖြေခွင့်ပေးပြန်ပါတယ်။ ဒါပေမယ့် အထက်ကပြောတဲ့ WHOတို့က စကောလားရှစ်တွေ မရတော့ပါဘူး။ ကိုယ့်စားရိတ်နဲကိုယ် သွားကြရတော့တာပါ။ ၁၂-နှစ်တိတိ တိုင်းပြည်နာခဲ့ရပါတယ်။
အဓိက ပြောလိုတာကတော့ အဲဒီ့ ရွှေထီးဆောင်းခဲ့တဲ့ ခေတ်တွေကို ကျနော်ကောင်းကောင်းမမှီိခဲ့ပါဘူး။ အဲဒီတော့ အာကစားနဲ့ ပတ်သက်လာရင် ပြောလာစရာလေးပေါ့။ အာရှချန်ပီယံဖြစ်တာ ဦးနေ၀င်းလက်ထက်ကပေါ့။ ဟုတ်ပါတယ်။ အဲဒီချန်ပီယံဆု ယူပေးခဲ့တဲ့လူတွေက ဦးနုလက်ထက်က မွေးလာခဲ့တဲ့ လူတွေပါ။ နတ်ရေကန်ထဲ ထည့်လို့ တော်လာတာမဟုတ်ပါဘူး။ အခုတဖြေးဖြေးကျလာတာ ဦးနေ၀င်းလက်ထက်က လူအပုလေးတွေ အညှပ်လေးတွေ မွေးထုတ်ထားလို့ အခု အဖြေထုတ်ချိန်မှာ အဖြေပေါ်တာပါ ။
၁၉၇၅- ၇၆ မှာ ကျနော့်ဆရာ သားဖွားမီးယပ်ပါမောက္ခ ဆရာကြီးဦးစိုးမြင့်ဟာ သားဖွားမီးယပ်ပညာမှာ တီထွင်စမ်းသပ်ကုသမှုတွေ အောင်မြင်လို့ နိုင်ငံပေါင်း ၁၄- ခုကနေ လက်ချာလာပေးဖို့ အဖိတ်ခေါ်ခံရပါတယ်။ တချို့လက်ချာတွေဆို တနာရီကို ဒေါ်လာ ထောင်ချီပြီး ပေးထားတာပါ။ ဒေါ်လာ ၅-သောင်းခန့်ရဖို့ ရှိတာပါ။ ၆-လကြာမယ့် ခရီးစဉ်ပါ။ ကျနော်ဖတ်ရပါတယ်။ ဆရာကြီးကလည်း အဲဒီခရီးစဉ်တွေက ပြန်လာမှ အစိုးရဆီ သူတင်ပြချင်တဲ့ သုသေသနစာတမ်းကို တင်သင့်ပါတယ်။ သူက မြန်မာမိသားစုတွေ ထဲက ကိုယ်ဝန်ပျက်ကျ / ဖျက်ချ တွေကိုမေးခွန်း ၂၅-ကျော်မေးပြီး သုသေသန စာတမ်းလုပ်ထားတာပါ။ အဲဒီကနေ သူက စာတမ်းထုတ်ထားတာပါ။
စာတမ်း အနှစ်ချုပ်ကောက်ချက်က မိသားစုတွေ စီးပွားရေးကြပ်တည်းတော့ ကလေးယူတာ ထိန်းချုပ်ပေးပြီး မွေးလာတဲ့ကလေး နည်းနည်းကို အဆင့်မှီမှီ ကျွေးမွေးပြုစုဖို့ အကြံပြုလွှာပါ။ ဆရာကြီးက နောက်ဆုံးကောက်ချက်မှာ အဲဒီလိုမလုပ်ရင် ပညာလည်း ကောင်းကောင်းမသင်နိုင် စစ်တပ်ထဲ ၀င်ရင်တောင် လူက ဂျီသရီးကို ဘက်နက်တပ်ထားရင် ဘက်နက်က လူထက်ပိုမြင့်နေပါမယ်။ ခလေးတွေဟာ တိုင်းပြည်အတွက် အပေါင်းဖြစ်မှာထက် ခိုးဆိုး အရပ်ကိုဒုက္ခပေးမဲ့ ခိုးဆိုးလေးတွေသာ ရပါမယ်လို့ ရေးထားတဲ့ စာတမ်းဖြစ်နေတော့ သူ့ခရီးစဉ်တွေ ဖျက်မရတာကလွဲလို့ အကုန်အပိတ်ခံရပါတယ်။ ဆရာကြီး အကိုအရင်းကလည်း ဗ.က.ပ. သခင်ဗသိန်းတင်လေ။ ဆရာကလဲ ကျနော်ကို အဲဒီသုသေသနမှာ ပင်တိုင် သုံးခဲ့ပါတယ်။ သူပုန်ဆရာတပည့်နှစ်ယောက် အတွဲညီခဲ့ကြတာလေ။
တခါ ၁၉၇၅-လောက်မှာ ဆရာကြီးရဲ့ အကိုအရင်းတယောက်က ဗိုလ်မှုးကြီးမျိုးအောင်။ သူ့နာရေးမှာ သခင်ဗသိန်းတင် ဆိုတဲ့ နာမည်ကို ထည့်ခွင့်မပြုတော့ ငါ့အကိုအကြီးဆုံး နာမည်မပါရရင် ငါ့နံမည်မထည့်နဲ့ လုပ်ထားသူဆိုတော့ သူ့ခရီးစဉ်တွေ အဖျက်ခံလိုက်ရပါတယ်။ ဆိုလိုတာကတော့ ဦးနုလက်ထက်က မွေးထားပေးတဲ့ ယောကျာင်္း အားကောင်း မောင်းသန်တွေက ဦးနေ၀င်းလက်ထက်မှာ သီးပွင့်ချိန်မို့ သီးပွင့်ပေးတာပါ။ ရွှေထီးဆောင်းခေတ်ရဲ့ သီးချိန်ကို ဦးနေ၀င်းက နံမည်ရတာပါ။ သူလက်ထက်ကမွေးတာတွေက ဆရာကြီးဦးစိုးမြင့် သုသေသန စာတမ်းနဲ့  ကွက်တိပါ။ ဘက်နက်ထက်ပုတဲ့ လူလေးတွေက ဘောလုံးတောင် ဝေးဝေးကန်ဖို့ လူတကိုယ်လုံး အားထုတ်သုံးနေရတာပါ။ ဦးဏှောက် သုံးတတ်ရင် မြင်ပါတယ် ။
အားလုံးကို အကူအညီတောင်းပါတယ်။ ဆရာကြီးများရေးကြပါလို့။ ကျနော်က ရွှေထီးဆောင်းရတဲ့ခေတ်ကို လူမှန်းသိတော့ ဦးနုတောင် ပြန်လွတ်နေပါပြီ။ ဆရာကြီးမောင်သာရ ကိုလည်း ပန်ကြားပေးကြပါဦး။ ဆရာကြီးရဲ့ လက်သီးပုန်းတောင် ထိမိလှတာ ဗြောင်ထိုးရရင် ပြောရင်းတောင် နားထောင်ချင်လှပါပြီ။ သိတယ်မဟုတ်လား ဆိုတာလေး။
ဆက်လက်ဆွေးနွေးပြီး ဦးနှောက်ကထုတ်နိုင်သမျှ ညှစ်ထုတ်ပေးပါဦးမယ်။ အခုတော့ ခေါင်းပူနေပြီ။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်
တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ ပထမပိုင်း ပြန်ဖတ်ချင်ရင် အောက်ကလင်ခ့်မှာဖတ်......
http://www.facebook.com/note.php?note_id=221421337884393
မလေးရှားမှာ မြန်မာပြည်သူအများ လက်မခံလို့ မအောင်မြင်တဲ့ (No 1 စိတ်ဓါတ်မြှင့်တင်ရေးပို့ချမှု) သင်တန်း အခမ်းအနား .. ဖတ်ချင်ရင်အောက်ကလင်ခ့်မှာဖတ်....
http://www.facebook.com/note.php?note_id=223430577683469

တကျပ်တန်က အစ တန်ဘိုးရှိပြီး လဲလှယ်ခွင့်ရှိကြောင်း အာမခံခဲ့တဲ့ နိုင်ငံတကာသုံး ငွေကြေးခေတ်က ငွေဒဂါင်္းတစ်ကျပ်တန်...
မဆလခေတ် တန်ဘိုးမရှိတော့တဲ့ ငွေတရာတန်ငွေစက္ကူ တန်ဘိုးမရှိရတဲ့ အထဲ ပြည်သူတွေထံက မတရားသိမ်းယူပြီး မဆလခေတ်မှာ သုံးစွဲခွင့် မရှိကြောင်း ကြေငြာခဲ့ပါတယ်...
(အာဏာရှင် ဦးနေဝင်းမှ ပြည်သူတွေကို အေးဓမြတိုက်ခဲ့တာပါ)

ဒီငွေကတော့ လက်ရှိ ပြည်တွင်းမှာ သုံးစွဲနေတဲ့ လက်ရှိ ပြည်သူတွေရဲ့ ဘဝကို ထင်ဟပ်ပေါ်လွင်စေတဲ့ နအဖခေတ် ငွေစက္ကူတွေပါ... စဉ်းစားသာကြည့်ကြပါတော့..
ရုရှားက သင်္ကြန်ယိမ်းအဖွဲ့ (မငြင်းပါတဲ့)
သက္ကရာဇ် ၂၀၀၀ကျော်မှာတော့ ???? အပေါ်မှာထိုင်နေရတာ ကျောင်းသား ကလေးငယ်လေးတွေပါ...
ရန်ကုန် မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီး..
အင်းယားကန် တစ်ဘက်ခြမ်းက သမိုင်းတရားခံ ဦးနေဝင်းအိမ်
0 comments:
Post a Comment