Sunday, March 6, 2011

လွှတ်တော်သစ်သို့ ဦးတိုက်အဆိုပြုလွှာ


(၁)
မြန်မာပြည်အမည်အား
ခေတ် စနစ်နှင့် အညီ
ငရဲပြည်ဟု
ခေါ်ဝေါ်သမုတ်ပေးပါရန် …


(၂)
နိုင်ငံတော်အလံသစ် အလယ်မှ
ကြယ်ဖြူပွင့်အစား
အရိုး ၂ ချောင်း နောက်ခံနှင့်
အရိုးခေါင်းတလုံးကို
ပြောင်းလဲ သုံးစွဲပေးပါရန် …
(၃)
နိုင်ငံတော်သီချင်းအား
စစ်မှုမထမ်းမနေရ ဥပဒေနှင့် အညီ
စစ်ချီတေးတပုဒ်ဖြင့်
အစားသွင်းပေးပါရန် …

(၄)
သမတ၊ ၀န်ကြီးချုပ်တို့အထက်
နောက်ကွယ်မှ တာဝန်ယူမည့်သူအား
ငရဲမင်းတရားကြီးအဖြစ်
ခေါ်ဝေါ်ခွင့် ပြုပါရန် …
(၅)
သက်ပြည့် ပင်စင်မယူ
နိုင်ငံ့အကြီးအကဲ ဖြစ်လိုသူများအား
လားပင်စင်ကို တိုက်ရိုက်ပေးသနားပါရန် …

(၆)
ဤအဆိုပြုလွှာအား
မျက်ကွယ်ပြုထားငြား
လွှတ်တော်အထက် တဆင့်တက်
သေမင်းထံသို့
အယူခံဝင်မည်ဖြစ်ပါကြောင်း။     ။

လူဗိုလ်
ငရဲသားအမှတ်
NBN ၂၂၂၉၅၆၀

No comments:

Post a Comment