Sunday, March 6, 2011

လွဲဖယ်နေသော မြန်မာပြည်



(က)

ယဉ်ကျေးမှုတွေ ဖူးသစ်

လူသားဆိုတာ ဖြစ်တည်ကတည်းက

သတ္တ၀ါတို့ရဲ့ စံတင်လောက်တဲ့ အရှင်

ဂုဏ်ယူလောက်စရာ့ လူသားသခင်




(ခ)

လူသားဆိုတာ

ခေါင်းဆောင်လိုအပ်တာ

ဥပဒေလိုအပ်တာ

ငြိမ်းချမ်းမှု

တရားမျှတမှု

ချစ်ခြင်းမေတ္တာ

လိုအပ်တာတွေ အကုန်သိ



(ဂ)

လက်နက်များကို တီထွင်

ဆေးဝါးများကို တီထွင်

တယ်လီဖုန်း

ရေဒီယို

ဗွီဒီယို

ကွန်ပျူတာ

နည်းပညာတွေ ချဲ့ထွင်



(ဃ)

လေယာဉ်ပျံ

ဒုံးပျံ

ဂြိုလ်တုတွေ တည်ဆောက်

လကမ္ဘာကိုရောက်

အင်္ဂါဂြိုလ်ကိုရောက်



(င)

လူသားဝါဒ

ကွန်မြူနစ်ဝါဒ

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး

ဂလိုဘယ်လိုက်ဇေးရှင်း

နေ့နေ့ချင်း တိုးတက်



(စ)

ကလုံး

ဒီဂျစ်တယ်

မိုက်ခရို မီဒီယာ

စိတ်ဝင်စားစရာ့ လူ့ကမ္ဘာ



(ဆ)

တီထွင်မှုတွေထုဆစ်တဲ့

စိတ်ဝင်စားစရာ့ လူ့ကမ္ဘာမှာ

ငါတို့ဌာနီ (ရွှေမြန်မာပြည်)

ပါသည်၊ မပါသည်

ယဉ်ကျေးမှုတွေဖူးသစ်တဲ့

ဂုဏ်ယူလောက်စရာ့ လူ့သတ္တ၀ါမှာ

ငါတို့ (လူမျိုး) ပါသည်၊ မပါသည်။          ။



လူဗိုလ်

၃၀/၀၇/၂၀၀၆

No comments:

Post a Comment