ကျမ ရဲ့ မိတ်ကပ်မလိမ်းတဲ့ အလှအပကို နှစ်သက်တဲ့အမျိုးသားတစ်ယောက်ကျမ မှာရှိတယ်..
ကျမ ဆံပင်တွေစုချည်ထားတာကိုကြိုက်တဲ့အမျိုးသားတစ်ယောက်ကျမ မှာ ရှိတယ်..
နံနက်စား..ဘာစားမလဲ..နေလည်စားဘာစားမလဲ
ညစာဘာစားမလဲ အမြဲမေးတတ်တဲ့အမျိုးသားတစ်
ယောက် ကျမ မှာ ရှိတယ်..
အဝတ်စားအသစ်တွေထပ်ပြန်ပြီးလားလို့မေးတဲ့အမျိုးသားတစ်ယောက်ကျမ မှာ ရှိတယ်..
ပိုက်ဆံတွေလျှောက်မဖြုန်းဖို့ သူဆုံးမတတ်သလို
တစ်ဘက်ကလည်းမုန့်ဖိုးပြန်ပေးတတ်တဲ့အမျိုးသား
တစ်ယောက် ကျမ မှာ ရှိတယ်..
ဖုန်းတစ်ဘက်ကနေကျမငိုသံကြားတဲ့အခါခဏလောက်သူတိတ်ဆိတ်သွားပြီးအိမ်ကိုပြန်ခဲ့တော့တစ်
သက်လုံးကျွေးထားမယ် လို့ ပြောတဲ့ အမျိုးသားတစ်ယောက် ကျမ မှာ ရှိတယ်..
သူ က ဒီလောကမှာ ကျမကို အရမ်းချစ်တဲ့အမျိုးသားပေါ့...အဲ့ဒီ အမျိုးသားက ကျမ မေမေနဲ့လက်ထပ်ထားတယ်...😍
ခင်မင်လျက်
#Romio John
နိုင်းနိုင်စနေ
#Creditကျမ
No comments:
Post a Comment