Aung Cho
ကိုယ်ပိုင်ကားစီးပြီး
အချက်ပြမီးတောင်
မှန်အောင် မပြ နိုင်သူတွေ ။
မှန်အောင် မပြ နိုင်သူတွေ ။
ဘတ်စ် ကားပေါ်
ထော်လော် ကန့်လန့်တိုက်
ဗိုက်ကြီးသည် မက
အမေ နှမ မစာနာ
ရာဂတဏှာ ရွပိုးထိုးသူတွေ ။
မြို့ပတ်ရထား
စီးသူများပေမယ့်
နေရာချဲ့ ဖြဲကားထိုင်
ကိုယ်နဲ့မဆိုင်သလို ဈေးရောင်းသူတွေ ။
ဘဝတူ အခြေခံလူအချင်းချင်း
လောဘပြင်း သောကလောင်
အယောင်ဆောင် အလစ်ချောင်း
အဌားယာဉ်မောင်း သမားတွေ ။
ရုပ်ရှင်ကြည့်ပရိသတ်
ခဏ မတ်တပ်ရပ်
မြတ်သော နိုင်ငံတော်အလံ
ဘဝင်လျှံအလေးပြုပေမယ့်
ထိုင်ရာမထနိုင်တဲ့ ဧည့်သည်အတု လို သူတွေ ။
ရွာထဲက ကြက်
ခိုးချက်စားပြီး
သူကြီးနဲ့ဆွေမျိုး တော်နေသလို
ကြက်အရိုးဖိုးလောက်ပဲ အလျော်ညှိ
လူမိသွားတဲ့ ကြက်သူခိုးတွေ ။
လမ်းဆုံ လမ်းဖြတ်
ကား ကြပ်ကြပ်
မီးပွိုင့် ကပ်ကပ်မှာ
ဇိုးဇိုးဇတ်ဇတ် ဆီဆိုင်ဖွင့်
တစ်ဘို့ထဲကျင့်တဲ့ ခရိုနီတွေ ။
တစ်ကယ်ဆို………
အဲဒီလို…သူတွေရဲ့စရိုက်
တိုင်းပြည်ကလည်း မကြိုက်
သမိုင်းကလည်း မနှစ်ခြိုက်
ဟိုကမ်းတိုက် ဒီကမ်းဆိုက်နဲ့
"ဘ"နဖူးသိုက်တူးသူတွေရဲ့ဗီဇထုံး
သား……မုန်းတယ်မေမေ ။ ။
(ကိုရွှေကေဇာ)
အမေ များနေ့အမှတ်တရ
ထော်လော် ကန့်လန့်တိုက်
ဗိုက်ကြီးသည် မက
အမေ နှမ မစာနာ
ရာဂတဏှာ ရွပိုးထိုးသူတွေ ။
မြို့ပတ်ရထား
စီးသူများပေမယ့်
နေရာချဲ့ ဖြဲကားထိုင်
ကိုယ်နဲ့မဆိုင်သလို ဈေးရောင်းသူတွေ ။
ဘဝတူ အခြေခံလူအချင်းချင်း
လောဘပြင်း သောကလောင်
အယောင်ဆောင် အလစ်ချောင်း
အဌားယာဉ်မောင်း သမားတွေ ။
ရုပ်ရှင်ကြည့်ပရိသတ်
ခဏ မတ်တပ်ရပ်
မြတ်သော နိုင်ငံတော်အလံ
ဘဝင်လျှံအလေးပြုပေမယ့်
ထိုင်ရာမထနိုင်တဲ့ ဧည့်သည်အတု လို သူတွေ ။
ရွာထဲက ကြက်
ခိုးချက်စားပြီး
သူကြီးနဲ့ဆွေမျိုး တော်နေသလို
ကြက်အရိုးဖိုးလောက်ပဲ အလျော်ညှိ
လူမိသွားတဲ့ ကြက်သူခိုးတွေ ။
လမ်းဆုံ လမ်းဖြတ်
ကား ကြပ်ကြပ်
မီးပွိုင့် ကပ်ကပ်မှာ
ဇိုးဇိုးဇတ်ဇတ် ဆီဆိုင်ဖွင့်
တစ်ဘို့ထဲကျင့်တဲ့ ခရိုနီတွေ ။
တစ်ကယ်ဆို………
အဲဒီလို…သူတွေရဲ့စရိုက်
တိုင်းပြည်ကလည်း မကြိုက်
သမိုင်းကလည်း မနှစ်ခြိုက်
ဟိုကမ်းတိုက် ဒီကမ်းဆိုက်နဲ့
"ဘ"နဖူးသိုက်တူးသူတွေရဲ့ဗီဇထုံး
သား……မုန်းတယ်မေမေ ။ ။
(ကိုရွှေကေဇာ)
အမေ များနေ့အမှတ်တရ
No comments:
Post a Comment