Thursday, May 25, 2017

အပြန်လမ်း...


Like ပဲရရ
Unlike ပဲရရ
အဖြေတစ်ခုခုက
ငါ့မျှော်လင့်ချက်

ချီးကျူးလိုကကျူး
ဆဲလိုလည်းဆဲ
ဘာဘဲဖြစ်ဖြစ်
ကျေနပ်တယ်


ဘဝမှာ...
သရေဆိုတာ
သွေးကြောင်သူတွေအဖို့တော့
ကျေနပ်စရာပေါ့

သြဘာပဲပေးပေး
ထောပနာပဲပြုပြု
အမှုထားစရာမှမလိုတာ

ငါစဉ်းစားမိတာက
တကယ်လို့များ
သေသွားတဲ့အခါ
ငါ့အသားဟာ
ကျွဲ နွား ဝက် ကြက်တွေလို
တစ်ပိသာဘယ်ဈေးနှုန်းနဲ့
ဘယ်သူတွေအသုံးပြုပါဦးမလဲဆိုတာ...။ ။

မင်းဝေဟင်

No comments:

Post a Comment