Monday, May 22, 2017

မှန်သောသစ္စာစကား

ယောက်ျားတစ်ယောက် အိပ်ရာမှထပြီး အရက်နာကျကာ မလှုပ်ချင်လောက်အောင်ဖြစ်နေသည်။ မျက်လုံးကို အတင်းဖွင့်ပြီး ကြည့်လိုက်ရာ ကုတင်ဘေးရှိ စားပွဲပေါ်တွင် အက်စ်ပရင်ဆေးပြားတစ်ပြားနှင့် ရေဖန်ခွက် တစ်ခွက်ကို တွေ့လိုက်ရသည်။
ကုတင်ပေါ်တွင် အဝတ်အစားတစ်စုံ တင်ထားသည်။ အားလုံး သန့်ရှင်းနေသည်။
ဆေးသောက်မည်ဆိုပြီး လှမ်းလိုက်ရာ ဆေးပြားအောက်တွင် စာတစ်စောင်ရေးထားသည်။

အချစ်
မနက်စာ မီးဖိုခန်းထဲမှာ ပြင်ထားတယ်။
ကျွန်မ ဈေးသွားတယ်။
ရှင့်ကို ချစ်တယ်
စာကိုဖတ်ပြီး ယောက်ျားကို တုန်လှုပ်သွားသည်။
“မြတ်စွာဘုရား”

သူက မီးဖိုးခန်းထဲကို သွားလိုက်သည်။ စားပွဲပေါ်တွင် အငွေ့တလူလူဖြင့် နံနက်စာအသင့်။ ဘေးတွင် သတင်းစာ တစ်စောင်။
သူတို့၏ သားဖြစ်သူကလည်း စားပွဲထောင့်တွင် ထိုင်ပြီး နံနက်စာ စားနေသည်။ ဖခင်က
“သားရေ … ညက ဘာဖြစ်ခဲ့သလဲကွာ”
“ဖေဖေ မနက်က ၃ နာရီလောက်မှ အိမ်ပြန်လာတယ်။ အရက်တွေမူးလာတယ်။ လူမှန်း သူမှန်းမသိလောက် အောင်ပဲ”
“ဟေ … ဟုတ်ရဲ့လား”
“ပန်းကန်တွေ ရိုက်ခွဲတယ်။ နေရာအနှံ့ အန်တယ်။ တံခါးနဲ့ တိုက်မိလို့ မျက်စိလည်း ဖူးရောင်သွားတယ်”
“ဟုတ်ရဲ့လား … သားရယ်။ ဒီမှာရော အခန်းထဲမှာပါ ဘာတွေမှ မဖြစ်သလိုပါလား။ အားလုံး သန့်ရှင်းနေတာပဲ”
“အားလုံး မေမေက ရှင်းထားတာကိုး”
“မင်းအမေနဲ့ငါ ဘာတွေ ဖြစ်ကြသေးလဲကွာ”
“မေမေက ဖေဖေ့ကို တရွတ်တိုက်ဆွဲလာပြီး အိပ်ရာထဲခေါ်သွားတယ်။ ဖေဖေ့ ဖိနပ်နဲ့ အင်္ကျီတွေ ချွတ်ပေးမယ် လုပ်တော့ ဖေဖေက မေမေ့ကို ပြောလိုက်တယ်”
“ဘာတွေပြောလိုက်သလဲသားရယ်”
“ဒီမှာ အမျိုးသမီး … ထွက်သွားစမ်း … ကျုပ်တစ်ယောက်တည်း နေပါရစေ။ ကျုပ်က လက်ထပ်ထားပြီးသား”
သင်ခန်းစာ
အရက်မူးအောင် သောက်ခဲ့ရသည့်အတွက် ကုန်ကျငွေ - ဒေါ်လာ ၄၀၀
အိမ်တွင် ကျိုးပဲ့ပျက်စီးကုန်သည့်အတွက် ကုန်ကျငွေ - ဒေါ်လာ ၈၀၀
မနက်စာ - ၁၀ ဒေါ်လာ
မူးလာစဉ် အမှန်ပြောမိသည့်အတွက် - တန်ဖိုးဖြတ်မရ
(Priceless Words)
၁၈.၁၂.၂၀၁၆

No comments:

Post a Comment