Friday, December 23, 2016

သန်​၄ကို ဟာသများ (23-12)

Thanlay Ko





ကိုဖိုးသန် နဲ့ ရဲမျိုးတို့ နှစ်ယောက် အိမ်ပြန်လာတယ်။
လမ်းမှာ... "ဟေ့... ရွှတ် ရွှတ်" နဲ့ ခေါ်သံကြားလို့ ရဲမျိုးက လိုက်ကြည့်တော့ အမျိုးသမီးချောချောတစ်ယောက်ကို တွေ့တယ်၊ သူတို့ ဖြတ်လာတဲ့တိုက်အပေါ်ထပ် ပြူတင်းပေါက်ကနေ ခေါ်နေတာ။
ရဲမျိုးက ဘာလဲဆိုပြီး မေးငေါ့ပြတယ်။
ကိုဖိုးသန်က 'သွားရအောင်ပါကွာ'... ဆိုပြီး ရဲမျိုးလက်ကို ဆွဲခေါ်တယ်။
ဟိုမိန်းမက ထပ်ခေါ်ပြန်တယ်... ...
"ဟေ့... ရွှတ် ရွှတ် အပေါ်တက်ခဲ့ပါလား၊ ဒီမှာ ဒို့တစ်ယောက်ထဲ"

ရဲမျိုးက အပေါ်ထပ်တက်ဖို့ ဇွတ် ပြင်တယ်။
ကိုဖိုးသန်က မသွားဖို့ပြောပြီး အတင်းဆွဲခေါ်တယ်။
မရဘူး၊ ကိုဖိုးသန်ရဲ့လက်ကို ဖြုတ်ချပြီး ရဲမျိုးတစ်ယောက် အမျိုးသမီးရှိရာ အထပ်ကို တက်သွားပါလေရော။
အခန်းထဲ ဝင်သွားတော့ အမျိုးသမီးက မခို့တရို့ကြည့်ရင်း သူ့ အပေါ်အင်္ကျီကို ချွတ်ချလိုက်တယ်။
ရဲမျိုးကလည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ အဝတ်အစားတွေချွတ်ဖို့ ပြင်နေတုန်း... ...
"ပွမ်... ပွမ်..."... ဆိုပြီး ကားဟွန်းသံအကျယ်ကြီးကြားလိုက်တယ်။
အမျိုးသမီးက ပြူတင်းပေါက်ရှိရာကို ပြေးလာပြီး ငုံ့ကြည့်ရင်း ပြောတယ်... ...
"ဟော်တော့... ကျမယောက်ျားပြန်လာပြီ"
"ဟမ်... ပြသနာတော့ တက်ပါပြီ"
"ဟုတ်တယ်ရှင့်... ခုမှ ဆင်းပြေးလို့လည်း လွှတ်မှာမဟုတ်ဘူး"
"အေး လေ...ငါ... ငါ... ဘာလုပ်ရမလဲ"
"ရော့... ရော့... ဒီအဝတ်တွေကို ဒီမီးပူနဲ့ တိုက်နေ၊ သူကမေးရင် Laundry service ကို အိမ်ခေါ်ခိုင်းထားတယ်လို့ ပြောလိုက်မယ်၊ သူ ပြန်ထွက်သွားမှ ကျမတို့ ကြည့်​စီစဉ်​ကြတာ​ပေါ့"
"အေး... အေး..."
ညနေ အတော်စောင်းတော့မှ ရဲမျိုးတစ်ယောက် မောကြီးပန်းကြီးနဲ့ အိမ်ပြန်ရောက်လာတယ်။
အိမ်ရောက်လို့ ကိုဖိုးသန်ကိုတွေ့တော့ သူက ပြောတယ်... ...
"လခွမ်း... အပိုင်ပဲဆိုပြီး ၀ုန်း​မယ်လုပ်မှ သူ့ယောက်ျားက ပြန်လာတယ်၊ အာ့နဲ့ သူ့ယောကျာ်း အပြင်ပြန်အထွက်ကို မီးပူတိုက်ရင်း စောင့်လိုက်တာ... ..."
"အဲ့ကောင်က ပြန်မထွက်ဘူး မို့လား"
"ဟမ်... မင်းက ဘယ်လိုလုပ် သိလဲ"
"အဲ့ဒီအဝတ်တွေကို မနေ့က​လျှော်ခဲ့တာ ဘယ်​​ကောင်များ မှတ်နေလဲကွ ဟေ..."
"ငင်..."
.
.
.
သန်​၄ကို - ရမ်းဘာသာပြန်​သည်​။

-----------
မ​နေ့က...
ရုံးမှာ ကွန်​ပြူတာတစ်​လုံးနဲ့ အလုပ်​ရှုပ်​​နေတုန်း စာ​ရေးမ​လေးက လာ​ပြောတယ်​...
"ဦး... ဖုန်းလာ​နေတယ်​"
"​အေး.. ​ပေး ​ပေး"... ဆိုပြီးသူကမ်းလာတဲ့ cordless ဖုန်းကိုယူ နား​ထောင်​လိုက်​​တော့ အိမ်​က မမမိုးဆီက ဆက်​တာ...
"ဟလို... ​ပြော မိန်းမ"
"​ယောက်ျား​... ဒီ​နေ့ ဘာ​နေ့လဲ"
"ငင်​..."
ဘုရား ဘုရား
ဒီ​နေ့ ဘာ​နေ့ပါလိမ့်
လူက အလုပ်​ကများ​နေတော့ ​နေ့​တွေည​တွေ​တောင်​ သိပ်​မကွဲ​တော့တာကို
ကိုယ့်​ဟာကို အလုပ်​များလို့ ​မေ့တာ အ​ကြောင်း မဟုတ်​ဘူး
သူ့နဲ့ပတ်​သက်​တဲ့ အထိမ်းအမှတ်​​နေ့ကို ​မေ့လို့က​တော့ ​သေပြီသာမှတ်

အင်း... ဒီ​နေ့ ဘာ​နေ့ပါလိမ့်
သူ့ ​မွေး​နေ့လား
မဟုတ်​​သေးဘူး
မင်္ဂလာ နှစ်​ပတ်​လည်​​နေ့များလား
ဒါလည်းမဟုတ်​ဘူး
ဗာလင်​တိုင်းများလား
ဟာ... ခုမှ ဒီဇင်​ဘာပဲ ရှိ​သေးတာ
တောက်​စ်​... စဉ်းစားလို့ မထွက်​ပါလား
"ကဲ... ကဲ... ရှင် ​မသိရင်​လည်း ​နေ​တော့... ဂွပ်​"
ဖုန်းတန်းလန်းကြီးနဲ့ စဉ်းစား​နေတာကို မမမိုးက စိတ်​မရှည်​​တော့ဘဲ လူကို ​ငေါက်​ပြီး ဖုန်​ချသွားတယ်​။
'ဒီ​နေ့ ဘာအထိမ်းအမှတ်​လဲ'... ဆိုတာ ထိုင်​စဉ်းစား​နေရတာနဲ့ ရုံးမဆင်းမချင်း အလုပ်​ထဲ စိတ်​ပြန်​ထည့်​လို့ကို မရ​တော့ဘူး... ဟူး
ရုံးဆင်း ​အိမ်​ပြန်​​တော့ မျက်​နှာငယ်​​လေးနဲ့ အိမ်​​ပေါ်တက်​လာခဲ့တယ်
မမမိုးက ​ငေါက်​​တော့မှာ​လေ...။
သူက ဧည့်​ခန်းထဲမှာ သိုး​မွေးထိုး​နေရင်း လှမ်းကြည့်​တယ်
ကိုယ်​က ဦး​အောင်​ မျက်​နှာချို​သွေးရင်း ​ချော့ရတာ​ပေါ့...
"မိန်းမရယ်​... ဟွာ​​လေ... အလုပ်​​တွေးကများ​တော့​လေ... ကိုယ်​​လေ... ဟို​လေ... ဒီ​နေ့ ဘာ​နေ့မှန်း မသိဘူး ဖြစ်​​နေတယ်​ကွာ... အာ့​လေ... "
ဆို​တော့ သူကပြန်​​ပြောတယ်​... ...
"​အော်​... ရပြီ ရပြီ ​ယောက်ျားရဲ့၊ နှစ်​ကုန်​​တော့မှာဆိုပြီး ပြက္ခဒိန်​အ​ဟောင်းကို လွှင့်​ပစ်​မိတာ၊ ဒီ​နေ့ ဘာ​နေ့မှန်းမသိဘူး ဖြစ်​သွားတယ်​၊ ခုနမှ သတိရလို့ ဖုန်းထဲက ပြက္ခဒိန်​ကို ကြည့်​လိုက်​တာ၊ သိပြီ... ဒီ​နေ့ ကြာသာပ​တေး​နေ့"
ဟာ... ​တေနာမ
ငါကွာ
ဟင်း... ​တောက်​စ်
ငါ ထလုပ်​လိုက်​ရ ​နေ့ခင်းကြီးမို့ကွာ
(​နေ့ခင်းကြီး ငို​နေရင်​ လူကြားမ​ကောင်းဘူး​လေ)
ငါ့မှာ​တော့ ဘာအထိမ်းအမှတ်​​နေ့ကို ​မေးတာလဲလို့ စဉ်းစားလိုက်​ရတာ အလုပ်​​တောင်​ မ​ဖြောင့်​ဘူး
သူက...
ကြာသာပ​တေး​နေ့ တဲ့
အေးတာပဲ
.
.
.
သန်​၄ကို - ရမ်းဘာသာပြန်​သည်​။

No comments:

Post a Comment