Tin Maung Hlaing
၁၈၅၉ ခုနှစ် မှာ ချား(စ်)ဒါဝင် က မျိုးစိတ်တို့ ရဲ့ မူလအစ (The origin of Spieces ) ဆိုတဲ့ စာအုတ်ထုတ်ဝေလိုက်တော့ ကမ္ဘာ တစ်ဝှမ်းလုံး ပွတ်လော ရိုက်သွားတော့ တယ် ။ ဘာကြောင့်လဲဆိုတော့ အဲဒီစာအုတ်ထဲမှာ .. လူဟာ အဆင့် နိမ့် တဲ့ ကျောရိုး ရှိ သတ္တ၀ါ တစ်မျိုးကနေ သဘ၀ရွှေးချယ်မှု အရ တဖြည်းဖြည်းပြောင်းလဲ ဖွံ့ဖြိုးတိုးတက် လာသူဖြစ်တယ်လို့ ဒါဝင် ကရဲရဲ ကြီးကို ဆိုလိုက်တဲ့ အခါမှာ ရှေးရိုး သမားတွေ ဆတ်ဆတ် ခါသွားတော့တာပဲ ။

ပြင်းပြင်း ထန်ထန် ဝေဖန် ၊ ကန့် ကွက် ၊ ရှုတ်ချ ၊ပုတ်ခတ်ကြတာ… ကမ္ဘ္ဘာကြီးဟာ
တော်တော်လေး ဝေေ၀ စည်စည် နဲ့ စိုစိုပြေပြေ လေးဖြစ်သွား ခဲ့ ပါတယ် ။
ပရိုင်းမိတ် (primates) လို့ ခေါ်တဲ့ ကျောရိုးရှိ သတ္တ၀ါ အမျိုး နွယ်တစ်စုဟာ
ဒီနေ့ လူ ၊ လူဝံ ၊ မျောက် ၊ မျောက်ဝန် တို့ ဖြစ်ပေါ် ဆင့် ကဲဖြစ်ပေါ်မှု ရဲ့
အစလို့ ပညာရှင်များ ကယူဆကြပါတယ် ။ တကယ်တော့ ပရိုင်းမိတ် (primates) လို့
ခေါ်တဲ့ ကျောရိုးရှိ သတ္တ၀ါ အမျိုး နွယ်စုကနေ လူရယ်လို့ သတ်မှတ် လို့ ရတဲ့
အဆင့် ထိ ဆင်းသက်လာတာဟာတန်းတန်းမတ်မတ် ၊ ချောချောမွေ့ မွေ့မဟုတ်ဘဲ အတော်
မလွယ်ကူတဲ့ ကိစ္စ တခုဖြစ်တယ်တဲ့ ။ အဲ ဒီမျောက်အမျိုးနွယ် စုကနေ ဟိုကွေ့
သည်ကောက် ၊ဟိုဘက်ဖြာထွက်သွားလိုက် ၊ သည်ဘက်ခွဲဆင်းလာလိုက် နဲ့ အမျိုး
စိတ်တွေ ကွဲသွားလိုက်တာ တချို့ ကလည်းရောက်တဲ့ နေရာမှာ ရပ်တန့်
ပျောက်ကွယ်သွားတယ်တဲ့ ။
တချို့ ကလည်း ဆက်လက်ကူးပြောင်းသွားနဲ့ ….နောက်ဆုံး တနေရာရောက်မှာ တော့ မျောက်နဲ့ လူတို့ ဟာ ပြတ်ပြတ်သားသား လမ်းခွဲ ထွက်သွားပါတော့တယ် ။ ဒါပေမယ့် အဲဒီ လူစစ်စစ်ရယ်လို့ စတင်ခွဲထွက် အချိုန် ကရှိခဲ့တဲ့ လူသားအမျိုးနွယ်တို့ရဲ့ အထောက်ထားကိုပညာရှင်တွေ ကရှာလို့ မတွေ့ခဲ့ဘူးတဲ့…… ..နောက် 1974 ခုနှစ်ကျ မှ အီသီယိုးပီးယား နိုင်ငံမှာ 3 ပေလောက်အ၇ပ် အမြင့် ရှိတဲ့ ရှေးဟောင်း ပရိုင်းမိတ် ( မိန်းကလေး) တယောက်ရဲ့ အရိုးစုကို ရှာဖွေတွေ့ရှိခဲ့် ပြီးတော့( လူစီ )လို့ နာမည်ပေးထားလိုက်တယ် သူမရဲ့  သက်တမ်းကတော့ 3.9 သန်း တဲ့ ။
အဲဒီနောက်ပိုင်း မှာတော့ ဂျာဗားလူ ၊ ပီကင်းလူ ၊ စတဲ့ ပရိုင်းမိတ်ရဲ့ အရိုးစုများကိုတွေ့ ခဲ့ ရပေမယ့် အာဖရိကတိုက် မှာတွေ့ ရတဲ့ ပရုင်းမိတ်တွေက အသက်တမ်း အရင့်ဆုံး ပါတဲ့ ။ဒါကြောင့် မို့လို့ အခု ကျတော်တို့ ကမ္ဘာပေါ်မှာ ရှိနေကြတဲ့ လူအမျိုးနွယ်စု ဟာ အာဖရိက တိုက်ကနေပြီတော့ မှဆင်းသက်ပေါက်ဖွားလာခဲ့တယ်လို့ မနုဿဗေဒ ပညာရှင် များကယူဆခဲ့တယ် ။ ရှင်းရှင်းပြောရရင် တခြားနိုင်ငံ ကလူတွေထက် အဲဒီနေရာက လူတွေ ကပိုပြီးလူဖြစ်စောတယ်လို့ ဆိုလိုတာပါ ။ ဒါပေမယ့်…………… 1979 မေလ 8 ရက် အင်္ဂါနေ့ထုတ် The Boston Globe အမေရီကန် သတင်းစာကြီးမှာ ခြောက်လိုင်း စာလုံး အမည်းကြီးတွေ နဲ့ (…လူရဲ့  ဇာတိချက်မြုတ်နေရာ ကို အာရှ မှာ တွေ့  ပြီ…)ဆိုတဲ့ သတင်းရယ်…
Asian Week မဂ္ဂဇင်း ကလည်း( မြန်မာ့မေးရိုး များ ကလာရာလမ်းကို ညွှန်ပြပြီ) ဆိုတဲ့ သတင်းမျိုး တွေ 1979 ခနှစ်မှာ ကမ္ဘာ ကို လှုပ်ကိုင် လိုက်ပြန်တယ် တဲ့….ဘာကြေင့်လဲဆိုတော့ .. 1978 ခုနှစ် ၊ဧပြီလ မှာ မန္တလေး တက္ကသိုလ် ဘူမိဗေဒ ဌာနက ကထိက ဦးဘမော်နဲ့ အဖွဲ့ ဟာ ပုံတောင်ဒေသ မိုးကောင်းရွာ အနီး သံတောင်အရပ်မှာ အံသွားပါတဲ့ ပရိုင်းမိတ် မေးရိုး အရုပ်ကြွင်း တွေ တွေ့ လိုက်ရလို့ပါပဲ ပြီးတော့( အညာသား ) ရယ်လို့ အမည်ပေးလိုက်တယ်….
အဲဒီ အရုပ်ကြွင်းတွေ ဟာ ကမ္ဘာပေါ်မှာ အသက်တမ်းရင့် ဆုံး နှစ်ပေါင်းသန်း 30 သက်တမ်းရှိ တဲ့ ပရိုင်းမိတ် ရုပ်ကြွင်းတွေ ထက် နှစ်ပေါင်း 10 သန်း လောက် ပိုစောနေလို့ပါတဲ့ ။ အခု အညာသား ရဲ့  သက်တမ်းက သန်း 40 ပါ ။ အဲဒါကြေင့် မို့လို့ ကမ္ဘာပေါ်ရှိ ပညာရှင် အများစု က လူသားအမျိုးနွယ် ရဲ့  အစ ဟာ မြန်မာ ကဖြစ်တယ်လို့ လက်ခံလာကြတယ်။
ဒါပေမယ့် ပြည်တွင်းက ပညာရှင်တချို့ နဲ့ ပြင်သစ်နိုင်ငံ ကပညာ ရှင်တို့ ကလက်မခံချင်ဘူးတဲ့ ။ ဆရာဦးဘမော်နဲ့ အဖွဲ့ ကတော့ တွေ့ ရှိ ရတဲ့ အရုပ်ကြွင်း ကိုအကြောင်းပြုပြီးတော့( မြန်မာ အစ ဟာ မြန်မာ က) ဘဲ ဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ကြီးကို ကြုံးဝါးလိုက်ပါတော့တယ် ။
ကဲ ..ဒီတော့ တချို့  ပညာရှင် အနည်းစု ကလက်မခံ ခဲ့ပေမယ့် လူသားမျိုးနွယ်ရဲ့ အစဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ ကစ ခဲ့ပြီး တော့ မြန်မာ အမျိုးနွယ်တွေ ဟာ အစောဆုံး လူ သားအမျိုးနွယ်တွေ ဖြစ်တယ်လို့ ဂုဏ်ယူ လို့ ရပြီပေါ့ ဗျာ…… မှတ်ချက်……….. လေ့လာမိသမျှ primates အကြောင်းတွေ ကို ကျွန်တော် နားလည် သလို ပြန်ရေးပြထား တာဖြစ်လို့လိုအပ်ချက်နဲ့မှားယွင်းများတွေ့ခဲ့ရင်မည်သူမဆို ဖြည့်ဆွက် ပြင်ဆင်ပေးနိုင်ပါတယ်
ရန်နောင်စိုး

No comments:
Post a Comment