Monday, August 1, 2016

Lowbrow , Middlebrow & Highbrow

 စာပေတွေကို ၃ မျိုးခွဲလိုက်ရင်
(1).Lowbrow စာပေ ,
(2).Middlebrow စာပေနဲ့
(3).Highbrow စာပေ ဆိုပြီးရှိပါတယ်။

(1).Lowbrow စာပေ
Lowbrow, relating to, or suitable for a person with little taste or intellectual interest
Lowbrow ဆိုတာကလူတွေအတွက် အသိဉာဏ် ဗဟုသုတဘက်က ဖြစ်ဖြစ်၊
ခံစားမှု ရသဘက်ကပဲဖြစ်ဖြစ် မပြောပလောက်အောင်ဘဲပေးစွမ်းနိုင်တဲ့ စာပေ ကိုခေါ်တာပါ။

ပေါ့ပေါ့ပါးပါးစာပေတွေကို ပြောတာပါ။ ဖတ်ရတာလည်း လွယ်တယ်လေ။ နက်နက်နဲနဲ တွေးရတာမျိုး ပြင်းပြင်းထန်ထန်ခံစာမှုမျိုး မဟုတ်ဘူး။
ပေါ့ပါးတဲ့ သုတ ရသစာပေပေါ့။ ဒါကို Lowbrow.
(2) Middlebrow စာပေ
Describes literature that is of good quality, interesting, and often popular, but can be understood quite easily.
သူကျတော့ သုရ ရသပိုင်းမှာ အရည်ချင်းမီတယ်။ စိတ်ဝင်စားဖို့လည်း ကောင်းတဲ့ စာပေတွေ။ တခါတခါမှာ ပေါ်ပြူလာဖြစ်ပြီး လူကြိုက်များလာတာတွေ လည်းရှိတယ်။ ဒါပေမယ့် ဒီစာပေကို ဖတ်ရတာ နားလည်လွယ်တယ်။ Lowbrow လိုတော့ ပေါ့ပေါ့ပါးပါးမဟုတ်ဘူး။ အတန်သင့် သုရ ရသကို ပေးစွမ်းနိုင်တဲ့ စာပေတွေ။ အလယ်အလက်တန်းအဆင့်ပေါ့။
(3)Highbrow စာပေ
(of books ) involving serious and complicated or artistic ideas.
ဒါကျတော့ မြင့်သွားပြီ။ ပြင်းထန်တယ်။ လေးနက်တယ်။ ခက်ခဲ နက်နဲပြီး ရှုပ်ထွေး နေတတ်တယ်။ နားလည်ဖို့ မလွယ်ဘူး။ ဦးနှောက်ကို ခါးတောင်းက်ကျိုက် ဖတ်မှ တော်ကာကျတဲ့ စာပေတွေ ကိုပြောတာ Highbrow စာပေ။ အနုပညာပိုင်းဆိုရင်လည်း အင်မတန် ခံစားရတဲ့ အသည်းနှလုံးသားကို အရည်ပျော်ကျအောင် ရသပေးနိုင်တယ်။ နိုဘယ်ဆုရသွားတဲ့ " ပင်လယ်ပြာနဲ့ တံငါအို "လိုပေါ့။ သူ့Highbrow စာပေထဲက စကားလုံးတစ်လုံး နှုတ်ပယ်လိုက်ရင်တောင် မူရင်းအရသာ ပျက်သွားတယ်ဆိုပဲ။ ဒီစာပေတွေက သုတဆိုလည်း အပီအပြင် ညွှန်းဆိုနိုင်တယ်။ ကျမ်းကိုးအဖြစ် လက်ခံနိုင်တဲ့ စာပေတွေ။ အဘိဓမ္မာကျမ်းတို့၊ ကိုရာမ် ကျမ်းတို့၊ ဗိုက်ဘယ် ကျမ်း၊ သေနင်္ဂဗျူဟာကျမ်းတို့ဟာ တော်တော်
ကို ရှုပ်ထွေး နက်နဲတဲ့ Highbrowစာပေတွေ ဖြစ်တယ်။ တော်တဲ့သူမှ ရေးနိုင်တယ်။ တော်ယုံလူလည်း နားမလည်တဲ့ ခက်ခဲနက်နဲတဲ့ စိန်စာပေ လို့ခေါ်ရမယ်။ Highbrow စာပေဆိုတာ ဘာအကြောင်းရာပဲ ဖြစ်ဖြစ်ရှိနိုင်တယ်။ အကြောင်းရာတစ်ခုကို အဆင့်တန်းရှိရှိ Pro ကျကျ ရေးထားတဲ့စာပေတွေကို ခေါ်တာပေါ့။ Specialize အထူးပြု ရေးဖွဲ့ကြတယ်။ အရောင်းဝယ်သမားတွေအတွက် Marketing Highbrow စာပေတွေရှိပါတယ်။" ဘယ်လို ရောင်းလိုက်တာ ဝယ်သွားတယ်ဗျ။ ဘယ်လိုဆိုလိုက်လို့ ရောင်းပေးလိုက်တယ်ဗျ " ဆိုတာမျိုးလောက်သာ တင်ပြထားတဲ့ စာပေမျိုးမဟုတ်ဘူး။
Marketing သမားတစ်ယောက်အတွက် ဈေးကွက်ကို ဘယ်ပုံရှာမယ်။ ဘယ်လိုချဲ့မယ်။ ဘယ်လိုအောင်မြင်ပြီးရင် ကြာရှည်အောင် ဘယ်လို ထိန်းသိမ်းဖို့ လိုတာတွေကို ခရေစေ့တွင်းကျ ကျကျနန တင်ပြထားတဲ့စာပေတွေကိုပြောတာ။
Marketing အရောင်းဝယ်သမားတွေ Customer နဲ့ပြောမယ်ဆိုရင် အဓိက အလုပ် လုပ်ရမှာက မျက်နှာနော်။ နောက်ပြီး မျက်လုံးနော်။ မျက်နှာက ပြုံးပြီး မျက်လုံးအနေအထားက အစ ဘယ်လိုနေရမယ် ဆိုတာ အရေးကြီးတယ်။အဝတ်စားသပ်ရပ်မှု၊ ကိုယ်အနေအထား နဲ့ ပြောတဲ့ စကားလုံး တစ်လုံးကအစ သေချာဂရုစိုက်ဖို့လိုတယ်။ ဒါမျိုးအကြောင်းအရာတွေကို Pro ကျကျ ရေးထားတဲ့ စာပေတွေရှိတယ်။ အများကြီးရှိပါတယ်။ ကျွန်တော်တို့ အရောင်းဝယ်လုပ်တယ်ဆိုတဲ့ သူတွေဟာ ဒါမျိုးစာအုပ်တွေ များများ ဖတ်ဖို့လိုပါတယ်။ အင်္ဂလိပ်စာ လေ့လာတယ်ဆိုရင်လည်း အတူတူပဲလေ။ ကျွန်တော်တို့က Pro ကျကျ ရေးထားတဲ့ စာအုပ်ကြီးတွေ ဘယ်နှစ်အုပ်ကို ဂဃနဏ နားလည်အောင် ဖတ်ပြီးပြီလဲ ဆိုတာ ပြန်သုံးသပ်သင့်တယ်။ အွန်လိုင်းမှာ နိုင်ငံရေးတွေ ပြောကြတယ်နော်။ မက်ဝါဒ၊
အရစ်တိုတယ်ရဲ့ သဘောထား၊ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ နောက်ပြီး ဒီမိုကရေစီ သဘောတရား တို့ရဲ့ အကြောင်းအချင်းရာ စတဲ့ နိုင်ငံရေးသိပ္ပံစာပေတွေကို ဖတ်ပြီးပြီလားဆိုတာ ပြန်သုံးသပ်ဖို့ လိုလာတယ်။ မဖတ်တော့ ဘာဖြစ်လဲ ။ အများယောင်မှ ယောင်တောင်တောင် အဆင့်တွေပဲ များတယ်။ ကန်က ဘယ်ဗျူဟာ၊ ရုရှက ဘယ်ကစားကွက်၊ တရုတ်က ဘယ်အချိုး ၊ မြန်မာက ဘယ်လိုထိုးဖောက်နေတယ်ဆ်ုတာတွေသိဖို့ ဝေဖန်ဖဆို့ရင်တော့ အွန်လိုင်းလောက်နဲ့ အဆင်မပြေသေးပါဘူး။ Pro ကျကျ လေ့လာဖို့ ဝေဖန်ဖို့ဆိုတာဟာ နိုင်ငံရေးHighbrow စာပေတွေ များများဖတ်ဖို့ ကျွန်တော်တို့ တစ်တွေ အများကြီး လိုပါသေးတယ် မဟုတ်ပါလားဗျာ---
ပြီးပါပြီ
(‪#‎သိသလောက်‬ ပြောပြလိုက်ပြီ အစ်ကိုကြီးရေ )
‪#‎OQC‬

No comments:

Post a Comment