Wednesday, August 3, 2016

အောင်မြင်သူတွေ ညမအိပ်ခင် ဘာတွေလုပ်ကြလဲ

The Voice

ညအိပ်ရာမ၀င်ခင် နောက်ဆုံးဘာတွေလုပ်ခဲ့သလဲဆိုတာနဲ့ ညကဘယ်လောက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သလဲဆိုတာက နောက်တစ်နေ့မှာ ကောင်းကျိုးဆိုးကျိုးတွေ ဖြစ်စေတတ်ပါတယ်။ အောင်မြင်သူတွေက သူတို့နေ့ရက်တွေရဲ့ အစနဲ့အဆုံးမှာ စိတ်ရောကိုယ်ပါ ကျန်းကျန်းမာမာရှိဖို့ အရေးကြီးမှန်း သဘောပေါက်ထားကြပါတယ်။
ဒီတော့ နေ့တစ်နေ့ရဲ့အဆုံးသတ်နဲ့ နောက်နေ့ရဲ့အစအတွက် အောင်မြင်သူတွေ ညမအိပ်ခင်ဘာတွေလုပ်ကြလဲဆိုတာ ကြည့်ကြရအောင်။

၁။ စာဖတ်
အောင်မြင်သူတွေအများစုဟာ ညမအိပ်ခင် စာဖတ်လေ့ရှိကြတယ်လို့ ပညာရှင်တွေက တစ်ညီတညွတ်တည်း ဆိုထားပါတယ်။ စာဖတ်တဲ့နေရာမှာ လုပ်ငန်းအတွက်အထောက်အကူပြုတာမျိုးပဲ ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ၀တ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ဘာသာရပ်ဆိုင်ရာ စသဖြင့် ဘယ်လိုအကြောင်းအရာကိုပဲဖတ်ဖတ် တီထွင်ဖန်တီးဥာဏ်ကို အထောက်အကူပြုပါတယ်။
၂။ အစီအစဉ်ဆွဲ
စိတ်ကြည်ကြည်လင်လင်နဲ့ အိပ်ပျော်ရတာဟာ အောင်မြင်မှုသော့ချက်တွေထဲက တစ်ခုပါပဲ။ အောင်မြင်သူတွေဟာ နေ့တိုင်းမဟုတ်ရင်တောင် များသောအားဖြင့် နောက်တစ်နေ့အတွက် လုပ်ငန်းဆောင်တာတွေကို စာနဲ့ချရေးထားတတ်ပါတယ်။
၃။ မိသားစုနဲ့နွေးနွေးထွေးထွေး
ကိုယ့်အိမ်ထောင်ဖက် ကိုယ့်သားသမီး တွေနဲ့စကားပြောတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်ခွေးလေးနဲ့ကစားတာပဲဖြစ်ဖြစ် ညဘက်မှာ ကိုယ်ချစ်တဲ့သူတွေနဲ့ နွေးနွေးထွေးထွေးနေတာဟာ အောင်မြင်သူတွေ အလေးပေးလုပ်ကြတဲ့ အချက်တစ်ခုပါ။
၎။ တရားထိုင်
အောင်မြင်သူတွေထဲမှာ အိပ်ရာမ၀င်ခင် ၁၀ မိနစ်လောက်အချိန်ယူပြီး တရားထိုင်ကြသူတွေ အများအပြားရှိပါတယ်။ တရားထိုင်တာဟာ ခန္ဓာကိုယ်ကိုရော စိတ်ကိုပါ ဖြေလျှော့ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
၅။ အိပ်ချိန်ကောင်းကောင်းယူ
အလုပ်များသူတွေဟာ ညအိပ်ပျော်ဖို့ခက်ခဲလေ့ရှိတတ်ပါတယ်။ အိပ်ချိန်ကောင်းကောင်းယူဖို့ဆိုတာ အလုပ်ကြိုးစားသူတွေနဲ့ စွန့်ဦးတီထွင်သူတွေအတွက် မလွယ်လှပါဘူး။ အောင်မြင်တဲ့သူ အတော်များများကတော့ အိပ်ရေး၀၀အိပ်နိုင်ဖို့ကို အဓိကဦးစားပေးကြတယ်လို့ ဆိုပါတယ်။ သူတို့ဟာ အိပ်ချိန်လုံလုံလောက်လောက်ရဖို့ ညဦးပိုင်းကတည်းကကြိုတင်ပြင်ဆင်မှုတွေ လုပ်တတ်ကြပါတယ်။
ref : time.com

No comments:

Post a Comment