Wednesday, July 13, 2016

iPhone မွ Photos, Videos မ်ားကို Computer သို႔ ဘယ္လိုေျပာင္းေရႊ႕မလဲ ...

ကုုိရီးယား-ၿမန္မာ

iPhone မွ Photos, Videos မ်ားကို Computer သို႔ထဲသို႔ထည့္နည္း (၄)နည္းကိုေဖာ္ျပေပးလိုက္ပါတယ္။
(( a )) iTunes ကို အသံုးျပဳၿပီး ေျပာင္းေရႊ႕ျခင္း
iTunes အသံုးျပဳဖို႔အတြက္ computer မွာ iTunes ထည့္ထားဖို႔ေတာ့လိုပါတယ္။
(1) ကြန္ျပဴတာတြင္ iTunes ကိုဖြင့္ပါ။
(2) iPhone အား ကြန္ျပဴတာႏွင့္ခ်ိတ္ဆက္ပါ။
(3) iTunes ၏ အေပၚ menu bar တြင္ iPhone Logo ေလးေပၚလာေအာင္ခဏေစာင့္ၿပီး ေပၚလာပါက ၎အား ကလစ္ႏွိပ္ပါ။ List ေလးတစ္ခုေပၚလာၿပီး သင့္ iPhone အမည္ကိုေဖာ္ျပလာပါမယ္။

(4) ဘယ္ဘက္ေဘးနားက Menu bar မွ Photos ကိုႏွိပ္ပါ။ ထို႔ေနာက္ေပၚလာတဲ့ ေဘာက္မွာ 'Sync Photos' ကိုႏွိပ္ပါ။ ထို႔ေနာက္ photos ေရြးခ်ယ္ျခင္း၊ ေနရာေရြးခ်ယ္ျခင္းမ်ားျပဳလုပ္ၿပီး 'Apply' ကိုႏွိပ္လိုက္ပါက Photos မ်ားကို စတင္ Transfer လုပ္ပါေတာ့မယ္။
(( b )) iCloud ကို အသံုးျပဳၿပီး ေျပာင္းေရႊ႕ျခင္း
iCloud အသံုးျပဳမယ္ဆိုရင္ေတာ ့internet connection ရွိဖို႔ေတာ့လိုအပ္ပါတယ္။ iCloud ကိုအသံုးျပဳျခင္းဟာ သင့္ Photos မ်ားကို ဖုန္းထဲသာမက Cloud server မွာပါ သိမ္းဆည္းေပးတဲ့အတြက္ ဖုန္းေပ်ာက္သြားရင္ျဖစ္ျဖစ္ ပ်က္သြားရင္ျဖစ္ျဖစ္ Photos မ်ားဆံုးရႈံးျခင္းမျဖစ္ႏုိင္ေတာ့ပါဘူး။ ဒါေပမယ့္ Apple Warranty Service ကို ျပသမယ္ဆိုရင္ေတာ့ iCloud ျဖဳတ္ထားဖို႔ေတာ့လိုပါတယ္။
Setting မွ iCloud ကိုႏွိပ္ပါ။ photo stream feature ကို ON ထားပါ။ ဒါဆို iCloud ပြင့္သြားပါၿပီ။ iCloud မွ photos မ်ားကို download ဆြဲဖို႔အတြက္ software တစ္ခုလိုအပ္ပါတယ္။ Dropbox ကိုအသံုးမ်ားပါတယ္။ ဒါေၾကာင့္ Dropbox ကို phone နဲ႔ computer တို႔မွာဦးစြာထည့္သြင္းထားယံုမက အေကာင့္ပါျပဳလုပ္ထားၿပီး sign in ပါ ဝင္ထားပါ။ သင့္ iPhone မွ Dropbox အားဖြင့္၍ photos ေရြးျခင္း ေနရာေရြးခ်ယ္ျခင္းမ်ားျပဳဳလုပ္ၿပီး Dropbox အတြင္းထည့္သြင္းပါ။ ထို႔ေနာက္ သင့္ကြန္ျပဴတာမွတစ္ဆင့္ Dropbox အားဖြင့္၍ photos မ်ားအားရယူႏုိင္ပါၿပီ။
(( c )) Windows Explorer ကိုအသံုးျပဳ ေျပာင္းေရႊ႕ျခင္း
အခုနည္းကိုေတာ့ လူတိုင္းႏွစ္သက္ၾကမယ့္နည္းလို႔ထင္ပါတယ္။ windows ကြန္ျပဴတာမ်ားမွာ မည္သည့္ Software မွထည့္သြင္းထားစရာမလိုပဲ photos မ်ားကို ေျပာင္းေရႊ႕ႏိုင္မွာျဖစ္ပါတယ္။
(1) iPhone အား Computer ႏွင့္ခ်ိတ္ဆက္ပါ။ AutoPlay ေဘာက္ေလးေပၚရင္ Import picture and videos ကိုေရြးပါ။
(2) Mycomputer ကိုဖြင့္ၿပီး iPhone ေပၚတြင္ Right-Click ႏွိပ္ျပီး Import Picture and Video ကိုေရြးပါ။
(3) Import setting ကိုႏွိပ္ပါ။ (Windows 10 မွာဆိုရင္ more option ကိုႏွိပ္ပါ။
(4) ေပၚလာတဲ့ေဘာက္တြင္ Import image to နဲ႔ Import Video to တို႔မွာ Browse ကိုႏွိပ္ၿပီး သိမ္းမယ့္ေနရာေရြးခ်ယ္ပါ။ ထို႔ေနာက္ Folder name မွာ Date Import - Tag ကိုေရြး OK ကိုႏွိပ္ပါ။
(5) ေပၚလာတဲ့ box မွာ Erase after importing ခ်က္ေဘာက္ေလးအား အမွန္ျခစ္လုပ္ထားမယ္ဆိုရင္ေတာ့ ကြန္ျပဴတာကိုပို႔ၿပီးတာနဲ႔ ဖုန္းထဲကဟာေတြကို ဖ်က္ျပစ္မွာျဖစ္ပါတယ္။ မဖ်က္ခ်င္ဘူးဆို အမွန္ျဖစ္ျဖဳတ္ထားပါ။
(6) ေနာက္ဆံုးအဆင့္မွာေတာ့ Import ကိုႏွိပ္လိုက္တာနဲ႔ photos, videos တို႔ကို windows computer အတြင္းထည့္သြင္းမွာျဖစ္ပါတယ္။
(( d )) Picasa အားအသံုးျပဳ ေျပာင္းေရႊ႕ျခင္း
ဒီနည္းကိုအသံုးျပဳဖို႔အတြက္ ကြန္ျပဴတာမွာ Picasa ေဆာ့ဝဲထည့္သြင္းထားဖို႔လိုအပ္ပါတယ္။ http://picasa.google.com မွာေဒါင္းပါ။
(1) iPhone အား Computer ႏွင့္ခ်ိတ္ဆက္ပါ။ AutoPlay ေဘာက္ေလးေပၚရင္ ပိတ္ပစ္လိုက္လို႔ရပါတယ္။
(2) ကြန္ျပဴတာမွာ Picasa ကိုဖြင့္ပါ။ picasa က သင့္ iPhone မွ ဓါတ္ပံုမ်ားကို ဖတ္ပါလိမ့္မယ္။(iPhone မွမဟုတ္တျခားဖုန္းမ်ားလည္းရပါတယ္)
(3) Import ကိုႏွိပ္ပါ။
(4) photos မ်ားကိုလည္းေရြးခ်ယ္လို႔ရပါတယ္။ အးလံုးေရြးခ်ယ္ခ်င္ရင္ေတာ့ 'Import All' ကိုႏွိပ္ပါ။ ေဘာက္ရဲ႕ ေအာက္ေျခနားမွာ Import to: တြင္ ကြန္ျပဴတာအတြင္း သိမ္းဆည္းရမယ့္ေနရာေရြးခ်ယ္ပါ။
(5) အားလံုးၿပီးရင္ 'Import' ကိုႏွိပ္ၿပီး ကြန္ျပဴတာအတြင္း သင္ေရြးခ်ယ္ထားေသာေနရာသို႔ ေရႊ႕ေျပာင္းေပးပါလိမ့္မည္။
Credit : wikiHow
===========================
<< Unicode >>
iPhone မှ Photos, Videos များကို Computer သို့ ဘယ်လိုပြောင်းရွှေ့မလဲ ...
-----------------------
iPhone မှ Photo, Videos များကို Computer သို့ထဲသို့ထည့်နည်း (၄)နည်းကိုဖော်ပြပေးလိုက်ပါတယ်။
(( a )) iTunes ကို အသုံးပြုပြီး ပြောင်းရွှေ့ခြင်း
iTunes အသုံးပြုဖို့အတွက် computer မှာ iTunes ထည့်ထားဖို့တော့လိုပါတယ်။
(1) ကွန်ပြူတာတွင် iTunes ကိုဖွင့်ပါ။
(2) iPhone အား ကွန်ပြူတာနှင့်ချိတ်ဆက်ပါ။
(3) iTunes ၏ အပေါ် menu bar တွင် iPhone Logo လေးပေါ်လာအောင်ခဏစောင့်ပြီး ပေါ်လာပါက ၎င်းအား ကလစ်နှိပ်ပါ။ List လေးတစ်ခုပေါ်လာပြီး သင့် iPhone အမည်ကိုဖော်ပြလာပါမယ်။
(4) ဘယ်ဘက်ဘေးနားက Menu bar မှ Photos ကိုနှိပ်ပါ။ ထို့နောက်ပေါ်လာတဲ့ ဘောက်မှာ 'Sync Photos' ကိုနှိပ်ပါ။ ထို့နောက် photos ရွေးချယ်ခြင်း၊ နေရာရွေးချယ်ခြင်းများပြုလုပ်ပြီး 'Apply' ကိုနှိပ်လိုက်ပါက Photos များကို စတင် Transfer လုပ်ပါတော့မယ်။
(( b )) iCloud ကို အသုံးပြုပြီး ပြောင်းရွှေ့ခြင်း
iCloud အသုံးပြုမယ်ဆိုရင်တော ့internet connection ရှိဖို့တော့လိုအပ်ပါတယ်။ iCloud ကိုအသုံးပြုခြင်းဟာ သင့် Photos များကို ဖုန်းထဲသာမက Cloud server မှာပါ သိမ်းဆည်းပေးတဲ့အတွက် ဖုန်းပျောက်သွားရင်ဖြစ်ဖြစ် ပျက်သွားရင်ဖြစ်ဖြစ် Photos များဆုံးရှုံးခြင်းမဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် Apple Warranty Service ကို ပြသမယ်ဆိုရင်တော့ iCloud ဖြုတ်ထားဖို့တော့လိုပါတယ်။
Setting မှ iCloud ကိုနှိပ်ပါ။ photo stream feature ကို ON ထားပါ။ ဒါဆို iCloud ပွင့်သွားပါပြီ။ iCloud မှ photos များကို download ဆွဲဖို့အတွက် software တစ်ခုလိုအပ်ပါတယ်။ Dropbox ကိုအသုံးများပါတယ်။ ဒါကြောင့် Dropbox ကို phone နဲ့ computer တို့မှာဦးစွာထည့်သွင်းထားယုံမက အကောင့်ပါပြုလုပ်ထားပြီး sign in ပါ ဝင်ထားပါ။ သင့် iPhone မှ Dropbox အားဖွင့်၍ photos ရွေးခြင်း နေရာရွေးချယ်ခြင်းများပြုုလုပ်ပြီး Dropbox အတွင်းထည့်သွင်းပါ။ ထို့နောက် သင့်ကွန်ပြူတာမှတစ်ဆင့် Dropbox အားဖွင့်၍ photos များအားရယူနိုင်ပါပြီ။
(( c )) Windows Explorer ကိုအသုံးပြု ပြောင်းရွှေ့ခြင်း
အခုနည်းကိုတော့ လူတိုင်းနှစ်သက်ကြမယ့်နည်းလို့ထင်ပါတယ်။ windows ကွန်ပြူတာများမှာ မည်သည့် Software မှထည့်သွင်းထားစရာမလိုပဲ photos များကို ပြောင်းရွှေ့နိုင်မှာဖြစ်ပါတယ်။
(1) iPhone အား Computer နှင့်ချိတ်ဆက်ပါ။ AutoPlay ဘောက်လေးပေါ်ရင် Import picture and videos ကိုရွေးပါ။
(2) Mycomputer ကိုဖွင့်ပြီး iPhone ပေါ်တွင် Right-Click နှိပ်ပြီး Import Picture and Video ကိုရွေးပါ။
(3) Import setting ကိုနှိပ်ပါ။ (Windows 10 မှာဆိုရင် more option ကိုနှိပ်ပါ။
(4) ပေါ်လာတဲ့ဘောက်တွင် Import image to နဲ့ Import Video to တို့မှာ Browse ကိုနှိပ်ပြီး သိမ်းမယ့်နေရာရွေးချယ်ပါ။ ထို့နောက် Folder name မှာ Date Import - Tag ကိုရွေး OK ကိုနှိပ်ပါ။
(5) ပေါ်လာတဲ့ box မှာ Erase after importing ချက်ဘောက်လေးအား အမှန်ခြစ်လုပ်ထားမယ်ဆိုရင်တော့ ကွန်ပြူတာကိုပို့ပြီးတာနဲ့ ဖုန်းထဲကဟာတွေကို ဖျက်ပြစ်မှာဖြစ်ပါတယ်။ မဖျက်ချင်ဘူးဆို အမှန်ဖြစ်ဖြုတ်ထားပါ။
(6) နောက်ဆုံးအဆင့်မှာတော့ Import ကိုနှိပ်လိုက်တာနဲ့ photos, videos တို့ကို windows computer အတွင်းထည့်သွင်းမှာဖြစ်ပါတယ်။
(( d )) Picasa အားအသုံးပြု ပြောင်းရွှေ့ခြင်း
ဒီနည်းကိုအသုံးပြုဖို့အတွက် ကွန်ပြူတာမှာ Picasa ဆော့ဝဲထည့်သွင်းထားဖို့လိုအပ်ပါတယ်။ http://picasa.google.com မှာဒေါင်းပါ။
(1) iPhone အား Computer နှင့်ချိတ်ဆက်ပါ။ AutoPlay ဘောက်လေးပေါ်ရင် ပိတ်ပစ်လိုက်လို့ရပါတယ်။
(2) ကွန်ပြူတာမှာ Picasa ကိုဖွင့်ပါ။ picasa က သင့် iPhone မှ ဓါတ်ပုံများကို ဖတ်ပါလိမ့်မယ်။(iPhone မှမဟုတ်တခြားဖုန်းများလည်းရပါတယ်)
(3) Import ကိုနှိပ်ပါ။
(4) photos များကိုလည်းရွေးချယ်လို့ရပါတယ်။ အးလုံးရွေးချယ်ချင်ရင်တော့ 'Import All' ကိုနှိပ်ပါ။ ဘောက်ရဲ့ အောက်ခြေနားမှာ Import to: တွင် ကွန်ပြူတာအတွင်း သိမ်းဆည်းရမယ့်နေရာရွေးချယ်ပါ။
(5) အားလုံးပြီးရင် 'Import' ကိုနှိပ်ပြီး ကွန်ပြူတာအတွင်း သင်ရွေးချယ်ထားသောနေရာသို့ ရွှေ့ပြောင်းပေးပါလိမ့်မည်။
Credit : wikiHow

No comments:

Post a Comment