Saturday, July 23, 2016

အသက်ကြီးလာသော လက္ခဏာများ

U Than Win

အောက်ပါလက္ခဏာများ သင်မှာ ရှိနေပြီလား။ ကိုယ် အသက်ကြီးလာပြီလား ဆိုတာ စစ်ဆေးကြည့်ရအောင်….
၁။ ဘာမဆို တိုးတိုးတိတ်တိတ် လုပ်ချင်လာတယ်။ တစ်ယောက်ထဲ နေတာကို ကြိုက်နှစ်သက်လာတယ်။ တစ်ယောက်တည်း မဂ္ဂဇင်း ပဲထိုင်ဖတ်နေရနေရ ကျေနပ်တယ်။ ဆူဆူညံညံ မကြိုက်ချင်တော့ဘူး။
၂။ အရင်တုန်းက ညလုံးပေါက် KTV ဆိုတာ နောက်တစ်နေ့ ဘာမှ မဖြစ်သလိုပဲ။ အခုဆို နည်းနည်းလေး အိပ်မပျော်လိုက်တာနဲ့ တော်တော်နဲ့ နလန်မထူချင်သလိုပဲ။

၃။ ကိစ္စတစ်ခုခု အနီးကပ်လေလေ မေ့လွယ်လေလေ ဟိုးအရင်တုန်းက ကိစ္စဖြစ်လေလေ မှတ်မိလေလေ။
၎။ လူဆိုတာ စိတ်ရင်းကောင်းရမယ်။ ကျန်းမာရေး ကောင်းရမယ် ဆိုတဲ့ စကားမျိုး ခဏခဏ ပြောဆိုခြင်း။
၅။ ရှိပြီးသား အကျင့်တွေကို မပြုပြင်ချင်တော့ဘူး။ အိမ်က သားသမီးတွေက တယူသန်တယ်ဟု မှတ်ချက် ပြုခြင်း။
၆။ သူငယ်ချင်း အသစ် မပေါင်းသင်းချင်တော့ပါ။ ကိုယ့်အကြောင်းကို အစကနေ မရှင်းပြချင်တော့လို့။
ရ။ တီဗွီတို့၊ ဗွီတီယိုတို့ သိပ်မကြည့်ချင်တော့ဘူး။ လက်ကိုင်ဖုန်း ထိုင်ဆော့နေတာမျိုး၊ face book ကို ထိုင်ကြည့်နေတာမျိုး ပိုလုပ်ချင်နေတတ်တယ်။
၈။ ၀ါသနာတူ သူငယ်ချင်းလောက်ပဲ ဆက်ဆံချင်တော့တယ်။ လူစိမ်းဆို သိပ်မဆက်ဆံချင်တော့ဘူး။
၉။ အားကစားတစ်ခုခု ကို လုပ်ချင်နေသလိုပဲ၊ ၀ိတ်လျှော့မယ် လို့ တစ်နေ့လုံး ပြောနေပေမဲ့ အကျိုး မထိ ရောက်လှဘူး။
၁၀။ ပြည့်စုံတာတို့၊ လုံးဝမှန်တာမျိုးတို့ သိပ်အယုံအကြည် မရှိလှတော့ဘူး။
၁၁။ သူငယ်ချင်းကို တွေ့ရင် အရက်ဖြတ်ခိုင်းတယ်။ ဆေးလိပ်ဖြတ်ခိုင်းတယ်။
၁၂။ အိမ်နေတာကို ပိုမို ကြိုက်နှစ်သက်လာတယ်။
၁၃။ ဒေါသ တော်တော် နည်းလာတယ်။ မဆီမဆိုင်ကိစ္စ အပေါ် စိတ်ဆိုးတာမျိုး မရှိတော့ဘူး။
၁၄။ အကျှီတွေ ဘာတွေဝယ်ရင် လှတာကို ကြည့်နေသေးပေမဲ့ ၀တ်လို့ ကောင်းမကောင်း ပိုမို ဦးစားပေး လာတတ်တယ်။
၁၅။ တစ်နှစ်တစ်ကြိမ် ကျန်းမာရေး စစ်ဆေးလာတယ်။ မစစ်ဆေးလိုက်ရရင် နေမထိ ထိုင်မသာ သလို ခံစားရတယ်။
၁၆။ သူငယ်ချင်းတို့၊ အသိုင်းအ၀န်းတို့ မသိမသာ ကျဉ်းမြောင်းလာတယ်။
၁၇။ အရောင်ပါတဲ့ အချိုရည်တွေ ဘာတွေ သိပ်မသောက်တော့ဘူး။ ရေသန့်တို့ ရေနွေးတို့ ပိုမိုသောက်ချင်လာတယ်။
၁၈။ ရုပ်ရှင်တို့၊ ဇတ်လမ်းရှည်တို့ ထိုင်ကြည့်ရင် သိပ်ပြီး မခံစားရတော့ဘူး။
အထက်ပါ အချက် သင်ဘယ်နှစ်ချက် ထိပါသလဲ။ နည်းလေ သင်နုပျိုလေ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Wechat
Sayar Aung Ko Latt

No comments:

Post a Comment